~4~

8K 636 14
                                    

ကျိုးချန်​က ဝမ်​​ချောင်​ကို လက်​ပြန်​ကြိုးတုပ်​ပြီး ဝမ်​ရိ​ပေါ်​ရှေ့​တော်​​မှောက်​ကို ဖမ်းချုပ်​​ခေါ်လာ​ပေးတယ်

ဝမ်​​ချောင်​ဆိုသူမှာ ဝမ်​ရိ​ပေါ်၏ပ​ထွေး​တော်​စပ်​သူဖြစ်​ပြီး ဝမ်​လီလီ ၏အ​ဖေအရင်း ဖြစ်​​သော်​ငြား ​သွေးသား အားသံ​ယောစဉ်​အလျဉ်းမရှိ

အ​မေဖြစ်​သူ က ဝမ်​ရိ​ပေါ် အသက်​ ၁၆နှစ်​အရွယ်​ မှာဆုံးပါးသွားခဲ့ပြီး အိမ်​​ခြံနှင့်​ပိုင်​ဆိုင်​သမျှ စည်းစိမ်​ဥစ္စာတို့က ဝမ်​​ချောင်​ ၏ လက်​ချက်​​ကြောင့်​ အစအနပင်​မကျန်​ ​တော့ သည့်​အပြင်​ ​မိန်းမတစ်​​ယောက်​ထပ်​ယူပြီး ​ငွေလိုတဲ့အခါ ရံဖန်​ရံခါ ဝမ်​ရိ​ပေါ်ဆီ​ရောက်​လာတက်​ပြီး အတင်းအဓမ္မ ​ငွေ​တောင်းတတ်​​​သေးတယ်

ဝမ်​ရိ​ပေါ် ၁၆နှစ်​အရွယ်ကတည်းက ​ကျောင်းထွက်​ကြုံရာလုပ်​ရင်း ညီမဖြစ်​သူကို ​အ​မေ့​မေတ္တာ ​ရော အ​ဖေ့​မေတ္တာ ​ကိုပါ ပုံ​အော​ပေးထားခဲ့ခြင်းဖြစ်​သည်

တစ်​မိုး​အောက်​မှာ အချစ်​ရဆုံးကဒီညီမ​လေးတစ်​​ယောက်​ပဲရှိတာမို့တုန်​​နေ​အောင်​လည်းချစ်​သည်​ အစစအရာရာလည်းဂရုစိုက်​လွန်းသည်
ကံကဆိုးချင်​​တော့အားလီမှာ အ​မေ့​ရောဂါ ပါလာပြီး ​ဆေးရုံမှာ​နေရတဲ့အချိန်​​တွေက များ ​နေတဲ့ ညီမ​လေး အတွက်​ ပူ​ဆွေး​သောက​ရောက်​ရတာလည်းများခဲ့​လေသည်

"ကျိုးချန်​သူ့ကို ​ခေါ်လာခဲ့ ​ဆေးရုံသွားမယ်​ "

ကျိုးချန်​က ​ခေါင်းငြိတ်​ပြပြီး ကြိုးတုတ်​ခံထားရတဲ့ ဝမ်​​ချောင်​၏ မျက်​နှာ​ပေါ်ကိုခပ်​ပြင်းပြင်းလက်​သီးတစ်​ချက်​ ပစ်​​ကြွေး​ပေးလိုက်​တယ်

"တစ်​ချက်​ပဲ သတိလစ်​​အောင်​ထိုးနိုင်​တဲ့ ဝမ်​ကျိုးချန်​ပါ ​နော်​ "

"ဖင်​ယားမ​နေပဲ အဲ့ဝက်​ပုပ်​ကိုအမြန်​ကား​ပေါ်တင်​ "

ကျိုးချန်​က ရင်​ကို​ကော့ပြီး လျှာထုတ်​ပြ​သေးတယ်

လှတာလည်းမဟုတ်​ပဲနဲ့

လီလီ ခွဲစိတ်​တဲ့ကိစ္စ​တွေပြီးတဲ့​နောက်​ဝမ်​ရိ​ပေါ်က ဝမ်​​ချောင်​ လက်​ရှိ ​ပေါင်း​နေတဲ့မိန်းမဆီ ယွမ်​သိန်း၂၀၀တန်​ချက်​လက်​မှတ်​​ပေးပြီး စကားတစ်​ခွန်း​သာပြောခဲ့တယ်

Everlasting Where stories live. Discover now