မြင်နိုင်မလား -5

2.6K 124 0
                                    

[Unicode]
ဒီနေ့ ရီပေါ်တို့အဆောင်ဝင်ရမည့်နေ့ ဖြစ်သည်။ စာမေးပွဲနီးပြီးဖြစ်သော‌ကြောင့် ကျောင်းမှ ‌ကျောင်းသားအားလုံးကို အဆောင်ဝင်ခိုင်းခြင်း ဖြစ်သည်။အခန်းတစ်ခန်းတွင် လူလေးယောက်နေရမည် ဖြစ်သည်။ နာမည်စားရင်းများ သွားကြည့်သောအခါ ကျန်ချန်း၊ယီဘင်၊ရှောင်ကျန်း၊ရီပေါ်တို့ တစ်ခန်းထဲကျသည်။
.

.
.
အခန်း၏အလယ်တွင် သင့်လျော်သော ပြတင်းပေါက် တစ်ပေါက်ရှိသည်။ပြတင်း‌ပေါက်၏ ညာဘက်ထောင့်နှင့် ဘယ်ဘက်ထောင့်တွင်နှစ်ယောက်အိပ် ကုတင်းကြီးနှစ်လုံးရှိသည်။ ကျန်းချန်းနဲ့ယီဘင်က ဘယ်ဘက်က ကုတင်တွင် နှစ်ယောက်သား တက်အိပ်ကြသောကြောင့် ရှောင်ကျန်းနှင့်ရီပေါ်သည် တစ်ကုတင်ထဲ အိပ်ရတော့မည် ဖြစ်သည်။သို့သော် ရှောင်ကျန်းမကြိုက်ဟု ထင်ပါသည်။ရီပေါ်ကပဲ အလိုက်တသိနဲ့......
"ကျန်ကော.....တစ်ယောက်ထဲအိပ်လိုက်လေ....
ကျွန်တောကုတင်အောက်မှာ စောင်ခင်းပြီး အိပ်လိုက်မယ်......"
ရှောင်ကျန်း စဉ်းစားနေတုန်း ......
ကျန်ချန်းက..."ရီပေါ် ...အောက်မှာဒီလောက်အေးနေတာ.....ကြာရင် မင်းနေမကောင်းဖြစ်မယ်နော်....ဘာလဲ ရှောင်ကျန်းက ပေးမအိပ်လို့လား......"
"ဟား....မဟုတ်ပါဘူး....ကျွန်‌တော်က တစ်ယောက်ထဲပဲ အိပ်တတ်လို့ပါ......"
"အာ့ဆိုလည်း...မင်းသဘောလေ...အောက်မှာ အိပ် ချင်အိပ်လေ....."ဟုရှောင်းကျန်းက ဝင်ပြောလိုက်သည်။
.
.
.
.
ဘာလိုလိုနဲ့ရီပေါ်တို့ အဆောင်မှာနေတာ တစ်ပတ်ကျော်‌လောက်ရှိပြီး......
"ဟိတ်.... ရေသွားကူးကြရအောင်ဟ ...ငါတို့လေးယောက် ပြိုင်ကြမလား....."
"မသွားချင်ဘူး...ယီဘင်ရ...."

"ဘာလဲရှောင်ကျန်း....မင်းကငါ့ကို ကြောက်နေတာလား....ဟားဟား..".
ယီဘင်ကစသလိုလို လှောင်သလိုလိုပြောတော့ ရှောင်ကျန်းက.....
"ချီး....ကြောက်စရာလား.....ကောင်းပြီး အာ့ဆိုလည်း....သွားကြတာပေါ့....."

"ငါတို့လေးယောက်စလုံး ဝင်ကူးမယ် ...နောက်ဆုံးကျန်တဲ့တစ်ယောက်က ထွက်ရမယ်....
ပြီးတော့ နောက်ဆုံးအဆင့်ထိဝင်ပြိုင်နိုင်တဲ့သူမှ အနိုင်ရမှာနော်...."ဟု ယီဘင်က ပြောလိုက်သည်။.
.
.
.
ကျန်းချန်း ပထမဆုံးအသုတ်မှာတင်...ပြိုင်ပွဲကထွက်လိုက်ရတယ်။
.
.
.
နောက်ဒုတိယတစ်ခေါက်တော့ယီဘင်က ပြိုင်ပွဲကနေ ထွက်လိုက်ရသည်။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now