မြင်နိုင်မလား -32‌

1.1K 49 0
                                    

6:00 AM

ရီပေါ် ......ဒီနေ့မနက် အိပ်ယာအစောကြီးနိုးနေလေသည်။
မျက်နှာသွားသစ်ရန်......မတ်တပ်ရပ်လိုက်သောအခါ.......ကြမ်းပြင်တွင် ခြောက်နေသော သွေး‌ခြေရာများကိုတွေ့လေသည်။ရီပေါ် စိုးရိမ်တကြီးနှင့် ထို ‌ခြေရာများသွားသည့်နောက်  လိုက်ကြည့်ရာ
ရှောင်ကျန်း၏ အခန်းရှေ့တွင် ရပ်သွားလေသည်။
ထို့ကြောင့် ......အခန်းထဲတွင် ရှောင်ကျန်းတစ်ယောက်  ဘာများဖြစ်သနည်းဟု ....
တွေးပူ၍ အခန်းထဲသို့ ဝင်ကြည့်ရာ...ကြမ်းပြင်တစ်ခုလုံးလည်း.....
‌သွေးကွက်များနှင့်ပြည့်နေလေသည်။ ရှောင်ကျန်းကိုကြည့်သော်လည်း.....‌ခြေထောက်ဒဏ်ရာနှင့် ကုတင်အောက်တွင် မေ့နေလေသည်။ ထို့ကြောင့် မေ့နေသော ရှောင်ကျန်းအား မ ချီ၍ ကုတင်ပေါ်သို့ တင်ပေးလိုက်လေသည်။ ထို့နောက် ရီပေါ်သည် ရှောင်ကျန်း၏ ‌ခြေထောက်ဒဏ်ရာများအား  သန့်စင်ပေးပြီး ဆရာဝန်ခေါ်၍  ‌ ဒဏ်ရာအား ဆေးထည့်ပေးလေသည်။

...........................
ဆရာဝန် ပြန်သွားပြီး ခဏကြာ‌သောအခါ........ရီပေါ် လည်း အခန်းထဲမှ ထွက်မည်အပြု ...

"ရီပေါ်......"
တိုးတိုးရှရှနှင့် ခေါ်လိုက်သော

ရှောင်ကျန်း အသံကြောင့် ရီပေါ်‌ခြေလှမ်းများခဏတာ ရပ်တန့်သွားလေသည်။

"ရီပေါ်......ကော့ကို မထားခဲ့ပါနဲ့နော်.....ရီပေါ်ထားခဲ့ရင်.....ကော သေရလိမ့်မယ်.....တောင်းပန်ပါတယ်....မထားခဲ့ပါနဲ့နော်......"

ရီပေါ်....ရှောင်ကျန်းဟာ ကျောပေးထားရမှ ပြန်လှည့်ကြည့်လိုက်ရာ.......

ရှောင်ကျန်း၏ မျက်ဝန်းတွင် မျက်ရည်များကပြည့်လျှံပြီး....အပြင်သို့ ယိုကျလာလေသည်။နှုတ်ခမ်းများမှာလည်း ဖြူဖပ်ဖပ်နှင့်......ပြောချင်သော စကားများကို အတင်းကြိုးစား ပြောနေပုံရသည်။ရီပေါ်ရှောင်ကျန်း၏ ပုံစံကို မြင်ရသောအခါ ....ရင်ထဲတွင်
ဆို့နင့် လာသည်။ ငိုနေသော ရှောင်ကျန်း၏ ပါးပြင်ထက်မှ မျက်ရည်များကိုလည်း သုတ်ပေးချင်မိသည်။ သို့သော်လည်း....လက်တွေ့တွင်....ရီပေါ်တစ်ယောက် ရှောင်ကျန်းကို ဂရုမစိုက်ပဲ.....အခန်းထဲမှ ထွက်သွားမိလေသည်။

.................................................

"ပါး........ကျွန်တော် ပါးကို မေးစရာရှိတယ်...."

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now