Part 29

5.8K 264 4
                                    

စွဲနေပြီ
အပိုင်း (၂၉)
#စွဲနေပြီ

“မိန်းမရေ…ထမင်းစားမယ်လေ..”
“စားလေ…လတ်မစားဘူး…နောင့် အတွက် ပြင်ထားပြီးပြီ…”
“ဒါ ဘာစကားလည်း…ဆန်းဒေးကို တူတူ စားဖို့ ပြောထားတယ်လေ…”
နောင် လှေကားက ခပ်ဆောင့်ဆောင့် ဆင်းလာပြီး တီဗွီ ကြည့်နေတဲ့ မလတ် အနားကို ရောက်အောင် သွားလိုက်သည်…။
လေ့ချင့်ခန်း လုပ်နည်းတွေ ကြည့်ပြီး ဘာလုပ်မလို့ပါလိမ့်..။
“ဟာ….မပိတ်နဲ့…နောင်…ပြန်ဖွင့်ဟယ်..”
“ထမင်းစားမယ်လို့ ပြောနေတယ်လေ…”
“လတ် မစားဘူး..”
“ဘာဖြစ်လို့လည်း..”
“ဝိတ်ချမလို့…”
“ဘာ…”
မလတ် စကားကြောင့် စိတ်တိုခါ ဆိုဖာပေါ် ထိုင်ချပြီးပခုံးကို ဆွဲဖက်ခါ ပါးကို ငုံခဲခါ ကိုက်ပစ်လိုက်သည်..။
“အ……အ…အား….နာလိုက်တာ…အကွင်းလိုက် ပါသွားပြီလားမသိဘူး..”
ပါးကို လက်နဲ့ အုပ်ကိုင်ပြီး မျက်နှာလေး ရှုံ့မဲ့ခါ အော်တော့ နောင် ပါးကို ပွတ်ပေးရင်း မကျေမနပ်ဖြင့် …
“ဝိတ်ချမယ် ထပ်ပြောကြည့်…”
“မချလို့မရဘူး..အရင်လို မဟုတ်ဘူး..မောလာပြီ နောင်ရဲ့..အရင်က ၀တယ်ဆိုပေမဲ့ အလုပ်လုပ်နေတော့ နေလို့ကောင်းတယ်…”
“အခုလည်း တောက်တောက် နဲ့ လျှောက်သွားနေတာပဲ ထိုင်နေတာမှ မဟုတ်တာ…လေ့ကျင့်ခန်းဆိုလည်း မနက်စောစော နောင်နဲ့ လမ်းလျှောက်မယ်လေ……ဝိတ်ချဖို့တော့ ခွင့်မပြုဘူး…ဝိတ်ချလိုက်ရင် ဒီပါးဖောင်းဖောင်းလေး ပျောက်သွားလ်ိမ့်မယ်…”
“သူကျတော့ အမြဲသနေပြီး…သူများလှမှာတော့ တားဆီးပိတ်ပင်နေတယ်…”
“အဟား..မသပါဘူး..ပင်ကိုယ်လှတာပါဗျ……မပိန်ချင်ပါနဲ့ မလတ်ရဲ့…နောင် ချစ်လို့ပါ….”
ပခုံးပေါ်က ကျော်ကျနေတဲ့ သူ့လက်ကို ဆွဲယူပြီး လက်စွပ်လေးကို ကိုင်ကြည့်ရင်း လတ် ကြည်နူးစွာ ပြုံးလိုက်မိသည်..။
သူ့လက်သွယ်သွယ်လေးတွေကိုကြည့်ရင်း ကိုယ့်လက် ပုတိုတို တွေကို ချစ်တယ်လို့ ပြောပြီး ဖွဖွ ကိုက် နမ်းတက်တာ အားနာသည်..။
အပြင်တွဲသွားတွဲလာ ရတာ များလာတော့ ပတ်၀န်းကျင်အကြည့်တွေကို ဂရုမစိုက်ပေမဲ့ သူ့ အတွက်လှလှလေး ဖြစ်အောင် ပြင်ဆင်ချင်လာသည်..။
မလှတာက အလှပြင်လို့ရသေး..၀တာကျတော့ ဘာနဲ့ ဖုံးဖိရမှန်းကို မသိဘူး..။
ဒီကြားထဲ သူ၀ယ်လာ သမျှ မုန့်တွေကို လတ်မှာ ပစ်ရမှာ သမျောလို့ နိုင်နိုင်စားပေးရသည်..။
စိတ်ချမ်းသာလို့လား…အချစ်ခံရလို့လား မသိ…ဒီလတော့ ကိုယ်တိုင်သတိထားမိအောင်ကို အ၀တ်အစားတွေကြပ်တုတ်လာပြီ..။
အ၀တ်အစားတွေ မတော်ဘူးလို့ ညည်းလိုက်တိုင်း အသစ်ပွပွ တွေ ၀ယ်လာပေးပေမဲ့ ဝိတ်ချဖို့တော့ ကန့်ကွက်နေဆဲ…။
“နောင့်လက်ကလေးတွေက လှလိုက်တာ…ဒီလောက်ထိုးကြိတ်နေတာတောင် လက်ဆစ်ကြီးမသွားဘူး..”
“လက်ချောင်းတွေ ရှည်လို့ပါ…မလတ် လက်တွေက ကြမ်းတယ်နော်..”
“အင်း…ဘာလို့ လက်ကြမ်းကြီးကိုမှ နမ်းချင်ရတာလည်း…”
လက် နှစ်ဖက် ထပ်ဆုပ်ကိုင်ရင်း  ဘေးမှာ ကပ်ထိုင်နေတဲ့ သူ့ဘက်ကို လှည့်မေးတော့ ပြုံးစေ့စေ့ဖြင့်
“ချစ်လို့ပေါ့…မလတ် အလုပ်ဆင်းတုန်းက ခဏခဏ ဓား ဒဏ်ရာပါလာတယ်နော်…”
“ဟောတော့…နောင်က ဘယ်လို သိလည်း…”
“အဟွင်း..ဒီလိုပဲပေါ့..ခိုးချစ် ခိုးနမ်းလေ…”
“အိုး…ကြည့်စမ်း…လတ် ကတော့ အစောင့်အရှောက် နဲ့ အိပ်ရတယ် မှတ်နေတာ…”
“လက်ကလေးပဲ ကိုင်တာပါဗျာ…ပြီးတော့လေ….. အရမ်းသနားတာပဲ….အဲဒါကြောင့်မလတ် လုပ်ရမဲ့ ရေခပ်တာတို့ ထမင်းအိုးတည်တာတို့ အ၀တ်လျှော်တာတို့ကို မလုပ်တက်ပေမဲ့  နောင် အပင်ပန်းခံပြီး လေ့ကျင့်လုပ်ရတယ်…”
လတ်နဖူးက ဆံပင်လေးတွေကို သပ်တင်ပေးရင် ကရုဏာ မျက်ဝန်းလေးတွေ့တော့ တစ်ချိန်က ပင်ပန်းခဲ့တာတွေ အားလုံးလွင့်ပြယ် သွားသည်။
“အိုး..ချစ်ဖို့ကောင်းလိုက်တဲ့…နောင်လေး..”
“ပြောင်းခေါ်ဖို့ အစီအစဉ် မရှိဘူးလား..”
“ဘယ်လိုမျိုးလည်း..”
“ယောင်္ကျားလို့လေ…”
“အဟွင်း…သြော်…မနက်က နိင်ထူး ဖုန်းဆက်သေးတယ်..သူ ရန်ကုန် လာရမယ်တဲ့လေ…လတ် ပျော်လိုက်တာ…”
လတ် အပျော် အပြုံးလေးဖြင့် ပြောလိုက်ချိန် သူ့မျက်နှာ တစ်ခုလုံးက ရှုံ့မဲ့ ထွက်သွားခါ…
“ကျစ်…ဒီယောက်ဖ ဘာလာရှုပ်ဦးမလို့လည်း…”
“အဟား..တစ်ဦးတည်း သော ယောက်ဖက မခွဲနိုင်လို့ ဒီမှာနေမှာတဲ့လေ…”
“သေပြီ…နောင်တို့ ပင်လယ်ကို ခရီးထွက်ကြမယ်…”
“လူလည်လေး…”
သူ့ရင်ခွင်ထဲမှာ နေရင်း လစ်လပ်နေတဲ့ လည်တိုင်ဖြူဖြူလေးကို မထိ့တထိ မော့ နမ်းလိုက်မိသည်..။
ပိတ်ထားတဲ့ တီဗွီကို ငေးရင်း သူ့ရင်ခွင်ထဲရောင်နေတဲ့ လတ် ပုံရိပ်ကြောင့် ရင်ခုန် ပျော်ရွှင်ရသည်..။
“နောင်..လတ် ကို မထားခဲ့ရဘူးနော်..”
“တစ်ဘ၀လုံးစာရည်ရွယ်ပြီး စာချုပ်ခဲ့တာပါဆို…ကဲ..ထ…ဗိုက်ဆာလို့ အောက်ဆင်းလာတာ…အချစ်တွေကြောင့် ရင်ပြည့်ပြီး အော်ကလိဆန်ကုန်ပြီ…”
“တွေ့လား..”
“အတင်းဖက် အတင်းနမ်းနေတာပဲ…သိပါတယ်…သိပါတယ်…ကိုယ်ချောလို့ ကြွေတာ သိပေမဲ့ အဘွားကြီးတွေပါ အိနြေ္ဒမဲ့ ကုန်လိမ့်မယ် မထင်ခဲ့ဘူး..”
“ကြည့်စမ်း…”
ပါးစပ် အသားယူပြီး ပြောနေတဲ့ သူ့ နှာခေါင်းကို ခပ်ဖွဖွ လိမ်ပစ်လိုက်ပြီး လတ် မီးဖိုခန်းထဲ ၀င် လာခဲ့လိုက်သည်..။
“ယောင်္ကျားရေ…စားလို့ရပြီနော်…”
လတ် ထမင်းပွဲပြင်ပြီးလို့ လှမ်းခေါ်လိုက်တာ ပါးစပ်ထဲ တစ်မျိုးကြီး ဖြစ်၍ လျှာလေးပါ ပြူတစ်တစ် ဖြစ်သွားရသည်..။
ယောင်္ကျားရေ လို့ ခေါ်တာ ဘာများဆန်းလို့လည်း..။
ဒါပေမဲ့ ရင်တွေခုန်ရင်း ပျော်သလို ရှက်သလို ဖြင့် မျက်နှာတွေလည်း ပူရပါသည်..။
“ဘယ်လို…ဘယ်လို….”
မီးဖိုခန်းထဲ အပြေးအလွှား ဝင်လာရင်း မေးတော့ လတ် မသိချင်ယောင်ဆောင်ခါ
“ထမင်းစားဖို့လေ…”
“ဘယ်လို ခေါ်လိုက်တာလည်းလို့…”
“ထမင်းစားဖို့လို့…”
“ယောင်္ကျားရေလို့ခေါ်တယ်မလား…”
“ဟုတ်လား….ကြားယောင်တာ ဖြစ်ပါလိမ့်မယ်…”
‘မလတ် ကလိမ်ကကျစ်..”
ယောင်္ကျားလေး ဖြစ်ပြီး မျက်လုံး တစ်ခြမ်းစောင်းခါ အချိုးမကျသည့် မျက်စောင်းထိုးပြီး ထမင်းစားပွဲမှာ ၀င်ထိုင်သည်..။
“ဟောဗျာ…ဒါတွေက ဘာဟင်းလည်း…အရွက်တွေချည်းပဲ…”
နောင့်ရှေ့က ဟင်းပန်းကန်တွေမှာ စိမ်းစိမ်းတွေချည်း များနေလို့ မေးလိုက်တော့ ပန်းကန်တွေကို ရှေ့တိုးပေးရင်း…
“လတ် ဝိတ်ချနေလို့ပါဆို…ဟော့ဒါက ခရမ်းချဉ်သီးသုပ် ၊ဒါက ကိုက်လန် ပုစွန် ၊ဒီဘက်က မုန့်ညှင်းရွက်ကြော်…၊ဟိုဘေးနားက ဘူးသီးချဉ်ရည်ဟင်း..”
“အိုး..မလတ်ရယ်….မလတ် ဝိတ်တက်တော့လည်း..နောင် ဝိတ်တက်အောင် ပဲအမျိုးမျိုး နဲ့ အာလူး ပုံစံအမျိုးမျိုး လိုက်စားရတယ်..အခု ဝိတ်ချတော့လည်း…လိုက်ချရမှာလား…အမလေး…စိတ်ဆင်းရဲလိုက်တာ….”
“ချစ်ဖို့ကောင်းပါတယ်…စားနော်…”
နောင့် ပန်းကန်ထဲကို အရွက်ကြော်တွေ အရင်ထည့်ပေးတော့ ကိုက်လန် ထဲ က ပုစွန်လေးတွေ ဆယ်ယူပြီး ထမင်းနဲ့ တွဲစားနေရသည်..။
“ဘာလုပ်နေတာလည်း..ထမင်းစားလေ..”
“မစားပါဘူးဆို…”
အရွက်ကြော်လေး နည်းနည်း ထည့်စားပြီး ထပြေးဖို့ ကြံနေတော့ နောင် လက်ကို ဖမ်းဆွဲထားလိုက်သည်..။
လက်ကို ရုန်းတော့ ဖိဆွဲလိုက်တာ အနားမှာ စူပုတ်ပုတ်ဖြင့် ပြန်ဆောင့်ထိုင်သည်..။
“ဟ..”
“မစားဘူး..”
“ဟ…နော်…”
“ဝိတ်ချချင်လို့ပါဆို…လတ် လှရင် နောင် လည်း ဂုဏ်တက်တယ်လေ…”
“ဘာဂုဏ်မှ မလိုဘူး..မချရဘူး..စား..”
ပါးစပ်နားကို အတင်းထိုးကပ်ပေးတော့မှ နှုတ်ခမ်းအရင် စူပြီး ခပ်ဟဟ ဖွင့်ပေးသည်..။
ဇွန်းအပြည့်ထည့်ပေးတော့ မျက်စောင်းထိုးပြီး ဖိကြိပ်ဝါးနေတာ ဖိုက်တာ ရုပ်ကလေးမို့ အသည်းယားစရာ…။
“ထမင်းစားပြီး ရှော့ပင် ထွက်ရဦးမယ်…ဟိုကောင် ငမျိုးက သူ့တို့ပွဲ ကို ဖိတ်ထားတယ်…ဒီလို ငြိမ်နေရတဲ့ ပွဲတွေ မတက်ချင်ပါဘူးဆို…အတင်းခေါ်နေတယ်...”
“အငြိမ်မနေတက်တော့ မျောက်စိတ်ပေါ့နော်…”
“ဟား..ဟား…မျောက်ကို လင်တော်ထားရတာပေါ့လေ…”
နောင် မျက်ခုံးပင့်ပြီး ပြောလိုက်တော့ နှုတ်ခမ်းကိုက်ခါ ပါးကို လိမ်ဆွဲတော့သည်..။
မလတ် နဲ့ နောင်လည်း တစ်ချိန် ကျရင် ပွဲ အကြီးကြီး လုပ်ချင်တယ်…။
ပိုးတွေ သကြားတွေ ကျော်ပြီး န၀ရက် ရတု ကျမှ တစ်ကမ္ဘာလုံးသိအောင် လုပ်ချင်တယ် သိရဲ့လား…။
စကားလုံးတွေ မလိုပဲ မျက်၀န်းချင်း ဆုံသွားချိန် မလတ် က နှုတ်ခမ်းကိုက်ပြုံး  သည်..။
.
“အစ်မ…ဒီဂါ၀န်လေးကော…”
“ဟင်…တိုတယ် ညီမရယ်..မ၀တ်ရဲဘူး..”
“ကဲဒါဆိုကော..”
နောင်ဖြုတ်ယူလာတဲ့ ဇာဂါ၀န်ရှည် အပြာရောင်လေးကို တွေ့တော့ လတ် စိတ်တိုင်းကျခါ ခပ်သွက်သွက် ခေါင်းညိတ်ပြမိသည်..။
“အဲဒါက အစ်မနဲ့ မတော်ဘူး ထင်တယ်.…ပေါင်၁၄၀လောက်ပဲ ရမယ်..”
“ဒါဆို ရပါတယ်…အစ်မက ပေါင် ၁၄၀ပါ…”
ကောင်မလေးက ပြုံးစေ့စေ့ ဖြစ်သွားတော့ နောင်က ဂါ၀န်ကို ပြန်ယူသွားပြီး သေချာ ပြန်ချိတ်နေသည်..။
အမြင်ကပ်ဖို့ ကောင်းလိုက်တာ ….။
“နောင်…အဲဒါယူမယ်..၀တ်ကြည့်မယ်..”
“ဇာတွေ ပြဲပေါက်ကုန်လိမ့်မယ်..”
“အိုး..”
သူ ပြန်ပြောခါ မှ လူတကာ ဟားစရာ ဖြစ်သွားတော့ လတ် ခြေလှမ်းကြဲပြီး အနားကို သွားခါ လက်မောင်းကို မသိမသာ ဖိလိမ်ပစ်လိုက်သည်..။
“အ…”
“ယူချင်လို့ပါဆို..”
“သြော်..မလတ်ရယ်…မတော်တာကြီး..ဘာလုပ်ဖို့လည်း..”
“တော်တယ်…ငါ့ပေါင် ငါသိတယ်..၁၄၀ကျော်လည်း နည်းနည်းပဲ..”
“မနှစ်က ချိန်ထားတာမလား..”
“နောင် နော်…”
“ကဲ ..ဟုတ်ပြီ…ခဏနေဦး..”
လတ် ကို ထားပြီး ထွက်သွားပေမဲ့ ဇာအပြာ ဂါ၀န်လေးကို ကိုင်ကြည့်ရင်း အလိုမကျစွာဖြင့် မျက်ခုံးတွန့်မိသည်..။
ဘယ်နားက ဘယ်လောက် ဝနေလို့ မတော်ဘူး ပြောနေကြတာလည်း မသိဘူး..။
အင်္ကျီ  ချိတ်ကို ယူပြီး ကိုယ်မှာ ကပ်ကြည့်လိုက်တော့ လုံး၀ ကွက်တိကျနေသည်..။
ကြည့်တာနဲ့ သိနေတာကို ကောင်မလေးတွေက မနာလိုလို့ ပြောတာဖြစ်မည်…။
ပြောချင်စရာ... ဘေးမှာ ပါလာတဲ့ ယောင်္ကျားဖြစ်သူက မှုံနေအောင်ချောတာကိုး..။
“ကဲ…ရပြီတက်..”
“ဟင်..”
ပေါင်ချိန်စက်ကြီး ဘယ်က သွားသယ်လာခဲ့လည်း မသိပေမဲ့ ရှေ့မှာ လာချတော့ မျက်လုံးပြူးသွားရသည်..။
၀န်ထမ်းကောင်မလေး နှစ်ယောက် သုံးယောက်ကလည်း ဘာတွေ လုပ်တာလည်း ဆိုတဲ့ စပ်စုတဲ့ အကြည့်မျိုးဖြင့် အနားတိုးလာသည်..။
“ပေါင်ချိန်ပြီး ၀ယ်တော့ မြန်တာပေါ့..”
“ဟွင့်..ကျော်လည်း နည်းနည်းပဲ..”
“ဟုတ်ပါပြီ..တက်..”
လတ် ရဲ့ ခြေထောက်ကို ဆွဲပြီး တင်လိုက်တော့ အမြင်ကပ်ကပ် ဖြင့် စက်ပေါ်ကို တက်ရပ်လိုက်သည်..။
ဂဏန်းလေးတွေ ပြေးနေတာ ရင်မှာ တဒိတ်ဒိတ်…။
“ခြီး..”
“ဘယ်လောက်လည်း အကို…”
“၇၇.၆…”
“ဟီး….ညီမပြောသားပဲ..”
“ဟင်…ဘယ်လောက်…”
“ခွန်ခွန် ဒသမ ခြောက်…”
“၇၇ ဆိုတော့..တစ်ရာ့ ခုနှစ်ဆယ်ကျော်လား…အမလေး… မဟုတ်ပါဘူး..”
“ဟား..ဟား…ဟုတ်ပါတယ်..ဒီမှာ ပြနေတယ်လေ..”
“စက်ပျက်နေတာပါ..”
“ဟာ..ကဲ…ညီမ ဘယ်လောက်လည်း..”
“အယ်..မသိဘူးရှင့်…တစ်လကျော်လောက်ကတော့ ၁၂၀ ကျော်ပါ..”
“ကဲတက်လိုက်….ကိုယ့် မိန်းမ က ကလေးလိုပဲ…သူ့ကိုယ်သူ ပိန်တယ်ပဲ ထင်နေတာလေ..”
“ဟိ..”
“ကဲ….မလတ် တွေ့တယ်နော်…၅၅ စက်က အကောင်း..”
ကောင်မလေးတွေက ပြုံးစေ့စေ့ ဖြစ်သွားသလို ကိုယ်တိုင်ကလည်း ရှက်လွန်းလို့ ခေါင်းသာ ငုံ့ထားမိသည်..။
၀ိတ်ချဖို့ ကြိုးစားနေပါတယ်ဆိုကာမှ…ကိုယ်ဝိတ်က မထင်ထားလောက်အောင် တက်နေတာ သိလိုက်ရတော့ မျက်ရည်တောင် စို့လာပြီ..။
“၀လို့…ချစ်တာပါဆို…ဒီ..ဂါ၀န် မရတာ ငိုစရာလား…လာ…တခြား ဂါ၀န် တွေ ရှိတယ်…ညီမ…ပလက်စ် ဆိုဒ်ထဲက ခပ်သွက်သွက်ရှာပေးကွာ…ကိုယ့်မိန်းမ ငိုလို့ မဖြစ်ဘူး..”
“ဟုတ်..ဟုတ်..”
၀န်ထမ်းကောင်မလေးတွှေရှေ့မှာ ဖက်လိုက်တော့ လတ် ပခုံးပေါ်က သူ့လက်ကို တွန်းချပစ်လိုက်ပြီး မျက်တောင် ပုတ်ခတ် နေမိသည်…။
“မလတ်ကလည်း..အဲ့အင်္ကျီထက် လှတာတွေရှိပါတယ်..မျက်ရည် မကျမိစေနဲ့နော်..နောင် ပွဲမသွားပဲ အိမ်ပြန်လိုက်မယ်..”
“အစ်မ..ဒါလေးကော..ဇာအပြည့်ပဲ..”
“တိုတယ်..”
“ဟုတ်…”
“အကို ဒါကော..”
“လက် ပါတာပေး…ရင်ပြတ်မ၀တ်ဘူး..”
“ဟုတ်…”
“အကို…ဒီဟာ..”
“ဂါ၀န် ဘာမှ မခွဲထားတဲ့ ပုံစံ…”
“သြော်..ဟုတ်…”
“အကို ဒီမှာ…”
“အင်း..မဆိုးဘူး..ယူလာ..ညီမ…”
၀န်ထမ်းကောင်မလေး တွေ တစ်ထည်ပြီး တစ်ထည်ယူပြနေတာကို သူကပဲ ဒိုင်ခံ ဖြေပေးနေတော့ စိတ်မကောင်းဖြစ်တာ ပေါ့သွားပြီး ကြည်နူးစိတ်က သာလာသည်..။
ကောင်မလေး ပေးတဲ့ အင်္ကျီ  ကို ယူပြီး လတ် ကိုယ်မှာ ကပ်ကြည့်ရင်း..
“အရောင်ရှိသေးလား..ညီမ..”
“အပြာ နဲ့ အဝါလေး ရှိတယ် အကို…”
“အေး..အပြာ..စောစောက အပြာမရလို့ ငိုမလိုဖြစ်တာ မတွေ့ဘူးလား..အပြာလေးပေးကွာ… မြန်မြန်..”
“ဟုတ်..ဟုတ်…”
၀န်ထမ်းတွေနဲ့ နောက်သလို ပြောနေတော့ လတ်မျက်စောင်းလေး ဝဲပြီး သူနဲ့ ခပ်ခွါခွါ မှာ သွားရပ်နေလိုက်သည်…။
“ကဲ…တစ်ပုံစံတည်းပဲ တွေ့လား…နောင် ပြောသားပဲ ရပါမယ်ဆို…”
မိန်းမ ဂါ၀န်ကြီး သူ့ကိုယ်မှာ ကပ်ပြီး ပြနေတော့ လတ် ဟက်ခနနဲ့ ရယ်မိသွားခါ သူ့ အနားကို ပြန်သွားရသည်..။
“ကြိုက်တယ်မလား..”
“အင်း…”
“အိုကေ…ဒီမှာ နောင်..ဖိနပ်ပါ တစ်ခါတည်း ရွေးလာတယ်…၀တ်လိုက် တစ်ခါတည်း..”
“နောင် လည်း ၀ယ်ရမယ်ဆို..”
“အင်း…၀တ်စုံပြည့်ပဲကောင်းပါတယ်..ရှပ် ကျတော့ အပေါ်ထပ်လိုနေဦးမယ်..ကဲ…သွားလဲပါ…မတော်ရင် တစ်ခါ ထပ်ရွေးရဦးမှာနော်….ကျစ်…မိန်းမ ကိုတော့ အောက်ဆီဂျင်၀ယ်ပေးရတော့မယ်..ကိုယ်တို့ အိမ်နားက လေက ဝဆေးတွေ ပါနေတယ်..”
‘ဟင်..ဘယ်လို ဝဆေးလည်း..”
“အစားအသောက် အနံ့တွေလေ…”
“ဟိ..ဟီ…”
၀န်ထမ်းတွေနဲ့ ပေါင်းပြီး စနောက်နေတာ စိတ်ထဲမှာ အလိုမကျစွာဖြင့် မျက်မှောင်ကြုတ်ကြည့်လိုက်မှ နာခေါင်းရှုံ့ပြပြီး ထွက်သွားသည်..။
ဂါ၀န်ရှည်မို့ တအား၀သလို မဖြစ်ပဲ နည်းနည်းတောင် ပွနေသေးသည်..။
ဇာ အထူ လက်စက မို့ ဂါ၀န် ပေမဲ့ လတ်အရွယ်နဲ့ လိုက်ဖက် တင့်တယ်ပါသည်..။
လတ် ဒီအရွယ်မှ ဂါဝန်ပထမဆုံး ဝတ်ဖူးတာမို့ ကိုယ်ကို တစ်ပတ်လှည့်ကြည့်ပြီး အ၀တ်လဲခန်းထဲက ထွက်လာတော့ ၀တ်စုံပြည့်၀တ်ထားတဲ့ သူက ဆီးကြိုနေသည်..။
ဒီလောက်တောင် မြန်လား…။
လတ် မျက်လုံးပြူးလေးဖြင့်ကြည့်နေချိန် သူက အနားကို ရောက်လာပြီး လက်ဆွဲခါ တစ်ပတ်လှည့်ကြည့်သည်..။
“ပါဖက်ပဲ…သင့်ခ်ယူ ညီမတို့..”
“ဟုတ်ကဲ့..ဘာလိုသေးလည်း မသိဘူး..”
“ဘာလိုလည်းဆိုတော့..သြော် မိတ်ကပ်…ညီမတို့ဆီမှာ ကိုစမက်တစ် ကောင်တာရှိတယ်မလား…ကိုယ့်မိန်းမ ကို နည်းနည်း ပြင်ပေးပါလား..စလွန်းကို သွားရင် မမှီတော့ဘူး..”
“ဟုတ်ကဲ့…”
၀န်ထမ်းကောင်မလေးတွေ ခေါ်သွားပြီး ခုံမှာ ထိုင်ခိုင်းခါ ပြင်ဆင်နေတော့ မနေတက် ဖြစ်ရသည်..။
“ညီမ ပါးပါးပဲနော်…”
“ဟုတ်..”
“တအားကြီး မထင်းစေနဲ့နော်…”
“ဟုတ်ကဲ့ပါ အစ်မရဲ့…အစ်မ ယောင်္ကျားက အစ်မကို တော်တော် ချစ်တာပဲနော်…”
“အဟွင်း..သူက ဒီလိုပဲ စနေတာ…”
“အစ်မ ကံကောင်းလိုက်တာ..”
မျက်နှာပြင်ပေးနေတဲ့ ကောင်မလေး စကားကို အပြုံး တစ်ခုဖြင့် ငြိမ်နေလိုက်မိသည်..။
လတ် ဘ၀မှာ သူနဲ့ တွေ့တဲ့ အချိန်မှ ကံကောင်းခြင်းတွေ လက်ဆောင်ရခဲ့တာပါ…။
“အကိုရေ….ဒီမှာ ပြီးပြီရှင့် တစ်ချက် လာကြည့်ပါဦင်္း..”
“အင်း..မဆိုးပါဘူး…မျက်ခွံလေးကို ပန်းရောင်လေး ထပ်ဖြည့်…အ…မများနဲ့နေ်ာ..”
“ဟုတ်…”
“နှုတ်ခမ်းကို ပန်းနုလေးပဲ….”
‘ဟုတ်…”
မိန်းမတွေ အလှပြင်တဲ့ နေရာမှာလည်း ပါ၀င်နေတဲ့ သူ့ကို မျက်စောင်းဝဲရင်း ပြုံးစေ့စေ့ ဖြစ်သွားသည်..။
အနားမှာ စီစဉ် ညွန်ကြားနေတဲ့သူက  ၀င်ပြင်ပေးတော့မဲ့ အတိုင်းပဲလေ..။
ကောင်မလေးတွေကတော့ မာမီလို့ စတော့မှာပဲ…။
“မလတ် ဆံပင် ကို ဖြည်လိုက်နော်…ဆံပင်လည်း သိပ်မရှည်ပါဘူး..”
ပြောရင်း ဆိုရင်း အနောက်ကို ရောက်လာပြီး ခေါင်းချည်ကြိုးကို ဖြည်ခါ  သေချာ ချပေးသည်..။
“ရပြီ…ညီမတို့..ကျေးဇူးတင်ပါတယ် ..”
‘ဟုတ်…”
ကားပေါ်ရောက်ကတည်းက စူပုတ်ပုတ် ဖြစ်နေတဲ့ မလတ် ကြောင့် နောင် ကားကို လမ်းဘေး ထိုးရပ်ပစ်လိုက်သည်..။
“ဟ..”
“ကဲ ပြော..”
“ဘာလည်း..”
“စူပုတ်နေတာပဲ…”
မေးနှစ်ထပ် ဖြစ်နေတဲ့ မေးစေ့လေးကို ဆွဲလိုက်ပြီး မေးတော့ မလတ် က မျက်စောင်းလေး ဝဲပြန်သည်..။
စောစောက အကောင်း အခု မကောင်းတော့ ပြန်ဘူး…။
“ဆိုင်မှာ သူများတွေနဲ့ ပေါင်းပြီး လှောင်နေတယ်လေ..”
“ဟ..မလှောင်ပါဘူး..မလတ် ကို ချစ်လို့ သူများတွေတောင် အမြင်ကပ်နေတာ မတွေ့ဘူးလား..”
“၀ တာ ကို ရယ်နေကြပြီ…”
“၀ လို့ချစ်တာပါဆို…၃၅ ၂၂ ၃၈ ကို မကြိုက်လို့ ဝိတ်မလျော့ခိုင်းတာနော်…”
“စိတ်ညစ်ဖို့ ကောင်းလိုက်တာ အခုတော့ ၂၂ ၃၈ ၃၅ ဖြစ်နေပြီ…”
“ဘယ်လို…ဘယ်လို…အဲလို တကယ်ကြီးလား…”
နောင် မျက်လုံးပြူး၍ မေးလိုက်တော့ မလတ် က နှုတ်ခမ်းစူပြီး ခေါင်းညိတ်ခါ မျက်နှာငယ်လေးဖြင့်…
“ဟုတ်တယ်လေ…ဗိုက်ခေါက်က အကြီးဆုံးပဲ…”
“ဟား..ဟား…ချစ်ဖို့ကောင်းလိုက်တာ…”
နောင် အသည်းယားလို့ ပါးကို ကိုင်ဆွဲဖို့ ဖြစ်လာတဲ့ စိတ်ကို မနည်းမြိုသိပ်ထားရသည်..။
မိတ်ကပ်တွေ ပျက်သွားရင် တစ်ခါ စိတ်ဆိုးနေဦးမည်…။
“ဟင်း….”
နောင် သက်ပြင်းချလိုက်ပြီး ကားမှန်ချခါ လည်ပင်းက နက်ခ်တိုင် နည်းနည်းလျော့လိုက်မိသည်..။
“ဘာဖြစ်လို့လည်း…”
“ကျစ်…ချစ်ချင်လို့ သေတော့မယ်…”
“ဟယ်…”
“မလတ် အလှပြင်ထားတော့ ပိုဆိုးတာပေါ့…နှုတ်ခမ်းနီ ပျက်မှာ ကြောက်လို့..”
“အဟွင်း..”
မလတ် က ပြုံးပြီး နောင် လည်ပင်းက နက်ခ်တိုင်ကို နေရာ ပြန်ချပေး၍ ပါးကို ခပ်ဖွဖွ နမ်းလိုက်သည်..။
“ပါးမှာ ပေကုန်ပြီ…”
“နေပါစေ..ကြော်ငြာ ပြီးသားဖြစ်တာပေါ့..”
မလတ် က မျက်စောင်းဝဲရင်း တစ်ရှုးဖြင့် သုတ်ပေးနေချိန် နောင် က ကားပြန်မောင်းရတော့သည်..။
ပွဲတွေ ဘာတွေ မြန်မြန်ပြီးမှ အိမ်မြန်မြန်ပြန် လို့ ရမှာလေ…။
ကျစ်…မသွားတော့ရင် ကောင်းမလား မသိဘူး..။
ငမျိုးက ခြံကျယ်ထဲမှာ အစီအရီနဲ့ ပွဲလုပ်ထားတော့ ကားပါကင်ထိုးခါ မလတ်  လက်ကို ဆွဲပြီး ခြံထဲ ၀င်လာခဲ့ရသည်..။
စားပွဲ အလွတ် တစ်ခု မှာ နေရာယူလိုက်ပြီး ဇော်ကြီး တို့ အုပ်စုကိုတွေ့တော့ လက်ထောင်ပြလိုက်မိသည်..။
ဟိုကောင်တွေကလည်း ချက်ချင်းကို ရောက်ပြီး ဝိုင်းထိုင်လိုက်တာ ခုံမလောက်လို့  လက်ဖက်ရည်ဆိုင်မှာလို ဘေးခုံတွေပါ ဆွဲယူ
ူထိုင်ကြသည်..။
“ဒါ မင်းလေဒီလား..”
“ငါ့ အစ်မလေ..”
“ဟေ..အစ်မမေရီ က ၀သွားတာလား..”
မလတ် က မျက်လုံးပြူးဖြင့် နောင့်ကို ကြည့်တော့ နောင် စပ်ဖြဖြဲဖြင့် စကားမပြောသေးပဲ ရေသန့်ဘူး ဖောက်ခါ မောက်ချလိုက်သည်..။
“ကျွန်တော်တို့က မမှတ်မိဘူး…”
ဇော်ကြီးက တရိုတသေ ပြောတော့ မလတ်က မျက်ရည်လဲ့ပြီး မျက်တောင်လေး ပုတ်ခတ်နေပြီမို့ နောင် ကပျာကယာ ရေကို အတင်းမြိုချရသည်..။
“ဟာကွာ…ငါ့ မိန်းမ ဟ…”
“သြော်…ကားတင်ပြေးတဲ့ အစ်မလား..ဟိ…အစ်မ ၀လာတယ်နော်…”
“သွားမပြောနဲ့ ငါ့ဖက်ခေါင်းအုံးလေး ပျောက်သွားမှာစိုးလို့
၀ိတ်မချဖို့ မနည်းတောင်းပန်ထားရတယ်…”
“ဟား..ဟား…”
“ဟိုမှာ..အခုမှ မင်းအစ်မလာတာကွ…”
နောင်လှည့်ကြည့်လိုက်တော့ ကားမီးအရောင်ထက် ကားအရောင်နီရဲရဲက ဝှီးခနဲ့ ပါကင်ထိုးပြီး ဒေါက် ချွန်ချွန်တစ်ဖက် ကျလာသည်..။
ကားမောင်းတဲ့ ပုံစံ ကို ကြည့်တာနဲ့ သိလောက်အောင်ကို အစ်မတော်တို့ နာမည်ကျော်နေတာလေ…။
“၀လုံးလေး…သူဟာ…၀လုံးလေး…ကျွန်တော့်🎼 အတွက်တော့ ဖက်လို့ကောင်းတဲ့ ဖက်လုံးလေး…၀လုံးလေး…သူဟာ..အလှဆုံးလေး…ကျွန်တော့် ဘ၀အတွက်….ပဲ့ကိုင်ရှင်…နတ်သမီးလေး…၀လုံးလေးက လှတယ်ဗျာ…မျက်၀န်းထဲက ထုတ်တောင်မရ….တသက်လုံး အမြဲတမ်း….ချစ်မှာပါ….အချိန်တွေတိုင်း..နာရီတိုင်း…မင်းအနားရှိမှာ…၀လုံးလေး…သူဟာ…၀လုံးလေး…”
နောင့် အကျီ င်္ အိတ်ထဲက ဖုန်းသံမြည်တော့ ဘေးဝိုင်းက အမျိုးသမီးတစ်စုက ပြုံးစေ့စေ့ ဖြစ်သွားပေမဲ့ ဂရုမစိုက်စွာဖြင့် ဖုန်းကို ကြည့်လိုက်ချိန် မျက်လုံးပြူးသွားရသည်..။
ဖုန်းကို မကိုင်ပဲ ပြန်ချလိုက်ပြီး အစ်မကို မြင်တော့...
“မလတ်…အစ်မဆီ ကိုသွားမလား..”
“ဟင်..မသွားရဲပါဘူး…”
“အစ္မ…”
“အို..မအော်နဲ့လေ…”
နောင် ဂရုမစိုက်စွာဖြင့် လက်ထောင်ပြပြီး အော်လိုက်တော့ အစ်မ က နောင်တို့ ဝိုင်းဘက်ကို လျှောက်လာသည်..။
“ဘာလည်း..”
“မလတ် ကို ခေါ်သွားလိုက် တစ်ယောက်တည်းဖြစ်နေလို့..”
“လာလေ…”
သူ့အစ်မခေါ်လို့ လက်တွဲပြီး လိုက်ခဲ့ရပေမဲ့ သူ့ထိုင်နေတဲ့ ဝုိင်းကိုလည်ပြန်ကြည့်ရင်း ၀မ်းနည်းရသလိုလို…။
လတ် နဲ့ တွဲထိုင်ရင် ရှက်လို့များလား..။
ဒီလိုပွဲတွေတက်ရတာ သုံး လေးခုလောက်ရှိနေပြီဆိုတော့  ရှက်နေတာလည်း မဖြစ်နိုင်ပါဘူး..။
အရင်ပွဲတွေတုန်းကဆို မပြင်မဆင်နဲ့ လက်တွဲခေါ်သွားရဲပါတယ်…အခုဆို ပိုလို့တောင် တွဲသွားရဲမှာပေါ့..။
တအားများ ၀လာလို့လား…မသိပါဘူး..။
“ထိုင်…ဟဲ့…မိုးမိုး…ဘယ်တုန်းက ပြန်ရောက်လည်း..”
“အမလေး ကြာပါပြီနော်..နင့်မတွေ့တာ ..ဟဲ့..ဘယ်သူလေးတုန်း..၀၀ကစ်ကစ် ချစ်စရာလေး..”
“ငါ့ယောင်းမ…နောင့်မိန်းမ…”
“ဟယ်..နောင်မိန်းမ ရပြီလား..အမလေး…နောက်ဆုံးကားက ကျော်တက်သွားရတယ်လို့ဟယ်..”
‘ကျော်ပါစေ..အမ်ဗျူးလက်စ် ကားတွေ ကျော်တာပဲဟာ..”
“ဟယ်..ယုတ်ပြီ ကောင်မ..”
အစ်မမြတ်ရတနာဦးနဲ့ သူ့ သူငယ်ချင်း စကားပြောနေတုန်း လတ် လက်ထဲ ပါလာသည့် လက်ဆောင် နာရီဘူးလေးကို သတိရခါ
“အစ်မ..ခဏ..နောင့်ကို သွားပေးလိုက်ဦးမယ်..”
“အေး..”
လတ် ဂါ၀န်ရှည်ကို တစ်ဖက်မရင်း ဖိနပ်မနိမ့်မမြင့်လေးကြောင့် ခပ်သွက်သွက်လျှောက်နိုင်သည်..။
စားပွဲဝိုင်းက ဖုန်းကိုင်ပြီး ထွက်သွားတဲ့ သူ့နောက်ကို အပြေးတစ်ပိုင်း လိုက်ရင်း ခေါ်ဖို့ စဉ်းစားမိပေမဲ့..။
“ကလေးက အခုဘယ်မှာလည်း..”
“ဒါဆို လာခေါ်မယ်လေ…ဟုတ်တယ်…ပွဲတစ်ခု တက်နေလို့ ဖုန်းသံ မကြားလိုက်ဘူး..ခုလာနေပြီနော်…”
သူ ဖုန်းချပြီး အိတ်ထဲထည့်လိုက်တော့ ဘေးက တစ်ယောက်က စောင့်ရင်း
“ဘာဖြစ်လို့လည်းကွ..”
“သွေးလွန်တုတ်ကွေးဆို ဆေးရုံတင်တာ….အခုဆင်းလို့ရပြီဆိုလို့ သွားပြန်ပို့ပေးရမယ်…”
“ကလေးက ဘယ်အရွယ်ရောက်ပြီလည်း..”
“သုံးနှစ်…မိန်းကလေးဆိုတော့ ပိုဆိုးတယ်…သူ့အမေကလည်း နေမကောင်းတာတောင် ဆိုင်ပဲ ထွက်နေတာပဲကွာ…ကျစ်…စားတယ်…”
“မင်းမှာလည်း..မိန်းမ ကတစ်ဖက် ကလေးကတစ်ဖက်  ဖြစ်နေပြီ..ဟား..ဟား..
သူတို့ချင်း ပေးတွေ့လိုက်တော့ မင်းသက်သာတာပေါ့ကွာ….”
“ကျစ်…ဟိုဘက်က တွေ့ချင်ပေမဲ့ ..မလတ်  ကတော့ လိုလားမှာ မဟုတ်ဘူး...မလတ် စိတ်က တစ်မျိုး..ငါနဲ့ ပတ်သက်ရင် အဆိုးမြင်ဝါဒီ တွေ များနေတာ ကွ…တော်ကြာ ဒီကိစ္စကြောင့် ငါ့ကို…မုန်းသွားမှာ စိုးတယ်.. မပြောချင်ဘူးကွာ……”
စကားသံတွေ ဝေးသွားပြီး ခြေလှမ်းတွေက ကားဆီကို ဦးတည်ခါနီးနေပြီမို့ လတ် အနားက ကားတစ်စီး နောက်မှာ ကွယ်ပြီး ထိုင်ချလိုက်မိသည်..။
ကလေးတဲ့…နောင့်မှာ ကလေး ရှိနေတာလား..ဒါဆို…။
ဟိုနေ့က မနက်ပိုင်း ဖုန်းပြောနေတဲ့အချိန် သမီးဘယ်လိုနေသေးလည်း ဆိုတာ..။
လတ် အင့်ခနဲ တစ်ချက်ရှိုက်ပြီး မျက်တောင်တွေကို ပုတ်ခတ်ရင်း…ကျလုကျခင် ဖြစ်လာတဲ့ မျက်ရည်စက်တွေကို လက်ထဲမှာ ရှိနေတဲ့ တစ်ရှုးစလေးဖြင့် တို့ဖယ်လိုက်ရသည်..။
“အစ်မ..တွေ့လား..”
“မတွေ့ဘူး..ကားထွက်သွားပြီ..”
လတ် ခြေလှမ်းတွေ မမှန်လို့ အနီးဆုံးဖြစ်နေတဲ့  သူ့ သူငယ်ချင်းတွေ ဝိုင်းကို ၀င်ထိုင်လိုက်တော့ ကောင်လေးတွေက အလိုက်တသိမေးသည်..။
“ငနောင် က အစ်မ နဲ့ ကျတော့ အရူးအမူးပဲ ဟိ..”
သောက်စရာခွက် နီနီလေးတွေ ချထားပြီး အာသွက် လျှာသွက်ပြောနေတော့ လတ် အပြုံးတုဖြင့် ခေါင်းညိတ်ပြလိုက်မိသည်..။
“အစ်မတို့ ဖူးစာပါတာ ကျွန်တော်တို့ ကူညီလို့နော်..”
“ဟ..ဟုတ်တယ်….ကျွန်တော်လည်း..အစ်မကို ကားတင်ပြေးတော့  ပါတယ်လေ…”
“အေး.ဟုတ်သား..ကျွန်တော်က ရဲသားကြီးလေ…ဟိဟိ…”
“ဟင်..”
လတ် မျက်လုံးပြူးဖြင့် ကြောင်တောင်တောင် လေး ကြည့်တော့ ကောင်လေး လေးယောက်စလုံးက ဝိုင်းရယ်ကြသည်..။
“အစ်မ မသိသေးဘူးလား..”
“ဘာကိုလည်း ဟင်..”
“ဟာ…ငနောင်ကြီးကတော့ တကယ့်မယကပဲ…သူ အစ်မကို ခြောက်ပြီး ကားတင်ပြေးတာလေ…”
“ဘယ်တုန်းကလည်း..ဟင်..”
လတ် ရဲ့ နားမလည်တဲ့ အမေး စကား တစ်ခွန်းကြောင့် ကောင်လေး တစ်ယောက်က ပါးစပ်တောင် အဟောင်းသား ဖြစ်သွားသည်..။
တစ်ယောက်ကတော့ နဖူး ကြော တွန့်ပြီး သူတို့ ပြောတာ နားမလည်လို့ စိတ်မရှည်ချင်တော့ သလိုလို…။
“အစ်မ က ဝေးနေတော့ အစ အဆုံးပဲ ပြောပြလိုက်တော့မယ်…ကျွန်တေ်ာတို့ ကောင်ကြီး ငနောင်ကိုတော့ ပိုချစ်သွားလိမ့်မယ်..ဟီ..ဟီ..”
“အစ်မကို ကျွန်တော်တို့ လာခေါ်တော့ လမ်းနားမှာမလား..”
“အင်း..”
“ကျွန်တော်တို့ ဇာတ်တိုက်ထားတာလေ…ဟိ…အစ်မတို့ အိမ်မှာ ရပ်ကွက်လူကြီး နဲ့ ရဲတွေ ရောက်နေတာက  နောက်ဘက် အိမ်မှာ ရန်ဖြစ်လို့ လာကြတာ…ကျွန်တော်တို့ ဇာတ်လမ်းထဲမှာ အဲဒါတော့ မပါဘူးပေါ့..အစက အစ်မ ကို ကားတင်ပြေးဖို့ပဲ…ဟိ…ရဲ နဲ့ ရပ်ကွက်လူကြီး က အစ်မတို့ အိမ်ဘက်ရောက်နေတော့ ငနောင်က ဇာတ်လမ်းပြောင်းလိုက်တာ..ဒေါ်မြမြ ကို မုန့်ဖိုးပေးပြီး ပေါက်ကရတွေလည်း ပြောခိုင်းရသေးတယ်…အစ်မ ကြောက်ပြီး သူဆီမှာ နေအောင် ရဲဟန်ဆောင်ပြီး ငလွင် နဲ့ သော်တာဆီ လာခဲ့ရသေးတယ်…အဲဒါ ကျွန်တော်တို့ နှစ်ကောင်ပေါ့…ဟိ…”
လျှာပြူတစ်တစ်ဖြင့် ပြောနေပေမဲ့ လတ်မှာတော့ အတိတ်ကမ္ဘာမှာ ဝဲလည်လည် ဖြစ်ရင်း တကယ့်ဟုတ်လား ဆိုတာ ကို အစအဆုံး ပြန်စဉ်းစားနေရသည်..။
“လည်ကတုံး ၀တ်လာတဲ့ ရဲ ရှိလို့လား အစ်မကလည်း..အဲတုန်းက အစ်မကြောက်ပြီး ကတုန်ကယင်တွေ ဖြစ်နေတာမလား..ဟိ…ဒီကောင်က အစ်မ အကြောင်းတွေ ရပ်ကွက်ထဲ သေချာ စုံစမ်းပြီး အကွက်ချ ရအောင်ယူခဲ့တာ…”
ကောင်လေး သုံးယောက် ရီဝေဝေ နဲ့ ဟာသနှောပြီး ပြောနေတဲ့ စကားတွေက လတ် ရင်ကို ပြောင်းဆန်စေသည်။
“ဒါ..ဒါဆို..နိုင်ထူးကော..သိလားဟင်..”
“နိုင်ထူး…ဘယ်က နိုင်ထူးလည်းဗျ…ငနောင် လည်း ကျွန်တော်တို့ကို အဲ့နာမည် အလွတ်ကျက်ခိုင်းနေတာ အစ်မရဲ့ ရည်းစားလား..”
“မောင်..မောင်လေးပါ…”
“ဆောရီး..အစ်မက လက်သံပြောင်တယ်တဲ့ သူ ငယ်ငယ်က အရိုက်ခံဖူးလို့ သေချာ အကွက်ချ စီစဉ်တာ…”
“ဟ..ဟိုတစ်ခါ ရအောင်ယူပြီး ကွာရှင်းပစ်မယ်လို့ ကျိန်းသေးတယ်မလား..”
“ဟာ…အဲဒါ က ဒီအစ်မကို မဟုတ်ပါဘူး…အထင်မလွဲနဲ့နော် အစ်မ..မင်းကလည်း ချွန်နေပြန်ပြီ…အဲဒါ ဖူးဖူး ကို ပြောတာပါကွာ..”
“မင်းပြောမှ ပိုဆိုးကုန်ပြီ..”
‘အဲဒါ အရင်တုန်းက ကောင်မလေးပါ အစ်မ..”
သူတို့ အချင်းချင်း ငြင်းကြခုံကြရင်း အမှတ်မထင်ပွင့်ကျလာလို့
ကြားလိုက်ရတဲ့ စကားတွေကြောင့် လတ်ဒေါသဖြင့် ပူလောင်ရသည်။
“အင်း..အင်..အစ်မ ဟိုဘက်ခုံကို ပြန်လိုက်ဦးမယ်..”
“ဟုတ်…”
လတ် ခြေလှမ်း သွက်သွက် ပြန်လျှောက်လာရင်း စားပွဲဝိုင်း အလွတ် တစ်ခုမှာ ထိုင်ချလိုက်ရသည်..။
ဇာတ်တိုက်ပြီး ကားတင်သွားခဲ့တာ..။
ငယ်ငယ်တုန်းက ရိုက်ခဲ့တာ ကို မကျေနပ်လို့..။
ရအောင်ယူပြီး ကွာရှင်းပြမယ်တဲ့…။
အို..မဟုတ်ဘူး…မဟုတ်ဘူး..သူ လတ်ကို တကယ်ချစ်တာပါ..။
သူ့မျက်၀န်း သူ့ စကား သူ့ အပြုအမူတွေမှာ လတ်ကို ချစ်တဲ့ စိတ်တွေ တွေ့နေရတာပဲလေ..။
ကလေး …ကလေး…ဆိုတာ ဘယ်သူလည်း..။
လတ် အတွေးတွေဖြင့် ခေါင်းတွေ ချာချာလည် လာခဲ့ရသည်..။
ရန်ငြိုးတစ်ခုများလား..။
အဆင်ပြေစပြုနေတဲ့ လတ်တို့ မောင်နှမ ဘ၀မှာ သူ့ကြောင့် ၀ရမ်းပြေးဘ၀ ရောက်ခဲ့ရတာလား…။
သူ့ကြောင့် အခန်းကျဉ်းလေးထဲမှာ စိုးရိမ်ကြောင့်ကြ ဒုက္ခတွေနဲ့ အပင်ပန်းခံခဲ့ရတာလား..…။
ကိုယ်အရမ်းချစ်မိသွားတဲ့ သူက
ကလေး တစ်ယောက်တောင် ရှိနေတဲ့ သူလား…။
သူ့ရဲ့ ဟန်ဆောင်လိမ်လည် ထားတဲ့ အရှုပ် တွေကို တစ်ထိုင်တည်း အကုန် သိလိုက်ရတော့ သူခဏခဏ ပြောခဲ့ဘူးတဲ့ ဆိုးရင်လည်း ချစ်ပါ အတိတ်ကို ထည့်မပြောကြေး ဆိုတာ သဘောပေါက်လာသည်။
နင်က တကယ်တော့ လူယုတ်မာပဲ သတိုးမင်းနောင်…။
နင့်မိဘတွေ အပေါင်းအသင်းတွေ ပြောခဲ့တဲ့ နင့် အကြောင်းမသိလို့ ယူခဲ့တယ် ဆိုတဲ့ စကားကို ငါ  အခုတော့ ကောင်းကောင်း သဘောပေါက်ပါပြီ..။
သူ အပြောနဲ့ အထိအတွေ့ မှာ သာယာပျော်ဝင်မိတဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းတီးမိသည်။
လတ် ပါးပေါ်က စီးကျလာတဲ့ မျက်ရည်ကို လက်ညိုးဖြင့် တို့ဖယ်လိုက်ပြီး အသက်ကို ပြင်းပြင်း ရှုရှိုက်လိုက်သည်..။
“မင်းလာတာ ငါ မသိပါလား..”
‘ဘယ်သိမလည်း..ပွဲလုပ်နေပြီး..”
‘မင်းမိန်းမ ပါတယ်မလား..”
“အမ်း..”
ငမျိုး လှမ်းပေးတဲ့ ခွက်ကို မော့သောက်ရင်း ခေါင်းညိတ်ပြီး အဖြေပေးလိုက်တော့ နောင့် ပခုံးကို ရိုက်ပြီး..
‘ဒီမှာ ဂိမ်းတစ်ခုလုပ်မလို့…ဂိမ်းနိုင်ရင် လက်ဆောင် ပစ္စည်းရမယ်..မင်းကတော့ လုပ်နိုင်ရင် လက်ဆောင် ပစ္စည်း အပြင် R5 လဲမယ်ကွာ..”
“မင်း တကယ်ပြောတာနော်…”
နောင် အားတက်သရော ပြောလိုက်တော့ ငမျိုးက မျက်နှာ တစ်ခြမ်း မြှောက်သွားအောင် ဟန်ပါပါ  မဲ့ပြုံးပြီး…
“ဒါပေါ့..”
“ကဲပြော ဘာလုပ်ရမလည်း..”
‘ဟိုက အသည်းပုံ ဝိုင်းထဲမှာ နမ်းရမယ်…”
“ဟာ…သေမှာပေါ့…”
“ကြောက်တယ်ပေါ့..”
“ငါက ကြောက်မလား..မလတ်  က လက်ခံမှာ မဟုတ်ဘူး..”
‘ဒါကတော့ မင်းမိန်းမကို မင်း ဘယ်လောက် ပိုင်လည်း သိရမှာပေါ့..”
နောင် ခေါင်းကုတ်ရင်း မလတ် ထိုင်နေတဲ့ ဝိုင်းကို လိုက်ရှာမိသည်..။
အစ်မ တို့ ဝိုင်းမှာလည်း မရှိသလို ဇော်ကြီးတို့ဝိုင်းမှာလည်း မတွေ့တော့ စိတ်ပူခါ မျက်လုံးကို နေရာ အနှံ ဖြန့်ကြည့်လိုက်သည်..။
“သတိုးမင်းနောင်..”
“ဟာ..မလတ်..အတော်ပဲ…ဒီမှာ နမ်းရဲရင် ဆိုင်ကယ် ရမှာတဲ့…ခဏလေး မျက်လုံးမှိတ်ထားနော်…”
လတ် လက်မောင်းကို ဆွဲပြီး ရှေ့မှာ ရပ်လိုက်ခါ ပါးနှစ်ဖက်ကို ကိုင်ပြီး ရယ်ရင်း နမ်းဖို့ ပြောလာတော့  ဒေါသတို့ အတိုင်းအဆမဲ့သွားချိန်…
“ဖြန်း..”
“ဟာ…”
လူတစ်ချို့ရဲ့ အကြည့်အပါအ၀င် အနားက စုံတွဲ လေးတွဲကလည်း ပါးစပ် အဟောင်းသား ဖြစ်သွားသည်..။
ရှေ့က သူ့မျက်နှာမှာ လက်ငါးချောင်းရာ အပြင် အချိန်ပိုင်းအတွင်း မျက်နှာ တစ်ခုလုံး ရဲတက်လာခါ နှုတ်ခမ်းသားတွေ တဆတ်ဆတ် တုန်နေသည်..။
မျက်လုံးနီနီ စူးစူး ဖြင့် နားမလည်သလို မျက်ခုံးတွန့်ကုတ်ကြည့်နေတာကို ကျောခိုင်းပြီး ထွက်လာခဲ့လိုက်သည်..။
ကားပါကင် ဘေးက ထွက်လာပြီး ရောက်ချင်ရာ ရောက်ပါစေ ဆိုတဲ့ စိတ်ဖြင့် လမ်းမပေါ်မှာ လျှောက်နေချိန် လက်ကို ဆောင့်ဆွဲခံရသည်..။
လတ်ရုန်းပေမဲ့ အနောက်က ကားဆီကို ခေါ်သွားပြီး ကားတံခါး ဆွဲဖွင့်သည်..။
“ငါ နင်နဲ့မလိုက်ဘူး..လူယုတ်မာကောင်…”
‘တက်……”
သူအော်လိုက်တဲ့ ဒေါသအသံ နဲ့ မျက်နှာထားကြောင့် လတ် တစ်ကိုယ်လုံး တုန်တက်သွားခါ မျက်ရည်တွေ အိခနဲ့ ပြိုဆင်းလာတော့သည်..။
ကားကို အကြမ်းပတမ်း မောင်းထွက်လာတာ တစ်ဖက်လမ်းက ၀င်လာတဲ့ ကားနဲ့ တိုက်မိဖို့ လက်တစ်လှမ်းပဲ လိုချိန် လတ် မျက်လုံးတွေ ပိတ်ပစ်လိုက်မိသည်..။
အရှိန်တင်မောင်းနေရင်းက တုန်ခနဲ့ ရပ်ပြီး အသက်ရှုသံ ပြင်းပြင်းတွေ ကြားနေရသည်..။
“ပြောစမ်း..ဘာဖြစ်လို့..လူလည်ခေါင် မှာ ရိုက်တာလည်း…”
“ပြော….”
ထပ်ဆင့် အော်ပြောလိုက်တော့ လတ် ကြောက်စိတ်ကို မြိုချရင်း လက်သီးဆုပ်လိုက်ခါ…
“နင့်ကို မုန်းလို့…လူပုံလယ်မှာ သိက္ခာကျတော့ နာတက်လိုက်တာ…နင်..ငါ့ဘ၀ကိုဖျက်စီးတာ…ဇာတ်တိုက်ပြီး ရအောင်ယူထားတာ…”
“ဘာတစ်ခုမှ မသိဘူး..လူနားလည်အောင်ပြော……”
လတ်ကို မကြည့်ပဲ ကားအပြင်ကို ကြည့်ပြီး အံကြိတ်ထားတော့ လတ် နှုတ်ခမ်းမဲ့
ပြုံးလိုက်သည်။
ဟန်ဆောင်ကောင်းလိုက်တာ သတိုးမင်းနောင် ရယ် ဘယ်အချိန်ထိများ အရူးလုပ်ဖို့ စဉ်းစား ထားတာလည်း...။
“ဟွင့်...ငါ့မောင်ကို အကြောင်းပြပြီး ရဲ အတု လူ အတုတွေနဲ့ ငါ့တို့ ရဲ့ တည်ငြိမ်အေးချမ်းနေတဲ့ ဘ၀ကို ဖျက်စီး သွားတာလေ…”
“တောက်….ကွာ…..အင့်…”
“ခွပ်….ခွပ်…..”
ကားတံခါး အောက်ပိုင်းကို တခွပ်ခွပ်ဖြင့် နှုတ်ခမ်းကိုက်ရင်း ဆက်ခါ ထိုးနေပေမဲ့ လတ် မတားမိပါ..။
သူရဲ့ နာကျင်မှု ဝေဒနာတွေကို ဝင်ရောက် ခံစားလို မရအောင် သစ္စာဖောက်ခံရလို့ ခံပြင်းနေတဲ့ စိတ်က လွှမ်းမိုး သွားခဲ့ပြီ..။
အချက်ပေါင်းများစွာထိုးပြီးမှ သက်ပြင်း တစ်ချက် ချလိုက်ပြီး နဖူးရှေ့ကျနေတဲ့ ဆံပင်တွေကို သပ်တင်သည်..။
“တောက်….ဘယ်လို အကြောင်း ကြောင့်မှ ပါးမရိုက်ဖို့ ပြောထားတာကို ရိုက်တယ်….တခြားသူသာဆို….သေနေလောက်ပြီ…တောက်….”
“ဟား..သတ်လေ…ဘာသံယောဇဉ်မှ မရှိဘူး…နင့်လို လူလိမ် ကလေး တစ်ယောက် အဖေနဲ့လည်း အတူတူ မနေနိုင်ဘူး… လူယုတ်မာကောင် …”
လတ် အော်ပြောပြီး ကားတံခါးကို ဖွင့်တော့လည်း ဖွင့်မရအောင် လုပ်ထားသည်။
“ဟား…မနေလို့ မရဘူး…သေတောင် မရဘူး..တစ်နေ့နေ့ တစ်ချိန်ချိန် ဒီကိစ္စအတွက် မှားပါပြီ ဆိုပြီး ဒူးထောက် တောင်းပန်တောင် ခွင့်မလွှတ်ဘူးဆိုတာ မှတ်ထား..ယောင်္ကျား တစ်ယောက်ရဲ့ အရှက်သိက္ခာ အဆင့်အတန်းကို ပစ်ချနှင်းချေလိုက်တာ…တောက်….ကွာ…”
ကားလက်ကိုင်ကို လက်သီးဆုပ်ဖြင့် ထုပြီး ကားကို အကြမ်းပတမ်း ပြန်မောင်းထွက်တော့ လတ် အံလေး တင်းနေအောင် ကြိတ်ထားမိသည်..။
သူ့ကို ဘာဖြစ်လို့ ဒူးထောက်တောင်းပန်ရမှာလည်း … မှားတာက သူ…မုန်းလိုက်တာ..။
ချစ်မိခဲ့တဲ့ ကိုယ်နှလုံးသားကိုလည်း မုန်းတယ်…။
လွယ်လွယ်ကျဆုံး တက်တဲ့ ကိုယ့်ကိုယ်ကို လည်း မုန်းတယ်..။
“..”
လတ် ကားပေါ်မှာ ထိုင်နေပေမဲ့ လက်ကို ဆုပ်ကိုင်ပြီး အကြမ်းအရမ်းဆွဲချတော့ အိမ်ထဲကို တရွတ်တိုက်နီးနီ ပါသွားရသည်..။
လက်ကို ဆွဲပြီး အပေါ်ထပ် အခန်းထဲအထိ ခေါ်လာခါ အခန်းထဲကို ဆောင့်တွန်း ထည့်ပြီး တံခါးကို ဝုန်းခနဲ ပြန်ပိတ်သွားသည်..။
လတ်မှာ သူပြုသမျှ အကြမ်းအရမ်း လုပ်ရပ်တွေကို မယုံနိုင်ပဲ အံသြဒေါသဖြစ်ရင်း အခန်းထဲကို ဘယ်လိုရောက်ခဲ့မှန်းတောင် ပြန်မတွေးနိုင် ဖြစ်ရသည်။
“အဟင့်..ဟီး…..”
သူတို့ ယောင်္ကျားတွေရဲ့ အချစ်က ဒီလိုလား…ပါးစပ် ထဲ ငုံ့ထည့်ထားတော့မတက် ချစ်လှပါချည်ရဲ့ ဆိုတဲ့ စကားတွေက….။
အခုတော့  တိရိစ္ဆာန် တစ်ကောင်လောက်တောင် ညှာတာမှု မထားတော့ပါလား..။
သူ့လို လူမိ်ုက် လူရမ်းကား တစ်ယောက်ကို လွယ်လွယ်ချစ်မိခဲ့တဲ့ လတ် မှားခဲ့တာပါလေ..။
“တောက်..”
နောင် အောက်ထပ် ရေချိုးခန်းထဲမှာ လက်ဆေးတော့ကြွေဗေစင် ဖြူဖြူလေးမှာ လက်ကကျတဲ့ သွေးနဲ့ ရေရောပြီး အနီရောင် ရေတွေ စီးကျလာသည်..။
အံကိုတင်းနေအောင် ကြိတ်ရင်း လက်နှစ်ဖက်ကို ရေပိုက်အောက်မှာ ထားပြီး ဖိဆေးနေမိချိန်…။
ရင်ဘတ်ထဲက နာကျင်မှုက တဆစ်ဆစ်…။
လူတွေရဲ့ အကြည့် ပြောဆိုမှု…ယောင်္ကျားမာန..ယောင်္ကျား သိက္ခာ…အဆင့်အတန်း…အားလုံး..အားလုံး မြောင်းထဲရောက်သွားပြီ..။
မိဘ တောင် မရိုက်ခဲ့ဖူးတဲ့ ပါးနှစ်ဖက်က သူနဲ့ ကျမှ အကြိမ်ကြိမ်…စော်ကားခံခဲ့ရသည်…။
ကိုယ်မှားလို့ အရိုက်ခံရတယ်ဆိုရင် ဘာကိုမှ ဂရုမစိုက်တက်...။
အရိုက်ခံလိုက်ရသမျှ အထင်လွဲမှုတွေဖြင့်သာ…။
အသည်းပေါက်လောက်အောင် သေမတက် ရူးမတက် ချစ်ပေမဲ့..
အကြိမ်ကြိမ် ပါးရိုက် စော်ကားရဲတာကိုတော့ ခွင့်မလွှတ်နိုင်ပါ…။
တကယ်တော့ မြူနှင်းလတ် ဆိုတဲ့ မိန်းမက နောင့်ရဲ့ တန်ဖိုးထားမှု၊ အကြင်နာ မေတ္တာ ၊ကရုဏာ၊သစ္စာ ဘာ တစ်ခုနဲ့ မှ မထိုက်တန်တဲ့ မိန်းမ…။

*✭˚・゚✧*・゚*✭˚・゚✧*
စာတွေဖတ်ပြီး စိတ်ညစ်စိတ်ရှုပ်သွားရင် ဆောရီးပါ
အဆက်မမိရင်လည်း ခွင့်လွှတ်ပါနော်
ခေါင်းကိုက်ရင်းရေးထားတာမို့ စိတ်လည်းမပါ အသက်မဝင်သလိုပဲ..။
ဒီနေ့ အပိုင်း လိုအပ်ချက်ရှိရင် ဖြည့်ဖတ်ပေးပါနော်။
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now