~15~(Final)

9K 455 13
                                    

"ကိုကို ယားတယ်​ဗျာ မလုပ်​နဲ့​တော့"

"Hmmm ဒါဆိုထ​တော့မထရင်​လုပ်​မှာ "

ရှောင်းကျန့်​ ဝမ်​ရိ​ပေါ် ပါး​တွေကိုသူ့​မေး​စေ့နဲ့ မထိတထိပွတ်​သတ်​ကာ ဝမ်​ရိ​ပေါ်အားအိပ်​ယာထဖို့ တိုက်​တွန်း​နေ​တော့သည်

မရိတ်​တာကြာပြီဖြစ်​တဲ့အဲ့ဒီ နှုတ်​ခမ်း​မွှေးမုတ်​ဆိတ်​​မွှေး​တွေ ​ကြောင့်​ ဝမ်​ရိ​ပေါ် ယားကျိကျိ ဖြစ်​​နေရတယ်

ဝမ်​ရိ​ပေါ်ကနိုး​နေသည့်​တိုင်​ ​ရှောင်းကျန့်​ရင်​ခွင်​ထဲက​နေ ထွက်​မသွားချင်​၍ ​ပေကပ်​​ကာ မျက်​လုံးဇွတ်​မှိတ်​ထား​လေသည်

"ဝမ်​ရိ​ပေါ်"

ရှောင်းကျန့်​က ဝမ်​ရိ​ပေါ်မျက်​နှာ​ပေါ်ကဆံစ​တွေကို ခပ်​ဖွဖွဖယ်​​ပေး ​နေ​သေးသည်

"Hmm?"

"ငါတို့ဒီ​နေ့ အ​မေ့ဆီသွားရမည့်​​နေ့​လေ "

အမှန်​ပင်​ ဒီ​နေ့သည်​ကိုကို့အ​မေဆုံးတာ တစ်​လပြည့်​တဲ့​နေ့

"သားမ​မေ့ပါဘူးကိုကိုရယ်​ "

"အင်း မ​မေ့ရင်​ထ​တော့​လေ ငါတို့အတူသွား​တွေ့ရ​အောင်​အ​မေ့ကို "

ရှောင်းကျန့်​အသံဟာ ဝမ်းနည်း​နေ​ကြောင်း ထုတ်​​ဖော်​​ပြော​နေစရာမလို​အောင်​ပင်

"အင်းထပြီ "

ရှောင်းကျန့်​ကဝမ်​ရိ​ပေါ်ကို​ပွေ့ချီကာ ​ရေချိုးခန်းထဲ ​ခေါ်လာခဲ့​တော့သည်

သွားတိုက်​တံ ​နှစ်​​ချောင်း ကိုသွားတိုက်​​ဆေးထည့်​ပြီး​နောက်​ ဝမ်​ရိ​ပေါ်တစ်​​ချောင်းလှမ်း​ပေး​လေသည်

ဝမ်​ရိ​ပေါ်က​တော့ ​ရေချိုးခန်းထဲ တိုးဝင်​​နေတဲ့​နေ​ရောင်​က ​ရှောင်းကျန့်​မျက်​နှာ​ပေါ်ထိုးကျ​နေသည်​မှာ အမှန်​ပင်​လှလွန်းတာမို့  နှုတ်​ခမ်း​လေး​တွေ​ကွေးညွတ်​​နေ​အောင်​ပြုံး​နေ​တော့သည်

"ကိုကိုတိုက်​​ပေး ​လေ"

ဝမ်​ရိ​ပေါ်ကနှုတ်​ခမ်း​လေးကို​ထော်​ကာ​ပြောပြီး​နောက်​ သွား ၃၂​ချောင်းလုံး​ပေါ်​အောင်​ သွားများကို​စေ့​ပေးထား​လေသည်

Everlasting Where stories live. Discover now