Part 7

7.1K 340 6
                                    

စွဲနေပြီ
အပိုင်း (၇)
#စွဲနေပြီ

“မင်း တစ်ပြားလိုနြေ့ပီမလား..”
“မလိုပါဘူး..ငါ့ စိတ်ငါနိုင်တယ်....”
ဟိုဘက် ဒီဘက်ကြည့်၍ ကိုယ်ကို ရှေ့ကိုင်းပြောနေတဲ့ နိုင်ထူး ပခုံးကို ပိတ်ရိုက်လိုက်ပြီး..
“ဟား...ဟား...မဒိမ်းသမားရုပ်နဲ့ ဟိုချောင်း ဒီချောင်း လုပ်နြေ့ပီးတော့...”
“မင်း မသိပါဘူးကွာ...ငါ လမ်းကြောင်း တွေ ရှောင်နေရတယ်..”
“ဘာဖြစ်လို့လည်း...မင်းမှာ ဘယ်လောက်ပါလို့လည်း..”
“နှစ်ဆယ်..”
“ဘာ..”
အုတ်ခုံပေါ်ထိုင်နေရာကနေ ဆတ်ခနဲ့ ခုန်ဆင်းလိုက်ပြီး နိုင်ထူးကို မျက်လုံးပြူးခါ ကြည့်မိသည်..။
ဟိုကောင်ကလည်း ချွေးတွေ ပြန်လို့ လက်တောင် တုန်နေသလိုလို...။
“လက်ထဲမှာ မိရင် ဘယ်နှစ်နှစ် အောင်းရမလည်း မင်းသိလား..ဆယ်နှစ်...”
“နည်းနည်းလေးပါ..ငါပြန်ထားခဲ့တာ...”
“၃ဂရမ် ဆိုရင် ဆယ်ငါးနှစ် မသာရဲ့..ဘယ်မှာလည်း...မင်း ဘာလုပ်ဖို့၀ယ်ထားတာလည်း ပြစမ်း..”
“တိုးတိုး ပြောပါကွာ...”
နိုင်ထူး အိတ်ကို ဆောင့်ဆွဲ ဖြုတ်တော့မှ ကတုန်ကယင်ဖြင့် ဖုန်းဘူး ကို ထုတ်ပေးသည်..။
ဖုန်းဘူးထဲက အိတ်အကြည်ထဲမှာ ထည့်ထားတာမှ စီတန်းပြီး လေတောင် ထုတ်ထားလိုက်သေးသည်..။
“မင်း...ပိုက်ဆံဘယ်ကရလည်း..”
“ငါ...ကယ်ရီလုပ်နေတာ...”
“ဘာ....”
“ငါ့ကို ဖရီးကျွေးတယ်လေကွာ..”
“မင်းကွာ...မင်းသေလိမ့်မယ်..နိုင်ထူး...သေမှာ သလား...ပေးစမ်း...အဲဒါ...”
အိတ်အကြည်လေးကို ဆွဲလုယူပြီး အပင်အောက်က အုတ်ခဲကျိုးကို ကောက်ခါ တအားထုချေနေမိသည်..။
“ဟာ...ဘာလုပ်တာလည်း...ဘာလုပ်တာလည်းကွ...မင်းနောင်...”
နောင့် ကိုယ်ကို ပိတ်တွန်းပြီး အိတ်ကို ကောက်တော့ အယူမခံပဲ ဦးအောင် ယူလိုက်ရသည်..။
အိတ်ကို ဖောက်ပြီး ရှေ့က ရေစီးမြောင်းထဲ ပစ်ချလိုက်တော့ နိုင်ထူးရဲ့ လက်သီးချက်က နွားသိုးကြိုးပျက် ပုံသဏ္ဍန်ဖြင့် နောင့် မျက်နှာပေါ် ဝဲခနဲ့ ရောက်လာသည်..။
“ထိုးတယ်ပေါ့လေ...ငါ ပြန်ထိုးရင် မင်းမသာပေါ်လိမ့်မယ် သလား...ေ×ာက်ရူးထနေချိန်မို့လို့ သည်းခံလိုက်မယ်..”
“ဟာကွာ....ငါတော့ သေတော့မှာပဲ...ငါ ဘယ်လို ပြန်ပြောရမလည်းကွာ...အား...”
မြေကြီးပေါ် အရုပ်ကြိုးပျက်ထိုင်ချလိုက်ပြီး နဖူးကို လက်နဲ့ အုပ်ရင်း ညီးနေတဲ့ နိုင်ထူးကို ကြည့်ခါ စိတ်ဆင်းရဲရသည်..။
ဒီကောင်တော့ တကယ့်ကို လယ်ဗယ် ကျော်သွားပြီ..။
“မင်းလည်း တစ်ဖွဲ့တည်းမလား...ဟုတ်တယ်မလား..”
“ဘာ...”
“အောင်နိုင်ဦးတို့နဲ့ တစ်ဖွဲ့တည်းမလား..မင်းကို ငါ့ သူငယ်ချင်းလို့ ထင်ခဲ့တာမှားတာပဲ ..မင်း ငါ့သူငယ်ချင်း မဟုတ်တော့ဘူး...ငါ့ အကွက်ကို လုချင်နေတာလား..မင်းနောင်..”
နိုင်ထူး ရဲ့ သံသယ မျက်လုံးတွေကို ကြည့်ပြီး နောင် စိတ်ပျက်စွာ ခေါင်းရမ်းလိုက်မိသည်...။
“သေလေ...မင်း...မရတော့ဘူး..နိုင်ထူး..မင်း တအားဘာင်ကျော်နေပြီ...”
“ဘာမှ ဘောင်မကျော်ဘူး..ငါ့စိတ်ကို ငါနိုင်တယ်..”
“ဖရီး ကျွေးတိုင်း အကောင်းထင်မနေနဲ့...မင်း ဒီနေ့ ဘယ်နှပြား ချပြီးပြီလည်း..”
“.....”
“မင်း ပြောတော့ ဖြတ်လိုက်ပြီဆိုကွ...”
“ကျစ်...ေ-ာက်စကားမများနဲ့တော့ကွာ..ပြန်မယ်...ဒီကိစ္စ ငါဘယ်လိုရှင်းရမလည်း မသိတော့ဘူး..”
မျက်နှာပျက်နေတဲ့ နိုင်ထူးကို ကြည့်ရင်း မနေနိုင်တာနဲ့ နောင့် ခါးကြားမှာ ထိုးထားတဲ့ ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်ရသည်..။
“ရော့...ပေးလိုက်...လမ်းကြောင်းမရှင်းလို့ ဝဲခဲ့ရတယ်လို့ ပြောလိုက်ပေါ့ကွာ..”
“မင်းအဖေတွေက ပုလင်းထောင် မီးခြစ် ပြီး စောင့်နေတာ ငါ အဲလို သွားပြောရင် ပိုင်းလိမ့်မယ်...”
“မင်းကလည်းဝေးတာ..မင်းချိတ်ဆီ ပြန်သွားပြီးပြောလေ...သူတို့ဟာ့သူတို့ ရှင်းလိမ့်မယ်..မင်း မပါနဲ့တော့...မင်းလက်ကတော့ သံနဲ့ ဓာတ်ပြုခါနီးပြီ နိုင်ထူး...”
“ကျစ်...ခြောက်ပြားဖြစ်နေတယ်...ရော့ ငါးထောင်ပြန်ယူ...ငါးထောင်ကတော့ ငါ့ အတွက် နေ့ဖို့ညစာ..ဟဲ..ဟဲ.”
စပ်ဖြဲဖြဲ ဖြင့် ပြန်ပေးတဲ့ ပိုက်ဆံကို မယူပဲ အကုန်ဆွဲယူလိုက်ရသည်..။
“မပေးဘူး..ပြန်ပေး..”
“မင်း ကလည်း ..”
“ရော့..အတိအကျပဲ...”
“အေးပါ လုပ်ထား....မင်းကလေ ဘော်ဒါမပီသဘူး..”
“ဘော်ဒါမို့လို့ပြောနေတာပေါ့...မင်းစွဲနေပြီ...ငါ့တို့ဆီမှာ ဖျက်ရင် လုံး၀ ဘာမှ မပေးရဘူး..အဖမ်းလည်း မခံရဘူးကွာ...လုံး၀ စိတ်ချရတယ်...ဖြတ်မလား...”
“အေးကွာ..နောက်တော့မှပေါ့..အခုလည်း သိပ်မစွဲသေးပါဘူး..”
“သောက်ကြောတွေတောင်ယောင်နေပြီလေ...ခွေးသားရဲ့...”
“ဟဲ..ဟဲ...စစမ်းကြည့်တာပါကွာ..မဆိုးဘူး....ရှိုက်တာထက် ပိုကောင်းတယ်...”
“မြန်မြန်သေမှာထည့်ပြော..”
“တစ်ခါသုံးအပ်ပါကွာ...”
“ချီး တစ်ခါသုံးအပ်...”
“ဟဲ..ဟဲ...သွားပြီသလား ယောင်္ကျား...”
ရုပ်က စပ်တိစပ်ဖြဲဖြင့် လွယ်အိတ်ကို ကောက်လွယ်ခါ ထွက်သွားတော့မှ နောင် သက်ပြင်းချရင်း ထွက်လာခဲ့ရသည်..။
ဟူး...ဘယ်လိုလုပ်ပေးရမလည်း..။
.
“နိုင်ထူး...”
“ဟင်..ဘယ်သွားပြန်ပြီလည်း..”
လတ် အခန်းထဲက အ၀တ်အစားတွေကို ကောက်သိမ်းလိုက်ပြီး အိပ်ယာတွေပါ တစ်ခါတည်း ခါသိမ်းပေးရသည်..။
“ဟင်...”
ခေါင်းအုံးအောက်က ထွက်ကျလာတဲ့ အထုတ်လေးမှာ ဆေးလုံးအနီလေး သုံးလုံး ပါသည်..။
ကြည့်စမ်း ပြောတော့ မလုပ်တော့ဘူးတဲ့...
ဘယ်နေ့အဖမ်းခံရမလည်း မသိပါဘူး..စိတ်ဆင်းရဲလိုက်တာ...။
ဒါတွေကြောင့် ပတ်၀န်းကျင် ပြောသမျှ ခံနေရတာ ခြိမ်းခြောက်သမျှ ကြောက်နေရတာ...။
လတ် ဒေါသနဲ့ အတူ အိမ်အောက်ကို ထိုးချလိုက်ပြီး လျှော်ဖို့ အ၀တ်တွေ ယူခါ မီးဖိုချောင်ထဲ ၀င်လာခဲ့လိုက်သည်..။
အ၀တ်လျှော်နေတုန်း အိမ်တံခါး ဂျက်ဖွင့်သံကြားကတည်းက ဒင်းပြန်လာပြီဆိုတာ သိသည်..။
ခဏပဲကြာသေး တဒိုင်းဒိုင်းနဲ့ အိမ်ရှေ့ခန်းကို မွှေနေပြီလေ...။
ဘာကို ရှာဖွေရေးဆင်းနေတာလည်း သိပေမဲ့ မသိချင်ယောင်ဆောင်နေလိုက်သည်..။
“မလတ်..မလတ်...”
“ဘာလည်း..”
“ငါ့ အိပ်ယာသိမ်းတော့ အိတ်တစ်ခုတွေ့လား..”
“ဟအေး..”
“ကျစ်...ဘယ်ကို ရောက်သွားပြီလည်း...နင်ကလည်း..ငါ့အခန်းကို မရှင်းပါနဲ့ဆို...”
ခြေလှမ်းကြဲတွေနဲ့ အိမ်ပေါ်ကို ပြန်တက်သွားတော့ လတ် နှုတ်ခမ်းမဲ့ လိုက်ပြီး အင်္ကျီ ်ကိုသာ ဒေါသဖြင့် ဖိခါ ပွတ်လျှော်နေရသည်..။
“မဟုတ်သေးဘူး...မဟုတ်ဘူး...ဒီမှာထားတာပါ...တံမြတ်စည်းလှည်းရင်...”
နိုင်ထူး စဉ်းစားမိသမျှ လိုက်ပြီး ရှာဖွေနေပေမဲ့ လုံး၀ကို အစအန မတွေ့...။
အခန်းထောင့်က တစ်ခါမှ မရွေ့ဖူးတဲ့ ဘီဒိုကိုပါ မနိုင်ပေမဲ့ ဖြည်းဖြည်းချင်းရွေ့ပြီး ရှာမိသည်..။
လူက အားပျက်လာသလိုလို ခွေကျချင်လာပြီ...။
“ဟင်း...မလတ်....”
“မလတ်...”
လတ် အခန်းထဲကိုရောက်တော့ နံရံကို မှီပြီး ဆောင့်ကြောင့်ထိုင်နေတဲ့ နိုင်ထူးကို စိတ်ပျက်စရာ တွေ့ရသည်..။
“ဘာလည်း...အဲဒါ့ ဘာဖြစ်နေတာလည်း...”
“နင် ငါ့ ပစ္စည်းကို သိမ်းထားတယ်မလား..ပေးစမ်းပါဟာ..”
“နင်ပြောတော့ ဖြတ်လိုက်ပြီဆို...”
“အေး..ဖြတ်နေတာလေ...တစ်ပတ်တစ်ခါလောက်ပဲ...တစ်ပတ်လုံး ငါမသုံးဘူးလေ....နင်ယူထားတာမလား..ပေးစမ်းပါဟာ...”
“မရှိတော့ဘူး..”
“မလတ်...ငါ ဘယ်လိုခံစားနေရလည်း နင်မသိဘူး...ငါ ဖြတ်ချင်တယ်...ဖြတ်ချင်တာ...ဒါပေမဲ့...”
“စသုံးတာ နင်ပဲ..ဖြတ်ရင်လည်း ယောင်္ကျားပီသအောင် ဖြတ်လေ...”
“အေးပါဟာ..အခုပေးစမ်းပါ...”
“မရှိတော့ပါဘူးဆို..”
“ငါအခု တစ်ချက်လောက်ပဲ ၇ှိုက်ဖို့လိုနေတာ...မလတ်...ငါ့ကိုနားလည်ပေးပါဟာ..ငါ တစ်ခြားသူတွေလို ခိုးလုနေတာမဟုတ်ပါဘူး..ငါ့ ပိုက်ဆံနဲ့ ငါ ၀ယ်ထားတာတွေ...ပေးပါဟာ....တစ်လုံးပဲပေး..ကျန်တာတွေ နင်သိမ်းထားလေ...နော်...မလတ်က လိမ်မာပါတယ်ဟာ...”
စိတ်တွေကနာမငြိမ်သလို ထိုင်ရာက ဆတ်ခနဲ့ထပြီး အခန်းထဲမှာ ပတ်လျှောက်ရင်း ဟိုစာအုပ်လှန်လိုက် ဒီအဝတ် ဆွဲခါလိုက် အလုပ်ရှုပ်နေသေးသည်..။
“မသိဘူး..မရှိဘူး..အကုန်လုံးကျင်းထဲချလိုက်ပြီ..”
“ဘာ...”
“ဟုတ်တယ်...နင်ထပ်သုံးရင် ရဲလက်ကိုအပ်တော့မယ်..”
“မလတ်....”
“ငါ့ကို မအော်နဲ့...”
“အော်တယ်....တောက်...ဟာကွာ....”
“ခွမ်း...”
“ဘုတ်....အ...”
စားပွဲပေါ်က လက်နှိပ်ဓာတ်မီး အနီလေး ဝဲပျံလာတာ သိပေမဲ့ ရှောင်ချိန် မရခင် လတ် နဖူးကို ထိမှန်ပြီး အောက်ကို ပြုတ်ကျသွားသည်..။
ပေါ့ပါးသေးငယ်သည့် ဓာတ်မီးက အရှိန်နဲ့ ရိုက်ခတ်သည့်မို့ လတ် နဖူးစောင်းကို လက်နဲ့ အုပ်ပြီး ထိုင်ချလိုက်ရသည်..။
“ဟင်..မလတ်...မလတ်....”
“ဟာ...”
“ငါ...ငါ...တမင်လုပ်တာ မဟုတ်ပါဘူးဟာ...နင့်ကို ရည်ရွယ်ပြီး ပစ်တာ မဟုတ်ပါဘူး...ငါမှားတာ...ငါတောင်းပန်ပါတယ်...ငါ လုပ်တာ မဟုတ်ပါဘူး..”
လက်အုပ်ချီပြီး သွေးရူးသွေးတန်း ငိုသံပါကြီးနဲ့ အော်နေတော့ လတ်စိတ်ပျက်စွာ မျက်နှာလွဲမိသည်..။
လက်မှာ သွေးစ နည်းနည်းပါလာပြီး နဖူးစောင်းနေရာကလည်း နည်းနည်း ပိုနာလာသည်..။
“ဟာ...သွေး...
ငါ...ငါ...တမင်မဟုတ်ပါဘူး...”
နဖူးကို သူ့အင်္ကျီ လက်ဖြင့်သုတ်ခါ တောင်းပန်နေရင်းက
“ဟဲ့...နိုင်ထူး...”
အခန်းထဲက ထွက်ပြေးတော့ လတ် လှမ်းအော်လိုက်ပေမဲ့ တုန့်ပြန်မပြောပဲ အိမ်ရှေ့တံခါးကို ဂျက်ဖွင့်ခါ ဆင်းသွားသည်..။
မိုးကြီးချုပ်ခါမှ ဘယ်ကို ပြန်သွားပြန်တာလည်း မသိဘူး...။
လတ် မှန်ကြည့်လိုက်တော့ နဖူးက ထင်သလောက်တောင် ဒဏ်ရာမကြီးပဲ ခြစ်ရာသေးသေးလေးသာ ရှိသည်..။
ကောင်းတယ်...အစ်မကိုတောင် ပြန်သတ်မိတော့မှာ သူကိုယ်တိုင်သိဖို့လိုတယ်လေ...။မနက်ကျရင် ချဲ့ကားပြီးတော့ ပတ်တီးပါစည်းထားပြလိုက်ဦးမယ်...။
ဒါမှ နောင်တတွေရပြီး ပြတ်မှာ...။
.
“တီ...တီ....”
ဖုန်းသံပိတ်ထားလို့ မက်ဆေ့၀င်သံကြားတာ့မှ ကောက်ယူကြည့်လိုက်တာ နိုင်ထူး ဖုန်းနံပါတ် ဖြစ်နေသည်..။
ကိုယ်ပေါ်က စောင်ကို ခွါချပြီး ကုတင်ပေါ် ထိုင်လျက်သားကနေ သုံးမိနစ်လောက် စောင့်နေလိုက်သည်..။
ဖုန်းထပ်မခေါ်တော့မှ နောင်ပဲ ပြန်ခေါ်ခါ ဘာဖြစ်ပြန်ပြီလည်းလို့ တွေးမိသည်..။
“ဟလို...”
“ပြော...သားလေး...”
“မင်း အခု ဘယ်မှာလည်း..”
“ စက်မှုဇုံ..”
“သြော်..အင်း...ဒါပဲကွာ”
“နေပါဦးဟ...အိပ်နေတာ နှိုးပြီး ဘာလည်း ပြောဦးလေ...”
“ငါက မင်း သု၀ဏ္ဏမှာ မှတ်လို့..”
“ငါလာခဲ့မယ်..မင်း နှင်းဆီရိပ်မှာ စောင့်နေလေ..”
“အမ်း...”
နိုင်ထူးအသံကြားကတည်းက တစ်ခုခု ဖြစ်နေပြီဆိုတာ သိလိုက်လို့ နောင် အ၀တ်အစားတွေ ခပ်သွက်သွက် လဲပြီး ပြေးဆင်းလာခဲ့ရသည်..။
ကားကို အရှိန်တင် ရှောင် မောင်းလာလိုက်တာ နှင်းဆီရိပ်ဆိုတဲ့ ဆိုင်ကို ရောက်ခါနီးတာ့မှ ဘရိတ်ပေါ် ခြေထောက်တင်ရတော့သည်..။
“ဘယ်လိုလည်း..”
“သွားမယ်ကွာ တစ်နေရာကို...”
“တော်တော်ကွဲနေပုံပဲ..”
မျက်လုံးတွေ နီပြီး နှာခေါင်းတွေပါ နီိခါ မျက်နှာလည်း တင်းနေတော့ နောင် ရယ်ပြီး စလိုက်သည်..။
နိုင်ထူးကတော့ ဘာမှ မတုန့်ပြန်ပဲ ရှေ့ကိုသာ ဆိုက်ကြည့်နေသည်..။
“ရပြီလား..”
“အေး..”
ကားကို လမ်းဘေးတစ်နေရာ ထိုးရပ်လိုက်တော့ ကားမှန်ချပြီး ခေါင်းထုတ် ကြည့်နေပြန်ပြီ..။
ဘာတွေ သယ်လာပြန်ပြီလည်း မသိ..။
“ငနောင်...”
“ပြော...”
“ငါ့ကို ကူညီပါ...”
“မင်း ဘာရှာလာတာလည်း...”
“ငါ ဆေးဖြတ်ချင်တယ်..”
“ဟမ်...”
နောင် မယုံနိုင်လို့ ဘေးဘက်ကို လှည့်ကြည့်လိုက်တော့ နိုင်ထူးက တကယ့် အတည်ပေါက်ပြောနေတဲ့ပုံစံ...။
“ဘယ်လိုဖြစ်တာလည်း...ဟိုတစ်ပတ်ကတုန်းက ဖြတ်စရာမလိုဘူးဆို...”
“မလတ်နဲ့ ရန်ဖြစ်လာတာ...သုံးပြားကျန်တဲ့ အိတ်ကို ပစ်လိုက်တယ်..”
“ဟား..ဟား...ဒါကြောင့် ဖြတ်မှာလား...”
“မဟုတ်ဘူး..ငါ့ကြောင့် မလတ်နဖူးကွဲသွားတယ်..”
“ဘာ...”
“ငါတို့ မောင်နှမ နှစ်ယောက်က ပတ်၀န်းကျင်ကိုလည်း ဂရုမစိုက်ပါဘူး..ဒါပေမဲ့ ငါ့ကြောင့်မလတ်ထိခိုက်မှာ မလိုချင်တော့ဘူး..ငါ့စိတ်ကို ငါလန့်လာပြီ မင်းနောင်...ငါ့ကို ကူညီပါကွာ..”
“ဟူး... လွယ်ပါတယ်ကွာ..မနက်ဖြန် ငါလိုက်ပို့ပြီး သေချာပြောခဲ့မယ်..သုံးလ လောက်ဆို ရပါတယ်...”
“သုံးလတောင်လား.....မလတ်ကို ငါ စိတ်မချဘူး..”
“ဒါတော့ ငါလည်း မကြံတက်ဘူး...မင်း အစ်မကလည်း လင်တွေဘာတွေ မြန်မြန်ယူလိုက်ပြီးရောကွာ...ခုချိန်ထိ ဂေါ်မစွံဘူး...ဟား..ဟား...”
နောင် ဟာသ တစ်ခုအနေနဲ့ ပြောလိုက်ပေမဲ့ နိုင်ထူးက မျက်နှာပျက်ခါ နှုတ်ခမ်းကိုလည်း ဖိကိုက်သည်..။
စကားမှားသွားတာ သတိထားမိတော့ နောင် အကြောင်းမဲ့ ချောင်းဟန့်လိုက်ပြီး ကားတံခါးဘောင်ကို လက်တင်ခါ မှီလိုက်သည်..။
“မင်းမေ့သွားလို့ပါ...ငါ့ အစ်မကို ရပ်ကွက်က ဘယ်လိုထင်ပြီး ဘယ်လိုတွေ အသိအမှတ်ပြုထားလည်း မင်းသိပါတယ်...”
“ဆောရီး..”
“ငါ့အစ်မ တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချဘူး...ငါရှိနေတာတောင် အခွင့်အရေးယူချင်တဲ့ကောင်တွေ စော်ကားချင်တဲ့ကောင်တွ အများကြီးပဲ ငနောင်...အရင်လို ဒေါ်လေးလည်း မရှိတော့..သူ တစ်ယောက်တည်း ကျန်ခဲ့ရမှာ...မဖြစ်ပါဘူးကွာ...”
“ဟင်း...မင်းအစ်မကြောင့် မင်းမှာ တော်တော် ဒုက္ခပဲ..ကျောင်းတုန်းကလည်း ကျူရှင် အပြေးအလွှားတက်ရတယ်...ခုချိန်ထိလည်း ဒီအကြောင်းပဲ...”
“မလတ်က ငါ့ကြောင့် ဒုက္ခပိုရောက်တာပါ...ထားပါတော့...မင်းတို့ဆီမှာ နေ့ပိုင်းပဲ လာနေလို့ဖြစ်လား..”
နောင် စိတ်မပါစွာဖြင့် ခေါင်းရမ်းပြလိုက်တော့ နိုင်ထူးက သက်ပြင်းတစ်ချက်ချပြန်သည်..။ကျစ်... ဘယ်လို ကူညီရမလည်း..ဒီကိစ္စက ရှော့မှ အကြီးကြီး...။
“တခြားကိစ္စဆိုကူညီလို့ရပါတယ်...မင်းအစ်မက မာနကြီးသေး..အိမ်ခေါ်ထားလည်း နေမှာမဟုတ်ဘူး..ငါကလည်း မင်းတို့အိမ်မှာလာနေလို့ အဆင်မပြေဘူး..ငါ့ဘော်ဒါ တစ်ယောက်ယောက်နဲ့ ငြိပြီး ယူဖြစ်သွားလည်း ကောင်းတာပဲ...လျှောက်စပ်ကြည့်ဦးမယ်..”
“မသာရဲ့..ငါ့အစ်မက ရောင်းကုန်လား..”
“လက်ကျန်လေ...ရောင်းမကုန်တဲ့ လက်ကျန်ပစ္စည်း...”
“ဟား..ဟား....မလတ်..လက်သံ မင်းသိတယ်နော်...”
“သိလို့ပေါ့ကွာ...”
“ဟား..ဟား..”
နှစ်ယောက်သား ပြိုင်တူ ရယ်မိတော့ မှ စိတ်တွေ တဒင်္ဂ ပေါ့ပါးလွတ်လပ်သွားတော့သည်..။
“ငါ တစ်ခုခု စီစဉ် ကြည့်ပါဦးမယ်ကွာ...မင်း က ငါ့သူငယ်ချင်းပဲ....တကယ်ဆို မင်း မစခဲ့သင့်ဘူး...”
“ဟုတ်တယ်...ငါ တစ်နေ့မချရရင် တစ်ရက်သိသာလာတယ်....မင်းကတော့ အရင်အတိုင်း အေးဆေးပဲနော်...ကောင်းပါတယ်ကွာ....”
နိုင်ထူး စကားကြောင့် နောင် ပြုံးစေ့စေ့ ဖြစ်သွားခါ
“ဟ..ဟ...ထင်လို့ပါ..ငါတစ်တိုင်ဆွဲထားသေးတယ်..”
“ဟမ်...ဂန်ဂျာသမားလား..ရုပ်ပဲ့တာ..”
“မင်းလို အသီးသမားလောက်တော့ မူမပျက်ဘူး ဟေ့ကောင်...”
“တွီ...အခြောက်သမား..”
“တွီ...အရူးဆေးပြား..”
“ဟား..ဟား....တကယ်တော့ နာမည်ပေးတဲ့ ကောင်က မသုံးဖူးပဲ ပေးခဲ့တာ ဖြစ်မယ်သလား..”
“ဘာလို့..”
“သုံးပြီးမှသာ နာမည် ပေးရင် ရာမ လို့ ပေးမှာမဟုတ်ဘူး..ဒဿဂီရိ လို့ပေးမှာကွ...”
“ဟား..ဟား...”
ပေါ့ပေါ့ပါးပါး ရယ်နေတဲ့ နောင့်ကို နိုင်ထူးက ငေးကြည့်ရင်း...
“မင်းကျတော့မစွဲဘူးလား..”
“ငါ ကျောင်းပြီးတာနဲ့ တန်းဖြတ်ရတာပဲလေ…ထိုင်းမှာနေတုန်းကဆို..မသေခင်..စုံအောင်သုံးပစ်လိုက်တာပဲ….ငါ့အဖေက အားလုံးကို လက်တွေ့စမ်းသပ်ခွင့်ပေးတယ်...စွဲလမ်း ရူးသွပ်ခွင့်တော့မပေးဘူး...ငါတို့ ညီအစ်ကိုတွေ အကုန် စခန်းသွင်းခံရတာပဲ..”
“ဆိုးလား..”
“အင်း...ကိုယ့်ဆေးခန်းနဲ့ ကိုယ်ဆိုတော့ ဂရုစိုက်တာလည်း မတူဘူးပေါ့ကွာ...အားကစားတွေ ဘာတွေလုပ်..ဘာသာရေးလည်း လုပ် တစ်ခါတလေ ခရီးလည်း ထွက်ရတယ်...အပြင်ပိုင်းတော့ အိုကေ စိုပြည်ပဲ...အဲ စိတ်နဲ့ဖိုက်ရင်တော့ ဘယ်ကောင်မှ မကူညီနိုင်ဘူး ဟေ့ကောင်..လှိမ့်နေအောင်ခံရတာပဲ...ဒီကြားထဲ အစားထိုးဆေးကို အလုံအလောက်မပေးဘူး..ထပ်စွဲမှာစိုးလို့တဲ့...သေတာပဲကွာ...အဲဒီ့အချိန်ကျမှ ကိုယ့်စိတ်ကို ကိုယ်မနိုင်ပါဘူးဆိုတာ သိရလိမ့်မယ်..”
“ဟာကြာ..”
“ဟဲ..ဟဲ...ထွက်ပြေးဖို့တော့ ယောင်လို့တောင် မတွေးနဲ့နော်...ငါ့အဖေက စိတ်ကြီးတယ်...”
“ဟင်း...ကြားရတာတောင် ကြက်သီးထတယ်..”
နိုင်ထူးက တစ်ကိုယ်လုံး တွန့်ခါပြီး လက်နဲ့ ခေါင်းကို သပ်တော့ နောင် ရယ်မိသည်..။
ထင်တာထက် ပိုဆိုးလာဦးမှာပါလို့ ထပ်မခြောက်တော့ပါဘူး...။
“မင်း အခု အိမ်ပြန်မှာမလား ငါ လိုက်ပို့မယ်..”
“အင်း...မလတ်တော့ အိပ်နေပြီထင်တယ်...”
“ကောင်းတယ်...”
“ကြောက်တာကွာ....မင်း တစ်ခါတည်း ပျောက်ပါသွားတယ်...”
နောင် စကားပြန်မပြောပဲ ရယ်ခြင်းဖြင့်သာ ၀န်ခံလိုက်ရသည်..။
နိုင်ထူးက သဘောပေါက်သလို တဟားဟား..အော်ရယ်တော့ အမြင်ကပ်လာခါ ကားကို အရှိန်တင်ပစ်လိုက်သည်..။
သူ အရိုက်ခံရတာမှ မဟုတ်တာ ရယ်နိုင်တာပေါ့လေ...။
“မလတ်...”
“ဂျက်ဖွင့်လေ..”
နိုင်ထူးက မတိုးမကျယ် ခေါ်နေတော့ နောင် နောက်ကနေ  ကားထဲကမထွက်ပဲ အကြံပေးလိုက်ရသည်..။
“သော့ခတ်ထားတာ..”
“အပြင်မှာ အိပ်ရတော့မယ်...ဟေး..ဟေး..”
၀မ်းသားအားရ ဖြစ်နေတုန်း အိမ်ရှေ့မီး ဖျတ်ခနဲ့ လင်းလာပြီး လူရိပ်တစ်ခု ရွေ့လျားလာသည်..။
ဂျက်လာဖွင့်တဲ့ပုံရိပ်ကို တစ်ချက်ကြည့်ပြီး ကားကို လီဗာ ဆောင့်နင်းခါ ထွက်လာခဲ့လိုက်သည်..။
ကျန်ခဲ့တဲ့သူ ဘာဖြစ်ဖြစ်လေ...ကိုယ့်တာ၀န် ပြီးပြီ..။
.
“နိုင်ထူး...လာဒိုးမယ်...”
နေ့လည် ထမင်းစားပြန်ချိန် ဘေးမှာ တုန့်ခနဲ့ လာရပ်တဲ့ ကားထဲက မင်းနောင်ကို ကြည့်ခါ အံသြရသည်..။
“ဘယ်ဒိုးမှာလည်း..”
“စခန်းလိုက်ခဲ့..”
“ဟာ...မင်းကွာ..”
“သြော်...ဟား..ဟား...မကြောက်ပါနဲ့...လာစမ်းပါ...ပြုပြင်ရေးစခန်းပါဟ...”
“မင်းကသေချာလို့လား..ငါလိုအပ်တာပြန်ယူ..”
“ဘာမှ မလိုဘူး တက်..”
တံခါးဖွင့်ပြီး လက်ကို ဆောင့်ဆွဲခေါ်တော့ နိုင်ထူးလည်း ယောင်ပြီး တက်လာခဲ့ရသည်..။
ပြည်လမ်း တစ်လျှောက် ကားမောင်းနေတော့ လမ်းဘေးကိုပဲ ငေးခါ ရင်ခုန်နေမိသည်..။
တကယ်ကော ဖြတ်ချင်ရဲ့လား...။
သြော်...အချစ်သီချင်း စာသားမှန်သမျှက နားထောင်တက်ရင် ဆေးသမား အကြောင်း ဆိုထားသလိုပါပဲ...။
“မျက်စိထဲက …ထွက်..ကို….မထွက်….ဘူး..အသည်း..နှလုံး..ထဲ..ခဏ..ခဏ…မြင်နေတယ်…
တသက်လုံး..မမုန်းအောင်…မင်း ..အပြုံးထဲ….ဘာထည့်..ပြုံးသလည်းကွယ်..တနေ့..ထက်..တနေ့…ပိုတိုး…တိုး…လာတယ်…ကိုယ့်အသွေး…အသား…ရိုးတွင်း..ချဉ်ဆီ…အထိ…အကြင်နာ..များ..များ..အောင်…မင်း..အသည်း..ထဲ..ဘာဆောင်..ထား..သလဲ..ကွယ်..နီး..နီး..ကလေး…မင်း..အနားမှာ…နေတော့…ဘယ်..ဟာ…မဆို…သိပ်မဆန်း..သလိုနဲ့..မစဉ်းစားလည်း..အတွေး..ထဲ..၀င်လာပြီး..အသည်း..ထဲမှာ..နေရာ..အပြည့်..ယူ..ထား..သူလေးရယ်….အို..အို..အို…စွဲ..နေ..ပြီ..စွဲ..နေ…ပြီ….စွဲ…နေ…ပြီ..…”
ငယ်ငယ်က အရမ်းကြိုက်တဲ့ သီချင်းကို ပြန်တွေးမိရင်း နိုင်ထူး စိတ်ပျက်စွာ အော်ရယ်လိုက်မိသည်..။
“မင်းတော့..ဆေးတောင်မှီပါ့မလားမသိဘူး...တစ်ယောက်တည်း အော်ရယ်နေတာ ကြောက်စရာကြီး... ကဲ..
ရောက်ပြီ...”
“ဟမ်..”
သစ်ပင်နေနဲ့ စိမ်းစိုနေတဲ့ ခြံကျယ်ကြီး တစ်ခုတည်း ချိုးကွေ့ ၀င်ရောက်လိုက်ချိန် အိမ် ကြီးကြီး တစ်လုံး နဲ့ အတူ ပန်းခင်းတွေလည်း စီရီစွာ စိုက်ထားသည်..။
“လာဆင်းလေ..”
“နေဦး..မလတ်...”
“ကျစ်...မင်း အစ်မ ငါနဲ့ ရှိနေရင် မင်း စိတ်ချမယ် မလား..”
“ဟင်....”
“ဒီလိုပဲ လန်ကြုတ်ရမှာပဲပေါ့ကွာ မင်းကို ငါ ဖုန်းဆက်ပြီး ထပ်ညှိမယ်...အခုတော့လာစမ်းပါ...”
နိုင်ထူး လက်ကို ဆွဲခေါ်တော့မှ ပေကပ်ကပ်ဖြင့် ဆင်းလာတော့သည်..။
“ဒေါက်တာ...”
“သြော်..နောင်...”
စပို့ရှပ် နဲ့ ပုဆိုး ၀တ်ထားတဲ့ လူတစ်ယောက်က လက်နောက်ပစ်ထားပြီး ပြုံးပြ နှုတ်ဆက်သည်..။
“နောင် ပြောတာ သူလေ...သူငယ်ချင်းပဲ နိုင်ထူးတဲ့..”
“အင်း..မနေ့ကတည်းက စာရင်းသွင်းထားပြီးပြီ...လာလေ...”
“နောင် က အလုပ်ရှိလို့ ပြန်ရတော့မယ်..ဒေါက်တာ
လိုအပ်ရင် ဖုန်းဆက်ပါ...”
“ကောင်းပါပြီ...”
“သူငယ်ချင်း ငါ ဒိုးမယ်...”
“ဟမ်...အမ်း..”
ကားကွေ့ပြီး ခြံထဲက ထွက်လာချိန် အထိ ဘေးမှန်က တစ်ဆင့် နိုင်ထူးကို ကြည့်နေမိဆဲ...။
ဒုတိယ တံတိုင်းက ပိုကြီးမားနေပြီမို့ လက်ချောင်းတွေက ဖုန်းမျက်နှာပြင်ကို ရောက်သွားသည်..။
“မိုးဦး နဲ့ ဇော်ကြီး ပဲ ကျန်တယ်...လာစမ်း...”
“ဟ..ဘာတွေလည်း...”
မိုးဦး နဲ့ ဇော်ကြီးက ကြောင်တောင်တောင် မျက်နှာထားဖြင့် ဆိုဖာ ရှေ့ထွက်လာခဲ့သည်..။
“ရပြီ ဟိုကို ရောက်ရင် ငါ ခိုင်းတဲ့ အတိုင်းလုပ်...”
“ဟမ်...”
“မြန်မြန်...”
“အေးပါကွာ....ဘာတွေလည်းတော့မသိဘူး..”
အားလုံးအစီအစဉ်သေချာဆွဲပြီး  တော့ နာရီကြည့်ခါ ကားသော့ယူ၍ ထွက်လာခဲ့လိုက်သည်..။
ဟူး.....။
လမ်းထဲရောက်တော့ ရင်ခုန်နှုန်ူးတွေ မြန်လွန်း နေတာ လက်တွေတောင် တုန်ချင်ချင်...။
မှန်ထဲမှာ တစ်ချက်ကြည့်ပြီး ဆံပင်တွေကို သပ်တင်လိုက်ရင်း ဇက်ပါချိုးလိုက်သည်..။
တရွေ့ရွေ့ လျှောက်လာတဲ့ ပုံရိပ် တစ်ခုကို ငေးရင်း သက်ပြင်းကြမ်းကြမ်း ရှိုက်ထုတ်ရသည်..။
နိုင်ထူး....မင်းကြောင့်လေ....။
“အမလေး..”
“တက် မြန်မြန်...”
“ဟင့်အင်း...လွှတ်...ကယ်ကြပါဦး..”
“ဟာ...မအော်နဲ့လေ...”
ကားတစ်စီးဘေးကို ဖြတ်လျှောက်ချိန် ရုတ်တရက် တံခါးပွင့်လာပြီး လတ် ပခုံးကို အတင်းဖက်ခါ ကားထဲ အတင်းထိုးထည့်နေတော့ ရုန်းကန်နေရသည်..။
“နိုင်ထူး…ခေါ်လို့..”
“ဟင်..ဘယ်မှာလည်း...”
“တက် မြန်မြန်..”
နိုင်ထူး ဆိုတဲ့ အသံကြားလိုက်တော့ ရုန်းကန်နေရတာ အားပျော့သွားချိန် ကားပေါ်ကို ရောက်သွားပြီ...။
“ဝေါ...”
ကားကို အရှိန်တင်ပြီး မောင်းထွက်သွားတော့ လတ် မျက်လုံး ပြူးနေချိန် အိမ်နဲ့ ခပ်လှမ်းလှမ်းမှာ တုန့်ခနဲ့ ရပ်သွားသည်..။
ကားတံခါးကို လက်ရောက်ပြီး ကပျာကယာ ဖွင့်လိုက်တော့  ဘာတွေ ဘယ်လို လုပ်ထားလည်း မသိ လွယ်လွယ် ဖွင့်လို့လည်းမရ...။
“ဖွင့်လေ..”
“ဟိုမှာ...”
ကားမောင်းနေသူလက်ညိုး ညွန်ပြတဲ့ နေရာကို ကြည့်လိုက်တော့ ရပ်ကွက် လူကြီး နဲ့ အတူ ရဲ နှစ်ယောက်လည်း ပါသည်..။
ဘာတွေ ဖြစ်တာလည်း...နိုင်ထူးများ ဘာဖြစ်လို့လည်း မသိဘူး..။
“ဘာဖြစ်တာလည်းဗျ...”
ကားနောက်ခန်းက တစ်ယောက်ရဲ့ အသံ ထွက်လာတော့ ရပ်တကာ ရွာလှည့်ပြီး စပ်စုနေတဲ့ဒေါ်မြမြ က ကားအနားကို ကပ်လာပြီး..
“ရဲတွေလာဖမ်းတာလေ...ဆေးသုံးတာတွေ မိလို့တဲ့...”
“ဟင်..”
“မောင်နှမ နှစ်ယောက်စလုံး ထွက်ပြေးပြီ...မိရင် ထောင် ဆယ်နှစ်ကျမှာ..သူ့အစ်မလည်း ပါမှာပဲ.....ခုရှာနေတယ်...”
လတ် ခေါင်းကို ပိုငုံ့ထားလိုက်ပြီး အိမ်ဘက်ကို မျက်လုံးလှန်ခါ ကြည့်လိုက်သည်..။
နိုင်ထူးကော ဘယ်ကို ထွက်ပြေးသွားတာလည်း..။
နိုင်ထူး ခွေးကောင်...အခုတော့ နင့်ကြောင့် ၀ရမ်းပြေး ဘဝရောက်ရပြန်ပြီ...။
“နိုင်ထူးကော...နိုင်ထူးဘယ်မှာလည်း..နင်တို့သိလား ဟင်..”
“သိတယ်..သူ လုံခြုံပါတယ်..အစ်မကို လာခေါ်တာ...သူသိပါတယ်..”
“နင်တို့က...”
“နိုင်ထူး သူငယ်ချင်းတွေပါ...”
လတ် အရုပ်ကြိုးပျက် မှီချလိုက်ပြီး မျက်လုံးစုံမှိတ်လိုက်ပေမဲ့ မျက်ရည်တွေ ပါးရိုးတစ်လျှောက် လျှောတိုက်ခါ ကျသွားသည်..။
မကြာခင်ကပြောခဲ့တဲ့ တစ်ကောင်ကြွက်ပဲ ဖြစ်ချင်ပါတယ် ဆိုတဲ့ စကားကို ကြားယောင်ပြီး  ခပ်သဲ့သဲ့ ရှိုက်ခါ ပို၀မ်းနည်းလာရသည်..။
ကားက ဘယ်ကို မောင်းနေလည်း မသိ..။
ခြံ ဝန်း တစ်ခုနဲ့ တိုက်အိမ် တစ်ခုရှေ့မှာ တုန့်ခနဲ့ ရပ်တန့်သွားတော့မှ ခေါင်းထောင် ကြည့်မိသည်..။
နိုင်ထူးက ဒီမှာများလား..။
“သားကြီးရေ…ငါ တို့ ဒီကပဲ ပြန်လိုက်မယ်..”
“ဟင်..သြော်..အေး...”
ကားနောက်ခန်းက နှစ်ယောက်ဆင်းသွားတော့ လတ် ခေါင်းလည်ပြီး လိုက်ကြည့်မိသည်..။
ဘယ်ကို သွားကြမှာလည်း..နိုင်ထူးက ဘယ်မှာလည်း...။
“ဆင်းလေ...”
ဘေးတံခါးက ခလုတ်လေး လှုပ်သွားတော့မှ ကားတံခါး အလွယ်ဖွင့်လို့ရသွားသည်..။
ဘေးမှဦးဆောင်သူက ကားတံခါးဖွင့်ပြီး ဆင်းသွားတာ အိမ်ရှေ့တောင် ရောက်တော့မှာမို့လို့ လတ်လည်း ကပျာကယာ ဆင်းခါ လိုက်သွားရသည်..။
“ဟို...”
“ထိုင်ပါ...”
“နိုင်ထူးကော...ဘယ်မှာလည်း..”
“သူ အဆင်ပြေပါတယ်...”
“သူဘယ်မှာလည်း...ငါတွေ့ချင်တယ်...”
“အခုလောလောဆယ် တွေ့ဖို့ အဆင်မပြေဘူး..”
ရှေ့က လူကို ခပ်စူးစူးကြည့်လိုက်ပြီး လတ်ဒေါသတွေ ထိန်းချုပ်လို့မရခင်….
“သူ အဆင်ပြေတယ်ဆိုတာ နင်က ဘယ်လိုသိလည်း...သူ ဒီမှာမရှိဘူးမလား..ဒါဆို ဘာလို့ ငါ့ကို ဒီခေါ်လာလည်း...”
“မလတ် မလုံခြုံလို့..ဒီမှာ ခဏနေရမယ်..”
“ဟင်..”
မလတ်ဆိုတဲ့ ရင်းနှီးတဲ့ခေါ်သံ တစ်ခုကြောင့် လတ် မျက်လုံးပြုးရင်း ငေးကြည့်နေမိသည်..။
နိုင်ထူး သူငယ်ချင်းတွေ အများကြီးကို သိပေမဲ့ မလတ်လို့ တစ်ယောက်မှ မခေါ်ပါဘူး...။
“မမှတ်မိဘူးလား..”
မလေး မခန့်သလို နှုတ်ခမ်းတွန့်ပြုံးရင်းမေးတော့ လတ် စဉ်းစားရင်း မျက်လုံးချင်း ဆုံသွားသည်..။
“ဟင်..”
ဒီလို မျက်လုံးနက်နက် အိုး...ဒီကောင်ပဲ...သေချာပါတယ်...။
“နင်...”
‘နောင်...”
“နင်...နင်...ငါ့မောင်ကို ဒုက္ခပေးပြန်ပြီလား...”
“အဟက်..လွဲပြန်ပြီ..”
“ဖြန်း...”
“ဟာ...”
မတွေ့တာကြာလို့ နှုတ်ဆက်တဲ့ သဘောနဲ့ မှတ်မိအောင်ပြောလိုက်ပေမဲ့ မျက်နှာချင်းဆိုင် ရုံဖြင့် ပါးတစ်ဖက်က စပ်ဖျဉ်းသွားပြန်သည်..။
ငါးနှစ်ဆိုတဲ့ အချိန်အတွင်း ကိုယ်ခန္ဓာ တစ်လုံး သန်မာ ကျစ်လစ် လာပေမဲ့ ပါးကို အရိုက်ခံရတဲ့ ဒဏ်ကတော့ ဟိုတစ်ချိန်ကအတိုင်း စပ်ဖျဉ်းဖျဉ်း..။
“အ..”
ဒေါသနဲ့ အတူ ပခုံး ကို ခပ်တင်းတင်းဖိဆုပ်ကိုင်ပြီး တွန်းပစ်လိုက်တော့ ဆိုဖာပေါ် ပုံ့ခနဲ့ ပစ်ကျသွားသည်..။
“နင်.ကြောင့်...ငါ့မောင် အခုလို ဖြစ်ရတာ...နင့်ကြောင့်...”
“ရိုက်ပြန်ပြီ...ကိစ္စ တစ်ခုကို သေချာ မသိပဲ..ဘာဖြစ်လို့ အမြဲတမ်း လက်ပါနေတာလည်း...သည်းခံခြင်းဆိုတဲ့ ဘောင်အောက်မှာ နိုင်ထူး အစ်မမို့လို့ နှစ်ကြိမ် ထပ်ခွင့်ပြုလိုက်တာနော်...
နောက်တစ်ကြိမ်ဆို အလျော်အစား တွေ ရှိလာလိမ့်မယ်.....”
“ယောင်္ကျား တစ်ယောက်ကို အားနွဲ့တဲ့ မိန်းမ ဆိုပြီး ပါးရိုက်စော်ကားခွင့်ပြုထားတဲ့ ဥပဒေ မရှိဘူး..ဒါနောက်ဆုံးဖြစ်ပါစေ...ဘလိုင်းကြီး စော်ကားပြီး ရိုက်ရင် ဘယ်လို အမျိုးကောင်းသမီး ဖြစ်ဖြစ် ပြန်ရိုက်ပေးဖို့ လက်မတွန့်တက်ဘူး...
ဒီမှာ လက်ထပ်စာချူပ်...လိုအပ်လို့ ပြင်ဆင်ထားတယ်...လက်မှတ်ထိုးချင်ထိုး မထိုးချင်နေ...ဒီအိမ်မှာ နေချင်နေ..မနေချင်သွားပဲ...နိုင်ထူး ဖုန်းဆက်မေးလာခဲ့ရင် ကိုယ့်ဟာကိုဖြေ...”
ဖုန်း အဖြူရောင်လေး တစ်လုံးက ဆိုဖာကို ပြုတ်ကျလာပြီး အရှိန်ဖြင့် လှုပ်နေဆဲ တံခါးပိတ်သံ ဝုန်းခနဲ့ ကျယ်လောင် စွာ ကြားလိုက်ရသည်..။
နာကျင်နေတဲ့ လက်မောင်းသားတွေဆီ အာရုံရောက်သွားတော့ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး မျက်ရည်တွေက ပိုးပိုးပေါက်ပေါက် လွတ်လပ်စွာ စီးကျလာတော့သည်..။
နိုင်ထူးရယ်...နင် မြင်လားဟမ်...နင့်အစ်မ အခုတော့ ဒီလို အစော်ကားခံနေရပြီ...။
“အဓိပ္ပာယ် မ ရှိတာ သိပေမဲ့ တစ်ခါတလေ တိုက်တိုင်မှုတွေ ရှိလာတော့လည်း အမှတ်တမဲ့ မင်းကိုလွမ်းပါတယ်🎼 အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့ လွယ်ကူစွာ နဲ့ ငါမေ့မရဘူးကွယ်...တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ် နှစ်တွေ လတွေက အတော်ကြာပြီဘဲ...ဘယ်ဆီကို မင်းရောက်နေမလဲ...ဘာတွေကို မင်းလုပ်နေမလည်း..ဘယ်သူနဲ့ မင်းရှိနေမလည်း....တွေးမိပါတယ်...လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ သတိရပါတယ်...”
လတ်ဘေးမှာ ကျနေတဲ့ဖုန်းက သီချင်းသံထွက်လာချိန် အမှတ်တမဲ့ ကြည့်လိုက်တာ နိုင်ထူးလတ် ဆိုတဲ့ နာမည် အပြည့်အစုံ ထည့်ထားသည်..။
“ဟလို...ငနောင်..အဆင်ပြေလား...မလတ်ကော...”
“ငါပါ...”
“ဟာ..မလတ်...အခုဘယ်မှာလည်း..”
“နိုင်ထူး..နင့်ကြောင့်...ဟီး..”
လတ် စကားတွေထပ်မပြောနိုင်ပဲ ရှိုက်ကြီး တငင် ငိုကြွေးရင်း အသံတွေတောင် ပျောက်ရှကုန်ရသည်..။
“မလတ်...နားထောင်..ငါ့မှာ အချိန်မရှိဘူး..နင် အခု နောင် နဲ့ တူတူ နေတာမလား..လုံခြုံပါတယ်..ခဏပါပဲ..ငါ အချိန် တစ်ခုစောင့်ပြီးရင် ပြန်လာမှာပါ..ခဏ သည်းခံနေနော်....နောင် ကလည်း နင့်ကို အစ်မတစ်ယောက်လို စောင့်ရှောက်မှာပါ...စိတ်ချရပါတယ်...နော်..မလတ်…ဟ…ကြားလား…”
လတ်အနားမှာ ပြုတ်ကျနေတဲ့ စာရွက်တွေကို တွေ့တော့...
“ဘာစောင့်ရှောက်မှာလည်း..လက်ထပ်စာချူပ်ကြီးချပေးနေတာ..”
“ဟမ်...လက်ထပ်စာချူပ်...”
“အမ်း..”
“နေပါဦး..လက်ထပ်စာချူပ်ဆိုတာ ဘာလည်းကွ......ဟမ်….သြော်...အဲလိုလား...”
တစ်ဖက်ကို လှမ်းပြောသလို အသံသဲ့သဲ့ ကြားရပြီး ခဏကြာတော့ ချောင်းဟန့်သံပါ ကြားရသည်.။
“ဒါက ဒီလိုပါ...ရဲတွေက မလတ်ကို မင်္သကာဘူးတဲ့..အဲဒါ မလတ် နဲ့ နောင်က လင်မယား..ငါ နဲ့ တူတူ မနေတာ ကြာပြီလို့ ပြောလိုက်ရင် မလတ်လည်း ဒီပြသာနာက  လွတ်သွားအောင်ပါ.....သူနဲ့ ခဏတူတူနေလိုက်နော်... သိလား....”
“သူက..”
“ငနောင် က ယုံရပါတယ်...”
“သူ့ကြောင့် နင် ခုလို ဖြစ်တာမလား..”
“ဘယ်ကသာ သူက ငါ့ကို လိုက်ကူညီနေတာပါ...မလတ် ပြောတဲ့ အတိုင်းလုပ်ပါနော်...”
အသည်းအသန် ဖုန်းပြောနေရသည့် အဖြစ်ကို သတိရတော့ ကိုယ့် အကြောင်းတွေထက် နိုင်ထူးကို စိတ်ပူလာမိသည်..။
“ဘယ်လိုဖြစ်တာလည်း ဟယ်...နင် ဘာသွားလုပ်လို့ ရဲဖမ်းရတာလည်း....နင် အဆင်ပြေလား...”
“ဆေးသုံးလို့ပါ.. အခုအဆင်ပြေပါတယ်...သူပို့ထားတဲ့ နေရာက လုံခြုံတယ်..ဒါပဲနော်......ငနောင်က အခု ငါတို့ နှစ်ယောက်စလုံးကို ကူညီနေတာပါ…သူ့စကားကို နားထောင်နော်…အခြေအနေ နဲ့ အချိန်အခါ လိုက်နေလိုက်ပေါ့ဟာ...နော်....ဒါပဲသိလား...”
“အေးပါ…နင်..ဂရုစိုက်နော်..”
ဖုန်းချသွားတော့မှ လတ် မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး ဆိုဖာဘေးမှာ ကျနေတဲ့ စာချုပ် နှစ်ရွက်ကို ကောက်ယူကြည့်မိသည်..။
သူ့ နာမည်က..
သတိုးမင်းနောင် တဲ့လား...
တင်းမာ ပြတ်သားလွန်းသည့် မျက်နှာကို ပြန်မြင်ယောင်မိချိန်
သူနဲ့ တူတူနေရဖို့ ကြောက်စိတ် ဖြစ်လာသည်။
ရိုက်လိုက်တာကို သတိရတော့ လက်ဖဝါးက နာကျင်လာသလိုလိုပင်...။
လတ်မှားသွားပြီလား ...။

*✭˚・゚✧*・゚*✭˚・゚✧*

အင်း..ဖတ်ရတာ တစ်မျိုးတွေ ဖြစ်ကုန်ပြီ ထင်ပါရဲ့ 🙏😥💔

ဟိ မနေ့က အပိုင်းက တော်တော် အဆက်မမိ ဖြစ်သွားတယ်နော်
တောင်းပန်ပါတယ်ရှင့်🙏
နောက်ဆို အခုလိုမျိုး မဖြစ်အောင် ၅နှစ်ခန့်ကြာသော်ဆိုတာမျိုး ထိုးပေးပါမယ်နော် ဟီး စသာပါ စိတ်မဆိုးပါနဲ့
နောက်ဆို ကောင်းကောင်းလေးဖြစ်အောင် ကြိုးစားရေးပါ့မယ်..❤💪📒

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးလို့
အသည်းလေးတွေ အားလုံး
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now