~9~

6.5K 501 20
                                    

ဝမ်​ရိ​ပေါ် အပြင်​ကဝယ်​လာတဲ့ Americano ဗူး​လေး ​ရှောင်းကျန့်​​ အလုပ်​လုပ်​​နေတဲ့ခုံ​ပေါ်တင်​​ပေးလိုက်​တယ်

ရှောင်း​ရှောင်းကျန့်​ဟာ Laptopတစ်​လုံးနဲ့ တစ်​ကုတ်​ကုတ်​အလုပ်​လုပ်​​နေတယ်
ရှောင်းကျန့်​ဟာ နားရက်​​တောင်​အလုပ်​လုပ်​ပါတယ်

ကျေးဇူးတင်​ တဲ့သ​ဘောနဲ့ လက်​​မြှောက်​ပြတယ်​ ဝမ်​ရိ​ပေါ်ဘက်​လှည့်​​တောင်​မကြည့်

ဝမ်​ရိ​ပေါ် က ​တော့ ​ဘေးမှာ ​မေး​ထောက်​ပြီး side faceကို တစ်​​ငေး​ငေးနဲ့

အဲ့ဒီနှုတ်​ခမ်း​အောက်​ကမှဲ့နက်​​လေး ပြီး​တော့ ရှည်​လျားတဲ့မျက်​လုံးအိမ်​ မျက်​ခုံးနက်​နက်​ နှာတံစင်းစင်း​တွေဟာ ဝမ်​ရိ​ပေါ်အတွက်​​တော့ သက်​ရှိ ပန်းပုရုပ်​​လေးလိုပဲ တစ်​ကယ်​လှတယ်

"ကိုကို "

"ဟင်​"

ရှောင်းကျန့်​ဟာ အလုပ်​လုပ်​​နေတဲ့အချိန်​ဆို ဘာကိုမှသတိမရ​တော့ဘူး ပြန်​ထူး​ပေးလို့​ကျေးဇူးတင်​ချင်​​နေမိတယ်​ အဆက်​မပြတ်​ keyboard ​ပေါ်​ပြေးလွှား​နေတဲ့အဲ့ဒီလက်​​ချောင်းရှည်​ရှည်​​လေး ​တွေကိုလည်း ဝမ်​ရိ​ပေါ် ပိုင်​တယ်​မဟုတ်​လား

"ဘာမှမဟုတ်​​တော့ပါဘူး "

"အင်း"

ကိုကိုက "ငါသ​ဘောကျ​နေတာ ဝမ်​ရိ​ပေါ်မင်းပဲ
"လို့​ပြောခဲ့တာ ဟာ အိမ်​မက်​ထဲမှာများလားလို့​တောင်​သံသယဝင်​မိတယ်

ိုအိမ်​မက်​​လေးတစ်​ခုမက်​ခွင့်​​ပေး ထားပြီး မသိချင်​​ယောင်​​ဆောင်​​နေတဲ့ နှလုံးသားမရှိတဲ့ကိုကို

လူ​ရှေ့ဆိုလက်​တွဲမ​လျှောက်​ဘူး လူကွယ်​ရာလည်းမတွဲဘူး
ပုခုံးဖက်​ရင်​ ​​ခြေ​ထောက်​နဲ့ကန်​တယ်
နမ်းဖို့ကြိုးစားရင်​ ​​ဘောက်​ဖက်​​ကောင်​နဲ့လိုက်​တို့တယ်
လီလီ့ ​ရှေ့မှာ ကလူ ကျီစယ်​တာ​တွေကို တားမြစ်​တယ်
အလုပ်​လုပ်​​နေရင်​ လာမရှုပ်​ဖို့ warning ​ပေးခံရတယ်​ လာရှုပ်​ရင်​ ညကျ ကိုယ့်​ကုတင်​ကိုယ်​ပြန်​အိပ်​ရမယ်

Everlasting Where stories live. Discover now