မြင်နိုင်မလား - 27

1.3K 55 0
                                    

"ဟင်အင်း.....ကျွန်တော် ကော့ကိုဘယ်တော့မှ မလှောင်ဘူး.....ဘာလို့ဆိုတော့ ......ကျွန်တော်ကော့ကို အရမ်းချစ်တာလေ......."

ရှောင်ကျန်း.... မိမိအား ရီပေါ်အရမ်းချစ်မှန်း
သိလိုက်ရသောအခါ.....ဖြစ်ပေါ်လာသော ခံစားချက်။ထိုခံစားချက်သည် ရှောင်ကျန်းအား ရီပေါ်အတွက် အရာရာရင်ဆိုင်နိုင်စေရန် အင်အားများဖြစ်စေသည်။

ထို့နောက် ရှောင်ကျန်းသည် ရီပေါ်မျက်နှာလေးအား
ဆွဲယူလျက် ရီပေါ်နှုတ်ခမ်းများကို မိမိနှုတ်ခမ်းများဖြင့် ထိကပ်စေသည်။ထို့နောက် ထိကပ်ထားသော နှုတ်ခမ်း‌လေးအား ခဏတာခွာလိုက်ပြီး.....

"ရီပေါ်....ကော့ကို ပြန်မနမ်းတာ‌ ‌ကော့ကို သဘောမကျလို့လားဟင်?...."

"မဟုတ်ပါဘူး.....ကောက နမ်းတာမှ မဟုတ်တာ....
ကောက .....ကျွန်တော့်နှုတ်ခမ်းကို လာထိနေတာကြီးရာ......"

"ဟွန့်!...ရီပေါ်နော်......ကောက...ကောက..."

ရီပေါ်...... ရှောင်ကျန်း၏နှုတ်ခမ်းလေးများအားထိကပ်လိုက်သည်။ ထို့နောက်....ရီပေါ်တစ်ချက်ပြုံးကာ....

"ကော...တကယ့်အနမ်းအစစ်ကို ကျွန်တော်ပြမယ်...."

‌ရီပေါ်......ရှောင်ကျန်း၏ နဖူးလေးအားဦးစွာ နမ်းလေသည်။ပြီးနောက် မျက်ခွံ ၊ ပါး ၊ နားရွက် များကို တစ်ချက်ချင်းစီ လိုက်၍ နမ်းလေးသည်။ထို့နောက် ရှောင်ကျန်း၏ နှာခေါင်းထိပ်လေးအား နမ်းလျှက် သွားဖြင့် ခပ်ဖွဖွလေးကိုက်လိုက်‌လေသည်။နောက်ဆုံး ရီပေါ် ရှောင်ကျန်း၏ နှုတ်ခမ်းလေးအား ထိကပ်လေသည်။
ပြီးနောက် နှုတ်ခမ်းအထက်အောက်ကို တစ်လွှာချင်းစီ နမ်းလေသည်။
နမ်းနေရင်းပင် ရီပေါ်သည် ရှောင်းကျန်း၏ ရှပ်အကျီ်လေးအား အားနှင့်အနည်းငယ် ဆွဲလိုက် သောကြောင့် ရှောင်ကျန်း၏ လည်ပင်းသားများ အတိုင်းသား မြင်နေရသည်။ ရီပေါ် ရှောင်ကျန်းအားကြည့်၍...

"ကော............"

"အင်း......ကောခွင့်ပြုပါတယ်.....ကော့ကိုရီပေါ် ပိုင်ပါတယ်......."

ရှောင်းကျန်းဆီမှ ခွင့်ပြုချက်ရ၍ ရီပေါ်၏ နှုတ်ခမ်းများသည် ရှောင်ကျန်း၏ လည်ပင်နားသို့ ရောက်လာလေသည်။ ထို့နောက် ရီပေါ်သည် ....ရှောင်ကျန်း၏ လည်ပင်းသားနှင့်....ပုခုံးသားတို့အား အမှတ်အသားများပေးလေသည်။ထို့ နောက် ရှောင်ကျန်းဝတ်ထားသော အကျီအား ကြယ်သီးများ
ဖြုတ်၍ ရှောင်းကျန်း၏ ကိုယ်အနှံ့အား အနမ်းများအဆက်မပြတ်ပေးနေလေသည်။
‌ထို့နောက်.....ရှောင်ကျန်းနှင့် ရီပေါ်တို့သည် မိမိတို့၏ မင်္ဂလာဦးညလေးအား.....ရင်ခုန်ခံစားမှု မျိုးစုံဖြင့် ဖြတ်သန်းကျလေသည်။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now