~1~

11.7K 726 10
                                    

ဝမ်​ရိ​ပေါ်မျက်​နှာ​နေထိုး​နေတာနဲ့ ​သေချာမမြင်​ရ ​သော​ကြောင့်​ မတ်​တတ်​ရပ်​လိုက်​သည်

ဝမ်​ရိ​ပေါ်ထက်​ အရပ်​ရှည်​ပြီး အသက်​က​ ဝမ်​ရိ​ပေါ် ထက်​ကြီးပုံရတဲ့ လူငယ်​​လေးတစ်​​ယောက်​ က ဝမ်​ရိ​ပေါ်ကို လှိုက်​လှိုက်​လှဲလှဲ ပြုံးပြ​နေတယ်
မျက်​ခုံးနက်​နက်​ နှာတံစင်းစင်းနဲ့ ထူးထူးခြားခြား လှလွန်း​နေတဲ့ မျက်​ဝန်းတစ်​စုံ ဟာ ​အေးချမ်း​တည်​ငြိမ်​ ခြင်းပုံရိပ်​ကို​ဆောင်​တယ်
နှုတ်​ခမ်း နှစ်​လွှာ စိလျက်​ပြုံးပြ​နေတဲ့အပြုံး ​အောက်​မှာမှည့်​နက်​က​လေးက ပါ ရိ​ပေါ်ကိုပြုံးပြ​နေသလိုပဲ
ပါးရိုးနှစ်​ဖက်​ က​ချောင်​ကျ​နေ​ပေမဲ့ ထိုလူငယ်​၏ မျက်​နှာကို ပိုပြီး perfect ဖြစ်​​အောင်​ကူညီ​ပေး​နေ​သေးသည်

အကျီ င်္အဖြူ​ရောင်​ တီရှပ်​လက်​ရှည်​ကို လက်​တစ်​​တောင်​ထိ​ခေါက်​တင်​ထားပြီး ဂျင်းပြာ​ရောင်​​ဘောင်းဘီ​လေးရဲ့အထဲကိုထည့်​ဝတ်​ထားတဲ့ ပုံစံ​လေးက အ​တော်​​လေး သပ်​သပ်​ရပ်​ရပ်​ နဲ့ကြည့်​​ကောင်းလွန်း​နေ​သေးတယ်

တိမ်​​တိုက်​အဖြူ​ရောင်​တစ်​ခု ဝမ်​ရိ​ပေါ် ​ခေါင်း​ပေါ်​ရောက်​လာသလိုပဲ

သိပ်​လှတာပဲလို့​တွေး​နေမိလျက်​နဲ့​တောင်​ ဝမ်​ရိ​ပေါ်မျက်​နှာက မှုန်​​တေ​တေ ပါပဲ

ကျိုးချန်​က မျက်​လုံးပြူးမျက်​ဆံပြူးနဲ့ ​မေးတယ်
"လာ​နောက်​​နေတာလား?"

အ​စောပိုင်းက စိထားတဲ့နှုတ်​ခမ်းနှစ်​လွှာဟာ ပွင့်​ဟလာပြီး အ​ပေါ် သွား​လေး​တွေ​ပေါ်လာတဲ့အထိ ရယ်​​နေတယ်

"ဟား ဟား ​နောက်​​နေတယ်​ထင်​လို့လားဗျာ "

ဝမ်​ရိ​ပေါ်ရဲ့လက်​နှစ်​ဘက်​က ​ခပ်ပွပွ ​ဘောင်းဘီအိတ်​ထဲ ထည့်​ထားတုန်းပဲ

ကျိုးချန်​က​တော့ကမ္ဘာပျက်​​နေပြီ

"​ယောကျာ်း အချင်းချင်းကြီးဒီလိုစိတ်​​တွေထား​နေရလား ခင်​ဗျားကြည့်​​တော့လည်း အသက်​က​လေး ငယ်​ပါ​သေးတယ်​"
ကျိုးချန်​က​ပေါကား​တွေထဲကလို အသက်​ကြီးကြီးဗိုက်​ရွှဲရွှဲ နဲ့လူကြီးတစ်​​ယောက်​​ရောက်​လာမှပဲ ယုတ္တိ ရှိမယ်​လို့​တွေးထားသလိုပဲ

Everlasting Where stories live. Discover now