~7~

6.8K 548 10
                                    

ဝမ်​ရိ​ပေါ် Americano တစ်​ဖက်​ နွားနို့တစ်​ဖက်​ ကိုင်​ရင်း​​ရှောင်းကျန့်​ရှိရာဆီ​လျှောက်​လှမ်းလာတယ်

နှစ်​​ယောက်​အတူ coffee ဆိုင်​ထိုင်​ရတာ ပထမဆုံးပဲ

လီလီ က​ကျောင်း​လေ့လာ​ရေးခရီးသွားရလို့ သူတို့နှစ်​​ယောက်​ထဲ ဖြစ်​​နေတာနဲ့ ညဘက်​ coffee သွား​သောက်​မယ်​ဆိုပြီးဝမ်​ရိ​ပေါ်ဂျီတိုက်​​နေတာနဲ့ အလုပ်​​လေး အားတုန်း  ထွက်​လာရတယ်

ဝမ်​ရိ​ပေါ်က​ရှောင်းကျန့်​မျက်​နှာချင်းဆိုင်​မှာဝင်​ထိုင်​ပြီး Americano ခွက်​ကို ​ရှောင်းကျန့်​​ရှေ့ချ​ပေးတယ်

အနက်​​ရောင်​ တီရှပ်​ တစ်​ထည်​ကို​ပေါ့​ပေါ့ပါး​ကောက်​စွတ်​လာပြီး ​ဘောင်းဘီ ခပ်​ပွပွ ဝတ်​လာတဲ့ ဝမ်​ရိ​ပေါ် ဟာ ၁၆ နှစ်​သား​လေးလိုချစ်​စရာ​ကောင်း​နေ​ပေမဲ့ အရွယ်​​ရောက်​​နေတဲ့ အကြည့်​​တွေက​တော့ အစွယ်​ထုတ်​ပြ​နေတဲ့ ဘီလူးလိုပဲ
ရှောင်းကျန့်​မျက်​နှာ​က​နေကိုမခွာ​တော့ဘူး ရွှန်းရွှန်းစားစားကြီး

"ငါ ဘာ​ပေ​နေလို့လဲ ?"

"မ​ပေပါဘူး ဆရာ​ရှောင်းက အခု မျက်​နှာ​ပြောင်​နဲ့​တောင်​ ​ချော​နေ​တော့ ဒီညီ​လေးက ​ပြောစရာစကားရှာမရတာပါ"

နှုတ်​ခမ်း စိပြီး ပါးမို့​တွေ ​ဖောင်းတက်​လာတဲ့အထိ ပြုံး​နေပြီး မျက်​လုံးမှိတ်​ပြပြန်​တယ်
ရုံးကလူ​တွေက ဝမ်​ရိ​ပေါ်ကသိပ်​ကိုတည်​ကြည်​တာပဲလို့ ​ပြောကြတာကိုပြန်​ကြား​ယောင်​​တော့ အခု​ခေါ်​တောင်​ပြလိုက်​ချင်​တယ်​ ​ ​ရှောင်းကျန့်​ကို ဘယ်​လိုအငိုက်​ဖမ်းရမလဲ ​အမြဲတွေး​နေတဲ့ ​ကြောင်​ဆိုးကြီး

"ဆရာဝမ်​ မင်းစလာပြီ​ပေါ့ဟုတ်​လား?"

"စိုးရွံ့ မိပါတယ်​ သာ​ကော "

ပြော​ပြောဆိုဆို​ရှောင်းကျန့်​ Americanoခွက်​​လေးဟာ သူ့လက်​ထဲ​ရောက်​သွားပြန်​တယ်
တပြွတ်​ပြွတ်​နဲ့ စုပ်​​နေပုံက ဘဲ​ရေ​သောက်​​နေသလိုပဲ
ဝမ်​ရိ​ပေါ်ဟာ ​ရှောင်းကျန့်​အတွက်​ Americano ​တွေဝယ်​လာ​ပေးတတ်​ပြီး သူပဲပြန်​လု​သောက်​တတ်​တဲ့ အဆိုး​လေးပါ

Everlasting Where stories live. Discover now