မြင်နိုင်မလား - (extra)

3.8K 144 13
                                    

ရှောင်ကျန့်တို့ မိသားစုလေး သည် လက်ထက်ပြီး နှစ်နှစ်အကြာတွင် ရှောင်ကျန်းမား၏ မွေးရပ်မြေတွင် ပြန်၍
အ‌ခြေချ နေထိုင်ခဲ့လေသည်။ပေကျင်းက ကုမ္ပဏီကို
ရီပေါ်က တစ်ပတ်တစ်ခါ (သို့မဟုတ် )တစ်လတစ်ခါ
မှ သွားရောက်‌လေ့ရှိပြီး....ကျန်အချိန်များတွင် ကုမ္ပဏီကို ကျန်ချန်းနှင့် ယီဘင်တို့သာ ကူညီပေးထားရသည်။ ယီဘင်သည် ရီပေါ်၏ ကုမ္ပဏီတွင် အတွင်းရေးမှူးဝင်လုပ်နေသည်မှာ တစ်နှစ်ခွဲလောက်သာ ရှိသေးသည်။သို့သော် ကျောင်းတက်ကတည်းက သိလာသည့်အကိုလည်းဖြစ် ၊ ကျန့်ကော၏ သူငယ်ချင်းအရင်းလည်း ဖြစ်သော ယီဘင်ကောကိုတော့ ရီပေါ်ယုံကြည် စိတ်ချမိပါသည်။အခုဆိုရင် ရီပေါ်တို့ မား၏ မွေးရပ်မြေမှာ ပြန်လာနေတာ နှစ်နှစ်ပင် ရှိသွားပြီဖြစ်သည်။

...................................................

"ရီပေါ်.........."

"ပါ...ပါး....."

ရီပေါ် အိမ်ရှေ့ ဝရံတာမှ အပြင်သို့ ငေးကြည့်‌နေတုန်း
အနောက်မှ ခေါ်သံကြားလို့ လှည့်ကြည့်လိုက်ရာ.....

ရှောင်ကျန့်က ရီကျန့် လေးကိုချီ၍ အပြင်သို့ ထွက်လာခြင်းဖြစ်သည်။

ရီကျန့်လေးမှာ ရှောင်ကျန့်နှင့်ရီပေါ်တို့၏ သားလေးဖြစ်သည်။ ကျဲ ဝမ်ချင်၏ အသိတစ်ယောက်အား အကူညီတောင်းပြီး အငှားကိုယ်ဝန်ဆောင်၍ ရလာသော ကလေး‌လေးဖြစ်သည်။ရီကျန့်သည် အသက် ၃နှစ်‌လောက် ရှိ‌နေပြီး သားဦးလေးမို့
ရှောင်ကျန့်နှင့် ရီပေါ်တို့က သည်းသည်းလှုပ်ချစ်ကြသည်။

ထို့ကြောင့်တစ်ခါတစ်ရံ ရီကျန့်လေး‌နေမကောင်းလို့
ရီပေါ်က ချော့တဲ့အခါ ရှောင်ကျန့်က ထထငိုတတ်သေးသည်။အကြောင်းမှာ ရှောင်ကျန့်
နေမကောင်းရင် သူ့ကိုလည်းရီကျန့်လေးလို မချော့လို့ ဟူသောအကြောင်းပြချက်နှင့်ပင် ဖြစ်သည်။

ရီပေါ်က ကလေးကိုသိပ်လျှက် ‌ရှောင်ကျန့်ကို ချော့နေသော်လည်း ရှောင်ကျန့်မှာ စိတ်ကောက်မပြေသည့် အပြင်အခန်းထဲမှ ထွက်သွားသောကြောင့် ရီပေါ်တို့ခေါင်းမီးတောက်ရလေသည်။
သို့သော် ရီကျန့်လေးက နေမကောင်းဖြစ်နေသောကြောင့် ရီပေါ်တစ်ယောက်
ရီကျန့်လေးအား ချော့သိပ်ပြီးမှ ရှောင်ကျန့်အား ချော့ရန်ပြင်လေတော့သည်။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now