Part 16

5.5K 294 4
                                    

စွဲနေပြီ
အပိုင်း (၁၆)
#စွဲနေပြီ

“ဟုတ်တယ်…ငါ အခု အလုပ်လည်း အဆင်ပြေနေပြီသိလား…ဒါ ငါ့ဖုန်းလေ..နောက်ဆို..ဟိုကောင့်ဖုန်းကို မဆက်နဲ့..ပြောချင်တာ ပြောလို့မရဘူး..”
“အမ်း..ကျန်းမာရေး ဂရုစိုက်ဦးနော်..နေကောင်းဖို့ အဓိကပဲ”
နိုင်ထူး နဲ့ ဖုန်းပြောလို့ဝတော့မှ ဖုန်းချပြီး အိမ်ပြန်ဖို့ ဆိုင်ထဲက ထွက်လာခဲ့လိုက်သည်..။
ဟုတ်တယ်လေ…ဒင်းရှေ့မှာ ဖုန်းပြောရင် မောင်နှမတွေ တစ်ခါမှ လွတ်လွတ်လပ်လပ်မပြောရဘူး..သူ့ အရိပ်အခြေကြည့်နေရတာလေ…။
“နောက်ကျလိုက်တာ…နောင် အထဲ ၀င်လာဦးမလို့…”
“ဖုန်းပြောနေလို့..ကြာသွားတယ်…အင့်..”
“ဘယ်သူနဲ့လည်း..”
နောင့်ကို လှမ်းပေးနေတဲ့ ဖော့ဘူးကို မယူသေးပဲ မျက်မှောင်ကြုတ်ခါ မေးလိုက်မိသည်…။
“ဘယ်သူနဲ့ ဖြစ်ဖြစ်ပေါ့…ကိုင်စမ်းပါ…”
မေးတာကို ဆောင့်ဖြေပြီး အထုတ်တွေကို ချည်းလိုက်ထိုးပေးနေတာ ကိုယ်က သူ့ရဲ့ အခိုင်းအစေလား..။
“မကိုင်နိုင်ဘူး..ကိုယ့်ဟာ့ကို ကိုင်..”
“ဟဲ့…”
လတ် အတင်းထိုးထည့်ပေးလိုက်တော့ အိတ်ကိုယူပြီး ပစ်ချလိုက်တာ မျက်လုံးပြူးသွားရသည်..။
မိုက်ရိုင်းလိုက်တာ…။
အထုတ်တွေကို ကောက်နေချိန် ရှေ့ကနေ မစောင့်ပဲ ခြေလှမ်းကြဲနဲ့ လျှောက်သွားတာ တော်တော် အလှမ်းကွာနေပြီ..။
ဟုတ်သားပဲ…တစ်ခါတလေ…သူ့ဘ၀ကိုမေ့ပြီး ကိုယ့်မောင်လေး တစ်ယောက်လို ပြောမိခိုင်းမိနေတာ…တကယ်တော့ သူ နဲ့ ကိုယ် ဘာဆိုင်တာမှတ်လို့…။
တော်သေးတာပေါ့..ဖော့ဘူးချည်းပဲဆို ကိုင်လို့မကောင်းလို့ ရင်ရင်က အိတ်ကလေးနဲ့ နှစ်ထပ်ထုတ်ပေးလိုက်လို့ မဟုတ်ရင် ဒီလို ပစ်ချတာနဲ့ လမ်းပေါ်မှာ ထမင်းတွေ ပြန့်ကျဲနေလောက်ပြီ..။
အပြန်လမ်းမှာ အရင်လို စနောက်ပြောဆို သံတွေ မပါပဲ တိတ်ဆိတ်နေပြီး ဟိုး…ခပ်လှမ်းလှမ်းမှာ တွေ့တဲ့ သူ့အရိပ်က ကိုယ့်အဖော်ပေါ့လေ…။
နင်တစ်နေ့ ဒီလိုမျိုး ငါနဲ့ အဝေးကြီးကို ကျောခိုင်းထွက်သွားမှာပဲ နောင်…။
အဲဒီ့ အချိန်ကျရင် ငါဘာမှ မခံစားချင်ဘူး…ဒါပေမဲ့ သံယောဇဉ်ဆိုတာ လူက ဖန်တီးလို့ရတဲ့ အရာမှ မဟုတ်တာပဲ..။
လတ် သက်ပြင်းချရင်း ကြောက်စိတ်မရှိတော့ပဲ အမှောင်လမ်းထဲမှာ ခြေလှမ်းတွေကို နှေးချလိုက်မိသည်..။
ဓားရှတာနဲ့ ဆီပူလောင်တာမျိုးက ဖြစ်နေကျမို့ စာမဖွဲ့ပေမဲ့ မနက်က ဟင်းချက်ဆောင်မှာ ချောလဲပြီး လက်ဖျံတစ်လျှောက် တဆစ်ဆစ် ကိုက်နေသည်..။
ကိုယ် ဝိတ်နဲ့ ကိုယ်မို့ ဘာမှ မဖြစ်သလို နေရပေမဲ့ ခါးထဲကလည်း နာနေတုန်းပါပဲ…။
အဟွင်း..ဒါတွေသူသိရင် ပြောပါလိမ့်ဦးမယ်…မလတ် စည်ပိုင်းကြီး..ဝိတ်ချသင့်ပြီ ဆိုတာမျိုးလေ..။
“ဟင်..”
နောင် အဆောင်ရှေ့ရောက်မှ လှည့်ကြည့်လိုက်ချိန် ဘယ်သူမှ မတွေ့တော့ မျက်လုံးပြူးသွားရသည်..။
လမ်းပေါ် မှာ အိမ်မီးတွေရဲ့ မီးရောင်မြိန်မြိန်ကလွဲလို့ လမ်းမီးလည်း မရှိ..။
ပြန်လိုက်သွားဖို့ ခြေလှမ်းတွေ ရွယ်လိုက်ပေမဲ့ တွန့်ဆုတ်စွာ ရပ်တန့်လိုက်မိသည်..။
ကိုယ့်ရဲ့ ပေးဆပ်မှုတွေကို တစ်ခုမှ မမြင်ပဲ တစ်နေ့တခြား တန်ဖိုး မထားသလို ဆက်ဆံလာတာ ခံပြင်းမိသည်..။
သတိုးမင်းနောင် ဆိုတာ ဘယ်လို ကောင်မျိုးလည်း မလတ် မသိလို့ပါ…။
မိန်းမတစ်ယောက်ကို အောက်ကျို့ဆက်ဆံပြောဆိုဖို့ဝေးလို့…
ကိုယ်ပြုံးပြလို့ ပြန်မပြုံးပြတက်သူကို တစ်သက်မုန်းပစ်တဲ့ ကောင်စားမျိုး…။
ကိုယ့်စိတ်နဲ့ ကိုယ် ခံပြင်းနေတာ အချိန် အတော်ကြာမှ လမ်းကွေ့မှာ အရိပ်တစ်ခုခု တလှုပ်လှုပ်ရွေ့လာသည်..။
နောင် ခြံထဲ ၀င်ပြီး အဆောင်က အခန်းတံခါးကို သော့ဖွင့်ခါ အခန်းထဲ ၀င်လိုက်သည်..။
တစ်ခုတည်းသော ဖုန်းအားသွင်းကြိုး ထရံမှာ ချိတ်ထားတာကို တွေ့တော့ ဒေါသပြန်ထွက်လာပြန်ပြီ…။
မနက်ကလည်း ဒီဖုန်းပြသာနာပဲ…တစ်နေ့ကုန် မတွေ့ဘူး..ညပိုင်း ပြန်တွေ့တော့လည်း ဖုန်း ပြသာနာပဲ…
တောက်…တေ်ာတော် တန်ဖိုးထားနေတာ..လစ်ရင် ရိုက်ခွဲပစ်လိုက်ဦးမယ်…။
ဖုန်းအားသွင်းကြိုးကို မျက်တောင် မခတ်ကြည့်ရင်း နှုတ်ခမ်းကိုက်လိုက်သည်..။
မနက်က ဖုန်းလေး ခဏ အားသွင်းထားတာကို ဆောင့်ဆွဲဖြုတ်ပြီး..
“နင့်ကို ဒါနဲ့ အားမသွင်းဖို့ပြောထားတယ်လေ..”
“မလတ် ကလည်း မကပ်စမ်းပါနဲ့..မလတ်လည်း သွင်းထားတာမဟုတ်ဘူး..ဒီတိုင်းချထားလို့
ကောက်သွင်းထားတာလေ..”
“မသွင်းနဲ့..နင် စည်းကမ်းရှိတာ မဟုတ်ဘူး…ဖြုတ်ရင် တအားဆွဲဖြုတ်တော့..ကြိုးပြတ်သွားလိမ့်မယ်…”
“ဒါဆို…အားသွင်းကြိုးတစ်ခု၀ယ်ပေး..”
“မ၀ယ်ပေးနိုင်ပါဘူး..အရင်တုန်းက သွင်းတဲ့နေရာမှာ သွားသွင်း..”
“မမိုးတို့ဆီမှာ တက်သွင်းနေရတာ…အခု မလတ်မှာ ဖုန်းရှိတာလည်း သိတယ်..ဖုန်းကြိုးချိတ်ထားတာလည်း တွေ့နေတာ နောင် က သွားပြီး အားသွင်းလို့ ကောင်းမလား..”
“မသိဘူး…မကိုင်နဲ့..”
“မလတ်…မှတ်ထားသလား….”
“ဘာမှတ်ရမှာလည်း…”
“မလတ် လစ်တာနဲ့ ဖုန်းကောကြိုးကော နောင် နဲ့ ကောင်းကောင်းတွေ့မယ်..”
“ဘာ…”
“ဖုန်းတစ်လုံး နှာကြေးရတာ မျက်စိကိုနောက်နေတာပဲ…သူများတွေလို ရွှေစလေးများပေးရင် လိုက်များသွားမလားမသိဘူး.”
“နင်…နင်…ငါ့ကို အဲလို မပြောနဲ့…”
သူ့အားနဲ့ ကျောကုန်းကို တဘုန်းဘုန်းထုပြီး ဟင်းအိုးတည်နေရင်း လက်စကို ထားခါ ထွက်သွားသည်..။
တစ်နေ့ကုန် တစ်ယောက်တည်း နေရင်း ပြန်တွေးကြည့်တော့ ကိုယ်စကားက မလတ် ကိုယ်ကျင့်တရားကို စော်ကားမိသလိုလို ဖြစ်သွားတာ တွေးမိသည်..။
စောစော သွားကြိုပြီး ပြန်စရင်း နောက်ရင်း တောင်းပန်မလို့ ရည်ရွယ်ထားတာပဲလေ…။
ကျစ်…အခုတော့…ကိုယ်လည်း ပြန်တင်းပြီလေ..…။
နောင် စိတ်တိုတို ဖြင့် ဖျာကို အကြမ်းပတမ်းခါ ပြီး ခင်းခါ ခေါင်းအုံးတွေ စောင်တွေကို အားဖြင့် ပစ်ချလိုက်သည်..။
အိပ်တော့မယ်…မစားဘူး…သူ့ရှာတာ စားနေတယ်ဆိုပြီး အနိုင်ကျင့်တာ များလာပြီ…။
နိုင်ထူး မျက်နှာသာ မရှိရင်…ကျီးထိုးထိုး ခွေးစားစား ပစ်ထားလိုက်ပြီ…ကတောက်စ်…။
“ဟင်..”
ကိုယ်က ခပ်ဖြည်းဖြည်းလျှောက်ပြန်လာတာ သူက အိပ်ယာခင်းပြီး အိပ်တောင်နေပြီ..။
သူ တောင့်တလွန်းလို့ ကြက်သားဟင်း ၀ယ်လာတာကို မစားတော့ စိတ်မကောင်းဖြစ်ရသည်..။
ဗိုက်ဆာပြီး အိပ်လို့ပျော်မှာလည်း မဟုတ်ဘူး..ဘာကို စိတ်ကောက်ပြန်တာလည်း..။
ယောင်္ကျားလေး ဖြစ်ပြီး လူမိုက်လိုလို ဘာလိုလို နဲ့ ကောက်လည်း ကောက်တက်သေး..။
လတ် ပြုံးရင်း လက်ထဲက ပါလာတဲ့ ထမင်းဘူးကို ထရံချိတ်မှာ ကပ်ချိတ်လိုက်သည်..။
သူထမင်းမစားတော့ လတ် လည်း သိပ်မစားချင်တာနဲ့ အ၀တ်အစားလဲပြီး အိပ်ဖို့ပဲ စဉ်းစားလိုက်သည်…။
“လတ်…”
“ဟင်..”
“အ…”
သိပ်မကျယ်တဲ့ အခန်းလေးထဲမှာ အကာအကွယ် ပလတ်စတစ် ပြန့်လေးတစ်ခုကာပြီး အ၀တ်လဲရတာလေ…။
ရုတ်တရက် လက်ကိုဆွဲပြီး အဖက်ခံလိုက်ရတော့ ကြယ်သီး ဖြုတ်လက်စတွေကို လက်နဲ့ ဆုပ်ကွယ်ထားရသည်..။
“အေ့…သြော်…အဲ…ကန်တော့…ကန်တော့…အဲ…ဆောရီး…ဆောရီး…ဆက်ပျော်နော်… သယ်ချင်း..”
အခန်းတံခါး ပြန်စေ့ ပြီး အရက်သမား ကိုအောင်ဦး ထွက်သွားတာနဲ့ လတ်ရောက်နေတဲ့ ရင်ခွင်ထဲ ရုန်းထွက်ပြီး သူ့ကိုယ်ကို အားနဲ့ ဆောင့်တွန်းပစ်လိုက်သည်..။
“ဟွင့်..ဖက်ချင်လို့ မဟုတ်ဘူး..ဟိုဘဲကြီး သောင်တင်နေမှာဆိုးလို့..”
“မသိဘူး.မကိုင်နဲ့..မထိနဲ့…”
“ဟုတ်ပြီလေ…”
စူပုတ်ပုတ် မျက်နှာထားနဲ့ လှည့်သွားပြီး အိပ်ယာထဲက ခေါင်းအုံးနဲ့ စောင်ကို ယူခါ ခြင်ထောင် အပြင်မှာ ပစ်ချပြီး မျက်လုံးမှိတ်အိပ်နေသည်..။
ဒါက ဘာရွဲ့ပြန်တာလည်း…။
ခြင်ထောင်ထဲ အိပ်လည်း အ၀တ်ကြီး အလယ်မှာ ခြားနေတာပဲ…။
တစ်ခါတလေ စိတ်ဓာတ်ကလည်း ကောက်ကွေးလိမ်ပိန်နေတာပဲ…. အကောက်သမား..။
လတ် မျက်စောင်းထိုးပြီး အ၀တ်အစား မြန်မြန်လဲခါ ခြေလက်ဆေးပြီး အိပ်ယာ၀င်ရသည်..။
အိပ်ယာထဲရောက်ပြန်တော့ သံယောဇဉ်ဆိုတဲ့ အရာကြောင့် ကောင်းကောင်းမအိပ်နိုင်ပဲ ခြင်ဆေးခွေ ထထွန်းပေးရပြန်သည်..။
ဟင်း..ဒီအရက်သမား ကိုအောင်ဦး ဘာကိစ္စ ကိုယ့်အခန်း ကိုယ် မနေနိုင်တာလည်း..။
သူ့မျက်လုံးတွေက လတ်ကို ကြည့်ရင် ကျွတ်ထွက်မတက်ကြည့်သည်..။
ဟိုတစ်ခါ ရေချိုးတုန်းကလည်း အနားကို အတင်းကပ်ပြီး ရေတွေခပ်ထည့်ပေးသည်..။
လတ်မှာ ကြောက်လွန်းလို့ ထိုအချိန်ကတည်းက သူ အိမ်မှာ ရှိချိန်ဆို ရေမချိုးရဲ…။
လူကိုကြည့်ရင် စုံချည်ဆန်ကြည်ပြူးပြဲံကြည့်တက်တာ အမြင်ကပ်စရာ..
အရက်သမား တစ်မူးသာပြီး လတ် နဲ့ နောင့်ကိုလည်း ဟန်ဆောင်လက်ထပ်တယ်ဆိုပြီး ဗေဒင်ဟောနေသေးတာလေ…။
လူတွေ ရိပ်မိမှာ စိုးလို့ အထူးသဖြင့်
အရက်သမား ရှေ့ဆိုရင် ပိုသတိထားနေပေးပါလို့ တောင်းဆိုလိုက်မိတာ…။
ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး ဆိုတာမျိုး…။
အကူအညီ တောင်းမိခါမှ ဟို တစ်ခေါ့က်ကလည်း အနမ်းခံလိုက်ရတယ်…အခုလည်း အ၀တ်လဲနေတာကို အတင်းဆွဲဖက်….ကိုအောင်ဦး မျက်လုံးကို ကြောက်မိတာ လူလည်း သပွတ်အူဖြစ်နေပြီ..။
မျက်လုံးတွေက တာ၀န်အရ မှေးစင်းလာတော့ အတွေးစဖြတ်ပြီး တစ်ချက်ကြည့်လိုက်တာ စောင်ခေါင်မြီးခြုံပြီး အိပ်ပျော်နေပြီ..။
ကောင်းတယ်…ကိုယ့်စိတ်နဲ့ ကိုယ်ပဲ..။
လတ် ကျောပေးပြီး အိပ်လိုက်တာ ဘာဆို ဘာမှ မသိတော့ပါ…။
“အ…”
“ကျစ်..”
နောင် အိပ်နေရာက ရုတ်တရက် ထထိုင်လိုက်ပြီး မျက်နှာပေါ် ရှပ်ကျနေတဲ့ ဆံပင်တွေကို သပ်တင်လိုက်သည်..။
မိုးချူပ်ရင် အပြင်မထွက်ချင်လို့ ညနေဆို ကိစ္စ အပြီးသတ်ပြီးသား..။
ဖုန်းယူပြီး နာရီ ကြည့်လိုက်တော့ တစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်..။
ဆယ်နှစ်နာရီကျေ်ာပြီပေါ့…။
နောင် ကျစ်သပ်လိုက်ရင်း ပြန်ပစ်လှဲခါ စောင်ကို ခေါင်းမြီးခြုံ အိပ်လိုက်သည်..။
ဟူး….တော်တော် ဒုက္ခပေးတဲ့ ကိစ္စ….။
စောင် ကို ပစ်ကန်လိုက်ပြီး ငုတ်တုတ်ထထိုင်ခါ ဖုန်းကို ယူကြည့်ရပြန်သည်..။
ဒီလောက်ကြိတ်မှိတ် သည်းခံပြီးတာတောင် အချိန်က ငါးမိနစ်ပဲ ကြာသေးတာ ဒေါသထွက်ရသည်..။
ဖုန်းမီးဖွင့်ပြီး စိတ်ကို တင်းခါ အခန်းတံခါး ဖွင့်လိုက်တော့ အေးခနဲ့ ဖြစ်သွားပြန်သည်..
ကျစ်…ယောင်္ကျားဆိုတဲ့ စိတ်နဲ့ ရေတွင်းကို ကျော်တဲ့ အထိ ရောက်အောင် လှမ်းခါ ရှေ့ကို မီးထိုးကြည့်လိုက်သည်..။
ဟင်း…ကိုယ့်ရဲ့ ပန်းတိုင်က ဟိုး ခြံထောင့်ထိပ်ဆုံးဘက်မှာလေ….။
“ဝု….ဝူ…အူး…”
“မာမီး…”
အခန်းထဲ ဘယ်လို ပြန်ရောက်လာခဲ့မှန်းတောင် မသိလိုက်ပဲ တံခါးကို မှီရင်း မျက်လုံး ပြူးနေမိသည်..။
မရတော့ဘူး…စိတ်ကောက်တာတွေ ဆိုးတာတွေ မနက်မှ ဆက်ကောက်တော့မည်။
“မလတ်…”
“မလတ်…”
ခြင်ထောင် ခြေရင်းမှာ ငုတ်တုတ်ထိုင်နှိုးနေတဲ့ သူကိုမှ အားမနာ ဟောက်တောင်နေလိုက်သေးသည်..။
“မလတ်ဆို…”
“ဟ…မလတ်…”
“အင်…”
“ထပါဦး..”
“ဟင်…ဘာဖြစ်လို့လည်း..”
“အိမ်သာသွားမလို့…ခဏလိုက်ပေး…”
“ဟမ်…”
မျက်လုံးပွတ်ရင်း တဟမ်ဟမ် လုပ်နေတာ စိတ်က မရှည်ချင် ကိုယ့်မှာက တော်တော် အရေးကြီးနေပြီလေ…။
“ထပါဆိုဗျာ…”
“အင်း..အင်း…အ….ထူပေးဦး..”
ကိုယ့်ဝေဒနာနဲ့ ကိုယ်ခံစားနေရတာကို သူ့ကို တစ်ခါ တွဲထူခိုင်းနေပြန်ပြီ..။
“ညတုန်းက မထိနဲ့ဆို..”
“အင်း…အခုက ထမရလို့…တွဲထူခိုင်းတာ ဖက်ခိုင်းတာ မဟုတ်ဘူး..”
“ထ…”
“မတွဲရင် ထမရဘူး..”
“မလတ်...ကျစ်..ထဗျာ…ထ…”
လက်ကို ဆွဲဆုပ်ကိုင်ပြီး ဆွဲထူလိုက်တော့မှ အောင်နိုင်သူလို ပြုံးပြီး ထလာသည်..။
ဟူး…ကိုယ်ပေဖြစ်တုန်းတော့ ခံလိုက်ဦး သတိုးမင်းနောင်ရေ..။
နောင် ကိစ္စဝိစ္စပြီးတော့မှ သက်ပြင်းချရင်း ခွေးအူသံ နားစွင့်မိသည်..။
တော်ပါသေးရဲ့…တိတ်သွားလို့…။
“မလတ်..”
“….”
“မလတ်…”
“….”
“မလတ်ဆို….ဟ…မလတ်…”
“ကျစ်..ဘယ်လိုဖြစ်လို အော်နေတာလည်းဟာ..မြန်မြန်လုပ်…”
“အင်း…မသွားနဲ့ဦးနော်…”
“မလတ်…ကြားလား…”
“အေးပါ…”
လတ် အိပ်ချင်စိတ်ပျောက်လောက်အောင်ကို ဗိုက်နှိပ်ခါ ကြိတ်ရယ်နေမိသည်..။
လူပုံကြည့်တော့ ဆံပင်ရှည်ရှည် မျက်လုံးနက်နက် နဲ့ လူမိုက်ရုပ်ကြီး..
သရဲကလည်း ကြောက်သေးတယ်တဲ့လေ…။
အိပ်ပျော်နေရင်း ခေါ်သံကြားတာ အိပ်မက် မက်နေတယ် မှတ်လို့… ခြေထောက်ကို လှုပ်နှိုးတော့မှ ဒီအကောက်လေး မှန်းသိတာ….ကြိုသာသိရင် မျက်လုံးဖွင့်မကြည့်ပဲ ပေအိပ်နေပါတယ်…။
“အင့်..”
လတ်ကိုပေးထားတဲ့ သူ့ဖုန်းကို ပြန်ပေးလိုက်တော့ ခေါင်းရမ်းပြပြီး ခြံထောင့်ကို လှမ်းကြည့်သည်..။
သူ့ ပုဆိုးကို ပြင်၀တ်လို့ လတ် ကျောပေးထားခဲ့လိုက်တာ အနားရောက်တော့ ပုဆိုးကြီး ခေါင်းခြုံပြီး ကျီးကန်းတောင်းမှောက် ဘယ်ညာ လိုက်ကြည့်နေသည်..။
၀ိညာဉ်တွေ ဘာတွေများပူးလာတာလား…။
“ဟဲ့..”
“အမလေး..”
မျက်လုံးပြူးနဲ့ အလန့်တကြား ဖြစ်နေတော့…
“ဘယ်လိုဖြစ်တာလည်း..”
“ခွေးအူသေးလား..”
“ဟမ်…”
“မလတ်..မကြားတော့ဘူးမလား..”
“အင်း…ပုဆိုးကြီး ခြုံမနေနဲ့ ချထားလေ…လူမြင်မကောင်း..”
“အောက်မှာ ဒူးကျဘောင်းဘီပါသားပဲ…ကြောက်လို့ခြုံထားတာ..”
“ဟောတော့…ခေါင်းခြုံရင် မကြောက်တော့ဘူးလား..”
“မသိဘူး..လုံခြုံသွားသလိုပဲ….”
“ဟား..ဟား..ခြေထောက်ကလည်း ဆွဲတက်တယ် ဒီလို..”
“အားးးေ×ာက်@%$%...”
လတ် သူ့ခြေသလုံးကို လှမ်းကိုင်လိုက်တော့ ပါးစပ်က အဆဲပေါင်းစုံထွက်ပြီး ကဆုန်ပေါက် ပြေးတာ အခန်းထဲ ဘယ်လိုရောက်သွားမှန်းကို မသိလိုက်..။
အဖော်လိုက်ပေးတဲ့သူကတော့ နောက်မှာ ကျန်ခဲ့ရသည်လေ..။
“ထားပြေးတာပဲ..”
“မလတ်က ခြောက်တာကိုး..”
“ဘာလို့ ဒီလောက်ကြောက်တာလည်း…ရုပ်နဲ့ မှမလိုက်..”
“မသိဘူး..ခွေးအူရင် မဖဲဝါလာတယ်..”
“ဟား..ဟား…ခစ်..ခစ်…”
ပုဆိုးကို ပခုံးပေါ်က ချပြီး ပြင်၀တ်ရင်းပြောတော့ လတ် အော်ရယ်မိပြီး ဘေးအခန်းတွေကို အားနာလို့ နှုတ်ခမ်းဖိခါ
ရယ်မိသည်..
“အင့်..ဖုန်း..”
လတ် ပေးတဲ့ဖုန်းကို ခေါင်းအုံးဘေးချပြီး ရေပုလင်း ယူတော့ ဗိုက်ဆာနေပြီဆိုတာ သိလိုက်သည်..။
“ထမင်းစားလေ…ဗိုက်ဆာနေပြီမလား..”
“…”
“ကြက်သား ဆီပြန်၀ယ်လာတာ..”
“ဟင်…”
သူ့မျက်လုံးတွေက ချက်ချင်း ထရံချိတ်ပေါ်က ထမင်းထုတ်ဆီကို ရောက်သွားသည်..။
“နေပါစေ…လက်ဆေးဖို့ အပြင်မထွက်ချင်ဘူး..”
“ပျင်းလိုက်တာ…”
လတ် အခန်းရှေ့က အသုံးလွယ်အောင်ထားတဲ့ ရေကို ခွက်နဲ့ခပ်ပေးရသည်..။
“လာဆေး..”
ကွပ်ပျစ်လွတ်နေတဲ့ ထောင့်ဘက် မြေကြီး နေရာကို မေးပင့်ခေါ်ပြီး လက်ဆေးခိုင်းတော့ ချက်ချင်းရောက်လာသည်..။
“ဇွန်းလည်း ရှိတယ်…”
ထမင်းထုတ်ကိုဖွင့်ရင်း ကြက်သားဟင်းနံ့ကို အရသာ ခံရှုနေသေးသည်..။
“မလတ်..လည်းစားလေ..”
“နေပါစေ…ညနက်နေပြီ..နင်စား…ငါ ဆိုင်မှာ နည်းနည်းစားလာသေးတယ်..”
ဘာမှ ပြန်မပြောတော့ပဲ နဖူးကုတ်ခါ ထမင်းအိတ်ထဲ ဇွန်းဆိုက်လိုက်သည်..။
အားပါးတရ စားနေသည့်သူ့ကို ကြည့်ရင်း ထမင်းနင်မှာတောင် ဆိုးရသည်…။
ရေပုလင်းကို လှမ်းယူပြီး ရေခွက်ထဲ ငှဲ့ထည့်ပေးမိသည်..။
“အင့်…ထမင်းစားပြီး..စောစောက နေရာမှာပဲ လက်ဆေးလိုက်…ငါအိပ်တော့မယ်…ခြင်ထောင်ထဲ ၀င်အိပ်..ခြင်တွေကိုက်မယ်…”
“မလတ်..”
“အ…”
“ဟင်..”
နောင့်ရှေ့က ထသွားတဲ့ မလတ်ကို လက်ကလေး ဆွဲမိတာ မျက်နှာ တစ်ခုလုံး ရှုံ့မဲ့ပြီး ပြန်ထိုင်လိုက်တော့ မျက်လုံးပြူးသွားရသည်..။
“ဘာ..ဘာဖြစ်တာလည်း..”
“လက်..”
နောင်ကိုင်ထားတဲ့ လက်ကို လွတ်ပြီး ကြည့်လိုက်တော့ လက်စောင်းနေရာ တစ်ခုလုံး ခြစ်ရာမျိုး ဖြစ်ပြီး နီရဲနေသည်..။
“ဘယ်လိုဖြစ်တာလည်း…”
“မနက်က ချော်လဲတာ…”
“ကျစ်..”
နောင် စားလက်စ ထမင်းထုတ်ကို ရှေ့တွန်းပစ်လိုက်ပြီး အ၀တ်အိတ်ထဲက ဆေးဘူးသွားရှာလိုက်သည်..။
“ရတယ်..အိပ်ခါနီးက လိမ်းပြီးပြီ..”
“မလတ်ရတာ…နောင် မရဘူး..”
“ဟမ်..”
“ဟုတ်တယ်…မလတ်ကို စောင့်ရှောက်ပါမယ်လို့ ကတိပေးထားတယ်..”
လတ် တိတ်တိတ်ကလေး သက်ပြင်းခိုးချရင်း မလှုပ်မယှက်သာ ထိုင်နေမိသည်…။
ဆေးကို သူကိုယ်တိုင်  သေချာ ဂရုစိုက်လိမ်းပေးနေတော့ စိတ်ထဲတစ်မျိုးဖြစ်ရပြန်သည်..။
“ရပြီ..”
“အင်း..ထမင်းဆက်စားဦးနော်… ကျေးဇူးပဲ..”
မလတ် စိတ်မကောင်း ဖြစ်မှစိုးလို့ ထမင်းတွေကို မြိုချနေရပေမဲ့ ဒေါသက ခံနေသေးသည်..။
နောင် မသိလို့ပါ…မလတ် ဒဏ်ရာ ရထားတာလည်း မသိဘူး..နောင့် အတွက် ထမင်းယူလာတာလည်း အလေးမထားမိဘူး…မလတ် စေတနာကို စော်ကားချင်စိတ်နဲ့ ထမင်းဘူးကို လွင့်ပစ်ခဲ့တာမဟုတ်ပါဘူး..နောင်.. ဝန်တိုစိတ်ကို အခြေခံပြီး မခံချင်စိတ်နဲ့ဖြစ်သွားတဲ့  အမှားတစ်ခုပါ…မလတ်ရာ…။
ထမင်းစားပြီး အိပ်ယာထဲ ရောက်တာ ကြာနေပေမဲ့ အိပ်မပျော်နိုင်သေး….။
အိတ်ကို ဆွဲပြီး လွင့်ပစ်မိတဲ့ ပုံရိပ်တွေပဲ ပြန်မြင်ယောင်တော့ ဒေါသတွေ တနုံ့နုံ့ဖြစ်နေရသည်..။
“ဟင်..”
ခြင်ထောင် အမိုးပေါ်မှာ လျှောက်ပြေးနေတဲ့ သတ္တဝါကို သံသယဖြင့် ထကြည့်မိသည်..။
လက်ညိုးလောက် ရှည်သည့် ကင်းခြေများ က ဘယ်က ဘယ်လို လမ်းမှားပြီး ရောက်လာသလည်း မသိ…။
အ၀တ်ကာထားတဲ့ မလတ် ဘက်ခြမ်းကို တိုး၀င်ဖို့ ကြိုးစားနေချိန် နောင့် ဒေါသရဲ့ ဓားစာခံဖြစ်သွားရသည်..။
လက်သီးကို တင်းနေအောင် ဆုပ်ခြေလိုက်ပေမဲ့ လက်မကို တစ်ချက်ဆစ်ခနဲ့ ထိုးသွားသေးသည်..။
လက်မောင်းအားနဲ့ တင်းပြီး ဖျစ်ချေလိုက်လို့ လက်ပြန်ဖြန့်ထဲ အချိန်အထိ စေးကပ်နေသည်..။
ဟင်း…မလတ်ကို အလုပ်မခိုင်းချင်တော့ဘူး… ဘယ်လို ပြောပြီး အလုပ်ထွက်ခိုင်းရမလည်း စဉ်းစားရင်း သက်ပြင်းသာ ချမိသည်..။
.
“မလတ်..နောင် မီးမွှေးပြီးပြီ..”
အခန်းရှေ့ကို စျေးဝယ် အိတ်ကလေးကိုင်ပြီး မလတ် ပြန်ရောက် လာတာနဲ့ နောင် မျက်နှာလို မျက်နှာရ ပြောလိုက်သည်။
“ဟမ်…တယ်ဟုတ်ပါလား…မျက်လုံးစပ်သေးလား..”
ဟိုတစ်ခါ မလတ် မီးမွှေးတာ ထိုင်ကြည့်ပြီး အခိုးမွှန်လို့ မျက်ရည်လည်ရွဲ ဖြစ်ခဲ့တာကို မလတ်က သတိတရ မေးတော့ နောင် ပြုံးရင်း…
“နည်းနည်းပေါ့..”
“ဟဲ့…နေပါဦး…နင့်လက်က ဘာဖြစ်လို့ ရောင်နေတာလည်း..”
“မရောင်ပါဘူး..”
“ရောင်ပါတယ်…”
“ဘာဖြစ်နေကြတာလည်း..ဒီလင်မယား..”
“ဒေါ်လေးပု..ကြည့်ပါဦး..သူ့လက်ရောင်နေတယ် မလား..”
“မှန်းစမ်း..”
ဘေးခန်းက ဒေါ်ပုကပါ အနားလာပြီး လက်ကို ဆွဲယူကြည့်တော့သည်..။
“ဟယ်..အကောင်ကိုက်တာပဲ…ဘယ်တုန်းကလည်း..”
“ညက..”
“ဟင်..ဘာကောင်လည်း..ဘာကောင်လည်း နောင်..”
“ကင်း..”
“အိုး..ကောင်လေးကလည်း ပေါ့လိုက်တာ…ဘာလိမ်းထားလည်း..”
နောင် ခေါင်းရမ်း အဖြေပေးလိုက်ပြီး ခက်ခက် ခဲခဲ ပျိုးထားတဲ့ မီးသေ သွားမှာစိုးလို့ စက္ကူနဲ့ ထိုင်ယပ်ခတ်နေရသည်.။
“ထ..ထ…သဘောင်္သီးကလည်း မလွယ်ဘူး..ကြက်သွန်ရှိလား…မိလတ်..”
“ဟုတ်…ဒီမှာ၀ယ်လာတယ်..ဒေါ်လေးပု..”
“အဲဒါကို သုံးလေးလုံး မီးဖုတ်ပြီး ထောင်းလိုက်…အရည်ညစ်ယူပြီး လိမ်းပေး..အဖတ်တွေကို  အုံပြီး အ၀တ်စည်းပေးထားလိုက်..”
“ဟုတ်ကဲ့..”
“ဘယ်လောက်တောင် ကိုက်သွားလို့ ဒီလို ယောင်ကိုင်းနေတာပါလိမ့်…အထဲမှာ အရမ်းကိုက်နေပြီလား..”
“မကိုက်ပါဘူး..ဒေါ်ပုရဲ့..”
“အေး..အေး..ထုံတောင် နေပြီလား မသိပါဘူး..မိလတ်ရေ မြန်မြန်လုပ်ပေးလိုက်..”
“ဟုတ်..”
လတ် ပျာပျာသလဲ ကြက်သွန်နီတွေ ယူပြီး မီးဖိုထဲ ပစ်ထည့်လိုက်ရသည်..။
“ဟ..မလတ်..”
“ဘာလည်း..”
“မီးသေသွားလိမ့်မယ်..မနည်း လုပ်ထားရတာ..”
“အမလေး..ကျေးဇူးတင်ပါတယ်..သွား အခန်းထဲ ၀င်နေစမ်း..ညတုန်းက ကိုက်တာ ငါ့ကို ဘာလို့မနှိုးတာလည်း…နောင်ကလည်း ပေလိုက်တာနော်…ကင်းကိုများ သွားရန်စသလား မသိပါဘူး..”
ပွစိပွစိ ဗျစ်တောက် ဗျစ်တောက် ပြောပြီး မီးဖို ယပ်ခပ်နေတော့ နောင် ခေါင်းကုတ်ရင်း အခန်းထဲ ၀င်လာခဲ့လိုက်ရသည်..။
“လက်ပေး..”
“တော်တော် နာနေမှာပဲ..ဖောင်းကားနေတယ်..”
“...မလတ် လက်ဘယ်လိုနေလည်း..”
“ဟင်..ကောင်းသွားပါပြီ…ဒေါ်လေးပုက စည်းထားရမယ်ပြောတယ်..မဖြုတ်နဲ့နော် ..နောင်..”
အ၀တ်တွေကို သေချာ ပတ်စည်းနေရင်း မှာကြားနေတော့ နောင် ခေါင်းညိတ်နာခံပေးလိုက်မိသည်..။
“ဟယ်…ငါ့အလုပ်သွားရင် ယူသွားတဲ့ စက္ကူအိတ်ကော..”
ထမင်းဆိုင် သွားခါနီးမှ ဖုန်းယူလိုက်တော့ ပိုက်ဆံထည့်တဲ့ အိတ်ပိုင်းလေးရယ်..ထီးရယ် ထည့်တဲ့ ကိုယ့်အသည်းကျော် အောင်ရဲလင်းပါတဲ့ စက္ကူအိတ်က ပျောက်နေသည်..။
“နောင်…ငါ့ အိတ်တွေ့လားလို့..”
“ဟင်..ဘာအိတ်လည်း..”
“အောင်ရဲလင်းပုံ ပါတယ်လေဟယ်… အင်္ကျီဝယ်တုန်းက ရတဲ့ အိတ်လေ…
ထီးတွေ အိတ်တွေ အပြင်ရောက်နေတော့ နင်ထုတ်ထားတာမလား..”
“သြော်..အဲ့အိတ်လား..”
“အေး..ဘယ်မှာလည်း..”
“မီးမွှေးလိုက်ပြီလေ..”
“ဟမ်…”
“ဟုတ်တယ်…မီးမစွဲပဲ မီးသေသွားမှာစိုးလို့ ထည့်လိုက်တာ..”
“အမလေး…အောင်ရဲလင်းလေး…နင်လေ…နင်..သလား…ကင်းကိုက်ထားတဲ့ ဒဏ်ရာ ရှိနေလို့..ဟင်း….ငါနော် ထုချင်လိုက်တာမှ လက်ကို ယားနေတာပဲ..”
လက်သီးကို ဆုပ်လိုက်ရွယ်လိုက်လုပ်ပြီး ခြေဆောင့်ခါ ထီးကောက်ယူပြီး ထွက်သွားတဲ့ မလတ်ကို လိုက်ငေးရင်း ပြုံးနေမိသည်..။
မလတ် ဘာလို့ သွားနမ်းလည်း..။
မနက် အလုပ်သွားရင် အသည်းလေးရေ သွားမယ် လာဟေ့ဆိုပြီး တစ်ခါ နမ်းတယ်… ညဆိုရင်လည်း ချိတ်မှာ ချိတ်ထားတာ အမှတ်တမဲ့ တွေ့တိုင်း အသည်းလေး ခေါ်ပြီး နမ်းတယ်မလား..။
အခုတော့ မလတ် ရဲ့ အသုံးမ၀င်တဲ့ အသည်းလေး မရှိတော့ဘူး…
အနားကနေ ကင်းကိုက်ခံပြီး စောင့်ရှောက်ပေးနေတဲ့ နောင့် ကိုပဲ…။
နောင် စိတ်ထဲက အတွေးစကား များဖြင့် နှုတ်ခမ်း တွန့်ခါ ပြုံးလိုက်သည်။
.
“ကိုကျော် ပြန်ရောက်ပြီလား..”
“အင်း..ဒီမှာ လတ် အတွက် လက်ဆောင်..”
“ဟယ်…မလိုပါဘူးလို့ ပြောလိုက်တယ်လေ..”
“ကိုယ့်၀န်ထမ်း အဖြစ်ပေးတာ မဟုတ်ဘူးနော်…ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်း အဖြစ် သတိရလို့ ၀ယ်လာတာပါ.”
လတ် ရှေ့မှာ ရောက်လာတဲ့ အိတ်တွေကို ကြည့်ရင်း မျက်လုံးပြူးနေမိသည်..။
ဘာတွေမှန်း သေချာ မသိပေမဲ့ အိတ်တွေကတော့ တော်တော် များပါသည်..။
၀န်ထမ်းတွေအားလုံးလည်း တွေ့နေတော့ တစ်ခုခု ပြောဆို ဝေဖန်ခံရမှာလည်း တွေးကြောက်ရပြန်သည်..။
“များနေတယ်..ကိုကျော်…သီရိ တို့ နွယ်တို့ကို ခွဲပေးလိုက်မယ်နော်..”
“ဒါကတော့ လတ် သဘောပါပဲလေ..ကိုယ်က လတ်အတွက်ရည်ရွယ်ပြီး စေတနာထား ၀ယ်လာခဲ့တာ လတ်ပိုင်ပါတယ်..ကြိုက်သလိုသာ သုံးပါ..”
ဟောတော့ ပြောလိုက်ပုံကလည်း တစ်ခြားသူတွေကိုပေးလိုက်ရင် သူ့စေတနာကို စော်ကားသလို ဖြစ်နေမလား..။
လတ် ပိုင်တာ လတ် ကြိုက်သလိုသာသုံးပါဆိုတော့….
ဟင်း…သဌေးတွေများ စကားပြောတာတောင် တွန့်တိုတဲ့ဘက်ကို မရောက်အောင် လှလှလေး သုံးတက်လိုက်တာ…။
“ဒါထက်..လတ် မောင်လေးက ဘာအလုပ်လုပ်လည်း..”
“ဟို..ခုလောလောဆယ်တော့..မရှိသေးပါဘူး..”
“သြော်..ငယ်သေးတယ်ထင်တယ်..”
“ဟို နှစ်ဆယ်ကျော်ပါပြီ..”
“ဟင်..သြော်…”
“ကိုကျော်ခိုင်းစရာမရှိရင် ခွင့်ပြုပါဦးနော်..ဧည့်သည်ကျလာပြီ..”
“ဟုတ်ပြီ…အိုး..အိတ်တွေ ယူသွားလေ..”
“ဟုတ်..”
လတ် တစ်ခါ အိတ်တွေကိုသယ်ပြီး မီးဖိုဆောင်ထဲ ၀င်ရတော့ မျက်နှာ ပူရသည်..။
သူ့အာဏာ ကိုကြောက်လို့ မဝေဖန်ရဲပေ့မယ် စိတ်ထဲမှာတော့ တွေးကုန် ထင်ကုန် တာသိပါသည်..။
.
“ဟလို..ကိုခေါင်လား..”
“အေး..ပြော..”
“နောင်..အလုပ်လိုတယ်…”
“ဟေ..”
ထို ‘ဟေ’ဆိုတာက နားမလည်လို့ ပြန်မေးတာမဟုတ် ရယ်သံ စွပ်ပြိး လှောင်လိုက်တဲ့ အသံမျိုး မို့လို့ မျက်ခုံးတွန့်မိသည်..။
“မင်းပြောတော့မင်းမိန်းမ ပိုက်ဆံ မက်သလား စမ်းသပ်နေတာဆို..”
“ဘယ်သူပြောလည်း.”
“မာမီ ပြောတာလေ..”
“အဲဒါ တစ်ကန့်…အခု အလုပ်လုပ်ရတော့မယ်..ကိုခေါင့် သူငယ်ချင်း ပြည့်စုံကျော် ဆီမှာ ၀င်လုပ်မယ်..”
“ဒါဆို မင်းရဲ့ ဘွဲ့ကို ထုတ်သုံးတော့မယ်ပေါ့..”
“အင်းလေ…ဝါသနာမပါပေမဲ့.. ပညာသင်ထားတာ အလကားမှ မဟုတ်တာ…”
“ဟွင်း..မင်းကလေ…ဒက်ဒီ့စိတ်ကို သိရဲ့နဲ့ကွာ ပြောပြီးရင် ပြီးပြီပဲ..မင်း အလုပ်ကို ပြန်လာရင် သူက မောင်းလွှတ်မှာလား..ငါတို့ကိုလည်း ဒီလိုပဲ သော့ပေးလိုက် သိမ်းလိုက်လုပ်နေတာပဲကွာ…ကိုဆောင် အထိ လိုက် ဆူနေတာပဲ..မင်းကိုက ေ×ာက်မာနကြီးနေတာလေ…”
“ဟုတ်တယ်…တစ်ခါပြောပြီး မမှတ်တက်ဘူးဆိုရင်…ခဏခဏ အပြောခံရမယ်…နောင် အမှားလုပ်မိလို့ ဒက်ဒီ့ အလုပ်ဖြုတ်လိုက်တာ လက်ခံတယ်…ဒါပေမဲ့ အလုပ်ကို အလုပ်နဲ့တူအောင် ကောင်းကောင်းလုပ်ခဲ့တယ်..နောင်လို့ ၀န်ထမ်းမျိုး ပြန်လိုရင် ဒယ်ဒီကိုယ်တိုင် ပြန်ခေါ်မှ လာခဲ့မယ်…မာန မဟုတ်ဘူး..ကိုယ့် အရည်အချင်းကို ကိုယ်ယုံကြည်တာပါ..”
“အောင်မလေး…မောင်မင်းကြီးသား…@$#%...ဟုတ်ပြီ…ပြည့်စုံကို ပြောထားလိုက်မယ်..မင်းဖုန်းဆက်လိုက်..”
“အမ်း..”
နောင် ဖုန်းချရင်း သက်ပြင်းပါ ရောချပေးလိုက်ရသည်..။
နေ့ခင်း မလတ်တို့ ဆိုင်ဘက်ကို တစ်ချက် သွားစုံစမ်းလိုက်တာ ရင်မောရတာသာ အဖက်တင်သည်..။
“ညီ ခဏ..”
“ဗျာ..”
“ဒီဆိုင်ကလား..”
“ဟုတ်ကဲ့..”
ရေသန့်ဘူးတွေ တွန်းလာတဲ့ ကောင်လေးကို တားပြီး မေးလိုက်တော့ ခေါင်းညိတ်ပြီး ဖြေသည်.။
“အလုပ်သမား မလိုဘူးလား..”
“လိုလားတော့ မသိဘူး..မီးဖိုဆောင်မှာတော့ လိုတယ်..တစ်ယောက်မှ မအားရဘူး…”
“ညီလေးက မီးဖိုဆောင်ကလား..”
“ဟုတ်တယ်…”
“အလုပ်သမား ဘယ်နှစ်ယောက်ရှိလည်း..”
“သုံးဆယ်လောက်ရှိတယ်…”
နောင် မျက်လုံးပြူးရင်း ဆိုင် ကို တစ်ချက်ပြန်ကြည့်မိသည်..။
မနက်ပိုင်းမို့လို့လား မသိ လူတွေ သိပ်မရှိပါဘူး..။
“နေ့ခင်း လူကျချိန်ဆို အဲလူ အကုန်မအားဘူး အကိုရဲ့..ဒါတောင် အစ်မလတ်လတ်တော်လို့..”
အခုမှ ကိုယ် တောင့်တနေတဲ့ နာမည်လေး ပါလာတော့ ဆက်မေးဖို့ အား၇ှိသွားသည်..။
“အဲဒီ့ အစ်မက တော်တယ် ဟုတ်လား..”
“တော်တာပေါ့..လူကျလာရင် အရမ်းမြန်တာပဲ…အားလုံးကို စုံစေ့နေအောင် ပြောနိုင်တယ်လေ…ဟိုနေ့က ၀ယ်သူတစ်ယောက်ရန်ရှာတာလည်း အစ်မပဲရှင်းရတာ..”
ရေသန့်တွန်းလှည်း တွန်းရင်း စကားပြောနေတာမို့ နောင် လည်း သူနဲ့ လိုက်လျှောက်ရသည်..။
“အစ်မကတော်တယ်လေ..ရေနွေးပူလောင် ဆီပူလောင်လည်း အေးဆေးပဲ..မနာသလိုပဲ..”
“ဟင်..”
နောင် မျက်လုံးပြူးသွားတော့ ကောင်လေးက မယုံသလို ဖြစ်နေတယ် အထင်ဖြင့် ခေါင်းညိတ်ပြခါ …
“ဟုတ်တယ်…အစ်မလတ်လတ် အနစ်နာခံ တယ် အလုပ်သမား အချင်းချင်းလည်း ကူညီတယ်…ထမင်းလာစားတဲ့ သူတွေကိုလည်း စေတနာထားတယ်…
အဲဒါကြောင့် သူဌေးက အရမ်းသဘောကျတာ..ဖုန်းလည်း ၀ယ်ပေးတယ်…လက်ဆောင်တွေလည်း ခဏခဏ ပေးတယ်..အစ်မက သဘောကောင်းတယ်..ကျွန်တော်တို့ကို ပြန်ဝေပေးတယ်လေ…”
“ဟို…မင်း အမြင်မှာ အဲဒီ…အစ်မက လှလား.”
“အင်း..မမ ၀၀လေး..”
“သြော်…”
နောင် တံတွေးတစ်ချက်မြိုချရင်း မမ ၀၀ ကို မြင်ယောင်ခါ ကျောကုန်းအောင့်တက်သွားရသည်..။
မမ ၀၀ လက်သံလေး မြည်းခဲ့ဖူးရင်တော့ မင်း ဒီလို ပြောနိုင်မှာ မဟုတ်ဘူး ကောင်လေးရေ…။
ထမင်းဆိုင်က ပြန်လာပြီး နောင် တစ်နေကုန် ဦးနှောက်ကို အလုပ်ပေးရင်း နောက်ဆုံး ကိုခေါင် သူငယ်ချင်းကိုသာ သတိရတော့သည်..။
ဆောက်လုပ်ရေး ကုမ္ပဏီဆိုတော့ နောင့် အတွက် တစ်နေရာတော့ရမှာပါ..။
မလတ် လည်း ပင်ပန်းသလို..မမ၀၀ လှလှ သတင်းတွေ တအားမွှေးနေရင် ကြောက်ရပါသည်..။
မလိုတော့ဘူး..ဒီလောက်ဆို ရပြီ..မလတ်…အိမ်မှာ နားလိုက်တော့…။
မောင်တစ်လှည့်..မယ်တစ်လှည့်ပေါ့….
မလတ်ရယ်…။

*✭˚・゚✧*・゚*✭˚・゚✧*
ပြက္ခဒိန် ပေါ်က နေ့ရက်တွေ အရမ်းမြန်သလိုပဲ လူ့စိတ်ဆိုတာလည်း အပြောင်းအလဲ မြန်သား😁
ဟူး...သတိုးမင်းနောင် အစား စပိုက်ကာ ကြိုရင်မောတယ်...💔 တကယ်..တကယ်...😥
စာရှည်ရှည်ရေးဖို့ ပူဆာထားကြသော်လည်း
ညနက်သွားလို့ ပုံမှန် အတိုင်းထိပဲ ရေးပြီးတယ် နောက်နေ့ကျ ရှည်ရှည် ရေးပေးပါမယ် လို့ ပုံမပြောချင်တော့ဘူး 😜
ဟိ ဟုတ်ကဲ့ ကြိုးစားနေပါတယ်ပေါ့ 😂

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now