Part 15

5.9K 285 2
                                    

စွဲနေပြီ
အပိုင်း (၁၅)
#စွဲနေပြီ

“ဟင်…နိုးနေပြီလား..”
“အမ်း…စျေးသွားမလို့လား လိုက်မယ်နော်..”
“ဟမ်..”
လတ် မျက်နှာသစ်ပြီး ပြန်လာတော့ အိပ်ယာထဲမှာ စောင်ခြုံပြီး ထိုင်နေတဲ့ သူ့ကို မျက်လုံးပြူးကြည့်မိသည်..။
တစ်ခုခုပါပဲ…။
အလုပ်တွေအားလုံး သိမ်းကျုံး လုပ်နေတာ တစ်ပတ်ကျော်ပြီ..။
လတ် ထမင်းဆိုင်မှာ ပင်ပန်းခဲ့သမျှ အိမ်ပြန်လာရင်တော့ အမောပြေအောင်ကို ရေက အစ ခပ်ထားပေးသည်..။
မနက်စောစော ထပြီး ထမင်းအိုး ကိုယ်တိုင်တည်ပေးသည်..။
မောင် တစ်ယောက်ရှိထားတဲ့ အစ်မ ဖြစ်သူပီပီ ကလိမ်ကကျစ် အနံ့တွေတော့ ကြိုရနေပြီ..။
တစ်ခုခုတော့ လုပ်တော့မယ်..တကယ့်ကို ကြီးကြီးမားမား တစ်ခုခု…။
“မလတ်…စောင့်ပါဆို..”
လတ် ပိုက်ဆံကိုင်ပြီး ထွက်လာတော့ စိတ်မရှည်သလို အော်ပြီး နောက်ကနေ ဖိနပ်သံ တဖုန်းဖုန်း မြည်အောင် ပြေးလိုက်လာသည်..။
“ဟူး..စောင့်ပါဆို..”
လတ် ဘာမှ မပြောပဲ စျေးကိုရောက်ရင် ဘာတွေ အမြန်၀ယ်ရမလည်း သာ ကြိုတွေးနေမိသည်..။
မနက်စာ ထမင်းဆိုင်မှာ စားလို့ရပေမဲ့ သူ့အတွက်တော့ တစ်ခုခု ချက်ပေးခဲ့ရသည်..။
ညစာကိုတော့ သူဌေး အမိန့်အရ နှစ်ယောက်စာ ထည့်ယူရသည်..။
ငါးက ချက်လို့လွယ်ပေမဲ့ ဒင်းက မကြိုက်…ကြက်သားကျတော့လည်း ကြာလိုက်မဲ့ အမျိုး…စျေးပြန်လာလို့ လုပ်ကိုင်ပြီး မနက် ခြောက်နာရီ အတွင်း ဘယ်လိုမှ ကျက်မှာမဟုတ်ဘူး..။
နောက်နေ့ကျမှ ဆိုင်မှာ လတ်တို့ ချက်ရောင်းနေတဲ့ ကြက်သား တစ်ထောင်ဖိုးလောက် ၀ယ်ကျွေးလိုက်ဦးမယ်…။
ဒါမှ မလတ် ကတ်စေးနှဲတယ် ဆိုတဲ့ ပါးစပ်ပိတ်သွားမှာလေ…။
“မလတ်…ခရေပင်အောက် မြန်မြန်လျှောက်လေ…”
“ဘာဖြစ်လို့လည်း..”
“ခရေပင်မှာ တစ္ဆေရှိတယ်…”
“ဟမ်..ဟား..ဟား…ဟုတ်တယ်…နင့်ကို ဂုတ်ချိုးမှာလေ..”
“အား….”
“ဟဲ့…”
အသံဗြဲနဲ့ အော်ပြီ အတင်း ကျုံးဖက်လိုက်တော့ လတ်ပါ အလန့်တကြားဖြစ်ခါ လက်တွေကို ရိုက်ချ ပုတ်ချနေရသည်..။
ရှည်မိတဲ့ ဒီပါးစပ်…။
“အ..လွတ်ပြီ..ကြောက်လို့ပါဆို..နားရွက်ပြတ်ပြီ…”
နားရွက်ကို လက်နဲ့ ပွတ်ရင်း အော်နေတာ နည်းနည်း သနားမိပေမဲ့ မတက်နိုင်ဘူး….။
ဒါမှ နောက်တစ်ခါ စည်းမကျော်ရဲမှာလေ…။
နှစ်ယောက်ယှဉ်သွားချိန် မနက်စောစော လေနုလေး တိုက်နေချိန်မို့ သူ့ကိုယ်က ရေမွှေးနံ့သင်းသင်းလေး တစ်ချက်ရသည်..။
သူဌေးသားလေး ဘ၀ကူးသွားတာကြာလှပြီ… ပေပေတေတေ နေတာကြာပြီဖြစ်တဲ့  သူ့ကိုယ်ကတော့ရေမွှေးနံ့ထွက်နေဆဲပါပဲ…။
ရေမွှေးနဲ့ လောင်းချိုးနေကျလူဆိုတော့ ရေမွှေးမဖြန်းလည်း သူ့ကိုယ်သင်းနံ့ကိုက ရေမွှေးနံ့ဖြစ်နေပြီပေါ့လေ..။
ဟင်း…ဒီလောက်ချမ်းသာတဲ့သူမျိုးကို အနားမှာ ထားပြီး ထုရိုက်နေတဲ့ လတ် ကိုယ်ကိုယ်ကို ဝေဖန်နေ မိသည်..။
“ဝါး….လန်းတယ်ဟ”
သူ့ အသံကြောင့် လတ် လှမ်းကြည့်တော့ စျေးရှေ့က ကားအကောင်းစားပေါ်မှ ဆင်းလာတဲ့ ကောင်မလေး တစ်သိုက်ကို တွေ့ရသည်..။
တေ်ာတော်လျင်တဲ့ မျက်စိ…။
ဆံပင်တွေကို ထိုးသပ်တင်ပြီး လက်က သရေကွင်းကို ဖြုတ်ခါ ဆံပင်အပေါ်ပိုင်းကို သိမ်းချည်လိုက်သည်..။
သူနဲ့ လိုက်တဲ့ ဆံပင်ပုံစံကိုလည်း သူသိသားပဲ…။
“အိုး..ဆောရီး..”
“အိုး..”
ကြည့်စမ်း..ပခုံးကို တမင်တကာ ပစ်တိုက်လိုက်ပြီး သွားဖြဲတောင်းပန်နေတာ အမြင်ကပ်ချင်စရာ…။
ကောင်မလေးက ပခုံးကို ပွတ်ရင်း သူ့ကို မော့ကြည့်ခါ မျက်နှာ ချက်ချင်း ပျော့ပျောင်းသွားသည်..။
ဒါပေါ့ လှတာမက်တော့ညစာ ခက်တယ်ဆိုတာ တကယ့်လက်တွေ့..။
မြင်သူတကာမှာတော့ ချောတယ်ပေါ့လေ…. ညစာပါ တောင်းရမ်း ကျွေးနေရတာတော့ လတ်ကလွဲပြီး ဘယ်သူမှ သိမယ်မထင်…။
စျေးထဲရောက်တော့ ကောင်မလေးတွေ မုန့်ဟင်းခါးထိုင်စားနေတဲ့ ဘက်ကိုသာ သူ့မျက်လုံးက ရောက်သွားသည်..။
“နည်းနည်းလျော့နှာခေါင်းမှာ မီးရဲနေပြီ..”
“ဘာဖြစ်လည်း လှလို့ငမ်းတာပဲ..”
“အဟွင်း..သွားရည်တွေပါ ကျကုန်တော့မယ်..”
“ကျပစေ….မလတ် ရှိုးလိုက်…အပြာရောင်နဲ့ ကောင်မလေးကိုကြည့် ပခုံးကို တိုက်မိပြီးကတည်းက ပစ်ကြွေသွားတာလေ…ဒီလို ပို့စ်ပေးကြမ်းနေတာ နည်းနည်းလေး ဖန်လိုက်ရင် ပြိုဆင်းလာမဲ့အထာလေး.. သွားဖန်လိုက်ဦးမယ်..”
“ဟဲ့…”
လတ်ကို ထားပြီး သုတ်ခနဲ့ ထွက်သွားတော့ မျက်စောင်းထိုးရင်း ၀ယ်စရာတွေ ပြန်စဉ်းစားနေရသည်..။
“အလည်လာတာလား..”
“အဟွင်း..ဟုတ်တယ်…ဘယ်လိုသိလည်း..”
၀င်တိုက်မိတဲ့ ကောင်မလေးကပဲ တုန့်ပြန်ပြောတော့ နောင် ပြုံးလိုက်၍…
“ရန်ကုန်မှာ ဒီလောက်လှတဲ့ မိန်းကလေး မရှိဘူးလေ…”
“အမယ်…အတည်ပေါက်ကြီး ၀င်ရောနေတယ်…ယူ့ မိန်းမ တစ်ချက်ကြည့်သွားတယ်..”
“ဖက်..ဖက်..မိုးကြိုးတွေတော့ ပစ်ကုန်တော့မှာပဲ..အစ်မပါဗျ…”
“အိုး..ဆောရီး..မသိလို့နော်..”
နောင် ခေါင်းညိတ်ပြီး လက်ပြခါ…
“အချောလေးတွေ တောင်းပန်တော့လည်း ရပါတယ်ပေါ့ဗျာ…”
“အဟား..ဟုတ်ပါပြီ…”
“တို့တွေက ပြင်ဦးလွင်က..”
“ထင်တော့ထင်သား..”
“ဘာဖြစ်လို့လည်း…”
နောင် မျက်လုံးကို တစ်ချက်ဝေ့လိုက်ပြီး ခပ်ပြုံးပြဲုးဖြင့်
“နှင်းလို ဖြူနုနေတာကိုး..စနိုးဝိုက်လို အလှမျိုး..”
“အယ်…”
“ခစ်…ခစ်…”
“ကဲ..သွားတော့မယ်..နာမည်မမေးတော့ဘူး…မလွမ်းရဲလို့ပါ..”
“အမယ်…”
အားလုံးကို နှုတ်ဆက်ပြီးထွက်လာတော့ မလတ် က စျေးလမ်းကြားထဲတောင် ရောက်နေပြီ..။
နည်းနည်းပါးပါးတောင် မစောင့်နိုင်ဘူး..။
“မလတ်က နည်းနည်းပါးပါး မစောင့်ဘူး..”
“သြော်..လိုက်သွားမယ် ထင်လို့…”
“လိုက်စရာလား..”
မိုးသိပ်မလင်းခင် မို့ စျေးထဲမှာ လူသိပ်မစည်သေးတော့ စျေး၀ယ်လို့တော့ ကောင်းပါသည်..။
ဒါပေမဲ့ စျေးဦးစျေးဖျားဆိုတော့ စျေးဆစ်ဖို့ မလွယ်…။
“မလတ်..ကောက်ညှင်းပေါင်း.. ၀ယ်ကျွေး…”
“လုပ်ပြီ..”
ဘေးက နှာခေါင်း မီးတောက်ကောင်ကို မျက်စောင်းပစ်ထိုး လိုက်မိပေမဲ့ မနေနိုင်လို့…
“ညီမ တစ်ရာဖိုးရောင်းတက်လား ဟင်..”
“နှစ်ရာဖိုးတော့ ယူပါအစ်မရယ်..”
“အေး..အေး..ဟဲ့..ဘာစားမှာလည်း..”“အဖြူ တစ်၀က် အမဲ တစ်၀က် အုန်းဦးများများ နှမ်းများများ ဆားလျော့ထည့် သွေးတိုးရှိလို့..”
ဘေးအခန်းက ဒေါ်လေးပု ကောက်ညှင်းပေါင်း ၀ယ်တဲ့ပုံစံကို မှတ်ထားပြီး ထို အတိုင်း ပြန်ရွတ်နေတော့ လတ် ပြုံးမိသည်..။
ကောက်ညှင်းပေါင်းသည်ကတော့ သေချာ သူပြောတဲ့ အတိုင်း ထည့်ပေးပါသည်..။
ပဲပြုတ်ကြော်ဖို့ သတိရတော့ နှစ်ဆိုင်ကြော်က ပဲပြုတ်သည်ဆီ သွားရသည်..။
“ပဲပြုတ်လား..”
“အေးလေ..ထမင်းကြော်ပေးခဲ့မယ်..”
“ယောင်္ကျားက ချောသားပဲ..”
ပဲပြုတ်သည်ကောင်မလေးက သူ့ကို ကြည့်ပြီး ပြုံးပြောတော့ ဒင်းက ကောက်ညှင်းပေါင်း စားလက်စ ဖြင့် လက်နဲ့ ခေါင်းကို ခါရမ်းရင်း
“အစ္မ..”
“သြော်..မသိလို့နော်…မောင်လေးက ချောတယ်နော် အစ်မ..”
“အင်း…သူက အာသောက ရုပ်ရှင် ကြည့်တာ များသွားလို့….”
“ဟဲ..ဟဲ..တူပါတယ်…မျက်လုံး တူတယ်နော်…”
“မလတ်နော်…”
“ဟား..ဟား…”
သူ့ကို ငေးနေတဲ့ စျေးသည်ကို ပဲပြုတ်ဖိုး ပိုက်ဆံပေးတာတောင် မနည်းခေါ်ပေးရသည်..။
ဟူး…လတ်ကိုတော့ လူတွေ မမြင်တော့ပါလားနော်…။
“ခရမ်းချဉ်သီး နှစ်ဆယ်သား ပေးပါ…”
“အစိတ်သား ယူလိုက် ပါလား ညီမ အတွက်သင့်ကျဖြစ်သွားတာပေါ့..”
“ဟုတ်..”
နောင် လက်ထဲက ကောက်ညှင်းပေါင်း ကုန်သွားတော့ ပလတ်စတစ် အိတ်ဖြင့် လက်သုတ်ပြီး လုံးချေခါ အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်သည်…။
မလတ် နောက်မှာ ရပ်ရင်း အသီးအနှံ အစုံ အလင်ကို စိတ်၀င်တစား လိုက်ကြည့်မိသည်.။
ဒီလို စျေးကို မရောက်ဖူးလို့ အားလုံး အသစ်အဆန်းလို ဖြစ်နေသည်..။
“ပဲကြီးရေစိမ် ဆူးပုတ်ရွက်…”
“မလတ်…ဆူးပုတ် ဆိုတာ အရွက်လား..”
“အေးလေ..ဒီမှာ..ဒါမျိုး..”
မလတ် ထောင်ပြတဲ့ အရွက်စီးလေးကို ကြည့်ပြီး နောင် ကိုယ့်နဖူး ကိုယ် ရိုက်လိုက်မိသည်..။
ဆူးပုတ်ဆိုတာ ဆူးပုတ်ထင်တာပေါ့…. ကျစ်…. ရှက်ဖို့ကောင်းလိုက်တာ…။
နောင် ဟင်းသီး ဟင်းရွက်တွေ လိုက်ကြည့်ရင်း ပဲတောင့်ရှည် တွေ့တော့…
“မလတ်..ပဲသီးချက်ပါလား…”
“မချက်ဘူး…ပုစွန်ချဉ်စပ်ကြော်ပေးဖို့ ၀ယ်ပြီးပြီ..”
“မလတ်ကလည်း…နှစ်မျိုးကျွေးတော့ ဘာဖြစ်လို့လည်း…ပဲသီးထပ်၀ယ်လိုက်ပါ ပြောင်းဖူးလေး နဲ့ကြက်ဥလေးပါ ထည့်ကြော်လိုက် ရှယ်ပဲ..”
“တော်ပြီ…လခ မရခင် ဇာဇာကန်ချတော့မယ်..”
“တစ်ခါတည်းနဲ့ မမွဲပါဘူးဗျာ..”
“နောင်နော်…စျေးထဲမှာ… ဘယ်လိုဖြစ်နေလည်း… ထပ်မပြောနဲ့”
ခပ်ငေါက်ငေါက်ပြောပြီး ခရမ်းချဉ်သီး ရွေးနေတဲ့ မလတ်ဘေးမှာ လက်ပိုက်ရပ်စောင့်နေချိန်  ပဲတောင့်ရှည်သီးတွေက လှောင်နေသလိုလို…။။
မရဘူး..ဒီနေ့ ဒါ စားရမှကို ဖြစ်မှာ….နောင်တို့က ဆုံးဖြတ်ပြီးရင် မရရအောင် ယူဖို့ပဲ ကြံတက်တော့တာလေ..။
ပဲထောင့်ရှည် အစည်းကို ယူပြီး မလတ်ဘေးမှာ ချထားတဲ့ စျေး၀ယ်အိတ်ထဲ ခွေထည့်လိုက်သည်..။
နောက်ထပ် ပြောင်းဖူး အသေးလေးတွေ ကို ယူခါ စျေးသည်ကို ထောင်ပြပြီး ထပ်ထည့်လိုက်သည်..။
ကြက်ဥလည်း နှစ်လုံး ယူပြီး ပြခါ အိတ်ထဲ ထပ်ထည့်ရပြန်သည်.။
“အစ်မ…ရပြီထင်တယ်..”
“အင်း…တစ်လုံးလောက် ထပ်ပေးပါဦး ညီမ..”
လတ် ခရမ်းချဉ်သီး တစ်လုံး ကောက်ရွေးနေချိန် စျေးသည်အစ်မကြီးက ရယ်တော့ နောက်လှည့်ကြည့်မိသည်..။
ပဲသီးမ၀ယ်လို့ ဖြစ်နေတဲ့ ရုပ်က စူပုတ်ပုတ်…။
မတက်နိုင်ဘူး…သူ့အတွက်ပဲ စားစရိတ်ကုန်နေတာ လတ်တို့က ဆိုင်မှာပဲ မနက်ကော ညကော စားရတာလေ…။
ယောင်္ကျားဆိုတဲ့ ပုထုဇဉ် လေးတွေက နည်းနည်းလေးမှ မသိတက်ဘူး..။
“ဘယ်လောက်လည်း အစ်မ..”
“ထောင့်နှစ်ရာပါ ညီမ..”
“ရှင်..”
ခရမ်းချဉ်သီးတွေ ဒီလောက် စျေးတက်သွားတာလား..မနေ့ကမှ ဆိုင် အတွက် စာရင်းသွင်းတာ ပိသာလိုက်ကို တစ်ထောင် ကျော်လေးပါ…။
လတ် မျက်လုံးပြူး၍  ပိုက်ဆံထုတ်ရင်း မယုံသင်္ကာဖြင့် စိတ်ထဲ ပြန်တွက်နေမိသည်..။
“ဘယ်စျေးလည်း အစ်မ..”
“ခရမ်းချဉ်သီးက လေးရာပါ ပဲထောင့်ရှည်က နှစ်ရာ ကြက်ဥက လေးရာ ပြောင်းဖူးက နှစ်ရာပါ..”
“ရှင်..”
ဆိုင်ရှင် အစ်မကြီးက ပြုံးစေ့စေ့ လုပ်နေတော့မှ သဘောပေါက်ခါ ဘေးမှာ ချထားတဲ့ စျေး၀ယ်အိတ်ကို ကောက်ယူကြည့်မိသည်..။
ကြည့်စမ်း…မသိပဲနဲ့သာ ထွက်သွားရင် မိလတ်တို့ သူခိုးဖြစ်ပြီပေါ့..။
“မင်းနောင်..”
“အဟဲ..စားချင်လို့ပါလို့ ပြောတာပဲ…”
“ကျစ်..နင်တော့လေ…”
စကားဖက်ပြောနေရင် အလုပ်နောက်ကျမှာ စိုးလို့ ပိုက်ဆံရှင်းပြီး ကပျာကယာ စျေးထဲက ထွက်လာရသည်..။
“မလတ်..စောင့်ဦးလေ..”
“ငါ နောက်ကျတော့မယ်…”
လတ် ခြေထောက်တွေကို ခပ်သွက်သွက် ဖိနင်းနေချိန် ဘေးကနေ လှစ်ခနဲ့ ပြေးတက်သွားတော့ နောက်က ကျိန်ဆဲရင်း လိုက်ခဲ့ရသည်..။
ပြေးနိုင်တာပေါ့….ဒင်းက ငဖောင်ရိုးကို…။
“ဟဲ့…ပဲပြုတ်တွေချည်း မစားနဲ့လေ…ကြော်ဖို့၀ယ်လာတာ..”
ထမင်းကြော်ပေးဖို့ ကြက်သွန်နီ ဆီသပ်နေတုန်းရှိသေးတယ် ဘေးက ပဲပြုတ်ကို နှိက်စားနေတာ တစ်၀က်ကျိုးနေပြီ…။
“မလတ် ကတ်စေးနှဲမကြီး..”
“ဘာ..”
“မကျဉ်းသီး စိမ်းထောင်း ကောင်းတယ်လို့.”
အနားမှာ ထိုင်ပြီး ပွစ်ိပွစိပြောလိုက်တာ သေချာ ကို ကြားရဲ့သားနဲ့ ကလိမ်ကကျစ် လ်ိမ်ပြောပြန်ပြီ..။
“မလတ်…ညက ယူလာတဲ့ ငါးကြော်ကျန်သေးတယ်မလား..”
“အမ်း…ချိတ်ထားတယ်..”
ထမင်းကြော် ပန်းကန်ချပြီး အိတ်ကို ပြေးယူခါ အခန်းပြင် ထွက်လာပြန်ပြီ..။
“မလတ်…နွှင်ပေး..”
“ဟဲ့..ဒီမှာ လုပ်နေတယ် မမြင်ဘူးလား..ကိုယ့်ဟာကို နွှင်”
“မနွှင်တက်လို့ပြောနေရတာ…အိုးခဏချပြီး နွှင်ပေးပေါ့…ကိုယ့်ယောင်္ကျားကို ဒီလောက်တောင် လုပ်မပေးနိုင်ဘူးလား..”
“ဘယ်သူက ငါ့ယောင်္ကျားလည်း..မနက်က ပြောတော့ အစ်မကြီးဆို… ငါ့မောင်လေးကို တစ်ခါမှ အရိုးနွှင်ပေးစရာမလိုဘူး… မစားချင်ထားသာသွား..မောင်လေးရေ…”
“ဟား..ဟား…နောင် ဟင်းအိုးမွှေပေးမယ်… နွှင်ပေး အင့်..”
လတ် လက်ထဲက ယောက်မ ကို လုယူပြီး လက်ထဲကို ငါးကြော်အထုတ် လှမ်းထိုးထည့်ပေးတော့ အချိန်မရှိပေမဲ့ အရိုးသေချာ နွှင်ခါ ထမင်းကြော်ပန်းကန်ထဲ ထည့်ပေးခဲ့ရသည်..။
ထမင်းဆိုင်သွားဖို့ အ၀တ်အစားလဲနေရင်း နိုင်ထူး ရဲ့ ရှပ်အင်္ကျီ တန်းအောက်ကျနေတာ တွေ့တော့ သက်ပြင်းချမိသည်..။
“ဟင်း..မောင်တစ်ယောက်ရဲ့ အလုပ်တွေ လုပ်ရတာ ဒင်းမရှိတုန်း သက်သာမလား မှတ်တယ်…..လင်အမည်ခံထားတဲ့ မောင်ဖြစ်သူက ပိုဆိုးနေတယ်…”
“အဟား…နောင်တမရနဲ့နော်..ခပ်ချောချော ခပ်မိုက်မိုက် ကောင်လေးကို အလကား ရထားတာလေ…”
“ဟုတ်ကဲ့…ကျေးဇူးတော်ကြီးမားလှပါတယ်…ကိုယ်တော် သခင်လေးရယ်..”
“ဟား..ဟား…”
အခန်းထဲမှာ အ၀တ်လဲနေချိန် ဟင်းအိုးကို စောင့်ကြည့်ပေးနေတာတောင် မဟာကျေးဇူး…။
ကိုယ့်မောင်အရင်း နိုင်ထူးကတော့ မီးဖိုအနားတောင် မကပ်ဖူးပါဘူး..ဒါလေးနဲ့တင် ကျေနပ်နေရပါတယ်လေ…။
အ၀တ်တွေကို တန်းပေါ်လွှားလိုက်ပြီး တစ်ခါတလေ သူ့ အ၀တ်သူလျှော်တယ် တစ်ခါတလေ လတ် အ၀တ်တွေပါ ကူလျှော်ပေးတာကို သတိရရင်း ပြဲုးလိုက်မိသည်..။
မဆိုးပါဘူး…။
“သွားတော့မယ်…ဘယ်မှ လျှောက်မသွားနဲ့နော်..”
“အမ်းပါ…ဟာ..မလတ်လာစမ်း..”
အောင်မယ်…လာစမ်းဆိုပဲ…လတ် အမြင်ကပ်လို့ လှည့်မကြည့်ပဲ ဆက်လျှောက်လာတော့ အနားကို အပြေးရောက်လာသည်..။
“လူတွေကို ဘာထင်နေလည်း.. ယောင်္ကျားတွေကို ဘာထင်နေတာလည်း”
ရှေ့မှာ ခါးထောက်ပြီး မျက်နှာစူပုတ်ပုတ် နဲ့ မေးငေါ့ပြီး ပြောနေတော့
“ဘာလည်းဟာ…”
“ကျစ်…ကိုယ့် အင်္ကျီ ကိုယ်ပြန်ကြည့်ဦး….လှစ်ပြ မြူဆွယ်နေတာ ဘယ်သူမှ မသိဘူး..မုဒိမ်းကောင် တိုးလာတာပဲ အပြစ်တင်တယ်..”
“အမလေး မဒိမ်းကောင်များ ရှေ့နေရဲ့…နင်ပြောတော့ အခေါက်ဆို အရက်သမားတောင် မမြည်းတော့ဘူးဆို…”
“သွားပြန်လဲလိုက်..”
“အကုန်လုံး ဒီလိုချည်းပဲ ၀လာလို့ အင်္ကျီ  င်္တွေ ကြပ်ကုန်တာ…ဘာမှ မဖြစ်ပါဘူး..မီးဖိုဆောင်မှာပဲ နေရတာပါဟယ်..ဘယ်သူမှလည်း မကြည့်ဘူး..”
“မလတ် မီးဖိုဆောင်ထဲမှာ ဘယ်ယောင်္ကျားမှ မရှိဘူးလား..”
“ရှိတာတော့ ရှိတာပေါ့…အကုန်လုံး နင့် အရွယ်ကလေးတွေချည်းပါပဲ..”
“နောင့် အရွယ်က ကလေးတွေ ဟုတ်လား..”
“အေးလေ…ကလေးလေး… လိမ်လိမ်မာမာနေနော်..”
နောင့် ခေါင်းကို ပုတ်ပြီး လမ်းမဘက်ထွက်သွားတော့ သက်ပြင်းချရင်း ကျန်ခဲ့ရသည်..။
ကျစ်…လူကိုများ ကလေးတဲ့…ကလေးမဟုတ်ကြောင်း သိအောင် လုပ်ပြလိုက်ရ မကောင်းရှိတော့မယ်…။
ရင်ထဲမှာ ဘယ်လောက်တောင် ပြင်းထန်နေလည်း မလတ် မသိပါဘူး…။
နောင့် နှုတ်ခမ်းတွန့်ပြုံးပြီး စေတနာ မပါစွာ ဆောင့်အောင့်ကြော်ပေးခဲ့တဲ့ ပဲသီးအိုးကို မီးဖိုပေါ်က ချလိုက်သည်..။
စေတနာ မပါပေမဲ့ စားလို့တော့ ကောင်းသား…။
မဆ်ိုးပါဘူး…။
.
“မလတ်ရေ….သူဌေး ခေါ်နေတယ်..”
“ဟောတော့….ဘာဖြစ်လို့လည်း မသိဘူး.”
လတ် ခရမ်းသီးတွေ လှီးနေချိန် သူဌေးရောက်လာတယ်ဆိုလို့ မီးဖိုဆောင်က ထွက်ခဲ့ရသည်..။
ဟင်း….အင်္ကျီ ကလည်း…နောင် ပြောရင် ပြောစရာပဲ ရင်ဘတ်ကြယ်သီးက ဟနေလို့ ခဏခဏ ဆွဲစေ့နေမိသည်..။
ပြေးလွှားနေတဲ့ ကြားက ဘာဖြစ်လို့များ ဒီလောက် ၀လာပါလိမ့်…။
ကောင်တာ ဘေးက ဧည့်သည်ဝိုင်းမှာ ထိုင်နေတဲ့ သူဌေးကို တွေ့တော့ ရင်တွေ တဒိန်းဒိန်း ခုန်လာသည်..။
မီးဖိုဆောင် တစ်ခုလုံးကို တာ၀န်ယူထားရတာ ခေါင်းတွေလည်း တွေးရလွန်းလို့ ဆံပင်တွေတောင် ပိုဖြူလာပြီလေ…။
“သူဌေး ခေါ်တယ်ဆိုလို့ပါ....”
“ဟုတ်ပါတယ်..ထိုင်ပါ..လတ်…”
“ဟုတ်..”
သူဌေးရှေ့က ခုံမှာ ၀င်ထိုင်လိုက်ရပေမဲ့ စိတ်ထဲ မနေတက်လို့ ခပ်ကျုံ့ကျုံ့ ထိုင်မိသည်..။
“လတ်ပြောတော့ မလုပ်နိုင်ဘူးဆို…အခုတော့ ရောင်းအားတောင် တက်လာသေးတယ်…”
“ဟုတ်ကဲ့…စားသုံးသူ အပေါ်ထားတဲ့ သူဌေးရဲ့ စေတနာတွေ ရောင်ပြန်တာပါ”
“အဟွင်း..ကိုယ့် နာမည်က ကျော်ဇင် ပါ မဇာဇာ ခေါ်သလိုပဲ ခေါ်ပေါ့..”
“ဟုတ်ကဲ့..”
နာမည်မိတ်ဆက်နေတော့ လတ် ခေါင်းညိတ်ပြလိုက်ရသည်..။
“သူဌေး ..အဲ….ကိုကျော်…ရောက်တုန်း မီးဖိုဆောင် ကို ၀င်ကြည့်သွားပါလား..”
“မလိုပါဘူး..လတ်ရဲ့….ကိုယ် စိတ်ချရတဲ့ သူမှန်း သိပါတယ်…ဒါထက် မန်နေဂျာ အသစ်ကော အဆင်ပြေရဲ့လား..”
“ဟုတ်ပြေပါတယ်…စျေး၀ယ်စာရင်းကိုင် ကိုတော့ သီရိ ကပဲ လုပ်တယ် သ..အဲ ကိုကျော်…”
“လတ် အဆင်ပြေသလို လုပ်ပေါ့….ကိုယ် မနေ့က လာတော့ လတ်ပြန်သွားပြီတဲ့လေ..”
“ဟုတ်ကဲ့…လတ် ၇နာရီဆိုပြန်ပါတယ်..”
“အင်း….ကိုယ် ဂက်စ်အိုး ကိစ္စ မေးမလို့လေ…လတ် ကို ဆက်သွယ်လို့ရမဲ့ ဖုန်းလည်း မသိဘူး.”
“ဟို..လတ်မှာ ဖုန်းမရှိလို့ပါ…”
“အင်း..သိပါတယ်..ဒါကြောင့်…ကိုယ် ၀ယ်လာတယ်..”
ဘေးခုံပေါ်က ဖုန်းဘူး အသစ်ကို ရှေ့စားပွဲပေါ်တင်ပြီး တွန်းပေးတော့ လတ် မျက်လုံးပြူးရင်း ခေါင်းရမ်းမိသည်..။
“၀န်ထမ်းတွေ အားလုံးကို ကိုယ် အလွယ် ဆက်သွယ်လို့ရပါတယ်…အခုလည်း အလုပ် အတွက်ပေးတာပါ…”
“ဟို..”
“အားမနာပါနဲ့..လိုအပ်လို့ပါ…ဒါနဲ့ အရင် ဂက်စ်ပို့တဲ့ ဆိုင်က ပြောင်းသွားတော့ ဟိုဘက်လမ်းကို ပြောင်းယူရလိမ့်မယ်..”
“ဟုတ်...မနက်က လာပြောပါတယ်…အရင်စျေး အတိုင်းဆိုရင် ဆက်ယူမယ်လို့ ပြောလိုက်ပါတယ်..စျေးကွာသွားရင်တော့ လတ်တို့ ဆိုင်ပြောင်းမှာပါ…”
“အရမ်းတော်တယ်…ကိုယ် မျက်နှာလွဲလို့ရတယ် ဆိုတော့ လူရွေးမမှားဘူးပေါ့..”
“အဲ…ဟို…သူဌေး..ကိုကျော်… ထမင်းစားသွားပါလား.”
“ဟောဗျာ…ကိုယ်ဆိုင်က ထမင်းကို ကိုယ့်ပြန်ကျွေးနေတယ်…တစ်ခြားက ၀ယ်ကျွေးရင်တော့ ချီးကျူးစကား ပြောပေးရတာ တန်တာပေါ့ဗျာ..”
“ဒီလို သဘောနဲ့ မဟုတ်ပါဘူး..”
“အဟွင်း…ကိုယ် ရစ်သလို ဖြစ်နေပြီထင်တယ်…လတ့်ရဲ့ စိတ်ဓာတ်ကို ကြိုက်လို့ ခင်မိတာပါ…ကဲ အလုပ်ရှိရင်သွားလေ…ကိုယ်လည်း ပြန်မယ်..ဒီက ပြန်ရင် မန္တလေး တန်းသွားရမယ်..”
“ဟုတ်လား…ဒါဆို..ခဏစောင့် သူဌေး..ခဏပဲ..”
လတ် မီးဖိုဆောင်ထဲ ရောက်တော့ ထမင်းဘူးယူပြီး ထမင်းနဲ့ အရည်မပါတဲ့ အကြော်အလှော် တွေ သေချာ ထည့်ပေးလိုက်သည်..။
ဆယ်တစ်နာရီ ခရီးသွားမှာဆိုတော့ နေကလည်း ပူဦးမယ်..။
“ဖိုးဝရေ….ရေခဲဘုံးထဲက ရေခဲဘူး နှစ်ဘူးလောက် ယူခဲ့ပေးပါ..”
“ဟုတ်..”
“ကိုကျော်…ဒီမှာ..အလုပ်မရှုပ်ဘူးဆိုရင် ယူသွားပါလားဟင်…လမ်းမှာ ဆာရင် စားလို့ရတာပေါ့…”
“အဟွင်း..အခုလို သိတက်လို့ ကျေးဇူးပဲ… လတ်..”
“ဟို ရေခဲဘူးလည်း ထည့်ပေးလိုက်မယ်…ရေအေးအေးလေး သောက်ရတာပေါ့…လမ်းက ၀ယ်ရင် ခဏလေးနဲ့ ရေနွေးဖြစ်သွားမှာစိုးလို့..”
“ကိုယ်တောင် မတွေးမိဘူး..ကဲ ဖိုး၀ ကားထဲ ထည့်လိုက်…”
“ဟုတ်..”
“သွားမယ်နော်…ကိုယ် မန္တလေးက ဘာ၀ယ်ခဲ့ရမလည်း..”
“ရှင်..”
လတ် မျက်လုံးပြူးလေး ဖြင့် မော့ကြည့်တော့ ပီရိသေသပ်တဲ့ နှုတ်ခမ်းကို တစ်ချက်တွန့်ရုံလေး ပြုံးခါ
“၀န်ထမ်းကောင်းကို ဆုချသင့်တယ်လေ…”
“ဟို..ရပါတယ်…”
“ဟုတ်ပြီ…ဒါဆို ဟိုရောက်မှ ဖုန်းတစ်ခါ ဆက်မေးမယ်..ကဲ သွားပြီ..အကြောင်းရှိရင် ဖုန်းဆက်လိုက်နော်…ကိုယ့်နံပါတ်က နံပါတ်၀မ်း သိလား..”
“ဟုတ်..”
သူဌေးကား ထွက်သွားတော့မှ မီးဖိုဆောင်ထဲ ပြန်၀င်လာရသည်..။
နောမု့ပြောတဲ့ သူဌေးက အစ်မကို တအားချစ်တာပဲ ဆိုတော့ မလုံမလဲ ရင်ခုန်မိသေးသည်..။
သူဌေးဆိုတဲ့ အဆင့်အတန်းသာ ခြားမနေရင် သူနဲ့ လတ် အသက် သိပ်ကွာမယ်မထင်…။
တည်တည် တံ့တံ့ ပဲ နေတာ တွေ့ဖူးထားတော့ အခုလို ရယ်လိုက် ပြုံးလိုက်ချိန် လူချော တစ်ယောက်ပဲလို့ မှတ်ချက်ပေးမိသည်..။
လက်ထဲက ဖုန်းဘူးလေးကို ကောင်တာ အံဆွဲထဲ ထည့်ခဲ့ပေမဲ့ ပြန်မြင်ယောင်ပြီး ကျေးဇူးတွေ အခါခါ တင်ရပြန်သည်..။
အမလေး..အနားမကပ်နိုင်တဲ့ သိန်းကျော်တန် ဖုန်းကို ရော့… အင့် ပေးလိုက်တာပဲလား..။
သီရိကိုလည်း ၀ယ်ပေးထားတာ ဆိုတော့ လတ် ခေါင်းညိတ်ယူလိုက်ရပေမဲ့ အားနာနေတုန်းပင်..။
.
“အမ်း…ဟုတ်တယ်…”
“မသွားဘူး....ဒီမှာ အဆင်ပြေတယ်..”
“အမွေမဖျက်ရုံပါပဲ…ကိုအောင့်ဆီလည်း မလာချင်ဘူး.”
“ရွှေနန်းဆောင်ကနေ မြေနန်းကျတာပဲ…ဟား..ဟား….ဘာမှ မဖြစ်ဘူး..အခု လုံး၀ အေးဆေး ထိုင်စားနေတယ်..”
“ဟုတ်တယ်လေ..တကယ် ယူလိုက်တာ…မရှိဘူး..အလုပ်သွားတယ်..”“ယောင်္ကျားမို့ ခိုင်းထားတာပေါ့…တစ်သက်လုံး ရှာကျွေးရမှာ အခုတော့ သူရှာကျွေးတာ စားလိုက်ဦးမယ်..”
“အမ်း..ဒါပဲလေ…ဘာ မုတ် မှ မလုပ်ဘူး..ချိတ်ရှိလည်း ပိုက်ဆံမှ မရှိတာ မလုပ်တာပဲ ကောင်းပါတယ်..”
ကိုအောင် နဲ့ ဖုန်းပြောပြီးလို့ အခန်း၀ ထွက်ထိုင်နေချိန် လမ်းပေါ်က ကလေကချေ ဘ၀တူ ကြောင်တစ်ကောင်က ခြေထောက်ကို တိုးပြီး တညောင်ညောင် လုပ်နေသည်..။
“ကျစ်..နေဦး..”
ပန်းကန် တစ်ချက်ကို ယူခါ  ပဲသီးကြော်နဲ့ ထမင်းနယ် ပြီး ချကျွေးခဲ့လိုက်သည်..။
နာရီ ကြည့်လိုက်တော့ ခြောက်နာရီ ခွဲလာပြီ…လမ်းလျှောက်ချိန် ပါ ထည့်တွက်လိုက်ရင် ကွက်တိ ကျလိမ့်မည်…။
“ရွှီး..”
လမ်းမမှာ တက်လျှောက်နေရင်း ကောင်မလေး တစ်သိုက်ဖြတ်သွားတော့ လေချွန်လိုက်မိသည်..။
ကောင်မလေးတွေထဲမှ တစ်ယောက်က ဆံပင်တွေ ဝဲခနဲ့ ဖြစ်အောင် လှည့်ကြည့်ပြီး မျက်စောင်းလှလှ ထိုး၍ နှုတ်ခမ်းကိုက်ခါ ကြည့်သည်..။
မျက်လုံး မှိတ်ပြလိုက်တော့ အကြည့်လွဲပြီး ဆက်လျှောက်သွားကြသည်..။
ဟူး…အလယ်က တစ်ယောက်ရဲ့ နှုတ်ခမ်းလေးတွေက လှလိုက်တာ…။
ဇွန့် မွေးနေ့မို့ ဖုန်းဆက်ဖို့ သတိရပေမဲ့ အဆောင်ကို မခေါ်ချင်သလို မလတ် လည်း လက်ခံမှာ မဟုတ်ဘူး..။
ဒီကြားထဲ မျက်လုံး အစုံက ဒေါက်ထောက်ပြီး စောင့်ကြည့်နေတဲ့ ပတ်၀န်းကျင်မှာ ဇွန်သာ လိုက်လာလို့ကတော့…အကယ်ဒမီ ပေးပွဲထက် ပြောစရာများတော့မှာ မြင်ယောင် မိသည်..။
ပိုက်ဆံ မရှိလည်း ဇွန် က နောင့်ကို တကယ်ချစ်တာ သိပါသည်..။
ကိုယ်ကတော့ ရည်းစားတာဝန်အရ  သူ လိုချင်တဲ့ ဖန်စီ ပစ္စည်း စျေးကြီးကြီးတွေ ၀ယ်ပေးလိုက်သည်..။
သူ့ ချစ်သလို ကိုယ် ပြန်ချစ်ဖို့ ဆိုတာ နှလုံးသားက နားမျက်စိ မပါဘူးလေ…။
“ဟူး…တော်သေးတာပေါ့..”
ဆိုင်ရှေ့ကို ကွေ့ပတ်ပြီး ထွက်လာတဲ့ ကိုယ့်ရဲ့ စည်ပိုင်းကြီး လှိမ့်လာတာကို လက်ပိုက်ပြီး စောင့်ကြည့် နေလိုက်သည်..။
တစ်နေ့တခြား ပိုပို ၀လာတာ တော်တော် စိတ်ချမ်းသာနေတဲ့ပုံပါပဲ…။
ဒီကြားထဲ ထမင်းဆိုင်မှာ အလုပ်ရသွားတော့ ပိုဆိုးကုန်ရော…
တစ်နေ့ ဘယ်နှစ်နပ် ကြိတ်နေလည်း မသိဘူး..။
“ပေး…ဘာဟင်း ပါလည်း..”
“ဟင်းမကျန်လို့ ထမင်းပဲ ယူလာတယ်…”
“ဟူး…ဒါဆိုရင် မလတ် ဗိုက်မှောက်နေနော်…နောင် စားဖို့ပဲ ကျန်တယ်..”
“တော်.တော်..အပြောကောင်း.”
“စေတနာနဲ့နော်…မလတ်က ဝိတ်လျော့ဖို့လိုနေပြီ..”
“အေးဟယ်..ဒီလောက် လမ်းလျှောက်နေတာတောင် ပိန်မသွားတာ ဘယ်လို ကုသိုလ်လည်း မသိဘူး..”
“မလတ်ကို သားဖောက်ရင် တော်တော်ကိုက်မယ်..”
“ဘာ..”
မလတ် အသံစူးခနဲ့ ထွက်လာတော့မှ စကားမှားသွားတာသတိရပြီး အော်ရယ်မိသည်..။
“အသားတိုး၀က် နဲ့ မှားသွားတာပါ..ဟိ..”
“နင်လေ…ငရဲကြီးလိမ့်မယ် သိလား..ခွေးစုတ်…မသာလေး…”
“ကြည့်…အခု မလတ် ကျိန်ဆဲနေတာလေ…မလတ် ငရဲကြီးမှာပေါ့”
“ခွေးကောင်စုတ်..”
ရိုက်ချက်တွေကို လွဲရှောင်ပြီး နောက်ပြန်လျှောက်နေတော့ မလတ် တစ်ယောက် မနိုင်ပဲ ပါးစပ်ကသာ အမျိုးမျိုး ထွက်လာတော့သည်..။
“ဟင်..ဒါဘာလည်း..”
ရေတွင်းနားမှာ အခန်းတစ်ခုပုံစံ ကာရံထားတော့ လတ် စပ်စုချင်စိတ်ဖြင့် အနားသွားကြည့်မိသည်..။
အမိုးမရှိပဲ သုံးဖက်ကာထားတော့ အ၀တ်လဲခန်းများလား..ဇာဇာတော့ စေတနာကောင်းနေပြန်ပြီ..။
အထဲမှာ စဉ့်အိုး တစ်လုံး ရေဖြည့်ထားတော့ ရေချိုးချင်စိတ်ပင် ပေါက်လာသည်..။
တစ်ခါတလေ အရမ်းပင်ပန်းပေမဲ့ လူမြင်ကွင်း ရေချိုးရမှာ မကြိုက်လို့ မနက်စောစောပဲ ချိုးဖြစ်သည်..။
“နောင်…ဒါ ဘယ်တုန်းက လုပ်တာလည်း.”
“နေ့ခင်းကလေ…ဟိုဘက်တန်းလျား က ပြန်ပြင်နေတော့ သစ်သားတွေ သွပ်ပြား အဟောင်းတွေ ပုံထားလို့ သွားတောင်းပြီး ဆောက်လိုက်တာ…”
“ဟင်..နင် ဆောက်တာလား..”
“ဟုတ်တယ်လေ…မအေးမိတို့ မလတ်တို့ ဒေါ်ပုတို့ ရေချိုးရင် အမြင်မကောင်းလို့..”
“ဘာ”
“အမြင်ကောင်းရင်တော့ ဘယ်ကာရံပေးမလည်း..”
“နှာဘူး..တဏှာရူးကောင်…. ဒီအိုးကကော..”
“မမိုး အိုးလေ…သရက်ပင်အောက်ကနေ ရွေ့ထားတာ…မလတ်ရေချိုးချင် ချိုးလို့ရအောင် ကြည်စင် အေးမြတဲ့ ရေကို နောင်ကိုယ်တိုင် လက်ဖြင့် ခပ်၍ အဆင့်သင့် ပြင်ဆင်ထားကြောင်းပါ..”
သံနေသံထားနဲ့ လက်အုပ်ချီပြိး ပြောတော့ မျက်စောင်းထိုးလိုက်မိပေမဲ့ ကြည်နူးစိတ်ကြောင့် ပြုံးစေ့စေ့ ဖြစ်သွားရသည်.။
“ဟင်..ဖုန်းပါလား..”
“အင်း…သူဌေးပေးတာလေ…”
နောင် ထမင်းထုတ်ကို ထုံးစံ အတိုင်း ဆွဲထုတ်လိုက်တော့ နောက် တစ်ထုတ်မှာ ဖုန်းဘူးလေးထည့်ထားသည်..။
မလတ်က ခေါင်းညိတ်ပြီး အ၀တ်လဲဖို့ လုပ်ပေးထားသည့် အကာနောက်ကို ၀င်ခါ အ၀တ်လဲနေသည်.။
နောင် ဖုန်းဘူးကို မျက်မှောင်ကြုတ်ပြီး ကြည့်ခါ ဘူးကို ဆွဲဖွင့်လိုက်သည်..။
အလုပ်သမားကို ပေးတဲ့ ဖုန်းက ကာလတန်ကြေး သုံးသိန်းကျော်လောက်ရှိတဲ့ တန်ဖိုးမြင့်ဖုန်းမျိုး..။
မလတ်ကတော့ ဘာမှ မသိသူမို့ ဖုန်းပေးလိုက်တာလောက်ပဲ သိပေမဲ့ နောင်ကတော့ နောက်ဆက်တွဲ… ဆက်ရန်တွေကို ကြိုသိနေပြီ..။
“ဖုန်းက အသစ်ကြီးပဲ..”
“အင်း..ဟုတ်တယ်….ငါ မယူပါဘူးဆို..အတင်းပေးတယ်…”
“မလတ် ကံစမ်းမဲပေါက်တာလား..”
“မဟုတ်ပါဘူးဆို..သူဌေးပေးတာလို့ ပြောပြီးလေ…”
မလတ် က အ၀တ်အစားလဲပြီးတော့ ထမင်း ပန်းကန်တွေ အနားရောက်လာခါ ပန်းကန် တစ်ချပ်လိုက်ရှာနေပြီ..။
“နောင် ပန်းကန်ကော..”
“ဟိုမှာ စောနက ကြောင်တစ်ကောင်လာလို့ ထည့်ကျွေးထားတယ်..”
“ဟမ်..ကြောင်ကို လူစားတဲ့ ပန်းကန်နဲ့ ကျွေးတယ်..အမလေး… ညစ်ပတ်လိုက်တာ..”
“ဘာဖြစ်လို့လည်း…ကြောင်တန်းစား မခွဲခြားပါနဲ့ မလတ်ရာ…ကြောင်က လူတွေထက်သန့်တယ်..”
“ဘာ..”
“ဟုတ်တယ်လေ….ကြောင် အိပ်ပျော်နေရင် အာရည် ကျတာ မြင်ဘူးလား.. ကြောင် နှာချေး တစ်ရှုံရှုံ မြင်ဘူးလား..ကြောင်…”
“အိုး..တော်…စားခါနီး သောက်ခါနီး..နင်လေ…ငါ ဒီပန်းကန်နဲ့ပဲ စားမယ်…ဟိုပန်းကန် နင်ဆေးပြီးစား..”
“ပန်းကန် ကိစ္စထားဦး…ဖုန်းက ဘာဖြစ်လို့ပေးတာလည်း…၀န်ထမ်းတွေ ပေးတာဆိုရင် နောင်လည်း လာလုပ်မယ်..”
“မဟုတ်ပါဘူး…အမလေး..ထမင်းတစ်ခါစားဖို့ စကား မပျက်နိုင်ဘူး..”
မလတ်က လက်ထဲက ထမင်းပန်းကန်ကို ပြန်ချပြီး ရှေ့တိုးခါ ရေဘူးယူရင်း..
“အလုပ်ကိစ္စ မေးလို့ရအောင်ပေးတာတဲ့…နံပါတ်တစ်က သူ
ဌေးဖုန်းလို့ပြောတယ်..”
“သြော်……”
နောင် သဘောပေါက်သလို တစ်ချက်ပြုံးပြီး ဖုန်းကို ယူခါ ဖွင့်ကြည့်မိသည်..။
မလတ် ရိုးလွန်းတာလား….တုံးလွန်းတာလား..။
နောင် အကဲခတ်သလို တစ်ချက်ကြည့်လိုက်တော့ ထမင်းပန်းကန်ကို သာ အာရုံစိုက်ပြီး ဟင်းဇွန်းခပ်ထည့်လိုက် နယ်လိုက် ပါးစပ်ပြင်လိုက်ဖြင့် အလုပ်များနေသည်..။
ဟူး…ကုသိုလ်ကြောင့် ဝနေတာတဲ့…
အစားအသောက်နဲ့ သမီးရည်းစား ဖြစ်နေတာကျ ထည့်မပြောဘူး..။
မလတ် ဒီတစ်သက် ဝိတ်ကျပါ့ဦးမလား..။

*✭˚・゚✧*・゚*✭˚・゚✧*
ပျင်းစရာ ကောင်းနေပြီလား...မသိ😁
အဲလိုပဲ စပိုက်ကာတို့ ရေးရင်း...ရေးရင်း...
ဝဲလည်လည် ပါပဲ 😥💔

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now