မြင်နိုင်မလား -1

13K 296 0
                                    

"သား .....ရှောင်ကျန်း......ကျန့်လေးရေ ...ထတော့ ...ကျောင်းသွားရတော့မယ်လေ ...."
"ခ‌ဏလေးပဲ မား...."
"ကျန့်ကျန့်....ထပါတော့ဆို ...ဒီနေ့ကျောင်းစတက်ရမှာနော် ...နောက်ကျလို့ မဖြစ်ဘူးဆိုတာ သိတယ်မလား...."
"ဟုတ် ...မား..."
"သိရင်ထတော့....မား က ...ရီပေါ်ကိုတောင် သားရေချိုးဖို့ ရေေ နွး စပ် ခိုင်းပြီးပြီး..."
ရှောင်းကျန်း မား၏ အတင်းအိပ်ယာ မှ ထခိုင်းသောကြောင့် အမြန် အိပ်ယာမှထပြီး ကျောင်းသွားရန်ပြင်ဆင်လေသည်။
ရှောင်ကျန်း အိမ်အောက်သို့ရောက်သော် ...
"ကျန့်ကျန့် မုန့်နည်းနည်းလောက် စားသွားလေ ..."
"မစားတော့ဘူး မားရေ နောက်ကျနေလောက်ပြီး ....
ကျောင်းမှာဟိုနှစ်ကောင်စောင့်နေတော့မယ်...မား သားသွားပြီနော် ..."

ကျောင်းအတွင်းသို့ ကားအနက်တစ်စီးဝင်လာလေသည်။ ထိုကားကိုကြည့်တာနဲ့ ယီဘင်နဲ့ကျန်ချန်းတို့နှစ်ယောက် ရှောင်ကျန်း ကားမှန်းသိလေသည်။ ထို့ကြောင့် ကားနားကို ခပ်သွက်သွက်သွား၍ သူငယ်ချင်းသုံးယောက်သားကန်တင်းသွား ရန် ‌ခြေလှမ်းများကိုအသင့်ပြင်လိုက်လေသည်။
ကန်တင်းရောက်သော် ကောင်မလေးအများစု ၏ အော်ဟစ်သံတွေ အံ့ဩသံတွေမျိုးစုံကို ကြားလိုက်ရသည်။ အကြောင်းမှာ ကန်တင်းသို့ ‌ရှောင်ကျန်းတို့ကောင်ချော‌လေး သုံးယောက်တစ်ပြိုင်ထဲ ဝင်လာသောကြောင့် ဖြစ်သည်။

ကျောင်းခန်းထဲတွင်လည်း ဆရာမကစာသင်နေသော်လည်း အချို့ကျောင်းသူ များမှာ ရှောင်ကျန်းကိုသာငေးလျက်။ အချို့ကျောင်းသူများမှာတော့ ကျောင်းခန်းအရှေ့တွင် မတ်တပ်ရပ်၍ လက်မြှောက်ခံရလောက်အောင် ဆရာမ၏ အပြစ်ပေးခြင်းကို ခံရ‌သူများလည်းရှိလေသည်။
ထမင်းစားချိန်ကိုလည်း‌ ရှောင်ကျန်းတို့သူငယ်ချင်းသုံးယောက်သာ အေးအေးဆေးဆေးစားကြသည်။ ညနေစာသင်ချိန်အပြီး ရှောင်ကျန်းအိမ်သို့သာ ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်သော် ရေမိုးချိုးပြီး အခန်းထဲတွင်နားလေသည်။ ညနေ‌ရောက်‌သော် ထမင်းစားရန် ရှောင်ကျန်းအိမ်‌အောက်သို့ဆင်းလာ‌သောအခါ ထမင်းစား စားပွဲသို့ ‌ရောက်ခါနီး တိုင် အကွယ်နား သို့ရောက်‌သောအခါ
မားနဲ့ပါးကထမင်းစားပွဲခုံနားတွင် မတ်တပ်ရပ်၍ ရီ ပေါ်အား ရှောင်ကျန့်နှင့်ကျောင်းအတူထားရန် အကြောင်းဆွေးနွေးကြသည်။ မားကလက်မခံချင်ပေမဲ့ ပါး၏စကားကိုမလွန်ဆန်နိုင်သောကြောင့် ရှောင်ကျန်းနှင့် ကျောင်းတက်မည့်ကိစ္စကို လက်ခံပေးလိုက်ရသည်။ သို့ပေမဲ့မားကမကျေနပ်၍ ပါးအား "ရီပေါ်ကို ကျန်းကျန်းနှင့်အတူ ကျောင်းတော့ထားပေးမယ် ....ဒါပေမဲ့ကျန်တာတော့ ကျန်းကျန်းနဲ့တန်းတူ နေထိုင်ခွင့်မရှိတာတော့ ရှင်သဘောပေါက်....."ဟုပြောရင်း ထမင်းဝိုင်းမှ ထထွက်သွားလေသည်။ ထိုနေ့ကရှောင်ကျန်း ညစာမစားဘဲ အိပ်ယာဝင်ခဲ့သည်။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now