မြင်နိုင်မလား -12

2K 64 0
                                    

[Zawgyi]

"ကယ်.......အာ့ဆိုဒီနေ့ ဒီလောက်ပဲနော်........."
ဆရာမ အတန်းထဲမှ စာသင်ပြီး၍ ထွက်သွားခြင်းဖြစ်သည်။

နေ့လည့် ကန်တင်းတွင် ရီပေါ်ထိုင်နေချိန်၌ လောလော့သည် ရီပေါ်အား ခေါင်မိုးထပ် သို့တက်လာရန် စာပို့လာလေသည်။ရီပေါ် လည်း
လောလော့ဆီမှ စာရရချင်း ခေါင်မိုးထပ်သို့တက်လာလေသည်။

"ဖြန်း!......."လောလော့ရီပေါ် ပါးအားရိုက်လိုက်ခြင်း
ဖြစ်သည်။

"မင်းဘာလုပ်တာလဲ?......လောလော့...."

"ရီပေါ်.......မင်းဟာလေ အရာအားလုံးကိုမေ့နေတာတောင်မှ........ငါပိုင်တဲ့အရာကို ......လုရမယ်ဆိုတာတော့.....နင်မမေ့ဘူး....
နင်ကြောင့် .....ငါက အမြဲအပယ်ခံဖြစ်နေပြီး......နင်ကတော့ ‌ပျော်ရွှင်နေရတယ်......ငါမင်းကို မပျော်ရွှင်စေချင်ဘူး......."

"ခင်ဗျားဘာတွေပြောနေတာလဲ?......ကျွန်တော် မသိဘူး......သိလည်းသိချင်ဘူး....."

"ဟက်......"‌
လောလော့မဲ့ပြုံးလေး ပြုံးကာ......
"ရပါတယ်.....အခုမသိ ချင်လည်း  နောက်သိရမှာပဲ...........ဒါပေမဲ့ အကြွေးတော့ နည်းနည်းချင်းစီဆပ်ပေါ့နော်........"

"ဘာအကြွေးလဲ?........ခဗျားဘာလုပ်မို့လဲ......."

"ငါဘာလုပ်မလဲသိချင်ရင်.......ဒီမှာကြည့် ......."

လောလော့ သူ့လက်ထဲမှ ဓါးမြှောင်အသေးစား တစ်လက်ကိုထုတ်ကာ သူမ၏ လက်ကောက်ဝတ်အား  ထိုဓါးမြှောင်ဖြင့် ခြစ်၍ .............1,2,3,4,5အမှတ်စဉ်များကို ‌ရေတွက်နေသည်။ရီပေါ်လည်း လောလော့ ဘာလုပ်နေမှန်းမသိ၍
ကြောင်ကြည့်နေစဉ် ........တံခါးဝဆီမှ အသံကြား၍ လှည့်ကြည့်လိုက်ရာ.....ရှောင်ကျန်း အလောတကြီး ‌ပြေးဝင်လာ‌လေသည်။ ထို့နောက် ရီပေါ်သည် လောလော့ကို ကြည့်သောအခါ လက်ကဒဏ်ရာကို
သည်းကြီးမဲကြီး ကိုင်၍......ရှောင်ကျန်းရင်ခွင်ထဲတွင်  ငိုနေလေသည်။

"မင်း.......ဘယ်လို လုပ်လိုက်တာလဲ!.....ရီပေါ်...!!..."

"ကျွန်တော်....မလုပ်....."

ရှောင်ကျန်းသည် အလွန်ဒေါ်သထွက်၍ ရီပေါ်အားထိုးလိုက်‌လေသည်။ ထို့နောက် ရီပေါ် လဲကျသွားသော အခါ  ရီပေါ်၏ ဗိုက်သားအပေါ် ခွလျက်ထိုင်ပြီး သုံးချက်လောက် ထပ်ထိုးခဲ့လေသည်။
"ငါမင်းနဲ့......အရင်ကလို
ပြန်နေ ဖို့စဉ်းစားပေမဲ့.......မင်းကအဲ့ဒီအခွင့်အရေးနဲ့မတန်တဲ့ ပုံပဲ.......ငါမင်းကို အသေရွံတယ်......" ‌ရှောင်ကျန်း‌ပြောပြီး ရီပေါ်ဗိုက်လေးအား ကန်ကာ လောလော့လက်ကိုဆွဲပြီးထွက်သွားလေသည်။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now