~Extra_2~

7.4K 469 16
                                    

၁၀ နှစ်​ကြာပြီး​နောက်​......

"ဘာ !!!!!!!!!"

ဝမ်​ရိ​ပေါ် ၏ အာ​ခေါင်​ခြစ်​သံကြီး​ကြောင့်​ ခရမ်း​ရောင်​အိမ်​ပု​လေးက တုန်​ခါသွား​ သ​ယောင်

"ညီမ​လေးတို့​မေတ္တာမျှ​နေကြပြီလို့ မကြားဘူးလား ထပ်​​ပြောရဦးမှာလား?"

ဝမ်​ရိ​ပေါ် နဖူး​သွေး​ကြော​တွေက တွန့်​​ကွေး​နေပြီး မျက်​ခုံးနှစ်​ခုဟာ ဆက်​သွား​တော့မတတ်​မျက်​​မှောင်​ကျုံ့ကာ ပါဝါမျက်​မှန်​ကြီး​အောက်​က​နေ သူ့​ရှေ့မှာထိုင်​​နေ​သော လီလီနှင့်​ကျိုးချန်​အား ဝါးစား​တော့မတတ်​ ကြည့်​​နေပြီး စူးစူးရဲရဲ ရှူးရှူးရှဲရှဲ ​တွေဖြစ်​​နေရှာသည်

"ပိတ်​ထား နင့်​ပါးစပ်​"

ကျိုးချန်​က ​ခေါင်းကိုငုံ့ ထားပြီး လက်​နှစ်​ဖက်​ကိုဒူးကြားထဲညှပ်​ကာ မည်​သည့်​စကားမှမဆို မအီမသာဖြစ်​​နေရှာသည်

လီလီက​တော့ ကျိုးချန်​ လက်​ကိုချိတ်​ကာ သူ့အစ်​ကိုကိုမျက်​လုံးလှန်​ကြည့်​​နေ ​ပြီး​နောက်​ ​ရှောင်းကျန့်​ဘက်​လှည့်​ကာ

"ကိုကို သ​ဘောတူတယ်​မဟုတ်​လား?"

"ဒါ​ပေါ့ "

"ရပြီ"

လီလီက ဝမ်​ရိ​ပေါ်ကိုရှိတယ်​​တောင်​သ​ဘောမထား​တော့ဘဲ ကျိုးချန်​ပုခုံး​ပေါ်ပစ်​မှီကာ

"အချစ်​ ​ရေ မစိုးရိမ်​နဲ့​တော့ ​နော်​ ကိုကိုကျန့်​ကျန့်​ကသ​ဘောတူတယ်​ "

"ဝမ်​လီလီ နင်​​တော်​​တော်​ ယွ​နေလား?"

ကျိုးချန်​က​ဒေါသငယ်​ထိပ်​​ရောက်​​နေတဲ့ ဝမ်​ရိ​ပေါ်ကိုမရဲတရဲ​မော့ကြည့်​ပြီး​နောက်​ ​ခေါင်းပြန်​ငုံ့သွားပြန်​သည်
လီလီက​တော့ဂရုမစိုက်
ရှောင်းကျန့်​မ​နေသာ​တော့

"ဝမ်​ရိ​ပေါ် မင်းဘယ်​လိုဖြစ်​​နေတာလဲ?"

ဝမ်​ရိ​ပေါ်က​ရှောင်းကျန့်​ဘက်​ ​စောင်းကြည့်​လာပြီး​နောက်​ တွန့်​​နေတဲ့နဖူးမှာလည်း​ပြေ​လျော့သွားပြီး
လေသံကို​လျှော့ချကာ

Everlasting Where stories live. Discover now