~Extra_1~(Bachelor Night)

6.8K 399 9
                                    

ရှောင်းကျန့်​တို့ တည်းသည့်​Hotel မှာ Japan နိုင်​ငံ Tokyo မြို့မှာဖြစ်​ပြီး Kudanshita ပန်းခြံ ကိုလည်း ၅မိနစ်​​လောက်​လမ်း​လျှောက်​သွားရုံနှင့်​​ရောက်​နိုင်​​ပေသည်

ပထမဆုံး oversea ခရီးစဉ်​ဖြစ်​၍ ဝမ်​ရိ​ပေါ်က​ခြေကုန်​လက်​ပန်းကျ​နေပြီး အိပ်​ခန်းထဲ​ရောက်​သည်​နှင့်​ ​အိပ်​ယာထဲထိုးအိပ်​​နေ​တော့သည်
"မင်္ဂလာ​ဆောင်​ရတာပင်​ပန်းလိုက်​တာ" ဆိုပြီး ​လေယာဉ်​​ပေါ်တစ်​​လျှောက်​လုံး ညည်းညူလာခဲ့တာ ပြန်​​တွေးမိပြီး ​ရှောင်းကျန့်​နှုတ်​ခမ်း​ထောင့်​​လေး ဟာ အနည်းငယ်​​ကွေးညွတ်​သွားကာ အိပ်​​ပျော်​​နေတဲ့ ဝမ်​ရိ​ပေါ်ပါး​လေးကို သာသာ​လေး ဆွဲစိတ်​ကာ

"ရိ​ပေါ် ထ​တော့​လေ ၆နာရီ​တောင်​​ကျော်​ပြီ ကိုကိုတို့လမ်း​လျှောက်​ထွက်​ရ​အောင်​ "

ဝမ်​ရိ​ပေါ်ကမျက်​လုံး​လေးမပွင့်​တစ်​ပွင့်​နှင့်​ ​​ရှောင်းကျန့်​ကိုခိုးကြည့်​​လေသည်

"ဘယ်​ကိုလမ်း​လျှောက်​မှာလဲ?"

"ဒီနားမှာပန်းခြံရှိတယ်​ ပြီး​တော့ဒီည မီးပုံး​မျှောပွဲရှိတယ်​လို့ reception က ​ပြောလိုက်​တယ်​ သွားကြည့်​ကြရ​အောင်​"

"မီးပုံး​မျှောပွဲ?"

ဝမ်​ရိ​ပေါ်က ချက်​ချင်းကုန်းထကာ စိတ်​လှုပ်​ရှား​နေတဲ့ပုံ​လေးနဲ့ မျက်​လုံး​လေး ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ပြီး

"အာ့ဆိုသားတို့​ရော​မျှောလို့ရလား?"

ရှောင်းကျန့်​က ထိုးထိုး​ထောင်​​ထောင်​ဖြစ်​ကုန်​တဲ့ဝမ်​ရိ​ပေါ် ဆံစ​လေးများ ကိုအသာဖိ​ပေးကာ

"ရတာ​ပေါ့ "

"အာ့ဆိုသွားမယ်​​လေ "

"အင်းအဝတ်​အစားလဲ "

"ဟုတ်​"

* * * * * *
ရှောင်းကျန့်​တို့ လမ်း​လျှောက်​ထွက်​​တော့ ည၇နာရီ​ကျော်​​နေပြီဖြစ်​၍ အနည်းငယ်​​အေးစိမ့်​စိမ့်​​လေး ဖြစ်​​နေတာမို့နှစ်​​ယောက်​လုံး အ​ပေါ်ထပ်​အထူ​လေး များဝတ်​ခဲ့ကြသည်

Everlasting Where stories live. Discover now