နေ့သစ်တစ်ခုနဲ့အတူ ရှောင်းကျန့် နိုးထလာပြန်တယ်
ခါးမှာ တင်းကျပ်စွာဖက်ထားတဲ့ဝမ်ရိပေါ်ရဲ့လက်နဲ့
ဂုတ်မှာ လာရိုက်ခတ်နေတဲ့ အသက် ရှူသံနှင့်အတူ ခပ်နွေးနွေး လေပူလေးတွေ
ရှောင်းကျန့် ကျောပြင်ဟာ ဝမ်ရိပေါ်ရင်ခွင်ထဲ အပြည့်အဝ နစ်မြုပ်နေခြင်းကြောင့် လှုပ်မရ
ရှောင်းကျန့်ခေါင်းအုံးထားသည့် ဝမ်ရိပေါ် ရဲ့လက်မောင်းလေးလည်း ညောင်းနေမယ်ထင်အိပ်မောကျနေသူနိုးသွားမှာမလိုလားသောကြောင့် ရှောင်းကျန့်ငြိမ်ငြိမ်လေးသာကွေးနေလိုက်တော့တယ်
ချစ်ရသူရဲ့ရင်ခွင်ဟာအမှန်တစ်ကယ် နွေးလှတယ်မဟုတ်လားညက အကြောင်းပြန်တွေးမိတော့ ရှောင်းကျန့်ခေါင်းထဲမှာ ပုံရိပ်တစ်ခုတည်းက လာထင်ဟပ်နေတယ်
အဲ့ဒီ ကားလမ်းမျက်နှာချင်းဆိုင်မီးတိုင်အောက်မှာရပ်ပြီး ရှောင်းကျန့်ဆီလှမ်းမျှော်ကြည့်နေတဲ့ ခပ်မဲ့မဲ့အပြုံးနဲ့ အဲ့ဒီလူ ဟာ ရှောင်းကျန့်ရှေ့ဘာကြောင့်များပေါ်လာရပြန်တာလဲရှောင်းကျန့်ဘယ်တော့မှ ပြန်မတွေ့ချင် တော့သလို
ဘယ်တော့မှ ပြန်ပေါ်မလာတော့ဖို့ အကြိမ်ကြိမ်ဆုတောင်း ခဲ့ရတဲ့ လူတစ်ယောက် ပဲမလားသူဟာရှောင်းကျန့်ရဲ့အိမ်မက်ဆိုး ရှောင်းကျန့်ရဲ့ ဆိုးရွားတဲ့အတိတ် ပြီးတော့ ရှောင်းကျန့်အမုန်းဆုံး လူ
ပြီးတော့ ..........................ရှောင်းကျန့်ခါးပေါ်က လက်ကလေးလည်း အနည်းငယ်လှုပ်လာပြီး ကျောပြင်ကလည်းဟာသွားတယ်
ရှောင်းကျန့်ဘေးမှာ ပက်လက်အနေအထားနဲ့ မျက်လုံးကိုပွတ်သတ်နေတဲ့ ပုံရိပ်ကလေးဟာ အမှန်တစ်ကယ်ကို ချစ်စရာကောင်းတာထက်ပို ပါတယ်"ဆရာဝမ် နိုးပြီလား ?"
"အွန်း "
ရှောင်းကျန့်ကထ ထိုင်လိုက်ပြီး ဝမ်ရိပေါ်လက်မောင်းဖွေးဖွေးတွေကိုခပ်ဖွဖွနှိပ်ပေးနေတော့
ဘဲရုပ်ဆိုးလေးဟာ တစ်ခစ်ခစ်နဲ့ရယ်ပါတယ်
YOU ARE READING
Everlasting
FanfictionWang Yibo 💜Xiao Zhan ချစ်ခြင်းမေတ္တာ ဟာ စကားလုံးတွေထက်ပိုလေးနက်ကြောင်း..... Unicode ချစ်ခြင်းမေတ္တာ ဟာ စကားလုံးတွေထက်ပိုလေးနက်ကြောင်း.....