~13~

5.8K 454 6
                                    


ရှောင်းကျန့်​မိခင်​ ​က​သူမရင်​​သွေး​လေးဟာ​မွေး ကတည်းက အသက်​မပါလာတာ  ကိုသိရပြီး​နောက်​ရူးမတတ်​ဖြစ်​ခဲ့ရတယ်
ချစ်​ရသူနဲ့လည်းအတူမ​နေရ ချစ်​ရသူရဲ့​သွေးသားကိုလည်း ဆုံးရှုံး ဆို​တော့ စိတ်​ကုစားဖို့ အချိန်​​တွေ ယူခဲ့ရတယ်

သူမဟာ ဘုရား​ကျောင်းတစ်​ခုမှာ ဆုံးပါးသွားသူ သားက​လေး​အတွက်​ဆု​တောင်းမှု​တွေအမြဲ လုပ်​ဖြစ်​တယ်

သူမတက်​​နေကျဘုရား​ကျောင်းမှာပဲလူမမယ်​​မွေးကင်းစ
က​လေးငယ်​​လေး ဟာ သည်းအူပြတ်​မတတိ ငို​ကြွေး​နေတတ်​ လို့ သီလရှင်​​တွေကိုခွင့်​​တောင်းပြီး ​နေ့တိုင်းလို နို့ချိုတိုက်​​ကျွေးခဲ့​သေးတယ်

၃လ​ဆက်​တိုက်​သူမဟာဘုရား​ကျောင်းကိုပဲ သွားပြီး ထိုက​လေးနဲ့ပဲအချိန်​​တွေကုန်​ဆုံးကာ သံ​ယောစဉ်​​တွေ တွယ်​​နေ​တော့တယ်

တစ်​ရက်​ သူမ ဘုရား​ကျောင်း​ရောက်​​တော့သီလရှင်​​တွေက က​လေးကို သူမမိဘ​တွေလာ​ခေါ်သွား ပြီဖြစ်​​ကြောင်းနဲ့
လွန်​ခဲ့တဲ့၃လကလည်း သူမမိဘ​တွေပဲလာစွန့်​ပစ်​သွားတာ ဖြစ်​​ကြောင်း သိခဲ့ရ​တော့ သူမရူးမတတ်​ပဲ

ကိုယ့်​ရင်​​သွေးကိုမှမမှတ်​မိရ​လေခြင်း ဆိုတဲ့အသိရယ်​ သူမ ​သွေးသား​လေးက အသက်​ရှင်​​နေ​သေးတယ်​ဆို တဲ့အသိနှစ်​ခုကြားမှာ ဝမ်းနည်းဝမ်းသာ ​ဖြစ်​ခဲ့ရပြန်​တယ်

"ကျွန်​မသား​လေး ကိုဘယ်​ပို့လိုက်​လဲ?"

"သမီးကတိတစ်​ခု​ပေးနိုင်​ရင်​ သူရှိတဲ့​နေရာကို​ပြောပြ​ပေးမယ်​"

သူမရင်​​သွေး​လေးကို ​ထွေး​ပွေ့ရဖို့အတွက်​ သူမ ဘာကတိပဲဖြစ်​ဖြစ်​ ​ပေးနိုင်​လိမ့်​မည်

"ဘာကတိများလဲ?"

"သူ့ကို ဘယ်​​တော့မှသွား​မ​တွေ့ပါဘူး ဆိုတဲ့ကတိ"

"အ​ဓိပ္ပါယ်​မရှိလိုက်​တာ ကျွန်​မကမိဘ​လေ ကျွန်​မသားကို ​ထွေး​ပွေ့ချင်​တာ​​ပေါ့!"

"မင်း ရဲ့က​လေးကိုအသက်​ရှင်​လျက်​ ရှိ​နေ​စေချင်​တယ်​ဆိုရင်​ အ​ဖေတို့စကားကိုလက်​ခံမှကိုဖြစ်​မယ်​ "

Everlasting Where stories live. Discover now