Part 20

6.2K 273 3
                                    

စွဲနေပြီ
အပိုင်း(၂၀)
#စွဲနေပြီ

“မလတ်…”
“…….”
“မလတ်…”
“….”
“မလတ်ဆို…”
မျက်နှာထား စူပုတ်ပုတ် ဖြင့် မီးဖို ရှေ့မှာ အလုပ်ရှုပ်နေပြီး အနားလေး ကပ်ခေါ်နေတာ မထူးတော့  နောင်ခေါင်းကိုက်နေလို့ စိတ်တိုတို ဖြင့် အော်ခေါ်လိုက်သည်..။
“ဘာလည်း..”
မလတ်ရဲ့ ခပ်ဆောင့်ဆောင့် စကားသံထွက်လာတော့မှ နောင် လက်နောက်ပစ်ပြီး အသံတိုးတိုးဖြင့်…
“နောင်…ညတုန်းက သောင်းကျန်းခဲ့တာ ဆောရီးပါ….”
“ညတုန်းက နင်ဘာလုပ်တာလည်း မှတ်မိလား..”
“မှတ်မိတယ်…”
“နင် အခု ဘယ်လို တာ၀န်ယူမှာလည်း…”
“မလတ် ကြိုက်တဲ့ အပြစ်ပေးလေ…”
“ဒေါ်လေးပုတို့ ကို သွားတောင်းပန်ဦး..ပြီးရင်…နင့်ကြောင့် ပေကုန်တဲ့ ခြင်ထောင်လျှော် စောင်တွေပါလျှော်လှန်း..”
“အင်း..ဒါပဲလား..”
“ဟုတ်တယ်…”
မလတ်ကို ကျောခိုင်းပြီး ဒေါ်ပုအခန်းကို သွားတော့ ဒေါ်ပုက သရက်ပင်အောက်မှာ မမိုးတို့ဖြင့် တူတူ ထိုင်နေသည်..။
“ဒေါ်လေးပု..”
“သြော်…နောင်လေး..”
“ညက နောင်ဆိုးသွားတယ်…ခွင့်လွှတ်နော်..”
“အဟွင်း..လိမ်မာတာပေါ့.ကိုယ်လုပ်တာ ကိုယ်မှတ်မိတယ်ဆိုတော့ တော်တယ်…ညက အကုန်လုံးရယ်လိုက်ရတာမပြောပါနဲ့..”
“ဟင်..”
‘သား သီချင်းဆိုသံက ကောင်းတာကိုး…နည်းနည်းလေး လွဲနေသလားလို့..”
နောင် ရှက်လို့ ခေါင်းငုံ့ထားရင်း ဒေါ်ပုရှေ့က သစ်ရွက်ခြောက်ပုံကို သိမ်းပြီး အမှိုက်ခြင်းထဲ ထည့်ပေးခဲ့လိုက်သည်..။
မမိုးတို့ ရယ်သံ မဆုံးခင် အခန်းဘက်ကို ခပ်သွက်သွက် ပြန်လာခဲ့ရသည်..။
“ဘယ်မှာ ထည့်လျှော်ရမလည်း..”
“မမိုး ရေဇလုံထဲ ထည့်လျှော်လိုက်..”
မိုးတောင် သိပ်မလင်းခင်  ခြင်ထောင်ယူပြီး ရေတွင်းဆီ ထွက်လာခဲ့ရတာ ခေါင်းက ကိုအောင်ဦး အကူအညီတွေ တန်ခိုးပြပြီး တော်တော် ဆိုးဆိုးဝါးဝါး ကိုက်နေပြန်ပြီ..။
“ဟတ်ချူး..”
ရေခပ်နေတာ သုံးအိုးပဲ ပြီးသေးတယ် နှာခေါင်းပိတ်ချင်သလို ခေါင်းကလည်း ပိုကိုက်လာသည်..။
အပေါ်ပိုင်း အ၀တ်မပါတော့ ကိုယ်ထဲ စိမ့်အေးလာ၍ တစ်ခါမှ မလျှော်ခဲ့ဖူးပဲ ရေခပ်ပြီး လျှော်ရလို့ တစ်ကိုယ်လုံးလည်း စိုရွဲနေပြီ…။
ခြင်ထောင် ကို ပြီးအောင် ဆက်လျှော်ပြီး အ၀တ်တန်း မရှိလို့ ရေတွင်းဘေးမှာ ရပ်ခါ နေပူထဲ ဝါးလုံးကို တန်းလုပ် ရသေးသည်..။
မလတ် ကတော့ ထမင်းအိုးတည်လိုက် ဟင်းအိုးပြင်လိုက်ဖြင့် နောင့်ဆီကို အကြည့်တောင် ရောက်မလာပါဘူး..။
တာ၀န်ယူပါတဲ့…။
ငယ်ငယ်ကတည်းက ကိုယ့်တာ၀န်ပဲ ကိုယ်ယူနိုင်တဲ့ အတ္တစိတ်တွေ အမြဲပြည့်နေတဲ့သူ..။
ပတ်သက်ဖူးခဲ့တဲ့ သူတိုင်းကို တာ၀န် မယူနိုင်ပါဘူးလို့ ကြေငြာထားပြီးသား…
ဒါပေမဲ့ မလတ် နဲ့ပတ်သက်လာရင် အရွယ်မရောက်ခင် ကတည်းက တာ၀န်ယူချင်စိတ်တွေ ဖြစ်နေခဲ့ရတယ်လေ…။
ဘာဖြစ်လို့များလည်း…အဖြေ တစ်ခုကို သိနေရဲ့ နဲ့ ခေါင်းရမ်းခါ မေ့ပျောက်ဖို့ ကြိုးစားလိုက်သည်..။
ခြင်ထောင်ကို ရေစင်အောင် လက်မောင်းအားထည့် ခါပြီး ရေခပ်သွက်သွက်ချိုးခါ အခန်းဘက် ပြန်လာခဲ့သည်..။
“မလတ်…ဟာ..မလတ်…”
နောင် ခေါင်းပေါ်က တာဝါအပိုင်းစကို ပစ်ချလိုက်ပြီး ခေါင်းအုံးဘေးနားကို ငုံ့ရှာကြည့်သည်..။
“မလတ်…ဒီက ဆေးလိတ်တိုကော..”
“ဟမ်..ဆေးပေါ့လိတ်ကြီးလား..ကိုအောင်ဦး ကျန်ခဲ့တယ်..မှတ်လို့…ပစ်လိုက်ပြီ..”
“ဟ..”
မလတ်က လှမ်းပြောပြီး ထမင်းအိုးဆီ အာရုံပြန်ရောက်နေပေမဲ့ နောင် အင်္ကျီ  င်္အိတ်ထဲကို နှိက်ကြည့်လိုက်သည်..။
မဟုတ်ဘူး..မဟုတ်ဘူး..ဘယ်လောက် မူးမူး ဒီလို မရူးပါဘူး….။
သေချာ မှတ်ပြီး အိတ်ထဲ ထည့်ထားတာ..အကျီ င်္တောင် နေရာရွေ့တာ မဟုတ်ဘူး..။
“မလတ်…နောင့် အင်္ကျီ  ကိုင်သေးလား..”
“အင်း..”
“အဲဆို အထဲက အတုံးလေးကော..လေးထောင့်လေးလေ…ပလတ်စတစ် အကြည်ရောင် ပတ်ထားတယ်…”
“မရှိတော့ဘူး..”
“ဟမ်..ဘယ်ရောက်သွားလည်း...”
“အိမ်သာထဲ ချလိုက်ပြီ…”
“ဗျာ..”
နောင် ခေါင်းထိုးကိုက်သွားလို့ နဖူးကို လက်နဲ့ ဖိပြီး ထိုင်ချလိုက်တာတောင် ရင်တွေ တုန်နေလို့ အဆင်မပြေနိုင်သေး…။
အာကာတို့ဆီက ယူထားတဲ့ ပိုက်ဆံ…ြ့ပီးတော့ လမ်းကြောင်းတွေကြောင့် အရမ်းရှားပါးနေတဲ့ ပစ္စည်း…
ဒါတွေ မရှိရင် ကိုယ်ဘယ်က ထပ်ရှာပေးရမှာလည်း..။
“မလတ်..ဘာဖြစ်လို့..ဘာဖြစ်လို့ပစ်လိုက်တာလည်း..”
“ဆေးခြောက်တွေ မို့လို့လေ…ငါ့မောင်လည်း ဒါကြောင့် ၀ရမ်းပြေး ဖြစ်နေတာ..အခုလည်း အဖမ်းမခံနိုင်ဘူး.”
“မလတ်….”
နောင် ဒေါသကြောင့် အသံကုန် အော်ပစ်လိုက်ပြီး ဘာကိုမှ အပြစ်ရှာလို့ မရတဲ့ အဆုံး အိမ်ပြင် ထွက်လာခဲ့ရသည်..။
“အား…”
ရေတွင်းအနား မှာ မျက်လုံးစုံမှိတ်ရင်း ထိုင်နေတာတောင် အဆင်မပြေနိုင်သေး..။
ဒေါသကြောင့် ရေတွင်းအနားမှာ ပေါက်နေတဲ့ တစ်ရပ်ကျော် ကွမ်းသီးပင်ကို ကောင်းကောင်း ကန်ပစ်လိုက်သည်..။
နိုင်ထူးရဲ့အသီးတွေ မလတ် ပစ်လိုက်တုန်းက နောင် အော်ရယ်ခဲ့ဖူးသည်..။
၀ဋ်လည်တာတော့ လွန်ပါတယ်…အခုတော့….ကျစ်….။
“အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့ လွယ်ကူစွာ နဲ့ ငါမေ့မရဘူးကွယ်.🎼..တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ် နှစ်တွေ လတွေက အတော်ကြာပြီဘဲ...ဘယ်ဆီကို မင်းရောက်နေမလဲ...ဘာတွေကို မင်းလုပ်နေမလည်း..ဘယ်သူနဲ့ မင်းရှိနေမလည်း....တွေးမိပါတယ်...လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ သတိရပါတယ်... ..”
“နောင်..ဖုန်းလာနေတယ်…”
မလတ်က ဖုန်းယူလာပြီးပေးတော့ နောင် ဆောင့်ဆွဲယူလိုက်ပြီး ခပ်ဝေးဝေးကို လျှောက်လာခဲ့လိုက်သည်..။
“ဟလို..”
“ယောက်ဖ…အန်ကယ်က..”
“အေး..နိုင်ထူး…မင်း..အတော်ပဲ…မင်း အစ်မ ဘာလုပ်လည်း သိလား..”
“ဟင်..ဘာဖြစ်လို့လည်း..”
“ငါကွာ…ဒေါသထွက်လို့ သေတော့မယ်…”
“မင်းတို့ကလည်း နေ့တိုင်းပါပဲလား..ကျစ်…မင်းပြောလေကွာ…ဘာဖြစ်တာလည်း ပြောမှ သိမှာပေါ့…”
“ငါ့လေးဖြူ တွေ အကုန်ပစ်လိုက်ပြီ..”
“ဘာလေးဖြူလည်း..”
“BoB လေ..ဘင်္ဂလားကွာ…မသာ..ဒီလောက် တုံးပြမနေနဲ့…ငါ ေ×ာက်ခွက်ကို ဆွဲထိုးမိတော့မယ်..”
“ဟား..ဟား..စိတ်လျော့ပါကွာ…ဖုန်းနဲ့ ပြောနေတာပါဟ…မင်းကလည်း မိုးမလင်းသေးဘူး…လစ်နေပြီ..”
“မသိဘူးကွာ…ညတုန်းက တိုင်တစ်၀က်ချန်ထားတာ အဲဒါလည်း ပစ်လိုက်ပြီ…ငါကွာ စိတ်ရှိလက်ရှိ တီးပစ်ချင်လိုက်တာ…”
“ဟ..မလုပ်ဘူးမလား..”
နိုင်ထူးက ပျာပျာသလဲမေးတော့ နောင် နှုတ်ခမ်းမဲ့ပြီး အခန်းဘက်ကို ကြည့်လိုက်တာ မလတ်က ပြန်တီးမဲ့ ပုံစံမျိုး ထိုင်နေသည်..။
“မလုပ်ရဲပါဘူး..အသက်ကြီးနေလို့နော်..”
“မင်းလို ငရဲက လာတဲ့သူက ပြာပူကို ကြောက်ပြနေပြန်ပြီ…”
“ကျစ်..”
“ပြန်၀ယ်ပေါ့ကွာ..မင်းက သူဌေးပဲ…”
“ငါ့ဆို ဘယ်ကောင့်မှ မရောင်းရဲဘူး..ငါ့အကိုတွေ သတ်လိမ့်မယ်...အခုတောင် လိုင်းက ရတဲ့ ချိတ်ကွ…ကျစ်..မင်း အစ်မ မြန်မြန်လင်ရမှ အေးမှာပါ….ငါ လျှောက်ပြောဦးမယ်..”
“ယောက်ဖရာ မင်းပြန်အမ်းတာဆိုတော့ ဘယ်ကောင်က ယူရဲတော့မှာလည်း…မင်းပဲ တစ်သက်လုံး အတွက်သိမ်းထားလိုက်တော့..ရွှေယောက်ဖရေ…”
“မင်း ပါးစပ်စီးပြီး အဲလိုခေါ်နေလို့ အခုလို ဖြစ်တာသလား..”
“ဘာမှ လည်းဆိုင်ဘူး..”
“ကျစ်..မိန်းမယူရင်ဆိုတဲ့ စိတ်ကူးလေး အခုတော့ အိမ်သာကျင်းထဲ ကျသွားကတည်းက ပျောက်သွားပြီ..”
“ပြန်ကောက်လေ..”
“တွီ..”
“အန်ကယ်က ရန်ကုန်မှာ ဆက်နေမလား..မန္တလေး စက်ရုံကို သွားမလားမေးနေတယ်..မီနီ မားကပ်ကို တာ၀န် အစအဆုံး ယူနိုင်လားလည်း မေးတယ်…အဲလို ကြီး မေးတော့ ငါ မပြောရဲသေးဘူး..”
“မင်းက ဘာလုပ်ချင်လို့လည်း..”
“အိုကွာ..ငါ့အစ်မကို မင်းဆက်ပြီးကြည့်ရှုထားပေးပါလို့..ဟဲ..ဟဲ…”
“မစောင့်ရှောက်နိုင်ဘူး ဟေ့ကောင်….တကယ်ယူလိုက်တော့မယ်..”
“မင်းသဘောပဲလေ…အဲဒီ့ အခါကျရင်တော့ ခုလို လှမ်းတိုင်လို့ မရတော့ဘူးနော်…မင်းခေါင်းစဉ်ဖြစ်သွားပြီ..ဟေး..ဟေး….ငါက လွတ်ပြီ..ကျွတ်ပြီ…ဟေး..”
“ခွေးကောင်..”
နောင် ဖုန်းချပြီး အခန်းထဲ ပြန်ရောက်တော့ မလတ် မရှိတော့ဘူး..။
သူ့ဖုန်းနဲ့ အိတ်ပါ မရှိတော့ အလုပ်သွားပြီ ဆိုတာ သိလိုက်သည်..။
မနေ့က  ဘယ်လောက်တောင် ခံစားခဲ့ရလည်း ဆိုတာ ပြန်မတွေးချင်…။
နောက်ကျလို့ ဆိုင်ထဲ လိုက်သွားတော့ မလတ် နဲ့ သူ့သူဌေးက ညနေ ကတည်းက ထွက်သွားတာ ပြန်မလာသေးတာတဲ့လေ…။
ဖုန်းဆက်ကြည့်တော့လည်း ဖုန်း မကိုင်တော့ စိတ်ပူခြင်းက ရေဆူမှတ်ကို ကျော်သွားသည်..။
မလတ်ဖုန်းက ယူထားတဲ့ သူ့သူဌေး ဖုန်းကိ်ုဆက်လိုက်တော့ မလတ် မောင်လေး အထင်ဖြင့် ဖုန်းသွားပေးမယ် ပြောသေးသည်..။
“မပေးနဲ့…ငါ..မင်းနဲ့ စကားပြောချင်တာ..”
“သြော်..ပြောပါ…”
“မင်း အခု ပတ်သက်နေတဲ့ မိန်းမက ငါနဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တရား၀င် လင်မယား…”
“ဟမ်..ဒါဆို….လတ် က လိမ်ထားတာလား..”
“မဟုတ်ဘူး..သူ့မောင်က ငါ့လိုပဲ ဆေးသမား..အခု ဆေးဖြတ်စခန်းကို ရောက်နေတယ်…မလတ်  က တစ်ကောင်ကြွက် …အဲဒါကြောင့် သူ့မောင် ကိုယ်စား ငါ စောင့်ရှောက်ပေးနေတာ…လက်တွေ့မှာ မောင်နှမလိုပဲ ဘာအကန့်မှ မရှိဘူး…မလတ် မင်းကို ဘာမှ မလိမ်ထားဘူး..စာချုပ်ကလည်း ငါတို့ကြားမှာ စာချုပ်သပ်သပ်ပဲ သူ့မောင် ပြန်လာရင် ပြီးပြီ…”
“ဒါဆို မင်းက ဘာလို့ ၀င်ပြောနေသေးလည်း..”
နောင်ကိုယ်တိုင် အမြင်မကြည်လို့ မင်း ငါ နဲ့ ရိုင်းလိုက်ပေမဲ့ တစ်ဖက်က ခပ်တင်းတင်း ပြန်ပြောလာတော့ မျက်မှောင်ကြုတ်မိသွားသည်..။
“မလတ်ကို ငါ စောင့်ရှောက်ပေးနေရတာ..မင်း အပျော်ကြံရုံဆို နောက်ဆုတ်လိုက်.. တစ်ဘ၀လုံး တာ၀န်ယူနိုင်ရင် ယူ…ငါ ချက်ချင်း ကွာပေးမယ်…ဟိုလိုလို…ဒီလိုလို နဲ့ နှိုက်မြည်းရုံဆို မေ့လိုက်…မင်း ဦးတည်ထားတဲ့ သားကောင်က ခြင်္သေ့ တာ၀န်ယူထားရတဲ့ ၀က်ကလေး…သဘောပေါက်လား..”
“အဟွင်း..ပေါက်ပါပြီ…ကိုယ်..မင်း အစ်မ နဲ့ တိုင်ပင်လိုက်ပါ့မယ်..ပြီးတော့မှ  မင်းဆီမှာ လာတောင်းမှာပေါ့ကွာ…ဟင်း.ဟင်း..”
နောင် အံကြိတ်ပြီး ဖုန်းကို ချလိုက်ခါ ဒေါသကြောင့် ဘေးက ဗာဒံပင်စည်ကို လက်ဝါးဖြင့် ရိုက်ပစ်လိုက်သည်..။
မလတ်မှာ  ယောင်္ကျား အမည်ခံနေတဲ့ သူစိမ်းတစ်ယောက်နဲ့ တူတူ နေရတယ် ဆိုတာတောင် မတုန်လှုပ်ဘူး..။
သူ့ဘက်က ဘယ်လောက်တောင် ပိုင်နေလို့ အခုလို ပြောနိုင်တာလည်း..။
နောင့် အတွေးတွေဖြင့် ရင်ပူလာခါ လမ်းမကို တစ်ချက် မျှော်ကြည့်မိသည်..။
အရာအားလုံး ဖြစ်ချင်ရာဖြစ် ဆိုပြီး ဂရုမစိုက်စိတ်ကို နှလုံးသွင်းတက်တဲ့ နောင်က မလတ် နဲ့မှ အရူး တစ်ပိုင်း ဖြစ်ရသည်..။
အချိန်တွေ အကြာကြီး ထိုင်စောင့်နေရင်း စိတ်တွေ မွန်းကြပ်လွန်းလို့ ထွက်ပေါက်ရှာတဲ့ အနေနဲ့ မီးညှိလိုက်မိသည်..။
အရာအားလုံး လစ်နေချိန် ပျော်ရတာကို ကြိုက်ပါသည်..။
မလတ်ကိုသာ မေ့နေရင် အရာအားလုံး စိုပြည်နေတာပဲ မလား….။
မေ့ချင်လို့ကို ကိုအောင်ဦး ဆီ သွားပြီး ထပ်တောင်းချခဲ့ရသည်။
အခုတော့ မလတ်ကြောင့် ပိုက်ဆံ နှစ်သိန်း အရေးတကြီး လိုအပ်နေပြီ…။
နောင့်လက်ချောင်းတွေ ဖုန်း မျက်နှာပြင်မှာ ပြေးရင်း ပထမဆုံး မာမီ့ဆီကို ဆက်လိုက်သည်..။
“မာမီ့….နောင့်ကို နှစ်ပုံး ခဏပေးပါ…”
“ဒက်ဒီ့ကို ပြောလေ…”
“မာမီရာ..နောင် တကယ်အရေးကြီးနေလို့ပါ..”
“နင်တို့ သားအဖကြား ငါမပါဘူး..”
မာမီက ပြတ်သားစွာပြောပြီး ဖုန်းချသွားတော့ နောင် စိတ်ပျက်စွာ ဆံပင်တွေကို ထိုးဖွလိုက်မိသည်..။
ကျစ်..မာမီတောင် အကန်တွေ ပြောနေရင် အကိုတွေကတော့ ပိုဆိုးပြီ…။
အကြောင်းရှိမှ ဆက်သွယ်ရသည့် အဖေတူ အမေကွဲ ညီတော်မောင် သတိုးမင်းစိုး ဆီကို ဖုန်းခေါ်လိုက်သည်…။
“ဟလို..”
“ကိုနောင်လား..”
“အေး…မင်းစိုး…ငါ့ဆီ နှစ်ပုံးလောက် ခဏပေးစမ်းပါ…”
“ဟို..ဒက္ဒီက…”
တွန့်ဆုတ်ဆုတ် ပြောနေကတည်းက သဘောပေါက်လိုက်ပါပြီ….ဒက်ဒီ့ကို လွန်ဆန်ပြီး နောင့်ကို ဘယ်သူမှ ကူညီရဲမှာ မဟုတ်ပါ…။
“အေး..ဒါပဲ..”
“ဟာ..ကိုနောင်….ကျွန်တော် ပေးပါမယ်…ဒါပေမဲ့ ဒက်ဒီ့ကိုတော့ မပြောပါနဲ့နော်..”
“ကျေးဇူးပဲ..”
“ကျွန်တော် ဘယ်ကို လာပို့ပေးရမလည်း..”
“မင်း…ငါ့သူငယ်ချင်း အာကာ့ ဆိုင်ကို သိတယ်မလား..”
“ဟုတ်…”
“အေး..အဲမှာ့ အာကာ့ကို သွားပေးလိုက်…ပစ္စည်း အဆင်မပြေဘူးလို့ပါ ပြောလိုက်..”
“ဗျာ..”
“ငါ စိတ်ချမယ်နော်..”
“ဟုတ်…ဟုတ်ကဲ့..”
နောင် ဖုန်းချပြီး သက်ပြင်းလည်းချလိုက်ရသည်..။
တော်ပါသေးရဲ့….အမေ မတူပေမဲ့ ကူညီတက်တဲ့ ကောင်မို့လို့…။
ကိုယ့်ညီအစ်ကိုတွေတောင် သိပ်အရောတ၀င် မနေဖြစ်တဲ့ နောင့်ကို သူတို့က ဘာဖြစ်လို့ ခင်မှန်းမသိ..။
တစ်ခုခု ဖြစ်တိုင်း အားတက်သရော ကူညီတက်သည်..။
ဒေါ်လေးပု ပြောသလို ချစ်မွှေး ပါလို့ဖြစ်မှာပေါ့လေ…နောင် ကိုယ့်အတွေးနဲ့ ကိုယ် ပြုံးပြီး ကားမှတ်တိုင် ကို ရောက်ခဲ့သည်..။
နောင် အလုပ်ကို ရောက်တော့ ကိုပြည့်စုံကို သွားမတွေ့တော့ပဲ မနေ့က အလုပ်ကို လက်စသတ်ဖို့ သာ စီစဉ်ရသည်..။
ကိုယ့်လုပ်တဲ့ ဒီဇိုင်း က ထူးခြားဆန်းသစ်ပြီး အများထက် ပိုမြန်ရမယ် ဆိုတဲ့ ခံယူချက်ကြောင့် ကွန်ပျူတာ မျက်နှာပြင်က မျက်လုံး မခွါနိုင်….။
“အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့ လွယ်ကူစွာ နဲ့ ငါမေ့မရဘူးကွယ်..🎼.တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ် နှစ်တွေ လတွေက အတော်ကြာပြီဘဲ...ဘယ်ဆီကို မင်းရောက်နေမလဲ...ဘာတွေကို မင်းလုပ်နေမလည်း..ဘယ်သူနဲ့ မင်းရှိနေမလည်း....တွေးမိပါတယ်...လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ သတိရပါတယ်... ..”
နောင် လပ်တော့ပ်က အကြည့်မခွါပဲ ဖုန်းကို ကောက်ကိုင်လိုက်ပြီး တစ်ဖက်က စကားသံကို စောင့်နေမိသည်..။
“ဟ..ခေါ်ပြီးပြောလေ.”
“ဟမ်…အေးပါ..ဘာလို့ အော်တာလည်း..”
ဘယ်သူ မှန်းမသိလို့ ကွန်ပျူတာ ကြည့်ရင်း ပိတ်အော်လိုက်မိပြီး မလတ် အသံကြားတော့ မျက်လုံးပြူးမိသည်..။
အခုပဲ ထွက်လာတာကို …ဘယ်လိုဖြစ်ပြီး ဖုန်းဆက်ရတာလည်း..
“ဟလို…မလတ်လား..”
“အင်း…ထမင်းမစားဘူးလား…”
နောင် မျက်ခုံးတွန့်ရင်း ဘာကြောင့် ဒီမေးခွန်းမေးလည်း စဉ်းစားရတာ ပိုခက်နေပြီ..။
နောင့်ရဲ့ နေထိုင်စားသောက်မှုကို ဘယ်တုန်းက အရေးတယူ ရှိခဲ့လို့လည်း..။
“ထမင်းဘူးထားခဲ့တယ်လေ…”
“သြော်…အမ်း…ဟုတ်တယ်…မေ့ခဲ့တာ..မလတ် က အလုပ်မသွားသေး တာလား..အိမ်မှာလား..”
“ဟုတ်တယ်…စျေးက အပြန် အိမ်မှာ ပစ္စည်း ၀င်ထားတုန်း ထမင်းဘူးတွေ့လို့ပါ..”
“အင်း..”
“နင့်အတွက် စိတ်ပူလို့ လွင့်ပစ်လိုက်တာပါ…စိတ်ဆိုးမနေနဲ့…စေတနာကို စော်ကားလို့  ငရဲကြီးလိမ့်မယ် သိလား…ဒါပဲ…”
ဖုန်းချသွားတော့မှ သဘောပေါက်ပြီး နှုတ်ခမ်းကိုက်ခါ ပြုံးလိုက်မိသည်..။
နောင် စိတ်ဆိုးနေတယ် ထင်ပြီး လှမ်းချော့တာလား…။
အဟွင်း…ကျွန်တော့်မယား ဖက်စတားလေးက ခုလိုကျတော့ ပိုချစ်ဖို့ ကောင်းသွားပြန်ရော…။
.
“ဟင်း..”
လတ် ဖုန်းချပြီး သက်ပြင်းပါရောချခါ ဟင်းရွက်လှီးခုံမှာ ၀င်ရပ်လိုက်သည်..။
အလုပ်လုပ်ရတာ နောက်ဆံတင်းပြီး အဆင်က မပြေ…။
ညက တစ်ည လုံးသောင်းကျန်းထားတာ…ဒီ အဆိပ်တွေကြောင့် ဆိုတာ သိတော့ အားလုံး လက်စပျောက် လွင့်ပစ်လိုက်မိသည်..။
ဒါကို သူ ဒီလောက် ဖြစ်သွားလိမ့်မယ်…မထင်ခဲ့ပါ…။
မနက်က သူ့ပုံစံက တစ်ချိန်တုန်းက နိုင်ထူး နဲ့ ဘာမှ မခြားနားတော့ ပို စိတ်ပူရသည်..။
ကိုယ့်မောင်လေးကို သူက ကူညီပေးနေလို့ အခု ဆေးတောင် ပြတ်နေပြီတဲ့..။
သူ့ အဖေကလည်း နိုင်ထူးကို သူ့သား သူငယ်ချင်းမို့ ဂရုစိုက်ခါ အလုပ်တွေ ဘာတွေ ပေးထားပြီး နေဖို့ စားဖို့ အားလုံးကူညီပေးနေတာလေ…။
ဒါဆို ကူညီတဲ့သူကကော ဒီနွံထဲ ဘာလို့ ခုန်ဆင်းချင်နေရတာလည်း..။
သူစိမ်း တစ်ယောက်သာ ဆိုရင် လတ် ဂရုမစိုက်ပေမဲ့ နောင့်ကိုတော့ သံယောဇဉ် ရှိလို့ ညက ကောင်းကောင်းတောင် အိပ်မပျော်…။
ညက အမူးလွန်ပြီး သူအန်ထားတဲ့ ခြင်ထောင်တွေကို လျှော်ရင်း နှာမွှန်နေတော့ တားမိဦးမလို့…။
နိုင်ထူးလိုပဲ သူလည်း ကိုယ့်မောင်လေး တစ်ယောက်လိုပါပဲ…။
ဆိုင် အတွက် ခရမ်းချဉ်သီးတွေ တော်လို့ အများကြီး ၀ယ်ခဲ့ပြီး အိမ်အတွက်လည်း ၀ယ်လာတော့ ပြန်ထားရင်း ထမင်းဘူးတွေ့တော့ ဖုန်းဆက်မိသည်…။
အော်လိုက်တာ လိပ်ပြာတောင် လွင့်မတက်ဆိုတော့ စိတ်ဆိုးနေတုန်းပဲပေါ့လေ…။
သူ့ကောင်းဖို့ အတွက်ဆိုတာ သိရင်ကောင်းမှာပေါ့…ဒီလို ကိစ္စ နဲ့ ပတ်သက်လာတိုင်း  သူ့တို့အတွက် လတ် က ရန်သူကြီး ဖြစ်ရသည်လေ...။
“လတ်လတ်..”
“ရှင်..”
“နင့်ကို သူဌေးခေါ်နေတယ်…”
လုပ်ပြန်ပြီ..ဒီသူဌေး…လတ် လုပ်လက်စတွေ ထားခဲ့ပြီး လက်အိတ်ချွတ်ခါ ထွက်လာခဲ့ရသည်..။
“ထိုင်ပါဦး လတ်..”
“ဟုတ်..”
ကိုယ့်မှာ လွန်ဆန်ဖို့ အခွင့်အရေး မရှိသလို အရမ်း ဂရုစိုက်သိတက်တဲ့ သူမို့ မငြင်းရက်ပဲ ရှေ့ခုံမှာ ခပ်ကျုံ့ကျုံ့ ၀င်ထိုင်လိုက်ရသည်..။
“ညတုန်းက မင်းနောင် ကိုယ့်ကို ဖုန်းဆက်တယ်..”
“ရှင်..”
လတ် မျက်လုံး ပြူးရင်း မော့ကြည့်တော့ ကိုကျော်က ခန့်မှန်းရခက်တဲ့ အပြုံး တစ်ခုဖြင့် ခေါင်းညိတ်ပြသည်..။
ဒီကောင်လေး ဘာဖြစ်လို့ အလုပ်ရှင်ကိုမှ ဖုန်းပြောရတာလည်း..။
“လတ် နဲ့ သူ့ အကြောင်းတွေပြောပြီး ကိုယ့်ကို  သတိပေးသွားတယ်..”
“ဟင်..”
“ဟုတ်တယ်…သူနဲ့ လတ်က လက်မှတ်ထိုးပြီးလက်ထပ်ထားတဲ့ အကြင်လင်မယားတဲ့လေ..”
“အဲဒါ..”
“ကိုယ်ပြောပါရစေ…”
“ဟုတ်..”
“ဟန်ဆောင် သဘော လက်ထပ်ပြီး အစ်မ တစ်ယောက်လို စောင့်ရှောက်ထားရတယ်လို့လည်း ပြောပါတယ်…”
လတ် သက်ပြင်းခိုးလေး ချပြီး ရှေ့စားပွဲက ဇွန်းထည့်တဲ့ ခွက်ကလေးကို သာ ငေးကြည့်နေမိသည်..။
အခုတော့ လျှိုဝှက်ချက်တွေ အကုန်သိကုန်ပြီပေါ့ နောင်ရယ်…။
နင့်ကို ဘယ်လို နားလည်ပေးရမလည်း…။
သူစိမ်း တစ်ယောက်ကို ဒီအကြောင်းတွေ နင် ပြောပြစရာ လိုလား…။
“သူပြောတာတွေ ဟုတ်လား..ဟင်..”
“ဟို…ဟုတ်ပါတယ်…ကိုကျော်..လတ် တမင် လိမ်ထားတာ မဟုတ်ပါဘူး..”
“လတ် ကို ကိုယ် တာ၀န်ယူချင်တယ်…တစ်ဘ၀လုံး အတွက်ပြောတာပါ..”
“ရှင်..”
လတ် မျက်လုံးပြူးပြီး မော့ကြည့်တော့ ကိုကျော်က ပြုံး၍ ခေါင်းညိတ်ပြခါ…။
“ဟုတ်တယ်လေ….ကောင်လေး ပြောစကားအရ…သူလည်း လတ်ကို အစ်မ တစ်ယောက်ထက် မပိုသလို..လတ် ဘက်ကလည်း ဒီတိုင်းပဲနေမယ်…သူစိမ်း တစ်ယောက်က အခုလို အခန်းကျဉ်းလေးထဲ တူတူနေပြီး စောင့်ရှောက်ပေးနေရတာ အဆင်မပြေပါဘူး..ကိုယ်က လတ် ကို ချစ်တယ်..မြတ်နိုးတယ်…တစ်ဘ၀လုံး စောင့်ရှောက်ဖို့ အတွက်  လက်ထပ်ချင်တယ်..”
“ဟင်…”
“ကိုယ့်အတွက် အဖြေစဉ်းစားနေဆဲ ဆိုရင် လက်ထပ်ဖို့ပါ ထည့်စဉ်းစားပေးပါ..လတ်ကို ကိုယ် မခွဲနိုင်ဘူး..”
“ကိုကျော်…ကိုကျော်…က လတ် တို့ နှစ်ယောက် တစ်ခန်းထဲ တူတူ နေတာ သိရဲ့သားနဲ့ လက်ထပ်မယ် ဆိုတာ…”
“ကိုယ် ယုံတယ်လေ…ကိုယ်ချစ်တဲ့ လတ်က ဘာတွေပဲ သတင်းထွက်ထွက် ကိုယ် လိုချင်တာ လတ်ပါပဲ…လတ်ရင်ထဲမှာ..ဘယ်သူမှ မရှိတာ သေချာရင် ကိုယ့်ကို စဉ်းစားပေးပါ..အဖြေရတာနဲ့ ကိုယ်တို့ ရုံးတက် လက်မှတ်ထိုးမယ်…သူနဲ့ ကွာရှင်းဖို့တော့ လိုတာပေါ့….”
“ရှင်..”
“လတ် က ကိုယ့်ကို ဘာလို့ မယုံကြည်တာလည်း..”
“ဟို…ကိုကျော်က လတ်ရဲ့ သူဌေးလေ…ပြီးတော့ လတ် က ..”
“မလိုပါဘူး..လတ်နဲ့  ကိုယ်က အဆင်ပြေပါတယ်ဆို ပြီးတာပဲကွာ….တစ်ခြား မစဉ်းစားပါနဲ့  ကိုယ့်ကို ချစ်ဖို့ပဲ စဉ်းစားပေးပါနော်…”
ကိုကျော်ရဲ့ အပြုံး မျက်နှာကို ငေးကြည့်ရင်း လတ် မျက်ရည်စို့တက်လာရသည်..။
လတ် ဘ၀မှာ ဒီလို မျိုး အချစ်ခံရဖို့ အိမ်မက်တောင် မမက်ခဲ့ဖူးပါဘူး…။
ယောင်္ကျား တစ်ယောက် နဲ့ လက်မှတ်ထိုး လက်ထပ်ပြီး တစ်ခန်းထဲ တူတူ အိပ်နေရတဲ့ မိန်းမ တစ်ယောက်ကို ပြောသမျှ ယုံပြီး လက်ထပ်ပေးဖို့ အထိ တာ၀န် ယူချင်နေတဲ့ ကိုကျော်လို ယောင်္ကျားမျိုး ကမ္ဘာပေါ်မှာ များများစားစား မရှိတာ လတ် သိပါသည်..။
ပြီးတော့ အဆင့်အတန်း လုံး၀မတူတဲ့ တည်ကြည်  ခန့်ညားတဲ့ သူဌေး တစ်ယောက်က လတ်လို ပန်းကန်ဆေး အိုးတိုက် အဖြစ် ၀င်လာတဲ့ ခပ်၀၀ မိန်းမ တစ်ယောက်ကို ချစ်လို့ တစ်ဘ၀လုံး တာ၀န်ယူချင်သည်တဲ့လေ..။
“အို…မငိုပါနဲ့ လတ်ရယ်..ကိုယ် စိတ်မကောင်းဖြစ်အောင်တော့ မငိုပါနဲ့…”
“လတ်….လတ်…၀မ်းနည်းလို့ မဟုတ်ပါဘူး..ကိုကျော်ရယ်…”
“လတ် လို မိန်းမ မျိုးကို ကိုကျော်က ဒီလို ချစ်တယ် ဆိုတော့…”
“အိုကွာ….ကိုယ့်နှလုံးသားကို လတ်မှ မမြင်ရတာပဲ…ကိုယ့် အချစ်က လတ် ထင်တာထက် ပိုပြီး နက်ရှိုင်းပါတယ်ကွာ….”
“ချစ်တယ်မလား…ဒီလောက် ချစ်ပြနေတဲ့ ကောင်ကို မသနားဘူးလားဟင်…ချစ်လိုက်နော်…”
ကိုကျော့်ရဲ့ မျက်၀န်းညိုညိုတွေကို ငေးရင်း လတ် ခပ်လေးလေး ခေါင်းညိတ်လိုက်မိသည်..။
ချစ်တယ် ဆိုတာ ထိုသို့ သည်သို့ သေချာ မသိခင် ကိုကျော့်လို လူမျိုးက စိတ်ထဲက နစ်နစ်ကာကာ လေးစား နေမိပြီ မဟုတ်လား..။
ပတ်၀န်းကျင်က ပြောချင်တာတွေ ပြောကြပါစေတော့ လူ တစ်ယောက်ရဲ့ မြတ်နိုးကြင်နာတက်တဲ့ ချစ်ခြင်း မျိုး မခံစားရသူ အဖို့…ဒီလို အခြေအနေမှာ ခေါင်းညိတ်မိကြမှာပါ…။
“၀မ်းသာလိုက်တာကွယ်….ကိုယ်တို့ လက်ထပ်ပြီးရင် ကျောက်မြောင်းမှာ ကိုယ့်တိုက်ခန်း ရှိတယ်…အဲ့မှာ တူတူ နေကြမယ်နော်…”
“ဟင်…”
“အမြန်ဆုံး လက်ထပ်ချင်ပြီလို့ ပြောတာပါ…လတ် ကို စိတ်မချလို့ မဟုတ်ပါဘူး…လတ် ကို ကိုယ် မြန်မြန် ပိုင်ဆိုင်ချင်လို့ပါ…”
“ကိုကျော်…ဟို…”
“ရှုး..”
မျက်နှာ အနားကို ငုံ့ကြည့်လာတဲ့ ကိုကျော့်ကြောင့် လန့်ပြီး လတ် မျက်လုံး စုံမှိတ်လိုက်ပေမဲ့ နှုတ်ခမ်းတွေ နွေးသွားခါ ရင်တွေ တဒိန်းဒိန်း ဖြစ်နေရတာ အရှိန်မသတ်နိုင်..။
ဘ၀မှာ ပထမဆုံး အနမ်းကို ကိုယ့်ကို မြတ်နိုး တန်ဖိုးထားတဲ့ သူဆီက ရသည်မို့ ရှက်ရွံခြင်း နဲ့ ရင်ခုန်ခြင်း အချိုးကျပေါင်းစပ်နေသလိုပင်..။
“လတ်..”
ဆိုင်က ၀န်ထမ်းတွေကို သတိရတော့ လတ် ခုံကနေ ထပြေးလာတာ နောက်က လှမ်းခေါ်တာတောင် လှည့်မကြည့်ရဲတော့ပါဘူးလေ…။
ဟင်းရွက် လှီးလက်စ ၀င်လှီးနေပေမဲ့ ဘယ်သူတွေများ တွေ့သွားသေးလည်း ဆိုတဲ့ မေးခွန်းနဲ့ အတူ စိတ်ထဲမှာ မလုံမလဲ ဖြစ်ရသည်..။
ကိုကျော်ကလည်း ရဲလိုက်တာ ခေါင်းညိတ်ရုံလေး ကို ဒီလို လုပ်စရာလား..။
လတ် ကလည်း စကားတွေ အရမ်းများမိတာကိုး..။
ဒါကြောင့် ဒဏ်ခတ်တာလား…ဒဏ်ခတ်တာဆိုရင်တောင် တော်တော် အသားပါတဲ့ ပြစ်ဒဏ်ပါပဲ….။
လတ် သက်ပြင်းခိုးချရင်း ဟင်းရွက်တွေကိုသာ အာရုံစိုက်လှီးနေလိုက်သည်..။
.
“ကိုပြည့်စုံ…ဒီမှာ ဒီဇိုင်းရပြီ..”
“ဟာ..တစ်ပတ်လောက်ကြာမယ် ထင်ထားတာ..”
“အဟွင်း…ဒါနဲ့ ကျွန်တော် ပြန်လို့ရမလား..”
“ဘာဖြစ်လု့လည်း…မင်း..ချထားပြန်ပြီလား..”
နောင် ပြုံးရင်း ခေါင်းရမ်းလိုက်ခါ ခုံက ထလိုက်တော့ ကိုပြည့်စုံကလည်းထပြီး လက်ကို ကိုင်လိုက်သည်..။
“မင်း အဖျားရှိတယ် ထင်တယ်…နောင်…”
“ဟုတ်တယ်…ကိုယ်ထဲလည်း ချမ်းနေတယ်…”
“လာကွာ…ဆေးခန်းလိုက်ပို့မယ်..”
ကိုပြည့်စုံက ကားသော့ယူပြီး အပြင်ထွက်တော့  နောင် ခေါင်းရမ်း ခါ ငြင်းဆန်လိုက်ရသည်..။
စိတ်ထဲက ကားနှစ်ဆင့်စီးပြီး ပြန်အိပ်လို့ရမဲ့ အခန်းကျဉ်းလေးကိုပဲ တမ်းတနေမိတာပါ...။
“ဟလို….”
“မင်း အစ်မကို မင်းဆီက လာတောင်းရတော့မယ်..နေ့ကောင်း ရက်မြတ် ကိုယ်တွက်လိုက်ဦးမယ်နော်…စိတ်ချပါ လက်မထပ်ခင်..မင်း အစ်မကို ကိုယ် လက်ဖျားနဲ့တောင်မထိပါဘူး….အဲ…ဆောရီး..မနက်က စိတ်မထိန်းနိုင်လို့ စက္ကန့်ပိုင်းလောက် နမ်းမိတယ်…ထိခိုက်ဖို့ မရည်ရွယ်ပါဘူး..”
“တောက်..”
နောင် လက်ကိုတင်းနေအောင် ဆုပ်ကိုင်ပြီး ဖုန်းကို အိတ်ထဲထည့်ခါ မှတ်တိုင်မှာ ရပ်စောင့်နေလိုက်သည်..။
“ဟယ်…နောင်လေး…ဒီနေ့ စောလှချည်လား..”
“ဟုတ်တယ်…ဒေါ်လေးပု..”
နောင် စကားများများ မပြောနိုင်လို့ ခပ်တိုတို ဖြေလိုက်ပြီး အခန်းထဲရောက်တာနဲ့ ခေါင်းအုံးချပြီး ပစ်လဲအိပ်လိုက်ရသည်..။
နောင် တစ်ခါနိုးလာတော့ ညနေတောင်စောင်းနေပြီမို့ ထလိုက်တော့ ခေါင်းက မထူနိုင်အောင် ထိုးကိုက်နေပြီ..။
ပြန်သာ အိပ်နေရင် မလတ် ကို သွားခေါ်နိုင်ဖို့ မသေချာတာမို့ အခန်းပြင်ထွက်လာပြီး စဉ့်အိုးထဲက ရေဖြင့် မျက်နှာ သစ်လိုက်သည်..။
အလုပ်က အပြန် ၀ယ်လာတဲ့ ဆေးကိုသောက်ဖို့ သတိရတော့ ထမင်းအိုးကို ကြည့်ချိန် ထမင်းကုန်နေသည်..။
မယူသွားဖြစ်တဲ့ ထမင်းဘူးကို ဖွင့်စားပြီး ဆေးကို ရေနှင့်မျှောချခါ တိုင်ကို မှီရင်း မှေးနေရသည်..။
ကျစ်…နေမကောင်းဖြစ်ရင် တစ်ကိုယ်လုံး ဘာတစ်ခုမှ အဆင်မပြေ…။
တစ်ကိုယ်လုံးကိုက်ခဲနေပြီး..အိပ်ပဲ အိပ်ချင်တော့ မျက်လုံးကို အတင်းကြိုးစားဖွင့်ထားရသည်..။
ခြောက်နာရီ ခွဲပေမဲ့ အခန်းထဲမှာ နေလို့ မကောင်းလို့ လမ်းပေါ် ထွက်လာခဲ့လိုက်သည်..။
မလတ်တို့ ဆိုင်ဘေးက  အပင်အောက်မှာ မှီထိုင်ရင်း အိပ်ပျော်ချင်သလိုလို ဖြစ်နေတော့ မနည်း သတိထားရသည်..။
“ဟဲ့..”
“ဟင်..”
“ဘာတွေ သောက်ထားပြန်တာလည်း..”
နောင် ဘာမှ ခွန်းတုန့် မပြန်နိုင်ပဲ ခုံပေါ်က ဆင်းခါ ခြေလှမ်းတွေ မှန်အောင် ကြိုးစားလျှောက်ရပြန်သည်..။
မလတ်ကလည်း တစ်လမ်းလုံး ပွစ်ပွစိ စကားလုံးတွေ ခရားရေလွှတ်ပြောနေပေမဲ့ ကြားတစ်ချက် မကြားတစ်ချက်ဖြင့်သာ ငြိမ်နေရသည်..။
“ဟဲ့..မင်းနောင်…”
နာမည် ခေါ်လိုက်တော့ နေလိုိ့မကောင်းရတဲ့ ကြားထဲ စိတ်တိုရသေးသည်..။
တစ်လမ်းလုံးလည်း ဘာတွေ ပြောမှန်း မသိ အခုလည်း ပြောမကုန်သေးလို့ လိုက်လာပြန်ပြီ..။
နောင် အခန်းမှာ မှီထိုင်နေတော့ အခန်းထဲ ၀င်လာပြီး တစ်ချက်ကြည့်ခါ အနားမှာ ဆွေ့ခနဲ့ ထိုင်ချသည်..။
“နင် ဆေးတွေ ရှုပြန်ပြီလား..”
“ဟမ်..”
“မျက်လုံးတွေ ရဲနေတာပဲ..”
“မျက်လုံးရဲနေတာနဲ့ဆေးရှုတာပဲလား..”
“မသိဘူးလေ…ထမင်းတွေလည်း အကုန်စားထားတယ်…နင် နည်းနည်း ပါးပါး သိတက်ပါဦးလား…မင်းနောင်ရယ်..ငါဆိုင်က မယူချင်လို့ အိမ်မှာ မနက် ညစာ ပေါင်းချက်ခဲ့တာ အခု အကုန်စားထားတော့ ငါ ဘာစားရမှာလည်း..မသဒ္ဓါလို့ ပြောနေတာ မဟုတ်ဘူး…နည်းနည်းပါးပါး အလိုက်ကန်းဆိုး သိဖို့ ပြောနေတာပါ…နင် နဲ့ တူတူ နေရတာ တကယ် စိတ်ဆင်းရဲတယ် သိလား..”
မလတ်ရဲ့ စူပုတ်ပုတ် မျက်နှာထားကို တွေ့နေမြင်နေကျဖြစ်ပေမဲ့ အခုလို မလိုလားတဲ့ အမူအယာက ဒီနေ့တော့ နောင့်ရင် ထဲကို ခံစားစေသည်..။
စကားလုံးတွေပျောက်ဆုံးနေချိန် လည်ချောင်းတစ်လျှောက် ခြောက်သွေ့ကွဲအက်သလို နေရခက်သည်..။
တံတွေး တစ်ချက်မြိုချပြီး မျက်တောင် ပုတ်ခတ် ခါ အသံ မတည်ငြိမ်မှာ စိုးရိမ်မိသည်..။
“နောင် မတွေ့ဘူး….အဟမ်း… ထမင်းဘူးပဲစားတာပါ..”
“နင် မစားရင် ဒီအိုးထဲက ထမင်းတွေ ဘယ်ကို ခြေထောက်ပေါက်ပြေးလည်း..”
“တကယ်မစားဘူး..ထမင်းဘူးထဲက ထမင်းတောင် ဆေးသောက်ဖို့ စားရတာ စားချင်စိတ်မရှိဘူး..”
“ဟင်..”
ဆေးသောက်ဖို့ ဆိုတော့ ထမင်းအိုးမှောက်ထားလို့ ထွက်နေတဲ့ ဒေါသတွေ ရုတ်တရက် အငွေပျံသလို ပျောက်သွားခါ မျက်လံုံးပြူးမိသည်..။
နေမကောင်းလို့များလား..မျက်နှာနဲ့ မျက်လုံးတွေပါ ပုံစံပြောင်းနေတာ သတိထားမိပေမဲ့…
မကောင်းတဲ့ ဆေးစုတ်တွေ သောက်ထားတယ်ပဲ ထင်ခဲ့တာပါ…။
“နေမကောင်းဘူးလား..”
လတ် နဖူးကို လက်ရွယ်လိုက်တော့ ပုတ်ချပြီး ထထွက်သွားတော့ လိုက်ငေး နေမိသည်..။
သူ့လက်ဖျားနဲ့ မတော်တဆထိမိတဲ့ အခိုက်အတန့်လေးမှာတောင် အေးစက်နေတာ သတိထားမိတော့ စိတ်မကောင်းဖြစ်ရသည်..။
နင့်ကို အရင်အတိုင်းပဲ..စိတ်ဆိုးနေတယ် ထင်လို့…ဆူမိတာပါ…နောင်ရယ်…။
“နောင်…”
“ဟင်..”
အခန်းအ၀က မီးဖို အနားထိ လာရပ်ပြီး ခေါ်လိုက်တော့ လတ် မော့ကြည့်လိုက်တာ…မိန်းမ တစ်ယောက်..။
ဘယ်သူလည်း မသိပေမဲ့ အပြင် အဆင်ပုံစံအရ ချမ်းသာတဲ့ မိန်းကလေးမှန်း သိသာသည်..။
“နောင်ကော..”
“ရှင်..”
“သူ နေမကောင်းဘူးဆိုလို့..”
“ဟုတ်…ဟို…အဲ…၀င်ထိုင်ပါဦး…”
သူ့နာမည်ကို ခေါ်ပြီး မေးနေတော့ လတ် ၀တ္တရားအရ အခန်းကျဉ်းထဲကို ဖိတ်မန္တကပြုမိသည်..။
အမျိုးသမီးက ဝါးလက်စ ပီကေ ကို နောက်လှည့်တွေးပစ်ပြီး ဖိနပ်နဲ့ ကန်ထုတ်ခါ အခန်းထဲသို့ ၀င်လာသည်..။
“နင် က သူ့မိန်းမလား..”
“ရှင်….အဲ..ဟုတ်ပါတယ်..”
“ဒီကောင်လုပ်လိုက်ရင်လည်း ဘာမှန်းကို မသိဘူး..အခု သူဘယ်မှာလည်း..”
“ဟို..အပြင်…ထိုင်ပါဦး…လတ် သွားခေါ်ပေးပါ့မယ်..”
နင် ငါ ပြောလို့ ကိုယ့်ထက် အသက်ကြီးမယ်လို့ ခန့်မှန်းမိပေမဲ့ အပြင်အဆင်တွေကြောင့် လူငယ်တစ်ယောက်လို့ ထင်ရသည်..။
“နောင်…ကိုအောင်ဦး…နောင် ရှိလား…”
“မလာဘူး..ဟ…”
“သြော်..အင်း..”
လတ် ခေါင်းညိတ်ပြီး ရင်တွေ ပူလောင်လာရင်း သရက်ပင်အောက်ကို သွားကြည့်တော့လည်း မတွေ့..။
ညပိုင်းဆို အပြင်မထွက်ရဲသူမို့ ဒီခြံ၀န်းထဲက ဘယ်မှ သွားမှာ မဟုတ်ပါဘူး..။
ရေတွင်းကို သတိရတော့ အပြေးအလွှားသွားကြည့်ပေမဲ့ တိတ်ဆိတ်နေသည်..။
အသက်ရှုသံ ခပ်ပြင်းပြင်းကြားနေရလို့ ရေတွင်းကို ပတ်ကြည့်တော့မှ နောက်ဘက်မှာ မှီထိုင်နေတာ တွေ့တော့သည်..။
“နောင်…”
“…..”
“နောင်ရယ်…မလတ်..တောင်းပန်ပါတယ်နော်…နောင် နေမကောင်းတာ မသိလို့ပါ….”
“….”
“အိမ်မှာ နောင့် ဧည့်သည် ရောက်နေတယ်…”
လတ် ကို မျက်နှာချင်း မဆိုင်ပဲနဲ့ ရေတွင်းကို ပတ်ပြီး အခန်းဘက်ကို ပြန်သွားတော့ နောက်ကနေ လိုက်ခဲ့ရင်း စိတ်မကောင်းဖြစ်ရသည်..။
“ဟဲ့..နေမကောင်းလို့ဆို..”
‘ဟမ်…အစ်မ ကို ဘယ်သူပြောလည်း..”
“ပြည့်စုံနဲ့ စားသောက်ဆိုင်မှာတွေ့လို့ ပြောတာ..တကယ်လား..”
အစ်မလို့ ခေါ်လိုက်တဲ့ မိန်းမ က သူ့ နဖူးကို စမ်းကြည့်ပြီး မျက်လုံးပြူးဖြင့် ကြည့်နေသည်..။
“လာ..အိမ်ပြန်လိုက်ခဲ့..”
“မပြန်ဘူး..”
“နင် ဖျားရင် သူများနဲ့ တူတာ မဟုတ်ဘူးနော်နောင်…မာမီတို့ရဲ့ အိမ်မပြန်ဘူး..ငါ့ အိမ်ကိုသွားမယ်…ဘယ်နေရာမှာ မူးလဲချင်လို့လည်း ..ဟမ်…”
“ကျစ်…”
“ကြည့်စမ်း..တစ်ကိုယ်လုံး အေးစက်နေပြီ…နောင်…နင့် အကြောင်း နင် သိနော် ငါ သိပ်မပြောချင်ဘူး..”
အခန်းထဲ ၀င်လာခဲ့ပေမဲ့ အစ်မ စကားကြောင့် နောင် တစ်ချက် ငိုင်သွားရသည်..။
ဖျားပြီဆိုရင် သူမတူအောင် ဖျားပြီး ဆေးရုံတက်ရတဲ့ အဆင့်အထိ ရောက်သလို ကောင်းနေရင်လည်း လေး ငါးနှစ်လောက်ကို နှာစေးချောင်းဆိုးတောင် မဖြစ်တာ နောင့် အကျင့်…။
ဒီမှာ အိပ်လို့လည်း အဆင်မပြေ …အဖျားတက်ချိန် ချမ်းလို့ ၀တ် စရာ အနွေးထည် ထူထူ မရှိ…နေရတာလည်း မလွတ်မလပ်…အခုစားတာကိုပါ မသဒ္ဓါတော့ပြီဆိုတာ သိတော့ အများကြီး စဉ်းစားရတော့မည်…။
မလတ်ကလည်း သူ့ သူဌေးကို လက်ထပ်ဖို့ လက်ခံလိုက်ပြီဆိုတော့….
နောင့် တာ၀န်က ကွာရှင်းစာချူပ်မှာ လက်မှတ်ထိုးပြီးရင် ပြီးပြီ…။
မလတ် က နောင်နဲ့ တူတူ နေရတာ စိတ်ဆင်းရဲတယ်လို့ ၀န်ခံလိုက်တော့ ကိုယ်ကြိုးစားထားခဲ့သမျှတစ်ခုမှ အရာမထင်ပါလား ဆိုတဲ့ အသိနဲ့ စိတ်မကောင်းဖြစ်ရင်း ခံပြင်းရသည်..။
သူဌေးသား တစ်ယောက်လို မချစ်ပြနိုင်တဲ့ အခြေအနေရောက်နေပေမဲ့ မလတ်ကို နောင် ချစ်တာ ဒီ အလုပ်ရှင်ထက် မလျော့ပါဘူး…
မလတ် မျက်လုံးထဲမှာ နောင်ဆိုတဲ့ ဆေးသမားက လေးစားဂုဏ်ယူရတဲ့ အလုပ်ရှင်လောက် နေရာဘယ်ရပါ့မလည်း..။
မလတ် မလိုအပ်တော့တာ သေချာနေပြီပဲ…မလတ် စိတ်ဆင်းရဲအောင် ဘာဖြစ်လို့ လုပ်တော့မှာလည်း..။
မလတ် စိတ်ဆင်းရဲဖို့ မလိုလားဘူး..မလတ် စိတ်ချမ်းသာတယ်ဆိုရင် နောင် ကျေနပ်ပါပြီလေ…။

*✭˚・゚✧*・゚*✭˚・゚✧*
စပိုက်ကာ လည်း ရေးတာပဲ
စာတွေကလည်း ရှည်😁
ဖတ် ရတာ အဆင် မပြေ ရင် ထောက်ပြဝေဖန် ပေးပါနော် 🙏
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now