Part 2

13.9K 416 4
                                    

စွဲနေပြီ
အပိုင်း (၂)
#စွဲနေပြီ

“ဘုတ်..”
နောက်ဆုံးတန်းမှာ နိုင်ထူး တစ်ယောက်ပဲ အပိုင်သိမ်းထားတာ အခုတော့ဘေးခုံကို ကျလာတဲ့ လွယ်အိတ်ကြောင့် မော့ကြည့်လိုက်သည်..။
ဒီကောင် ရန်စနေတာလား...။
စာအုပ်ပေါ်ကို ဘောပင်ချပြီး ဘုကြည့်ကြည့်လိုက်တော့ စပ်ဖြဲဖြဲရယ်ပြခါ ဘေးခုံမှာ ၀င်ထိုင်သည်.။
“ အရှေ့တန်း မှာ ပျင်းလို့..”
“...”
နိုင်ထူး ဘာမှ ပြန်မပြောပဲ စာရေး လက်စ ကို ပြန်ရေးနေလိုက်သည်.။
“မင်းက ကျောင်းမှာ နာမည်ကြီးဆို...”
“ဟုတ်တယ်....မကောင်းတဲ့ နေရာမှာ နာမည်ကြီးတာလေ..”
နိုင်ထူး စာအုပ်က အကြည့်မရွေ့ပဲ သဘောပေါက်အောင် ခေါင်းညိတ်ခါ ပြောလိုက်သည်။
“အဟား…ကောင်းတယ်..”
“မင်းလည်း ရန်ဖြစ်လို့ ကျောင်းပြောင်းခံရတာ မလား.”
“အင်း...ရန်ဖြစ်တာတော့ မဟုတ်ပါဘူး..ငါ့ကို ချောင်းရိုက်လို့...”
“ဟမ်..”
နိုင်ထူး နားမလည်သလို ဟမ် လိုက်တော့ ပခုံးတွန့်ပြပြီး ပီကေ ကို ပါးစပ်ထဲလိမ်ခေါက်ထည့်ခါ ဖိဝါးနေသည်..။
“မင်းကို ချောင်းရိုက်လို့ ကျောင်းထုတ်ခံရတယ် ဟလား..”
“သူတို့က ချောင်း၇ိုက်တာ ငါက ပေါ်တင်ရိုက်တာလေ....အဲဒါပဲ ကွာသွားတယ်..”
“ဟား..ဟား...”
“ငါ နှစ်ချက် ချုပ်ရတယ် သူတို့လည်း နှစ်ချက်ပဲ ချုပ်ရတာပါ သူတို့ကျတော့ ကျောင်းမထုတ်ဘူး..ကျစ်....”
နိုင်ထူး ရယ်ပြီး ရေးလက်စတွေ ပြန်ကူးရေးနေလိုက်တော့ ခုံဆွဲပြီး အနားတိုးလာခါ ငုံ့ကြည့်သည်..။
“မင်း ဘာတွေရေးနေတာလည်း..”
“အက်ဆေး...ဒီနေ့ တင်ရမယ်လေ..”
“နားပါ...စာမေးပွဲ အတွက်ပဲ လုပ်စမ်းပါ..”
သူ့အခြေအနေ နဲ့တော့ ပြောမှာပေါ့ ကိုယ့်မှာက အစ်မ ဖြစ်သူရဲ့ လုပ်ခနဲ့ ကျူရှင်တက်နေရတာ...။
စာကို စိတ်မ၀င်စားပေမဲ့ အစ်မ စေတနာကို တန်ဖိုးထားပြီး ဆယ်တန်းတော့ အောင်ချင်ပါသည်..။
“ကိုနောင်..”
“အမ်..”
နောက်ဆုံး ခုံတန်းနဲ့ အနီးဆုံး တံခါးပေါက်မှာ ကောင်မလေး တစ်ယောက်လာခေါ်တော့ နိုင်ထူး ခေါင်းထောင်သွားသည်..။
ကောင်မလေးက တော်တော် ချောတာပါ...ပြီးတော့ ကိုးတန်း အေ ခန်းက ကောင်မလေး..
ကျော်စိုး နဲ့ အတူတူ သူတို့ အခန်းဘက်ကို လျှောက်ရင်း ခဏတဖြုတ် ငေးခဲ့ဖူးသည့်ကောင်မလေး..
ဘေးက ကောင်ကတော့ ခုံတွန်းပြီး ထထွက်သွားပြီ...။
ဘယ်လို သိနေတာပါလိမ့်...။
အခန်းပြင်မှာ စကားပြောပြီး ဘေးခုံကို ပြန်ရောက်တာနဲ့ နိုင်ထူးမှာ မေးချင်စိတ်ကို မြိုသိပ်ထားရသည်..။
“ငါ့ ညီမလေ..”
“ဟမ် မင်းညီမ..”
“အေး...”
နိုင်ထူး မျက်နှာထား ချက်ချင်း ပြောင်းသွားပြီး ခုံကို တစ်ဖက်တိုးလိုက်ခါ…
“ဟိ..ဟိ...ယောက်ဖ...”
“ဟား..ဟား..ချက်ချင်းကို ခွေကျသွားတာပဲ...”
“ဒါကတော့ ယောက်ဖကို ချိုချိုသာသာ ဆက်ဆံသင့်တာကိုးကွ...”
“ဟား..ဟား..”
နိုင်ထူး မှာ ညီမ  လိုချင်လို့ အစ်ကို ကို ပြေးကပ်ရတဲ့ တောက်တဲ့ တစ်ကောင် ဘ၀ကို အော်တို ရောက်သွားရသည်..။
.
“အမလေး..ဟယ်..မသိတာမှတ်လို့..”
“လိုက်ပွဲလေ...ကောင်မလေးကလည်း လုံးကြီး ပေါက်လှ..၀င်းနိုင်ဆိုတဲ့ ကောင်က အရက်သမား ဘယ်မှာ တရားရှိ စည်းရှိမလည်း..”
“အေးလေ..သူ့အဒေါ်ကလည်း တစ်နေ့ကုန် ရှိတာမဟုတ်ဘူး..”
“ဝေစားမျှစားနေကြတာလေ..”
“ကြည့်တာနဲ့ သိတယ်...တဖြည်းဖြည်း ပုံပျက်လာတာ တွေ့တယ်မလား..”
လတ် ခြေထောက်တွေ တုန်ယင်လာပြီး ရပ်နေတဲ့ နေရာမှာပဲ ခွေကျလဲသွားတော့ မလို ဖြစ်နေရသည်.။
ဘေးအိမ်က ဒေါ်တိုးတိုးဆီမှာ လခထုတ်ရက်မို့ အပေါင်ခံထားတဲ့ ၀မ်းစက်လေး ပြန်ရွေးဖို့ သွားမိပါသည်..။
အခုတော့ ကိုယ့် အကြောင်းကို ရစရာမရှိအောင် ပြောနေလိုက်ကြတာ...။
အိမ်နီးနား ပတ်၀န်းကျင်ဆိုပြီး ဖေးမ ကူညီမယ် မရှိဘူး..ကွယ်ရာမှာ မဟုတ်တာတွေပါ ထပ်ဖြည့်ပြောနေတာ ဒေါသလည်း ထွက်ရသည်..။
“ဒေါ်တိုး..”
လတ်ရဲ့ အသံက နှစ်ဆ မြှင့် အော်လိုက်တော့ ခေါင်းချင်းဆိုင်ပြီး ချဲဂဏန်း တွက် နေတဲ့ သုံးယောက် စလုံး ခေါင်းထောင်လာသည်..။
“သြော်...အဟွင်း...လာလေ...လတ်လတ်...”
“ပစ္စည်းထားမလို့လား..”
“မဟုတ်ဘူး ရွေးမလို့...ကျွန်မ ထားတဲ့ ၀မ်းစက် ပြန်ရွေးမလို့...”
“သြော်...အေး...ခဏ..”
ဒေါ်တိုးတိုးက လှုပ်လိလှုပ်လဲ့ဖြင့် အခန်းထဲ ၀င်သွားတော့ ရှေ့က နှစ်ယောက်က ခေါင်းပြန်ငုံ့ ထားကြသည်..။
သူတို့ နဲ့ ရန်ဖက်ဖြစ်လို့ ကိုယ့်လို အပျို လေးပဲ သိက္ခာကျမှာပါ....။
ရင်ထဲက ဒေါသနဲ့ မခံချင်စိတ်ကို မြိုသိပ်ပြီး မျက်နှာ ခပ်တည်တည် ခပ်တင်းတင်း ဖြင့် လက်ပိုက်ခါ မတ်တက်ရပ်စောင့်နေလိုက်သည်..။
“ဒီမှာ လတ်လတ်...”
“လျော့ အတိုးပါပြီးသား..”
“အေး..အေး...”
၀တ်စုံကို ဖြန့်စစ်ပြီးမှ သေချာ ပြန်ခေါက်ခါ ရင်ခွင်မှာ ပိုက်ထားလိုက်သည်..။
အပြန် တံခါး နားကို ရောက်တော့ မနေနိုင်ပြန်...။
“ပါးစပ်တွေနော်....ကြပ်ကြပ် သတိထား....လတ်လတ် တို့ လက်ဝါး...အရွယ်သုံးပါး မရွေးဘူး..”
“ဟဲ့ ကောင်မ နင် ဘယ်သူ့ ကို ပြောတာလည်း..”
“ဘယ်သူ့ကိုမှ မပြောဘူး..ရပ်ကွက်ထဲက လျှာအရိုး မရှိတိုင်း သူ့များအတင်း ပြောနေတဲ့ ဟာမတွေကို ပြောတာ..”
နောက်ဘက် အိမ်လည်း ကြားအောင် ဒေါသဖြင့် အသံကုန် အော်ဟစ်ပြောပစ်လိုက်သည်..။
“နင် ငါတို့ ကို ပြောတာမလားဟမ် မသာမ.....”
အရက်သမား မိန်းမ ဒေါ်ရွှေရင်က ထိုင်နေရာက ဆတ်ခနဲ့ ထပြီး ထဘီကို ဖြန့်ခါ ခပ်တိုတို ပြန်၀တ်ရင်း မေးသည်..။
“ကျွန်မ အကြောင်း မဟုတ်တာ ပြောတဲ့သူကို ပြောတာ..ရှင်တို့က နာနေတော့ မတက်နိုင်ဘူး...”
“ဟဲ့....မဟုတ်တာ မဟုတ်ဘူး..နင်တို့ တူ၀ရီး နှစ်ယောက် ဝေစားမျှစားနေရတာ တစ်ရပ်ကွက်လုံး သိတယ်...ဟုတ်လိုကျော် ပုတ်လို့ပေါ်တာ တွီ..”
“အေးသိ....နင်တို့လည်း ....လာမျှယူလို့ရတယ်....”
တည်တည် ငြိမ်ငြိမ် နေဖို့ ကြိုးစားခဲ့ပေမဲ့ အခုတော့ လတ့်ရဲ့ နှုတ်မှာ မိုက်ရိုင်း ညစ်ထွေး တဲ့ စကားလုံးတွေ လွယ်လွယ်ကူကူ ထွက်နေရပြီ...။
“မလိုပါဘူး....ငါတို့မှာက တရား၀င် လူသိရှင်ကြား လင်ကြီး ငုတ်တုတ် ရှိသားပဲ...သူများ လင်ကို လိုက်မျှော်နေစရာ မလိုပါဘူး..လင်ငတ်နေတဲ့ ဟာမတွေသာ အဒေါ် ယောင်္ကျားကို မျှော်...”
“ဘာ...”
လတ် အသံကုန် အော်ဟစ်ပြီး အသားတွေပါ တဆက်ဆက် တုန်ယင်လာခါ နှုတ်ခမ်းကို ပြတ်လု မတက် ဖိကိုက်ထားမိသည်..။
ခေါင်းမော့ ရင်ကော့ ပြီး လက်နှစ်ဖက် ခါးမှာထောက်ထားတဲ့ ထို မိန်းမကို ပါး ပြေးရိုက်ဖို့ စဉ်းစားမိသည်..။
အကြည့် တစ်ချက် အဝေ့မှာ ရှေ့အိမ်က အဆောင်ငှားနေတဲ့ ကောင်လေးတွေပါ ထွက်လာပြီး ကြည့်နေတော့  လတ် ဒေါသကို ရှက် စိတ်က ဖုံးလွမ်းသွားသည်..။
“ပြောကြ....သားသမီးချင်း ကိုယ်ချင်းမစာတက်တဲ့ဟာတွေ.....ရှင်တို့ နဲ့...ရှင်တို့သမီးတွေ ဒီလို ဘ၀မျိုး မရောက်သရွေ့ ရှင် တို့ ပါးစပ်ပိတ်မှာ မဟုတ်ဘူး...  ၀ဋ်ဆိုတာ လည်တက်တယ် မြဲမြဲ မှတ်ထား..”
လတ် လက်ညိုးထိုး ကျိန်းပြီး  အိမ်ဘက်ကို ပြန်ပြေးလာ ခဲ့တာ လမ်းမှာ ခလုတ်တွေလည်း တိုက်ရပါသည်..။
အခန်းထဲ ရောက်တာနဲ့ ခေါင်းအုံးကို မျက်နှာ အပ်ပြီး တဟီးဟီး ရှိုက်ငို နေမိတာ ရင်ဘတ်တွေ အောင့်တက်လာသည် အထိပင်..။
ဒီလို ဘ၀ဆိုးက လတ်မှာပဲ ဖြစ်နေရတာလား..။
ပတ်ဝန်းကျင် ဆို တစ်ခါတလေ ပြောင်းလဲသွားတက်သည်။
အတွင်းရန်ကို ဘယ်သူမှ မသိ..အားနွဲ့သူမှာ ဖေးကူသူ မရှိ...ဝေဖန် ပြောဆို တဲ့ နေရာမှာတော့ အပိုအတိုးလေးတွေဖြင့် ထပ်ပေါင်းခါ ရက်စက်တဲ့ ဓားသွားလို စကားလုံးတွေကို မရပ်မနား ပစ်လွှတ် ဖြန့်ဝေ တက်ကြသည်..။
ဒီလို ပြောဆို ခံနေရတာထက် သေသွားတာမှ ကောင်းပါလိမ့်ဦးမယ်...။
.
“ဟေး...လတ်လတ်...”
ကလေးသုံးယောက် အဖေ မုဆိုးဖိုကြီး ဦးလှဆွေ က လတ် အနားကို  မှီလာတော့ ခြေစုံ ရပ် ပစ်လိုက်သည်..။
အလုပ်နောက်ကျ နေရတဲ့ ကြားတဲ့ ဒီလူကြီးက ဘာလုပ်ဖို့ လိုက်လာပြန်တာလည်း..။
“ဘာပြောစရာ ရှိလို့လည်း ဦးလှဆွေ..”
“ဟို...ဟိုလေ... ”
“ပြောပါ...”
“အစ်ကိုကြီး လတ်ကို သနားလို့ပါ...”
“ဘယ်လို...”
လတ်ရဲ့ အံသြနေတဲ့ မျက်၀န်းတစ်စုံကို အရိပ်ဆိုး ပါနေတဲ့ မျက်လုံးတွေဖြင့် ပြူးကြည့်နေတာ မသတီ စရာကြီး....။
“ဘာလည်း မြန်မြန်ပြောပါ…ကျွန်မ အလုပ်နောက်ကျနေပြီ…”
“အစ်ကိုကြီး ...စေတနာနဲ့...ဟိုလေ...လတ်ကို လက်ထပ်ချင်လို့ပါ...”
“ရှင်..”
မျက်လုံး အစုံ ပြူးကျယ်သွားရသူက လတ် ကိုယ်တိုင်ပင် ဖြစ်ရသည်..။
ဒေါ်လေးတောင် အစ်ကို တပ်ခေါ်ရသည့် ဒီလူကြီးက လတ်ကို လက်ထပ်ချင်သည် တဲ့လေ...။
သွား တစ်ချို့တောင် မရှိတော့သည့် ဒီလူကြီးက နှစ်ဆယ် နှစ်စွန်းရုံသာ ရှိသေးတဲ့ လတ်ကို လပ်ထပ်ချင်တာ စေတနာ ကြောင့်တဲ့....အမလေး....။
“ရှင် ဘာတွေ လာပြောနေတာလည်း..”
“အိုးကွယ်...ရှက်စရာ မဟုတ်ပါဘူး..အစ်ကိုကြီးက မိသားဖသား ပီပီ လာရောက်တောင်းရမ်း လက်ထပ်ယူမှာပါ...”
“ဘာရှင့်..ရှင့်သား တောင် ကျွန်မထက် အသက်ကြီးနေတာ.....ကျစ်....ဦးလှဆွေ ကျွန်မ မရိုင်းချင်ဘူးနော်...ဖယ်...”
“မိန်းကလေး တစ်ယောက် ဘဝရှေ့ရေးမို့ ကိုကြီး အနစ်နာခံပြီး ယူပေးဖို့ပြောနေတာပါ ..”
“ရှင် နစ်နာရအောင် ကျွန်မ က ဘာဖြစ်နေလို့လည်း..”
“အိုကွာ တစ်ရပ်ကွက်လုံး သိနေသားပဲ...အဒေါ် ယောင်္ကျားနဲ့..”
လတ်ရဲ့ မျက်လုံးတွေ မီး ၀င်း၀င်း တောက်မတက် ပြောင်းသွားပြီး လက်ထဲက ခင့် ကို တင်းနေအောင် ဆုပ်ကိုင်မိသည်..။
“ရှင့် ကျန်တဲ့ သွားတွေ မကုန်ချင်ရင် ရှေ့ကဖယ်...”
“ဟင်း...လတ် အတွက် ပြောနေတာပါကွယ်...ကိုကြီးက..မေတ္တာ နဲ့ အရာ အားလုံးကို ခွင့်လွှတ်မေ့ပစ်နိုင်ပါတယ်...ဒါကြောင့် တံတွေးခွက် ပက်လက်မျှော နေတဲ့ ယင်ကောင်မလေးကို မရွံ မရှာ ကယ်တင်ဖို့ ကြိုးစားနေမိတာ..”
“တောက်...ရှင်..”
လက်သီးဆုပ် အံတင်းနေအောင် ကြိတ်ပြီး ရှေ့က အသက်ကြီးပြီး စေတနာ အပိုတွေ ဝေငှနေသည့် လူကို ကွေ့ရှောင်ထွက်လာခဲ့လိုက်သည်..။
ရပ်ကွက်လမ်းထဲက ထွက်လာတော့မှ မျက်၀န်းရဲ့ ဒေါသရိပ်တွေ ပျောက်ခါ ၀မ်းနည်း ရှက်စိတ်ဖြင့် မျက်ရည်တွေ စို့တက်လာတော့သည်..။
ရွယ်တူ တန်းတူ တွေကတော့ နှာခေါင်းရှုံ့ ရုံဖြင့် မပြီးနိုင် မစီးနိုင် ဖြစ်နေကြပြီ..။
လတ် နောက်ကို အမြဲ တကောက်ကောက်လိုက်ပြီး ပိုးကြေး ပန်းကြေး နှင်းဆီပန်းငါးဆယ်တန်လေးတွေ လက်ဆောင် ပေးတက်သည့် အောင်ပိုင် တစ်ယောက်ကတော့ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီ..။
မနေ့က လမ်းမှာတွေတော့ ခေါင်းကို ရှောင်လွဲသလို မြေကြီး ကြည့်သလိုလို ဖြင့် သူ့ဘေးက ကောင်မလေးရဲ့ လက်ကိုသာ တင်းနေအောင် ဆုပ်ကိုင်ထားပြသည်..။
အပျိုလေး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ အရှက်တရားတွေက လူတွေရဲ့ ပါးစပ်ကြောင့် ပျက်စီးသွားနိုင်တာ အခုတော့ လက်တွေ့လိုပါပဲ...။
တစ်လ နှစ်လ အတွင်း အတင်းပြောနေတဲ့ သူတွေက ကိုယ့်ကို စောင်းသလို မြောင်းသလို ပြောဆို လာတက်သည်..။
အများနဲ့ တစ်ယောက်ဆိုတော့ ဖက်လည်း ရန်မဖြစ်ချင်...ကိုယ်တိုင်ကလည်း ဒီအိမ်နဲ့ ဝေးရာကို ထွက်သွားဖို့ မတက်စွမ်းနိုင်လို့ ခေါင်းငုံ့ ခါ မြိုသိပ်နေလိုက်ရသည်..။
လက်ဖက်ရည် ဆိုင်က ရှေ့က ဖြတ်သွားချိန်ဆို “ဘယ်လိုလည်း..ဘယ်စျေးလည်း..စျေးမနှိမ် ပါဘူး ”ဆိုတဲ့ စကားလုံးတွေက ဘာကို ရည်ညွန်းမှန်း မသိခဲ့...။
ကိုယ့်ကို ဦးတည်ပြောတာ သိပြီးတော့ ညပိုင်းမှာ ငိုရိ်ှုက်ရင်း အိပ်ရေး ပျက်ရုံက မပိုလာခဲ့ပါ..။
ဘာဖြေရှင်းချက်မှ မပေးနိုင်တဲ့ဘ၀မှာ လူတစ်ယောက်... စကားတစ်ခွန်းချင်းစီ က လတ်အတွက် နာကျင်စရာတွေ ပိုတိုးလာသည်..။
.
“မျက်စိထဲက🎼 …ထွက်..ကို….မထွက်….ဘူး..အသည်း..နှလုံး..ထဲ..ခဏ..ခဏ…မြင်နေတယ်…
တသက်လုံး..မမုန်းအောင်…မင်း ..အပြုံးထဲ….ဘာထည့်..ပြုံးသလည်းကွယ်..တနေ့..ထက်..တနေ့…ပိုတိုး…တိုး…လာတယ်…ကိုယ့်အသွေး…အသား…ရိုးတွင်း..ချဉ်ဆီ…အထိ…အကြင်နာ..များ..များ..အောင်…မင်း..အသည်း..ထဲ..ဘာဆောင်..ထား..သလဲ..ကွယ်..နီး..နီး..ကလေး…မင်း..အနားမှာ…နေတော့…ဘယ်..ဟာ…မဆို…သိပ်မဆန်း..သလိုနဲ့..မစဉ်းစားလည်း..အတွေး..ထဲ..၀င်လာပြီး..အသည်း..ထဲမှာ..နေရာ..အပြည့်..ယူ..ထား..သူလေးရယ်….အို..အို..အို…စွဲ..နေ..ပြီ..စွဲ..နေ…ပြီ….စွဲ…နေ…ပြီ....စွဲ
...သောက် ပလုတ်တုတ်…”
နိုင်ထူး အဆိုတော် ဂျေမောင်မောင်ရဲ့ စွဲနေပြီ
သီချင်းညည်းနေချိန် ပုဆိုး ဆွဲချွတ်လိုက်လို့ ကမန်းကတမ်း ပြန်ဆွဲရင်း ယောင်မိသည်..။
“မသာ..”
“မသိဘူးလေ…ဆွဲခိုင်းတယ် မှတ်လို့ပေါ့…”
“အေး..မင်းညီမ ကို စွဲနေတာ ယောက်ဖရေ…”
“သီချင်းကလည်.. အနားရှိတဲ့ သူဆွဲချင်လာသလိုလို…”
“ငါ့အဒေါ် အရမ်းကြိုက်တဲ့ သီချင်းလေ..အမ်းဒိတ်ဆိုပေမဲ့ ငါလည်းကြိုက်တယ်..”
“နောက်မှ စွဲ…အခု..လာကွာ   ထမင်းစားမယ်..”
“လုပ်ပြန်ပြီ...ငါ ဟင်းမကောင်းဘူး...”
နိုင်ထူး သံပုရာရည် အမည်ခံ ဆေးသကြားဖျော်ရည် သံပုရာနံ့ သင်းသင်းလေးကို ပိုက်ဖြင့် စုတ်သောက်လိုက်သည်..။
“ငါ့ ဟင်းကောင်းတယ်..”
နိုင်ထူး ကျောခိုင်းရင်း နှုတ်ခမ်းမဲ့ ပစ်လိုက်သည်..။
ကောင်းမှာပေါ့..စတီးချိုင့် လေးဆင့်မှာ ဟင်းတွေက သုံးဆင့်...
ထည့်လာသမျှ ကြက်ကြော် ပုစွန်ထုတ် ငါးကြော်နပ် ဆီအိုင်အိုင်တွေ ငါးခြောက် ဆီစိမ်ကလည်း အသားမြောင်းတွေ..
တွေးနေရင်း တံတွေးတစ်ချက်မြိုမိပေမဲ့ မစားဖို့ ဆုံးဖြတ်ထားလိုက်သည်...။
သူဌေးသားကို ကပ်ဖားပြီး ညာစားနေတာမျိုးတော့ မဖြစ်ချင်ပါဘူး..နိုင်ထူးမှာလည်း ယောင်္ကျား မာနရှိသည်..။
စားချင်စိတ်ရှိတာ မှန်ပေမဲ့ မာနကြောင့် မစားချင်တော့တာမျိုးပါ...။
“လာကွာ..မင်း ေ×ာက်ရမ်း ကြီးကျယ်တယ်နော်....ငါ့ညီမနဲ့ သဘောမတူတော့ဘူး..”
“ဟ..”
စားပွဲပေါ်တက်ပြီး ခြေချထိုင်နေရာက နိုင်ထူး ဆတ်ခနဲ့ ခုန်ချလိုက်ရသည်..။
ဟုတ်သားပဲ မြတ်ရတနာလင်း တစ်ယောက် ကျောင်းဆင်းတိုင်းလာနေကျ...ဒီကောင့် က တစ်ခုခု ပြောပြီး ပြန်လွှတ်လိုက်ရင် ဒုက္ခ...။
“စားမယ်ကွာ...”
“ဒီလိုမှပေါ့ ယောက်ဖရာ...’
“မင်း ပေးတာနော်..”
“အေးပါ သဘောတူတယ်..”
မင်းနောင် က စပ်ဖြဲဖြဲ ဖြင့် ပခုံးလှမ်းဖက်ခါ ထမင်းချိုင့်ကို လက်တစ်ဖက်က လှမ်းယူပြီး ဘောလုံးကွင်းဘက် ထွက်လာခဲ့လိုက်သည်..။
အတန်းထဲမှာ တူတူ စားရင် ဒီကောင်က ဟင်းတွေ စွပ်ထည့်ပေးတိုင်း တစ်ချို့တွေ ကြည့်တဲ့ အကြည့်ကို မကြိုက်...။
ဒီတော့ သူကပဲ ဘောလုံးကွင်း ဘက်မှာ အေးအေးဆေးဆေး သွားစားဖို့ အကြံထုတ်ပြန်သည်..။
မဆိုးပါဘူး...ဖုန်လေး သဲလေး တစ်လျှပ်လျှပ် ဖြင့် စားလို့တော့ ကောင်းသား..။
“နိုင်ထူး...မင်း စိန်ခေါင်းပဲလား..”
“အဲဒါကြောင့် မကောင်းပါဘူး ပြောသားပဲ..”
‘နိုး..နိူး....မင်း အစ်မ က အပျိုကြီး မို့လို့နေမှာ ဘဲဥတောင် အရသာ ရှိအောင် ကြော်တက်တယ်..”
“မင်းပဲပြော..”
နိုင်ထူး ရဲ့ ချိုင့် ကော်ဗူးလေးကို ဆွဲယူပြီး သူ့ ထမင်းဖြူ ချိုင့်ထဲ ခပ်ထည့်စားနေသည်..။
“အင့်...အချိုမှုန့် နိုင်းချင်းနဲ့ ပုဇွန်ထုတ် စားကွာ...အေး ပြောသာ ပြောရတာ စားချင်မှ စား ငါ့ အိုးစားဖက်ကို အဆိပ်တော့မကျွေးချင်ဘူးကွ..”
နိုင်ထူး နှုတ်ခမ်းတွန့် ပြုံးခါ ချိုင့် အပြည့် ကွေးနေသည့် ပုဇွန်ကို ခါးလယ်က ဖြတ်ပြီး ခေါင်းပိုင်း ခပ်ထည့်လိုက်သည်..။
“မင်း အချိုမှုန့်မကြိုက်ရင် မင်းအမေ ကို မထည့်ဖို့ ပြောလေ..”
“အမေ ချက်တာ မဟုတ်ဘူး..မိငယ် နဲ့ ဒေါ်အသေးမ ချက်တာ..မီးဖိုခန်းမှာ သူတို့ လုပ်ပေးသမျှ ငါတို့ စားနေကျပဲလေ....အချိုမှုန့် တွေ အများကြီး ထည့်ချက်တော့ တစ်အိမ်လုံး ပါးစပ်တွေ ပျက်နေပြီ...မပါရင် မစားတက်တော့ဘူး..မင်း အစ်မဘဲဥကြော်က ချိုရဲမနေတော့ တစ်မျိုးစားကောင်းတယ်...အ..မနက်ဖြန်ကျရင် ဟို တစ်ခါက ချက်ပေးတဲ့ ငါးချဉ်ဟင်း ချက်ခိုင်းခဲ့ကွာ..ငါ စားချင်လို့..”
ဘဲဥ ကြော်နဲ့ ထမင်း များများ ခပ်စားနေသည့် သူ့ အဖြစ်ကို သူ့ အမေသာ တွေ့ရင် ဘယ်လောက်များ ရင်ထုပြီး ဆူဆဲ လိုက်မလည်း...။
ပန်းသီး၊ လိမ္မော်သီးက အစ အခွံနွာ စိပ်ပြီး ထည့်ပေးတာ သူကတော့ ဒါန လိုက်ပြုနေတာ ချိုင့် တစ်ခုလုံး ကုန်သည် အထိ..။
ဒါကြောင့် အတန်းထဲက ကောင် တော်တော် များများက မင်းနောင်ကို ဆို အပြောအဆိုခံ ပြီး ဖား ပေါင်း ပေါင်းချင်နေကြသည်..။
နိုင်ထူးကတော့ ဒီလို ထင်မှာ သေလောက်အောင်ကြောက်ပါသည်..။
လည်ပင်းဖက် ပေါင်းရင်း သူငယ်ချင်း အရင်းကြီး ဖြစ်ခဲ့ပေမဲ့ သူပေးတာ ကျွေးတာတွေကို တက်နိုင်သမျှ ရှောင်ပါသည်...။
အတင်းတိုးကျွေး..မရရင် စိတ်ဆိုးမယ် ထင်တော့မှ လက်ခံတက်သည်..။
“သြော်...ငါ မနက်ဖြန် ကျောင်းမတက်ဘူး..”
“ဘာဖြစ်လို့လည်း..”
ချိုင့်ထဲက ထမင်းလက်ကျန်တွေကို ဇွန်းနဲ့ စုသိမ်းလိုက်ပြီး ဇွန်း အပြည့်ခပ်ခါ...
“ကျူရှင်ဆရာက စာမေးပွဲ စစ်မယ်တဲ့လေ...”
“ဘယ်အချိန် ပြီးမှာလည်း “
“ညနေ လေးနာရီကျော်လောက်ပေါ့ကွာ..”
“ကျစ်..မင်းကို  တစ်နေ့လုံး မတွေ့ရရင် တစ်ခုခု လိုနေသလိုပဲ...”
နိုင်ထူး ထမင်းလုပ်ကို မြိုချရင်း မျက်လုံး ပြူးပြီး ကြည့်နေတော့ ရှေ့က မသာက မျက်လုံး စုံမှိတ်ပြီး နှုတ်ခမ်းကို စုချွန်ပြသည်..။
“မသာ..”
“နမ်း လိုက်..”
“မင်းအမေကြီးတော်..တွီ...”
ရှေ့တိုးလာတဲ့ နှုတ်ခမ်းကို လက်ခုံ နဲ့ ဖိတွန်းပစ်လိုက်တော့ လက်ထဲက ချိုင့်က ပြုတ်ကျရသည်..။
“ဟား..ဟား..”
“မနောက်နဲ့နော်...ငါ့ မင်းယောက်ဖ လုပ်မှာနော်..မသာ..မင်းလင် လုပ်မှာ မဟုတ်ဘူး.”
“လုပ်မနေပါနဲ့ကွာ....ငါတို့ စတွေ့ကတည်းက ပြောပြထားသားပဲ သတိုးမင်းလင် ပါဆို....ဟုတ်ဘူးလား ထူးရယ်.”
“မင်း...$@%$$”
နိုင်ထူးခါးကို လက်နဲ့ ထိုးပြီး ပြောတော့ ထခုန်မိခါ ယောင်ရင်း ပါးစပ်ထဲက အဆဲပေါင်းစုံ တသီတတန်းကြီး လွတ်ထွက်ကုန်သည်..။
.
“နိုင်ထူး..”
“ဗ်..”
ပြန်ထူးသံ ကြားရပေမဲ့ မကျေနပ်လို့ အိမ်နောက်ဖေး ရေကပျဉ် ကနေ ဆောင့်အောင်ပြီး အိမ်ပေါ် တက်လာခဲ့လိုက်သည်..။
“ဒါ ဘာတွေလည်း..”
“ဟမ်..”
မလတ်က လက်ထဲက ချိုင့်ခွက်ကို စောင်းပြတော့ နိုင်ထူး စာကျက်နေရင်းက သေချာ လှည့်ကြည့်လိုက်သည်..။
“ဇွန်းလေ...”
“နင်နော်...အူကြောင်ကြောင် မလုပ်နဲ့..ဒီလောက် နီရဲနေတာ ဘာ ဟင်းလည်း..နင့်ကို ငါ ထည့်ပေးတာ ဘဲဥကြော် အဖြူထည် သန့်သန့်...”
နိုင်ထူး ဆံပင်တိုစိပ်စိပ် တွေကို လက်ထည့်ပြီး ကုတ်ရင်း မျက်နှာပါ ရှုံ့မဲ့ထားမိသည်..။
“အဟွင်း..အဲဒါက အာလာဒင် ထမင်းချိုင့်မို့လို့ပေါ့ မလတ်ရယ်..ဘဲဥကြော်ထည့်ပေးလိုက်ပေမဲ့ စားချင်တာ ပြောလိုက်ရင် ပြောင်းသွားကော...ဒီနေ့ ငါ  ပုဇွန် ထုတ် ဆီပြန်စားခဲ့ရတယ်..”
“ဘာ..နင် သူ များဟင်းယူစားပြန်ပြီ...နင်မရှက်ဘူးလား နိုင်ထူး...ဟမ်...နင် ငယ်ငယ်က အတိုင်း အနိုင်ကျင့်ပြီး ဟင်းလု စားနေတာ မရှက်ဘူးလားလို့ ...”
လတ် စိတ်မရှည်လို့ လက်မောင်း အကျီ င်္စ ကို ဆွဲဆောင့်ရင်း မေးနေတာ သူက လည်း မခန့်လေးစား ခေါင်းကုတ်နေဆဲပင်...။
ပိုက်ဆံ မရှိလို့ သူများ တန်းတူ မကျွေးနိုင်ပေမဲ့ သူများဟင်းကို အငတ်ကြီး ကျပြီး တောင်းစားနေတာတော့ လက်မခံနိုင်..။
ငယ်ငယ်ကတည်းက ဗလအားကိုးပြီး မုန့်လုစားလို့ အတိုင်ခံရတာ ခဏခဏ…
အစားအသောက်နဲ့ ပတ်သက်လာရင် လတ်ကိုယ်တိုင်လည်း မရှိမာန ရှိသလို နိုင်ထူးကိုလည်း ယောင်္ကျား မာန ရှိစေချင်သည်..။
အခုတော့ ဒင်းက ငတ်လွန်းအားကြီးလာပြီ...။
သူငယ်ချင်းနဲ့ ဟင်းလဲစားတာ တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ်...လုံး၀ မစားရဘူး အမိန့်ထုတ်လိုက်တော့ အခု အာလာဒင် ထမင်းချိုင့်တဲ့...။
အဲဒီ့ အာလာဒင် ဆိုတဲ့ ကောင်လေးက..ဟို မင်းနောင် ဆိုတဲ့ တစ်ကောင်ပဲ နေမှာပေါ့..။
ဘယ်လောက်တောင် အနိုင်ကျင့် ခံနေရရှာလည်း မသိပါဘူး..။
နိုင်ထူးက လူဘီလူးဆိုတော့ မသဒ္ဓါရေစာ ပေးကျွေးနေရတာ နေမှာပါ...
“နိုင်ထူး..”
“ဟမ်..”
“နင့် ကို ဟင်းယူမစားဖို့ပြောထားတယ်မလား..”
“မင်းနောင် က အတင်းကျွေးလို့ပါဗျာ..”
“အမလေး..လေး...နင့် အကြောင်း ငါ မသိတာ မှတ်လို့ ဗလ အားကိုး နဲ့ ခြိမ်းခြောက်စားနေတာလေ...ဟိုက ပိုးဖလံမို့ ကြောက်ပြီး ကျွေးနေတာ နေမှာပေါ့...ခွေးကောင်ရဲ့..”
“ဟာဗျာ…..ဘယ်ကပိုးဖလံရမလည်း…၈တန်းကတည်းက ဘောက်စင် သမားဗျ….အဲဒါကြောင့် ဟို မသာကို ပြောတယ်...မစားပါဘူးဆို အတင်းလိုက်ကျွေးနေတာပဲ ကျစ်..”
“အကြောင်း မရှိပဲ  သူက နင့်ကိုချည်း လိုက်ကျွေးနေတယ်ပေါ့လေ..”
“ငါ့ သူငယ်ချင်းပါဆို...အလကားမဟုတ်ဘူး..ဘဲဥကြော်ပြန်ကျွေးရတယ်..”
“သြော် တရားကျစရာ ကိုယ့် ပုဇွန်ထုတ်ကို ကျွေးပြီး ဘဲဥကြော်ပြန်စားနေရှာတဲ့ သူတော်ကောင်းလေ...အံသြပ..”
“မယုံလည်းနေတော့”
မုသားစကား မဟုတ်မှန်း မျက်နှာထားကြောင့် သိလိုက်ပြီး ချိုင့်ယူခါ အခန်းထဲက ပြန်ထွက်လာခဲ့သည်..။
“မလတ်..”
“ဟင်..”
တံခါး အနားရောက်တော့မှ နောက်ကို ပြန်လှည့်ကြည့်လိုက်ရသည်.။
“မနက်ဖြန် စာမေးပွဲ ရှိလို့ အပြန် နောက်ကျလိမ့်မယ်..”
“အင်း..ရပါတယ်..”
“မနက်ဖြန် နင် အလုပ်လည်း ပိတ်တယ်မလား....ဘယ်လိုလုပ်မလည်း..နင့်သူငယ်ချင်းတွေနဲ့...ပန်းခြံထဲ သွားနေပါလား..”
“အေး..ရတယ်လေ...ဘယ် အချိန်လောက် ပြန်လာမလည်း..”
“လေးနာရီ ပြီးမယ်..”
“အဆင်ပြေပါတယ်..”
လတ် ချိုင့်ဆွဲပြီး အခန်းထဲက ပြန်ထွက်လာတော့ သက်ပြင်းမောတွေ ကပ်လာရပြန်ပြီ..။
မနက်ဖြန်ကို ကြိုတွေးပြီး စိတ်တွေလည်း ဆင်းရဲပါရဲ့...။
.
“ဟင်း...”
လတ် သက်ပြင်း တစ်ချက် ရှိုက်ရင်း အ၀တ်တန်းပေါ်က နိုင်ထူး ကျောင်းစိမ်း ပုဆိုးကို ယူပြီး လက်နဲ့ ချော ခေါက်ထားလိုက်သည်။
အိမ်ကို ဟို သတ္တဝါကြီး ပြန်လာချိန် နီးနေပြီ..။
မနက်ပိုင်း နိုင်ထူး ကျူရှင် သွားဖို့ ပြင်ဆင်ပေးပြီး ကိုယ်တိုင်လည်း အလုပ်သွားသလို ထွက်လာခဲ့လိုက်ရသည်..။
ရုပ်ရှင်ရုံထဲ သွားထိုင်နေဖို့က ပိုက်ဆံလည်း ကုန်ရသလို တစ်ယောက်တည်းဆိုရင် ပို အန္တရယ် များမှာ စိုးသည်..။
ကလေး ကစားကွင်း ထဲ သွားထိုင်နေတာ တစ်မနက်လုံး..
ကန်ထဲ သွားပြန်တော့ တစ်ယောက်တည်း မို့ ဟိုလူက ရိ ဒီလူက ကြည့်ရင်း စိတ်က ရှုပ်ရသည်..။
အလုပ်က ကောင်မလေးတွေကလည်း ခေါ်လို့မရပဲ အတွဲ ကိုယ်စီ ဆိုတော့ လတ် မှာ မကြောက်မလန့် ဖြင့် တစ်နေ့ကုန် လမ်းရိုး လျှောက်နေရသည့်ဘ၀..။
လေးနာရီ ကျော်မှ အိမ် ပြန်၀င်တော့လည်း ကိုယ်တော် သခင်လေး နိုင်ထူး က ပြန်မကြွလာသေး...
အခုတော့ ငါးနာရီတောင် ခွဲလုပြီ...။
ဒေါ်မိုးကို ပြောရင် ဟိုသတ္တဝါလည်း သိမှာစိုးလို့ မပြောမိခဲ့တာ...။
အခုတော့ ဒေါ်လေးလည်း ညနေ စျေးရောင်း ပြန်ထွက်သွားပြီ...အဲဒါမှ ဒုက္ခ....။
“မိလတ် ရှိလား… ရေ လွှတ်မယ်ဟေ့..”
“ဟုတ်ကဲ့...”
ရေလွှတ်ချိန် ရောက်တော့ စည်ပိုင်းတွေ ရေဖြည့်ရင်း မနက်ပိုင်း မုန့်ဟင်းရည် အိုးတွေကို ရေရတုန်း တစ်ခါတည်း တိုက်လိုက်ပြီး ဆေးစရာရှိတဲ့ ပန်းကန်အိုးတွေ အကုန်သိမ်းဆေးရသည်။
ရေသယ်ထည့်ရင်း တစ်ကိုယ်လုံး ရွဲရွဲစိုကုန်ပြီ..။
“စိတ်များလည်း ညစ်ပါရဲ့...လျှော်စရာ တိုးပြန်ပြီ..”
အ၀တ်ရေစိုတွေ ချွတ်ပြီး တစ်ခါတည်း လျှော်လိုက်ချိန် ရေက ပြန်ပိတ်သွားပြီ...။
တော်ပါသေးရဲ့ အပြေးအလွှားလိုက်လုပ်တာ အကုန်မှီလို့...။
အ၀တ်တွေကို လှန်းပြီး အိမ်ပေါ် ပြန်ရောက်တော့ မျက်လုံး အစုံ ပြူးကျယ်သွားရသည်..။
ဒီလူကြီး ဘယ်တုန်းကတည်းက ရောက်နေတာလည်း...။
အိုး...ကြောက်စရာကောင်းတဲ့ မျက်လုံးတွေ....။
စိတ်ထဲက ကြောက်စိတ်ကို အတက်နိုင်ဆုံး ထိန်းသိမ်းလိုက်ပြီး သိပ်မလှမ်းတဲ့ အခန်းဘက်ကို ခပ်သွက်သွက် လျှောက်လာလိုက်သည်..။
“ဟိတ်..”
“ဟင်..”
ပခုံးပေါ် ကျော်ပြီး ရင်ဘတ်မှာ  ကျနေတဲ့ ရေသုတ်၀တ် အပိုင်းတိုလေး အစ နှစ်ဖက်ကို လက်ဖြင့် စုကိုင်လိုက်မိသည်..။
“အိုး....”
“မရုန်းပါနဲ့..လတ်လေးရယ်...ငါတို့ အကြောင်း တစ်ရပ်ကွက်လုံး ပြောနေကြတာ နင်မကြားဘူးလား..”
“ဖယ်စမ်း...သေနာကျကြီး...ရှင် မလွှတ်ရင် ...သတ်မှာနော်..”
“ဟား..ဟား...သတ်ရဲရင် သတ်လေ...”
“အမလေး..”
လတ် ကိုယ်လေးက သူ့လက်ကြမ်းကြီးတွေရဲ့ ဆောင့်ဆွဲခေါ်ရာ အရက်နံ့ မွှန်ထူနေသည့် ရင်ဘတ်ပေါ် ဖိကပ်သွားရသည်..။
“အ...”
လတ် လက်သည်းကို အားကုန်သုံးပြီး ရင်ဘတ်ကို ဆိတ်ပစ်လိုက်တော့ ဆောင့်တွန်း ခံလိုက်ရသည်...။
“မသာမ ကြမ်းချင်နေတာ..”
လတ် ပခုံးပေါ်က ရေသုတ်ဝတ် အပိုင်းအစ လေးမှာ  မီးဖိုဘေးက ငံပြာရည် ပုလင်းပေါ်ရောက်သွားသည်..။
“ရှင်...အော်မယ်...လာကြပါ..အု..”
လတ် ပါးစပ်ကို လက်ကြမ်းကြီးဖြင့် ဖိအုပ်လိုက်တော့ နှုတ်ခမ်းထောင့်တွေ နာသွားသလို နှာခေါင်းပါ ဖိထားလို့ အသက်ရှု မဝတွေ ဖြစ်လာသည်..။
လက်နဲ့ ဆံပင်ကို အားကုန် ဆောင့်ဆွဲတော့ တစ်ချက် လွှတ်သွားချိန် အသက်၀၀ ရှုနေရသည်..။
“အော်လေ...ငါက ယောင်္ကျား ဟား..ဟား...မူးနေလို့ပါ လို့ ပြောရင် ပြီးပြီ....နင့် ကို လူတွေ ဘယ်လို ထင်နေတာလည်း နင် မသိဘူးလား...ဟား..ဟား...တစ်သက်လုံး ငြိမ်ခံနေပြီး အခုမှ လာအဆန်းလုပ်နေတယ်လို့ ထင်ကြမှာလေ..ဟား..ဟား....”
“ငြိမ်ငြိမ်နေပါ ကလေးရယ်...မထူးတော့ပါဘူး..”
“လွှတ်..မသာကြီး...”
“ငါ လူမသတ်ချင်ဘူးနော်..”
လတ် လည်ပင်းကို အားနဲ့ တစ်ချက်ညှစ်ခံလိုက်ရလို့ ကြောက်လန့်တကြား မျက်လုံးပြူးသွားသည်။
အသက်ရှုမရသလို လည်ချောင်းတွေ ချောက်သွေ့လာချိန် လက်ပြန်လွှတ်ပေးမှ အငမ်းမရ အသက်ရှုရသည်။
“ဟင့်အင်း...”
လတ် ခေါင်းကို တွင်တွင် ရမ်းရင်း ပခုံးသား ပြောင်ရှင်းရှင်း နူးနူးညံ့ ပေါ် ပွတ်သက်နေတဲ့ လက်ကြမ်းကြီးကို  ရိုက်ချလိုက်သည်..။
ပခုံးနှစ်ဖက်ပေါ် လက်နှစ်ဖက် စလုံး ခပ်ဖိဖိ ဆုပ်ကိုင်ခံလိုက်ရတော့ ကြောက်လန့်တကြားဖြင့် ခေါင်းမူးလာသည်..။
လတ် ဘဝတော့ လူတွေ ပြောတဲ့ အတိုင်း ဖြစ်တော့မှာလား...။
ဟင့်အင်း မဟုတ်ဘူး....ဘယ်သူမှ မကယ်ဘူးဆိုတာသိပေမဲ့...ကယ်ကြပါ...။
“နိုင်ထူးရေ...နိုင်ထူး..”
“ဟင်..”
လတ် အကြည့်တွေက အိမ်ရှေ့ဘက်ကို ဒိုင်းကနဲ့ ရောက်သွားချိန် အမှောင်ကမ္ဘာ မှာ လင်း၀င်းသွားသလို ခံစားလိုက်ရသည်..။
ဘယ်သူမှန်း မသိပေမဲ့ ကျေးဇူးတင်လိုက်သည် ဖြစ်ခြင်း..။
ပခုံးပေါ် လက်တွေက အခွင့်အရေးကို လက်မလွှတ်နိုင်သလိုမျိုး ဖိဆုပ်ကိုင်ထားဆဲပင်...။
“နိုင်ထူး...နိုင်ထူးရေ...”
“လာပြီ..”
လတ် အသံ ကျယ်ကျယ် အော်ပစ်လိုက်တာတောင် လက်က ဖိထားတာ မလျော့ပေးသေး....။
“နိုင်ထူးရေ...”
“ဟေ့ ဘယ်သူလည်းကွ...နိုင်ထူး မရှိဘူး..”
ရှေ့က တဏှာတစ္ဆေကြီး စကားပြန်ပြောနေချိန် အငိုက်ဖမ်းပြီး ပခုံးရုန်းခါ ထွက်ပြေးလာခဲ့လိုက်သည်..။
အိမ်ဝရောက်တော့ တံခါးကို ကပျာကယာ ဖွင့်လိုက်ချိန် အုတ်လှေကား နှစ်ဆင့် အောက်မှာ ကောင်လေး တစ်ယောက်....။
အမလေး....ကျေးဇူးရှင်လေးရယ်...
လတ် မျက်ရည်စမကင်းသည့် မျက်၀န်း နဲ့ ဆုံတော့ ကြောင်တောင်တောင်လေး မော့ကြည့်နေသည်..။
“နိုင်ထူး မရှိဘူးကွ...ညမှ ပြန်လာမှာ...”
“သြော်...ဟုတ်ကဲ့...ဒါဆို သွားလိုက်ပါဦးမယ်..”
ဟင်...လွယ်အိတ်ကို စလွယ်သိုင်းပြီး ပြန်ထွက်သွားတော့ လတ် တစ်ကိုယ်လုံး ကြက်သီးတွေထ ကုန်သည်..။
“အဟွင်း...လာ၀င်...ရှေ့အဆောင်က ကောင်လေးတွေ ကြည့်နေပြီ...ရင်လျားကြီးနဲ့...ဟဲ..ဟဲ...”
ဘာကြီး ပဲ ဖြစ်ဖြစ်... ကြည့်ကြည့် ...အပျို အရှက်လည်း မထားတော့ဘူး...ရပ်ကွက်ထဲ ထွက်ပြေးဖို့ ဆုံးဖြတ်ပြီးသား...။
ဟင်….
“ကိုမြကြီး”
အိမ်ရှေ့က ဖြတ်သွားတဲ့ ကိုမြကြီးကို အားကိုးတကြီး လှမ်းခေါ်မိတာ လတ်ကို ကြည့်ပြီးခါမှ မျက်မှောင်ကြုတ်၍ အိမ်ဘက်ကို တံတွေး တစ်ချက်ထွေးသွားသည်..။
“လာ..”
လက်မောင်းကို ဆွဲပြီး အိမ်ထဲခေါ်လိုက်တာ ရုတ်တရက်မို့ ဘာမှ ပြန်လုပ်ချိန်တောင် မရ....။
အိမ်တံခါး ဂျက်ပါ ထိုးလိုက်ပြီ...ဒီလို ဘီလူးတွေက စိတ်မွှန်လာရင် လူပါ သတ်တော့မှာ...
စောစောက ပါးစပ်နဲ့ နှာခေါင်းကို အသက်ရှုမရအောင် ဖိအုပ်ထားပြီး..လည်ပင်းလည်း ညှစ်သေးသည်...။
ဘဝကြွေ မှာလား လူသေမှာလား....။
“အခန်းထဲသွားလေ..အေးနေပြီမလား..”
“ဟင့်အင်း..”
လတ် ပခုံးကို ဒင်းလက်ရောက်လာတော့ ပျာပျာ သလဲ ပုတ်ချလိုက်ရင်း တောင်းပန်သလို မော့ကြည့်မိသည်..။
“ကျွန်မ...ကျွန်မ တောင်းပန်ပါတယ်...ဦးလေးရယ်...ကျွန်မ ကို..”
ခါးပေါ် လက်တစ်ဖက် ရောက်လာတော့ လတ် ကိုယ်လေး တစ်ချက် တွန့်ခနဲ့ ဖြစ်သွားရသည်...။
“နိုင်ထူးရေ...”
“ဟ...”
ဒီ တစ်ခါတော့ ကောင်လေးက အုတ်လှေကား အထိ တက်လာလို့ သံဇကာ ပေါက်တွေက တစ်ဆင့် မြင်နေရသည်..။
“မရှိဘူးလို့ ပြောတယ်လေကွ..”
‘အစ်မ တံခါး ဖွင့်ပေးပါလား..စာအုပ်ပေးမလို့..”
“ဟင်..အင်း...”
လတ် တံခါးဆီ ခပ်သွက်သွက် လျှောက်သွားပြီး လက်တွေတုန်ခါ ဂျက်က လွယ်လွယ်ဖြင့် မပြုတ်...။
“၀င်လေ...မောင်လေး..လာ…လာ….၀င် ….ထိုင်...”
ကောင်လေးကို မျက်လုံးချင်းဆုံအောင် ကြည့်ရင်း ပြန်မသွားပါနဲ့ ကူညီပါလို့ စိတ်ထဲက အထပ်ထပ် တောင်းဆို
နေမိသည်..။
“ဒီမှာ...သင်္ချာ မေးခွန်းဟောင်းစာအုပ်ပါ..”
“သြော် အင်း...”
“ဒါဆို ကျွန်တော်...”
လုပ်ပြန်ပြီ....ဘယ်လို ပြောရမလည်း ...ဘာနဲ့ အချက်ပြရမလည်း...။
..အိမ်နီးနားချင်းတွေကို ကူပါ ကယ်ပါ အော်ဖို့တွေးရင်တောင် ကိုမြကြီး တံတွေးထွေးသွားတာ ပြန်မြင်နေရသည့်အဖြစ်….
ကိုယ်တိုင်က သာယာပျော်မွေ့နေတယ် ထင်နေကြတာ…..
ဒီကောင်လေးလည်း ဒီလို ထင်သွားရင်တော့ ဒုက္ခပါပဲ....။
ကောင်လေး ရဲ့ မျက်လုံး နက်နက်စူးရှရှ လေးတွေကို စိုက်ကြည့်ရင်း လတ် မျက်လုံးထဲ အရည်ကြည်ဝေ့လာရသည်..။
“ပြန်ရင်ပြန်လေ...နိုင်ထူးက နောက်ကျမှာကွ...”
“..ကျွန်တော် စောင့်နိုင်ပါတယ်...ဦးလေး...”
“မိုးချုပ်ရင်ကျတော့...”
“ရပါတယ်...သူလည်း ခြောက်နာရီဆို ပြန်လာမယ်လို့ ပြောထားပါတယ်..”
“ဟင်း..”
သက်ပြင်းချသံ ပြင်းပြင်း ကြီး ကြောင့် လတ် နောက်ကိုလှည့်မကြည့်ရဲသေး...။
ကောင်လေးထိုင်နေတဲ့ အနားကိုသာ တိုးကပ်ရပ်နေမိသည်။
အခန်းထဲ ၀င်သွားပြီး မီးခြစ် ခြစ် သံ ကြားတော့မှ လတ် သက်မ ချခါ အသက်ရှုရဲတော့သည်..။
ဘ၀ပျက်ဖို့ လက်တစ်ကမ်း အလိုလေးပါလား...။
ကောင်လေး ကို ကျေးဇူးတင်ကြောင်း ပြောလို့ မရပေမဲ့ မျက်လုံးနဲ့တော့ ပြောချင်သေးသည်..။
သူ့ကို ကြည့်လိုက်တော့ အကြည့်တွေက ဟိုလွဲ ဒီလွဲဖြင့်..
အို....။
လတ် ရင်လျားထားတဲ့ ရင်ဘတ်ကို လက် ဖြင့် ဖိရင်း အခန်းထဲကို ခပ်သွက်သွက် ပြေး၀င်လာခဲ့ရသည်..။
“အင့်....”
သနပ်ခါး ကျောက်ပျဉ်ရှေ့က မှန်ဝိုင်းလေးမှာ ပေါ်နေသည့် ပခုံးသား နီနီတွေဆီ အကြည့်ရောက်သွားသည်..။
လက်ချောင်းရာ တစ်ချို့က မပြယ်နိုင်သေး...။
မုန်းလိုက်တာ....မဟုတ်ဘူး...မဖြစ်ခဲ့ဘူး....။
သေတ္တာပေါ်တင်ထားသည့် လုံချည်တစ်ထည် ဆွဲယူပြီး ပခုံးသားတွေကို ဖိပွတ်နေမိသည်..။
နိုင်လွန်သားကြမ်းကြမ်း နဲ့ အဆက်မပြတ် ပွတ် တိုက်ခံနေရသည့် ပခုံးသားတွေက အရေခွံတွေ ဆုတ်လုမတက် နာကျင်လာသည်..။
နီရင့်လာပေမဲ့ မရပ်ချင်သေး...ရွံစရာလက်တွေ နဲ့ ကိုင်ခဲ့တာ ..မကောင်းတဲ့ စိတ်တွေနဲ့ ပွတ်သပ်ခံခဲ့ရတာ... တွေးမိရင် မုန်းလွန်းလို့ လှီးထုတ်ပစ်ချင်သည်..။
ရင်ထဲက စက်ဆုပ်ရွံ
ရှာမှုနဲ့ အတူ မျက်ရည်တွေ အတားအဆီးမဲ့စွာ ပြိုဆင်းလာခဲ့သည်..။
..သေသွားတာမှ ကောင်းပါလိမ့်ဦးမယ်....မြူနှင်းလတ်ရယ်...။

*✭˚・゚✧*・゚*✭˚・゚✧*

မနက်ပိုင်း စာတင်ဖို့တောင် ကြောက်
လာပြီ
စပိုက်ကာ
ရေးသမျှ စိတ်ညစ်စရာကြီး ဆိုတော့ စာဖတ်သူလေးတွေရဲ့ မင်္ဂလာ မနက်ခင်းလေး ကို အားနာတယ် 🙏
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးလို့
အသည်းလေးတွေ အားလုံး
ကျေးဇူးအထူးထူးပါနော် ❤
ကိုယ်မသိတဲ့ Group ထဲတောင်ကိုယ့်စာတွေ ရောက်သွားတယ် ပျော်တာပေါ့ ဟိ💃💃

စွဲနေပြီWhere stories live. Discover now