~3~

8.6K 675 9
                                    

ရှောင်းကျန့်​ ရုံးကအပြန်​ mini mart တစ်​ခုမှာဝယ်​စရာရှိတာနဲ့ ​ရှောင်းကျန့်​တို့လမ်းထိပ်​ mini mart ​ရှေ့မှာကားကိုထိုးရပ်​လိုက်​ တယ်

အိမ်​မှာ လိုတာ​လေး​တွေစဉ်းစားရင်​ ဟိုကြည့်​သည်​ကြည့်​နဲ့ mini martထဲ ပတ်​​လျှောက်​ရင်း လိုတာ​လေး​တွေခြင်းထဲထည့်​ရင်းနဲ့ ​ရှောင်းကျန့်​ မျက်​လုံး​ထောင့်​ဖက်​က​နေ ပုံရိပ်​တစ်​ခုကိုသတိထားမိလိုက်​တယ်

mini mart ရဲ့​ထောင့်​​လေးမှာ ​ခေါက်​ဆွဲပြုတ်​ဘာညာထိုင်​​သောက်​ဖို့ အတွက်​ခုံတန်း​လေး ​တွေ ရှိတယ်​ အဲ့သည်​ခုံတန်းတစ်​​နေရာမှာ
လူငယ်​​လေးတစ်​​ယောက်​က မျက်​နှာမှာ​သွေးမ​ခြောက်​​သေးတဲ့ ဒဏ်​ရာ အပြည့်​နဲ့ ​အသင့်​စား ​ခေါက်​ဆွဲဗူး​လေး​ဘေး ချလို့ မှုန်​​တေ​တေ ထိုင်​​နေတာကို ​ရှောင်းကျန့်​ အာရုံစိုက်​​နေမိတယ်
ဘယ်​အရာက သည်​​လောက်​စွဲအား​ကောင်း​နေသလဲမသိ​ပေမဲ့ ​ရှောင်းကျန့်​တစ်​ချိန်​လုံး အဲ့သည်​​ကောင်​​လေး ကိုထိုင်​ကြည့်​ချင်​စိတ်​​တွေပဲဖြစ်​​နေ​တော့တာပဲ

လူငယ်​​လေးရဲ့ ဆံပင်​​တွေက အနည်းငယ်​ဖရိုဖရဲဖြစ်​​နေ​ပေမဲ့ စိမ်းမြမြ အ​ရောင်​မျက်​နှာက​လေး ​နဲ့ ကြည့်​​ကောင်း​နေပါ​သေးသည်​ ​ဖောင်းမ​ယောင်​ပါး ​လေး​တွေရှိ​နေ​ပေမဲ့ ​သွေးလည်းစွန်းလို့​နေတယ်
အ​ပေါ်​အောက်​အနက်​​ရောင်​ ဝတ်​ထားပြီး အ​ဝေးတစ်​​နေရာကို အဓိပ္ပါယ်​မဲ့​ငေးကြည့်​​နေ ခြင်းကို ​ရှောင်းကျန့်​ စိတ်​ထဲ အထူး ဂရုပြု​နေမိတယ်

ဟိုသည်​ ပစ္စည်း​လေး​တွေပတ်​ကြည့်​ပြီးခုံတန်း​လေးများရှိရာဆီပြန်​ကြည့်​​တော့ အနက်​​ရောင်​ပုံရိပ်​က​လေး ဟာ ယခင်​​နေရာမှာပဲ ခုံ​ပေါ်​ခေါင်း​မှောက်​လို့ ​နေတယ်​ ​ရှောင်းကျန့်​သတိထားမိသ​လောက်​ဆို အဲ့သည်​ လူငယ်​ရဲ့ လက်​သီး​တွေကလည်း ကျစ်​ကျစ်​ဆုပ်​လို့ထားတယ်

ရှောင်းကျန့်​ က ​ဆေး​​ကောင်​တာသွားပြီး အနာကပ်​ပလာစတာတစ်​ချို့ ဝယ်​လာမိတယ်​ အခွံမှာအသဲပုံ စတစ်​ကာ​တွေ ပါ​တာကို​ရှောင်းကျန့်​အမြဲသ​ဘောကျတာမို့ သူဝယ်​​နေကျ တံဆိပ်ကိုပဲ​ရွေးလာလိုက်​တယ်

Everlasting Where stories live. Discover now