မြင်နိုင်မလား-4

2.7K 127 2
                                    

ဒီမနက်‌တော့...ရီပေါ်အစောကြီးနိုးနေလေသည်။ ထို့ကြောင့် လုပ်ရမည့်တာဝန်များကို ခပ်သွက်သွက်လုပ်နေသည်။အလုပ်များပြီးသွား‌ ‌သောအခါ......
7:30AM

ရီပေါ် ရှောင်ကျန်း အားနှိုးရမည့် အချိန်ဖြစ်သောကြောင့် ......ရှောင်ကျန်းအခန်းသို့ခပ်သွက်သွက်တက်သွား၍.......
ဒေါက် ဒေါက် ဒေါက်

ကျန့်ကော......ကျွန်တော်ဝင်လာမယ်နော်.....
ရီပေါ်အခန်းထဲဝင်တော့ ....ရှောင်ကျန်းမနိုးသေး။

ကြည့်စမ်.....ငါ့ကျန့်ကောက ချစ်စရာလေး......အိပ်နေတာတောင်.....ပြုံးနေတာ
ကျန့်ကောနှုတ်ခမ်းလေးကချစ်စရာကောင်းလိုက်တာ....ဟီဟီ..ငါဘာတွေတွေးနေတာပါလိမ့်....

ရီပေါ်အိပ်ပျော်နေသော ရှောင်ကျန်း ‌ကိုကြည့်ရင်း....အတွေးများလွန်နေခြင်း ဖြစ်သည်။

"ဟင်...ဟီးဟီး.....လော‌လော့.......အင်းမွမွ......"

ရှောင်းကျန်း အိမ်မက်မက်၍ ယောင်နေခြင်း ဖြစ်သည်။

"ဟင့်...ဟင့်......"ရီပေါ်အငိုမျက်လုံး....အပြုံးမျက်နှာဖြင့် .....ဟန်ဆောင်ရယ်လိုက်ခြင်းဖြစ်သည်။ထို့နောက် ‌ရှောင်ကျန်းအား နှိုးပြီးအခန်းထဲမှ ခပ်သွက်သွက်ထွက်သွားကာ....ကျောင်းသွားရန်ပြင်ဆင်လေသည်။

ရီပေါ် ကျောင်းရောက်တော့လည်း စိတ်မကြည်သဖြင့်.....လူရှင်းသောနေရာ တစ်နေရာတွင်  တစ်ယောက်ထဲထိုင်၍ သူ့အ‌ကြောင်းသူ ပြန်တွေးနေမိသည်။ ဟုတ်ပါသည်။ရီပေါ်သည် ယောက်ျားလေး တစ်ယောက်ဖြစ်လျက်နဲ့ အခြားယောကျာ်းလေး တစ်ယောက်ကိုချစ်မိသည်။
သူချစ်သော ယောကျာ်းကလည်း သူ့ကို ချစ်လာဖို့အကြောင်း နည်းနည်းတောင်မှ မရှိ။နောက်ပြီး ဇာတ်လမ်းတွေကလို ကိုယ်ချစ်တဲ့သူ့ကို ငွေကြေးတွေနဲ့ဝယ်ယူရအောင်လည်း ....သူကိုယ်တိုင်တောင်မှ သူချစ်သောသူရဲ့ အစေခံတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်သူမှာ....ဘာမှမတက်နိုင်ခဲ့ဘူး.....
ရီပေါ် ...ရယ်မိသည်။ဟပ်ဟပ်ပက်ပက်ကို ....ရယ်မိသည်။မျက်ထောင့်များမှ မျက်ရည်များကလည်း....ဆန္ဒမပါပဲ....တစ်စက်ပြီးတစ်စက် အလျင်အမြန်ကျနေသည်။ဝမ်းနည်းစိတ် ၊
သိမ်ငယ်စိတ်များက....ရင်ထဲတွင် အတော်နေရာဝင်ယူနေကြသည်။
ခဏအကြာ....ရီပေါ်ကျောင်းခန်းသို့ဝင်ရန် ရုတ်တရက် ထလိုက်သောအခါ.......မိုက်ကနဲ နဲ့ မူးသွားလေသည်။မျက်လုံးကို အားတင်းပြီး အနည်းငယ် ဖွင့်ကြည့်လိုက်သောအခါ.....

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now