~12~

5.8K 420 3
                                    

ရှောင်းကျန့်​ က ပါးစပ်​အ​ဟောင်းသားနဲ့ဝမ်​ရိ​ပေါ်ကို ​စောင်းငဲ့ကြည့်​ လိုက်​ ကာ

"ဒီ​နေ့ငါ့​မွေး​နေ့မဟုတ်​ဘူး​လေ!"

ဝမ်​ရိ​ပေါ်က ​ရှောင်းကျန့်​​ခေါင်း​ပေါ်ကသူ့လက်​ကိုဖယ်​ရှားလိုက်​ကာ
ရှောင်းကျန့်​ပါး​ကိုဆွဲဆိတ်​တယ်

"ကိုယ့်​​မွေး​နေ့​တောင်​ကိုယ်​​မေ့​နေတာလား အလုပ်​ဂျပိုးကြီးရဲ့ ဒီ​နေ့. 5ရက်​​နေ့​လေ hmm"

ဝမ်​ရိ​ပေါ်က​ရှောင်းကျန့်​မျက်​နှာကို ဆွဲခါလှုပ်​ရမ်း​နေ​ပေမဲ့ ​ရှောင်းကျန့်​ နဲ့အကြည့်​ချင်း မဆုံနိုင်​တာ ဘာ​ကြောင့်​လဲ ​ရှောင်းကျန့်​​တွေးမိ​နေသည်

"အာ ငါ့​မွေး​လက Augustမဟုတ်​ဘူး​လေ November ​လေ ​နောက်​၃လမှ !"

ဝမ်​ရိ​ပေါ် က လက်​​တွေကို​ရှောင်းကျန့်​မျက်​နှာဆီကဖယ်​ခွာသွားပြီး လက်​တစ်​ဖက်​ကခါး​ထောက်​ကာကျန်​တစ်​ဖက်​က
သူ့နဖူးသူပွတ်​လို့​နေတယ်

"အာ ကျွန်​​တော်​ လမှားသွားတာ​ပေါ့ ?"

"အင်း!"

"​ဆောရီးကိုကိုရာ ကျွန်​​တော်​အမှတ်​မှားတာ "

ရှောင်းကျန့်​သိတဲ့ဝမ်​ရိ​ပေါ်ဟာ သည်​လို လွယ်​လွယ်​ မလွဲတတ်​ အရာရာတိကျလွန်းလို့ ​ရှောင်းကျန့်​ အစအဆုံး စိတ်​ချထားရတဲ့ လူကို​ရှောင်းကျန့်​မသိပဲ​နေမှာလား

ဒါဆိုရင်​ ဒီ cake ဒီညမှာသူ့​ရှေ့​ရောက်​လာတာက ဘာအတွက်​များလဲ ?

ရှောင်းကျန့်​ ကိုတစ်​ခုခုဖုံးကွယ်​ထား တာကို တပ်​အပ်​သိ​နေသလိုခံစားရလျက်​နဲ့ ဘာဆိုတာ စဉ်းစားလို့​တောင်​မရ ဝမ်​ရိ​ပေါ် မျက်​နှာက​တော့တစ်​ကယ်​ကို ကျပ်​တည်း ​နေတဲ့မျက်​နှာမျိုး

"ရပါတယ်​ ဒီလိုပဲဖြစ်​တတ်​တယ်​ ပြီး​တော့ ​ငါ့​မွေး​နေ့ဆိုတာလည်းမှန်​ချင်​မှမှန်​မှာ အဲ့ဒါ​ကြောင့်​ ငါ့​မှာ​မွေး​နေ့ဆိုတာမရှိပါဘူး "

ကျိုးချန်​နဲ့လီလီက သူတို့ကိုနားမလည်​နိုင်​စွာ ​တွေ​တွေ ​လေးရပ်​ကြည့်​​နေကြတယ်

Everlasting Where stories live. Discover now