ဝမ်ရိပေါ်ကရှောင်းကျန့် ကိုရင်ခွင်ထဲက ထုတ်ပြီး တဖန် ပုခုံးတွေကို ဆုပ်ကိုင်လာပြန်တယ်
ရှောင်းကျန့်ပဲထင်နေတာလား အဲ့ဒီမျက်လုံးတွေက ရဲနေပြီး ငိုကြွေးနေ သယောင်
ငါ့အတွက်များ ဝမ်းနည်းနေတာလား"အဖေ ဟုတ်လား?"
သည်တော့မှ ရှောင်းကျန့် အသိစိတ်က ပုံမှန်ပြန်ဖြစ်တယ်
ငါဘာတွေပြောမိနေတာ လဲ"ဟမ် ထားလိုက်ပါ ဒီအကြောင်းတွေ မေ့လိုက်တော့ "
ရှောင်းကျန့် သူ့ပုခုံး နှစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်ထားတဲ့ လက်တွေကို ဖယ်ထုတ်ပစ်လိုက်တယ်
"ကျန့်ကော "
ကောင်လေးဟာ နားမလည်ခြင်းများစွာနဲ့ စူးစူးရဲရဲ ကျွန်တော့်ကိုစိုက်ကြည့်လာတယ်
စက္ကန့် အတော်များများစိုက်ကြည့်နေပြီးမှ သူကပြန်ပြီးတည်ငြိမ်လာတယ် မျက်လုံးအရောင်ကလည်းမူလအတိုင်းပဲမျက်နှာပေါ်မှာလည်း ဘာခံစားချက်မှရှိမနေတော့သလို
လက်နှစ်ဖက်ကိုဘောင်းဘီအိပ်ကပ်ထဲထည့်ပြီး နံရံ ကိုမှီလျက် အတော်ကြာကြာ တိတ်ဆိတ်နေ ပါတယ်ရှောင်းကျန့်နဲ့အကြည့်ချင်းဆုံတော့ ရွှန်းရွှန်းစားစား ပြုံးပြလာပြန်တယ်
အင်း မျက်ဝန်းတွေကတော့ မာကျောကျောပဲ
ရင်ဆိုင်ဖို့သိပ်ခက်တယ်"ဝမ်ရိပေါ် "
"အင်း"
ဝမ်ရိပေါ်ကနံရံကိုမှီလျက်နဲ့ပဲ ခြေထောက်တစ်ဖက်ကို လိမ်ပြီး ကစားနေတယ် ရှောင်းကျန့်ကိုမကြည့်တော့ပြန်ဘူး
"အနာကပ်ပလာစတာတွေကငါပေးတာပါလို့မင်းဘလိုသိခဲ့တာလဲ ?"
ရှောင်းကျန့်တစ်ကယ်သိချင်နေခဲ့တာ
ဝမ်ရိပေါ်က သူ့ခြေထောက်ကိုငုံကြည့်ရင်းပဲ ပြုံးနေတယ်
"ကျွန်တော် မသိလောက်ဘူးလို့ ကျန့်ကောထင်တာလား?"
YOU ARE READING
Everlasting
FanfictionWang Yibo 💜Xiao Zhan ချစ်ခြင်းမေတ္တာ ဟာ စကားလုံးတွေထက်ပိုလေးနက်ကြောင်း..... Unicode ချစ်ခြင်းမေတ္တာ ဟာ စကားလုံးတွေထက်ပိုလေးနက်ကြောင်း.....