မြင်နိုင်မလား -42

1.8K 93 28
                                    

7:00 PM

ရီပေါ်တစ်ယောက် ဆေးရုံမှ ပြန်လာပြီးကတည်းက
ရှောင်းကျန်းနှင့်အတူ တစ်ညနေလုံးအိပ်မိရာ ညကျမှ ‌နိုးလေသည်။ ထို့နောက် ရှောင်ကျန်းအား ရင်ခွင်ထဲမှ ထုပ်၍ ရေမိုးချိုးရန် ပြင်ဆင်လေသည်။

ရီပေါ်ရေချိုးပြီး ထွက်လာတဲ့အထိ ရှောင်ကျန်းတစ်ယောက် အိပ်ယာမှ မနိုးသေးချေ။
ထို့ကြောင့် ရီပေါ်လည်းအိမ်‌အောက်ထပ်သို့ ဆင်းကာ ရှောင်ကျန်းနိုးလျင် စားဖို့အတွက် ကိုယ်တိုင် ဆန်ပြုတ် ပြုတ်ပေးနေလေသည်။

ဆန်ပြုတ်ကျက်သော အချိန်နှင့် ရှောင်ကျန်းနိုးလာသော အချိန်တို့သည် အချိန်ကိုက်ဖြစ်နေလေသည်။ ထို့ကြောင့်ရီပေါ်လည်း ဆန်ပြုတ်အား ခဏ အအေးခံနေချိန်တွင် ရှောင်ကျန်းအား ရေပတ်တိုက်ပေးရန် ပြင်နေလေသည်။

"ရှောင်ကျန်းကော...ကော .....ထဦး
ပြန်မ မအိပ်နဲ့ဦး........အခု ‌ကော ရေချိုးဖို့ အဆင်မပြေသေးဘူးမလား.......ကျွန်တော် ရေပတ်တိုက်ပေးမယ် ......"ဟု ပြောပြီး
ရီပေါ်တစ်ယောက် ရှောင်ကျန်းအား ထထိုင်နိုင်ရန် ထူပေးလိုက်လေသည်။

ထို့နောက်ရေချိုးခန်းထဲမှ ရေနွေးဇလုံအား ယူလာ၍ အဝတ်စလေးတစ်ထည် ထည့်လိုက်လေသည်။
ထို့နောက် ရီပေါ်သည် ရှောင်ကျန်း၏ အကျီကြယ်သီးတို့အား တစ်လုံးချင်းစီ စတင်၍ ဖြုတ်နေလေသည်။ ထို့အ‌ခြေအနေတွင် ရှောင်ကျန်းတစ်ယောက် ဆယ်‌ခြောက်နှစ်အရွယ်
အပျြိုဖန်းလေး ကဲ့သို့ ရှက်နေလေသည်။ မျက်နှာကြီးတစ်ခုလုံးလည်း နီမြန်းနေ၍ မိမိ၏ အကျီ ကြယ်သီးအား အနုအယွ ချွတ်ပေးနေသော လူသား၏ နဖူးထက်မှ လည်စလုထိ ရှိသော အစိတ်အပိုင်များကိုလည်း တစ်ခုချင်းစီ ကြည့်နေမိလေသည်။

ထို့နောက် ရီပေါ်က ရှောင်ကျန်းကိုယ်တွင် ကပ်နေသော shirt အကျီလေးအား အသေအချာချွတ်ပေး၍ ရှောင်ကျန်း ကိုယ် နှင့် အနီးဆုံးနေရာ သို့ ကပ်သွားလေသည်။ ရှောင်ကျန်းရင်ခုန်သံတွေတအား မြန်လွန်း၍ ရီပေါ်ကိုယ်လေးအား ပြေးဖက်ချင်စိတ်များ ပေါက်မိသောကြောင့် ရှောင်ကျန်းတစ်ယောက် ကုတင်ပေါ်တွင်ရှိသော စောင်စများကိုသာ တင်းတင်းဆုပ်ကိုင်ထားမိလေသည်။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now