~11~

6.2K 410 12
                                    

ဝမ်​ရိ​ပေါ်က ချိုမြိန်​မှူ​ချောက်နက်​ထဲ ​ရောက်​​နေတာမို့ အသိစိတ်​​တွေ ကင်းလွတ်​သွား​တော့မတတ်​ပဲ

မထိန်းနိုင်​​တော့တဲ့အဆုံး​ရှောင်းကျန့်​နှုတ်​ခမ်း​တွေ
ကိုအ​ယောင်​​ယောင်​အမှားမှားနဲ့ ကိုက်​မိလိုက်​တယ်

"အ!ခွေးသား _ီးမို့ကိုက်​တာလား?"

ရှောင်းကျန့်​ကအရင်​နှုတ်​ခမ်း​တွေကိုခွာသွားခဲ့ပြီး ​ပေါက်​သွားတဲ့သူ့နှုတ်​ခမ်း​လေးကိုတကိုင်​ကိုင်​နဲ့ မျက်​​စောင်းကြီးပစ်​ထိုး​နေ​တော့တယ်

ဝမ်​ရိ​ပေါ်က နှုတ်​ခမ်း မှာတင်​ လစ်​ဟာသွားတာမဟုတ်​ပဲ နှလုံးသားတစ်​ခုလုံးပါလစ်​ဟာသွားရတယ်

"သား စ​တော်​ဘယ်​ရီနဲ့မှားသွားလို့ ဟီး "

ရှောင်းကျန့်​ကတစ်​ခု​ခု​ပြောရန်​ ပါးစပ်​ဟပြီး မှ ချက်​ချင်းပြန်​မျိုချသွားတယ်​ မျက်​နှာကအနည်းငယ်​ မည်း​နေပြီး နားရွက်​​တွေကနီ​မြန်းလို့​နေတယ်
ကိုကိုက ကိုယ်​လုပ်​တာကိုယ်​တာဝန်​မယူချင်​တဲ့လူကြီးဟွန်း

ဝမ်​ရိ​ပေါ်က ​ရှောင်းကျန့်​ပုခုံးကိုလက်​သီးနဲ့တစ်​ချက်​ထိုးလိုက်​​တော့
ရှောင်းကျန့်​က ​ရှေ့သွားနှစ်​​ချောင်း​ခေါထွက်​လာပြီး မျက်​လုံး​တွေကအ​ပေါ်လန်​​နေတဲ့အပြင်
လျှာအရှည်​ကြီး ကိုထုတ်​ပြလာတယ်

* * * * * * *

"ဝါး လှလိုက်​တာ ကိုကို လီလီ အဲ့ဘက်​ဆင်းသွားနှင့်​မယ်​​နော်​"

လီလီဟာ ဝမ်​ရိ​ပေါ်အ​ဖြေကို​တောင်​မ​စောင့်​ ဆွဲထားတဲ့ ဝမ်​ဏိ​ပေါ်လက်​ကို ဇွတ်​အတင်းဖြုတ်​ချပြီး ပင်​လယ်​ဘက်​ဆင်း​ပြေးသွားတယ်

ကျိုးချန်​ပါ လိုက်​လာရင်​ ​လေး​ယောက်​မို့ ​ရှောင်းကျန့်​တို့ လုံးချင်း ဘန်​ဂလိုပဲ ယူလိုက်​ကြတယ်

ဝမ်​ရိ​ပေါ်ကတစ်​လမ်းလုံးကား​မောင်းလာရလို့ခရီးပန်း​နေတာနဲ့ ​ရောက်​တာနဲ့ ကုတင်​​ပေါ် ​​မှောက်​ချ​တော့တယ်
ရှောင်းကျန့်​တို့ဘန်​ဂလို​လေးက အိပ်​ခန်း၃ခန်းပါပြီး အ​တော်​​လေးကျယ်​တဲ့အပြင်​ အိပ်​ခန်းက​နေ ပင်​လယ်​ကိုတန်း​နေ​အောင်​မြင်​​နေရ​သေးတယ်

Everlasting Where stories live. Discover now