မြင်နိုင်မလား -30

1.1K 39 1
                                    

[Zawgyi]
ရီပေါ် ဒဏ်ရာသက်သာ‌သောအခါ ......အိမ်ကိုသာ ပြန်နားလေသည်။အိမ်ပြန်‌‌ရောက်သောအခါ........
အိမ်အဝတွင် ထွက်ကြိုနေသော ရှောင်ကျန်းကို တွေ့သဖြင့် ရီပေါ်မျက်နှာအနည်းငယ် ပုပ်သွားလေသည်။

"ပါးကလည်း......ဘယ်လိုလူတွေကို အလုပ်‌ပေးထားလဲ မသိဘူး.....စိတ်ရှုပ်လိုက်တာ......."

ရီပေါ်ပြောရင်း.......အပေါ်ထပ်သို့ တက်သွားလေသည်။ ကျန်ခဲ့သူ ရှောင်ကျန်းမှာတော့.......ရီပေါ် မမှတ်မိလို့ပါ ဟူသော.......အကြောင်းပြချက်ဖြင့် ကိုယ့်ကိုကိုယ်နှစ်သိမ့်နေ‌လေသည်။ဒါပေမဲ့လည်း ချစ်ရတဲ့က ကိုယ်ရဲ့ ဖြစ်တည်မှုကို စိတ်ရှုပ်တယ်ပြောတော့...........
အနည်းငယ်‌လောက်‌တော့ ရှောင်ကျန်းရင်နာမိလေသည်..............

.........................................

ရီပေါ်ဒဏ်ရာများသက်သာ၍........ရုံးသို့ ပုံမှန်အတိုင်းသွားရန် ပြင်ဆင်နေလေသည်။ရုံသွားရန် ကားပေါ်သို့အတက်
ရှောင်ကျန်းရုတ်တရက်......မေ့ပြီး ရီပေါ်အား နမ်းမည်အလုပ်....

ရီပေါ်က ရှောင်ကျန်းအား မိမိနှင့်ဝေးရာကိုတွန်းလိုက်ပြီး........

"အာ!!...ခင်ဗျားဘာလုပ်....မရှက်တက်ဘူးလာ....
ဘယ်နဲ့ကိုယ့်အဆင့်မှ ကိုယ်အားမနာ ကျွန်တော့်ကို
နမ်းဖို့ကြိုးစားနေတယ်....."

"မဟုတ်ပါဘူး.....ငါ....ငါအကျင့်ဖြစ်နေ......"

"ဘာ!!!....အကျင့်ဖြစ်တယ် ဟုတ်လား?......"

"မဟုတ်ပါဘူး....ငါ....ငါပြောတာက ငါ့ရဲ့ယောကျာ်းကို နမ်းနေတာက အကျင့်ဖြစ်သွားလို့........
မင်းကိုလည်း.....ယောင်ပြီးနမ်းမိတော့ မလိုဖြစ်သွားတာ.........
တောင်း.....တောင်းပန်ပါတယ်နော်......."

ရှောင်ကျန်းမျက်ရည်များဝဲ၍ ခေါင်းသာ ငုပ်ထားလိုက်လေသည်။

ရီပေါ်လည်း မိမိအားတောင်ပန်နေသော ထိုလူသားကြောင့် ဘာမှမပြောပဲ....ရုံးကိုသာ သွားလေသည်။

...................................................

ရှောင်းကျန်း အခုတလော.....အလုပ်လည်းမသွားဖြစ်.....
အိမ်မှာပဲ.....လုပ်စရာရှိတဲ့ အလုပ်တွေလုပ်.....ပြီးရင်အနာယူရုံပဲ....
တစ်အိမ်လုံးမှာ......ရှောင်ကျန်းရယ်......ရီပေါ်တို့ သားအဖရယ် နှင့် ခြံစောင့်လင်မယား နှစ်ယောက်သာ ရှိလေသည်။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now