Part 23

6.1K 291 2
                                    

စွဲနေပြီ
အပိုင်း(၂၃)
#စွဲနေပြီ

“မလတ်…ထမင်းစားမယ်လေ…”
“မစားချင်ဘူး..”
“ဘာလည်း…ဟိုဘဲကြီး ရဲ့ အဖြစ်မှန်တွေ သိပြီး ကြေကွဲနေတာလား..”
လတ် သူနဲ့ ပြိုင်ပြီး စကားမပြောချင်လို့အခန်းထဲက ထွက်ဖို့လုပ်တော့ အနားကို ရုတ်တရက် ရောက်လာပြီး လက်ကိုဆွဲသည်..။
“ဘာလည်း..”
“ထမင်းစားမယ်လို့..”
“ငါ စားခဲ့ပြီ..”
“နောင်..မစားရသေးဘူး..”
“နောင်ရယ်….မရစ်စမ်းပါနဲ့…ငါ အေးအေးဆေးဆေး နေပါရစေ…”
“မလတ် ဘာဖြစ်နေလည်း…”
“ကျစ်..”
ဖမ်းဆုပ်ထားတဲ့ သူ့လက်တွေကို ရုန်းပစ်လိုက်ပြီး သက်ပြင်းချခါ အခန်းနံရံကို မှီချပြီးထိုင်လိုက်ရသည်..။
ဒီလောက်ရဲတင်းနေတာ သူ နဲ့ အတူ အခန်းကျဉ်းလေးထဲ ဘယ်လိုနေရဲပါ့မလည်း..။
တစ်ယောက်တည်း နေခဲ့ရတဲ့ အချိန်မှ သူ က လတ်ဘ၀မှာ ဘယ်လောက် နေရာယူထားလည်း သိခဲ့ပြီ..။
အနေနီးလို့ သံယောဇဉ် ဖြစ်နေတာကို သူ့မှာ အချစ်လို့ အထင်လွဲနေတာလေ…။
ချမ်းသာလွန်းတဲ့ ပတ်၀န်းကျင်ကို အခုပြန်ရောက်ရင် မေ့သွားမှာပါ…နောင်ရယ်…။
နင့်ရဲ့ ကောင်မလေး ပေါင်း များစွာထဲမှာ ငါက နံပါတ်စဉ်တောင် ၀င်ပါ့မလား မသိဘူး…။
မိန်းကလေးဆိုတာ ဘယ်လောက်ပဲ နိမ့်ပါးပါစေ…ကိုယ့်ကို တန်ဖိုးထားမြတ်နိုးပြီး တစ်ဦ်းတည်းကို အသဲတုန်အောင် ချစ်တာပဲ လိုချင်တာပေါ့..။
ကိုယ့်ချစ်သူနဲ့ပဲ တစ်ဘဝလုံး လက်တွဲချင်တာလေ...နင်..နဲ့...ငါ..
တစ်ချိန်ကျရင် ဝေးသွားမှာ ကြိုသိနေတယ်။
လက်ကို ဆွဲကိုင်ပြီး လာခေါ်တဲ့ ပုံရိပ်တွေ မျက်လုံးထဲမှာ မပျောက်သေးဘူး..
ဘာမှ မသေချာ မရောရာတဲ့ အနေအထားမှာ ချစ်ပါတယ်လို့ အတင်းဇွတ်ပြောနေတော့ …
နင် တစ်ခုခု လိုအပ်လိုများလား…။
“မလတ်…”
“….”
“နောင့် ကို မယုံဘူးလား…”
နောင့် ရှေ့မှာ ငေးငိုင်နေတဲ့ မလတ်ကို ဆိုက်ကြည့်ရင်း မေးလိုက်တော့ ခေါင်းရမ်းပြီး နေရာပြောင်းဖို့ ပြင်နေပြန်ပြီ..။
ဘာဖြစ်နေတာလည်း..ဘယ်တွေသွားပြီး ဘာတွေ ဖြစ်လာတာလည်း..။
နောင့် ပင်ကိုယ်စိတ်အရဆိုရင် ပခုံးကိုကိုင်လှုပ်ပြီး ခပ်ကြမ်းကြမ်းမေးမိမှာပါ..။
ဒါပေမဲ့ မလတ် ဖြစ်နေလို့ လက်တွေက တွန့်ပြီး ဦးနှောက်တွေက ထိန်းချုပ် အသိပေးနေသည်..။
“မလတ် ပြောပါ…နောင့်ကို မလိုအပ်တော့ဘူးလား…ဟင်…တူတူနေရတာ အနှောင့်အယှက်ဖြစ်နေပြီလား…”
“ငါ….ငါ မဖြစ်ပါဘူး…နင်ဖြစ်နေတာပါ…နင်… ပြန်သွားရင်……ဟို…ပြန်သွားချင် သွားပါလို့…
ငါ… တစ်ယောက်တည်း နေရလည်း …ဖြစ်ပါတယ်…”
“မလတ်ရယ်…”
လတ် မေးဖျားကို ဆွဲပင့်ပြီး မျက်လုံးချင်းဆုံအောင်ကြည့်ခါ နှုတ်ခမ်းတွန့်ရုံလေး ပြုံးပြသည်..။
ဘာစကားလုံးမှ မပါပေမဲ့ အကြည့် ဆုံရင်း လတ်မှာတော့ ရင်တွေခုန်ခါ ငိုချင်သလိုလို ဖြစ်လာရသည်..။
“နောင်..ဆိုးခဲ့ပါတယ်….ဒါပေမဲ့ မလတ်ကို တကယ်ချစ်တာပါ…”
“…”
နဖူးပေါ်ကျလာတဲ့ အနမ်းနွေးလေး အောက်မှာ ရင်ထဲ သိမ့်ခနဲ့ ဖြစ်၍ မူးချင်သလိုလို ဖြစ်ရပြန်ပြီ..။
ပခုံးကိုဖက်ပြီး ရင်ခွင်ထဲ ဆွဲထည့်တော့ ရုန်းကန် အင်အားမပါပဲ အလိုက်သင့်လေးသာ နေမိသည်..။
တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးချင်းဆုံနေရင်း နီးကပ်လာတော့ ထွက်ပြေးချင်သလိုလို ရှေ့တိုးချင်သလိုလို…။
သူ့နှာဖျားထိပ်ကလေး ပါးကို ထိပြီး ထပ်ကျူးကျော်ခါ လတ့် ရဲ့ နှာခေါင်းနဲ့ ထိသေးသည်..။
အသက်ရှုနေတဲ့ လေငွေ့လေး နှုတ်ခမ်းကိုလာထိရိုက်ပြီး နွေးထွေးမှုကို ခံစားမိချိန်..
“မင်းနောင်ရေ…”
“အို..”
“သောက်ပလုတ်တုတ်…”
နောင် ရင်ခုန်တာတွေ ပျောက်ရှပြီး မလတ် ဆောင့်တွန်းလိုက်ချိန် နောက်လှန် ကျခါ လက်ပြန်ထောက်လိုက်လို့  လက်ပြင်ကြော အောင့်သွားရသည်…။
“ဟာကွာ…ကောင်းခန်းရောက်မှ..”
“ဟင်..”
တစ်ဖက်ခန်းက ကိုအောင်ဦး အသံကြောင့် မျက်လုံးပြူးရင်း ဝါးထရံကြီးကို နောင် နဲ့ မလတ် လှည့်ကြည့်မိသည်..။
ဟ…ဝါးထရံ နှစ်ချပ်ထပ်ထားတဲ့ နေရာက ကြာတော့ ဟပြီး အခန်းထောင့်နေရာကို မချောင်းပဲ အတိုင်းသား တွေ့နေရသည်..။
ဒီဘဲကြီး မအိပ်သေးပဲ ရုပ်ရှင်ကြည့်နေတာ….ဟူး..
မလတ်ကို ကြည့်လိုက်တော့ မျက်ခုံးလေး တွန့်ပြီး ခေါင်းငုံ့ခါ ထွက်ပြေးဖို့
အကြံထုတ်နေပြီ…။
“မင်းနောင်…”
“ဟ..ဘယ်ကောင်လည်း..”
“ငါပါ လွင်ညီ…”
“အိုး..”
နောင် ဆံပင်ရှည်တွေကို ထိုးဖွလိုက်ပြီး ခေါင်းကုတ်ရင်း အခန်းတံခါးမှာ ထိုးထားတဲ့  ဂျက်ကို ဖြုတ်လိုက်ရသည်..။
ဒီမှာ တကယ့်ကောင်းခန်းရောက်နေတာကို အဖျက်သမားက တစ်မျိုး…။
“မင်း တခြား အချိန်လာလို့မရဘူးလား..”
“ဟမ်…ဘာဖြစ်လို့လည်း..”
လွင်ညီ့ရဲ့ ကြောင်တောင်တောင် အမေးကြောင့်  နောင် ခေါင်းကို ပိတ်ရိုက်လိုက်ပြီး အခန်းထဲ ခေါ်သွင်းလိုက်ရသည်..။
မလတ် က အခန်းထောင့်မှာ ခပ်ကျုံကျုံ့ပြင်ထိုင်ပြီး ပြုံးပြ နှုတ်ဆက်သည်..။
“လွင်ညီ နေကောင်းတယ်နော်..သော်တာကော နေကောင်းရဲ့လား..”
“ဟုတ်ကဲ့..ဆောရီး အစ်မရေ…ညပိုင်းကြီး လာလို့ အနှောင့်အယှက် ဖြစ်သွားပြီထင်တယ်…”
“မဖြစ်ပါဘူး..”
“ဖြစ်တာပေါ့ကွ…မင်းဒါတောင် မသိဘူးလား…အခုလာတာ ဘာကိစ္စလည်း..”
“အေးပါကွာ…ဆောရီး…ဆောရီး..ဒီမှာ..မင်းအိမ်သော့နဲ့ ကားသော့ လာပြန်အပ်တာ..”
“ဟမ်…”
“ဟုတ်တယ်…မနက်ဖြန် ငါ မော်လမြိုင်ကို ပြန်တော့မယ်..”
“ဘာဖြစ်လို့လည်း..”
“ငါနဲ့ သော်တာ ကွဲသွားပြီ…”
“ဟာ…ဘာဖြစ်တာလည်း…”
“ငါ အဖြစ်မှန်တွေကို ပြောပြပြီး တိုက်ခန်း တစ်ခန်းလောက် ငှားနေဖို့ ပြောတယ်…သူက မနေနိုင်ဘူးတဲ့လေ…ရန်ဖြစ်တယ်…နေ့တိုင်းဖြစ်တယ်…ငါ့မာနကို ထိခိုက်တာတွေ များလာတော့ ငါ သည်းမခံနိုင်တော့လို့ပါကွာ…”
“ဟူး…အေးပါကွာ..တစ်လလောက်ခွဲနေလိုက်ပေါ့..”
“ဟ..တကယ်ကွဲတာပါ…”
“အေးပါ..တစ်လလောက်ပါပဲ..”
“မင်းကလည်း..”
“သိပါတယ်…မင်းတို့ မယူခင်ကတည်းက ခဏခဏ ကွဲနေတာလေ…”
“အေး…အဲဒါကြောင့် ဖြစ်မယ်…ဒါပေမဲ့..မင်းအိမ်မှာ ပြန်နေပါ နောင်ကြီးရာ…”
နောင့် လက်ထဲရောက်လာတဲ့ သော့ နှစ်ခုကို လှုပ်ကစားရင်း မလတ် ဘက်ကို လှည့်ကြည့်လိုက်မိသည်..။
နောင့်ကို တစ်ချက်ကြည့်ပြီး ဘာမှပြောစရာမရှိသလို မဆိုင်သလို နှုတ်ပိတ်ခါ ထိုင်နားထောင်နေတော့ နောင် မျက်ခုံးတွန့်ရင်း..
“မလတ် သဘောပဲလေ…သူ နေချင်တဲ့နေရာမှာ ငါ လိုက်နေရမယ်..”
“ဟာ…အစ်မ…ဒီကောင့် အိမ်မှာနေပါဗျာ…ဒီမှာဆိုရင် သူ ၀ဋ်ခံနေတာပဲ..”
“ဟေ့ကောင် သောက်ပို သိပ်မပြောနဲ့..ငါက ဘာလို့ ၀ဋ်ခံနေရမှာလည်း..”
“ဟ..မင်း အဆုတ်ရောင်ပြီး သေဖို့ ဖြစ်တာ ဘယ်နှစ်ခါလည်း…”
“အခု ပျောက်သွားပြီ….”
“အစ်မ…ကျွန်တော် ပြောတာ နားထောင်နော်…ဟိုအိမ်မှာ ပြန်နေလိုက်ပါ အစ်မရယ်…အခုလို အခန်းမှာ နေရတာ မသိလို့ပါ….ဒီကောင်က အပေါင်းအသင်းများတော့ ဟိုတယ် တစ်ခုခု တက်နေပြီလို့ထင်ထားတာပါ…မနေ့က ဇွန်နဲ့တွေ့တော့မှ…အဲ…”
“မင်း ဒါကြောင့် အိမ်ပြန်အပ်တာလား..”
နောင် သံသယ ဖြင့် မျက်မှောင်ကြုတ်ရင်း မေးလိုက်တော့ လွင်ညီက ခေါင်းရမ်းရင်း..
“မဟုတ်ဘူး နောင်…ငါ့မိန်းမ အိမ်ပြန်သွားတာ ဆယ်ငါးရက်တောင် ကျော်ပြီ….မင်း ဖုန်းနံပါတ်ကို ခေါ်တာမရလို့.. ကိုခေါင့်ကို ပေးခဲ့ဖို့ စီစဉ်ပြီးသား…ဇွန် နဲ့ တွေ့လို့ ဒီလိုက်လာရတာပါ…”
“အေး..မင်း မိန်းမလည်း ပြန်ချော့ဦးနော်..တော်ကြာ အကယ်ဒမီရနေဦးမယ်.”
“အေးပါ..မင်းတို့လည်း…ပြန်အိပ်ဦး..”
လွင်ညီ စကားကြောင့် နောင် မလုံမလဲ ခေါင်းကုတ်ရင်း ခြံ၀ အထိ တာ၀န်ကျေ လိုက်ပို့ပေးရသည်..။
“မင်းက တကယ့်ကောင်ပဲကွာ…”
“ဘာကိုလည်း…”
“ဟို အစတုန်းက ငါတို့ တားခဲ့တယ်လေ…ဒါပေမဲ့ မင်းရအောင် ယူခဲ့တယ်…မင်း က မိန်းမ အကဲခတ် တော်တယ်….ငါက ညံ့လို့ အခုကွဲပြီ..”
“အဟား..ဟုတ်တယ်..နောက် တစ်ယောက် ရှာရင် ငါနဲ့ အရင်ပေးတွေ့လေ…ဟေး..ဟေး…”
“အေး..ရှာ ဆိုမှ ဇွန် တော်တော်ကွဲနေတယ်….မနေ့ညကလည်း ကလပ်မှာ သောင်းကျန်းတာ မြင်မကောင်းဘူး..”
ဇွန့် အကြောင်းကြားရတော့ နောင် သက်ပြင်းချရင်း ပြောစရာ စကားတွေ ပျောက်ကုန်သည်..။
နောင့် ကို စိတ်ပူတက်တာ သိပေမဲ့ အစကတည်းက ပွင့်လင်းမြင်သာစွာ သေချာ ပြောပြီးသားပါ..။
သူ့လို မော်ဒယ် တစ်ယောက် အတွက် အချစ်မရှားတာ သိပေမဲ့ နောင့်ကိုပဲ စွဲလမ်းနေတာ အစကတော့ ဂုဏ်ယူမိသေးသည်..။
အခုတော့ မလတ် အထင်လွဲအောင် နေမိလို့ ကိုယ့်ကိုယ်ကို အပြစ်တင်နေရပြီလေ..။
“ဟူး…ငါ သူ့ကို အစကတည်းက ပြောခဲ့ပါတယ်…”
“အေးလေ….သူကလည်း မင်းနဲ့ ကျမှ စွဲစွဲလမ်းလမ်း ဖြစ်နေတာနော်…မင်းရဲ့ မလတ်ကို သူ့မောင် ပြန်လာရင် ကွာရှင်းမယ်ဆို…”
“ဟင်း….အစကတော့ ဒီလို စီစဉ်ထားတာလေ….အခုတော့ မရတော့ဘူး….စွဲနေပြီ..”
“ဟား..ဟား…စွဲချင်စရာကြီးကိုး…”
လွင်ညီရဲ့ လှောင်ရယ်မှုကို နောင် လိုက်ပြုံးနေလိုက်ပြီး ကားထွက်သွားတဲ့ အထိ ရပ်ကြည့်နေမိသည်..။
တစ်ဖက်သတ်ချစ်တဲ့ စွဲလမ်းမှုက ဒဏ်ရာတွေ ပေးနေရင်တောင် ဒီ စွဲလမ်းမှုကို မြတ်နိုး နေဦးမှာပါလေ…။
“ဟာ…မလတ်…”
နောင် အခန်းထဲ ပြန်ရောက်တော့ မလတ်က ခြင်ထောင် ပြင်ပြီး ၀င်တောင် အိပ်နေပြီ..။
ရမလား…အစပျိုးခဲ့တာ ဆက်ရန် တွေက အများကြီး ကျန်နေသေးတာကို….
ဒီလို လုပ်လို့ ရရိုးလား..။
“ဟ…”
နောင် ခြင်ထောင်ထဲ ၀င်ပြီး မလတ် ကို နောက်ကျောကနေ သိမ်းဖက်လိုက်တော့ ငုတ်တုတ်ထထိုင်သည်..။
“မလတ်…ဘာဖြစ်လို့လည်း.”
“နောင်…နင်…နင် အရင်အတိုင်း နေလို့မရဘူးလား…”
“ဘာကိုလည်း..”
“အခုလို လုပ်နေတာ…နင် နဲ့ တစ်ခန်းထဲ မနေရဲတော့ဘူး..”
“နောင် ဘာလုပ်နေလို့လည်း…”
“ငါ့ကို ဖက်တယ်လေ…”
မလတ်ရဲ့ သွားကြားစေ့လေသံ နဲ့ ခပ်တိုးတိုး အပြောကြောင့် နောင် နားမလည်နိုင်စွာ ပါးစပ် အဟောင်းသား ဖြစ်ရသည်..။
မိန်းမအကြောင်း ကျမ်းကြေနေတယ် မှတ်တာ…အခုမလတ်ကျတော့ တစ်ကွက် သင်ဖို့ လိုနေပြီ ထင်ပါတယ်လေ…။
နောင့် ကို မျက်စောင်းထိုးပြီး ခေါင်းအုံးပေါ် ပုံ့ခနဲ့ ပြန်အိပ်တော့ ခေါင်းကုတ်ရင်း နှာခေါင်းရှုံ့မိသည်..။
“ဘာဖြစ်လည်း..မလတ်ရယ်…ဖက်တာလေးကို ဒီလောက် စိတ်ဆိုးရလား”
“အရင်အတိုင်းနေလို့ ပြောနေတယ်..”
“ဘာ အရင်အတိုင်းလည်း…နောင်က မလတ်ကို ချစ်တယ်လို့ ပြောပြီးပြီလေ…ပြီးတော့ သမီးရည်းစား အဆင့်မဟုတ်ဘူး…လင်မယားတွေ…နောင်က မလတ်ရဲ့ တရားဝင် ယောင်္ကျား…
ဖက်ရုံတင် မကဘူး ကြိုက်တာ လုပ်ခွင့်ရှိတယ်…ဟွင်း…ဟွင်း”
“အို…နင်…နင်…ဘယ်လိုတွေ ပြောနေတာလည်း…ထပ်ပြောရင်…ငါ့ အဆိုးမဆိုနဲ့နော်…”
“ကျစ်…မလတ် စောနကတော့ ငြိမ်နေပြီးတော့လေ…”
“အဲ့ဒါ… ရုတ်တရက် မို့လို့…”
“ကျစ်..မမိုက်ပါဘူး…ဒါ လွင်ညီမွေလို့ မဟုတ်ရင် ပွဲက ပြီးနေလောက်ပြီ…သောက်ခါနီး ပျားရည်ထဲ အိမ်မြှောင် ပြုတ်ကျသလိုမျိုး…ေ×ာက်တလွဲတွေ ချည်းပဲ..”
“နင် မမိုက်ရိုင်းနဲ့နော်..”
“မလတ် ကို ဆဲတာ မဟုတ်ပါဘူး..”
“နင် အရင်အတိုင်း မနေနိုင်တော့ဘူးဆိုရင်…ငါ့ဘ၀လည်း မလုံခြုံတော့ဘူး..အဲတော့ နင် နဲ့ တူတူ မနေနိုင်ဘူး နောင်..”
“မိန်းမတွေများ..လိုတစ်မျိုး..မလို တစ်မျိုး…မလတ် ဖီးလ်ပျက်သွားလို့ တင်းနေတာလား..”
“သတိုးမင်းနောင်..”
မလတ် ရဲ့ အသံ ခပ်စပ်စပ်ကြောင့် နောင်ရယ်ရင်း ခေါင်းအုံးပေါ် ပစ်လဲချ အိပ်လိုက်သည်..။
တစ်အိပ်ယာထဲ တူတူ အိပ်နေရတာကို မလတ် က ဘယ်လို ရှောင်ပြေးချင်လို့လည်း…။
အဟွင်း…ဒါပေမဲ့  ဒီတစ်ခါတော့ မလတ် ခွင့်ပြုမှပါလေ…။
ခြင်ထောင် အမိုး ပေါ်မှာ ရောက်နေတဲ့ တစ်ဖက် အခန်းက မီးရောင် ဝါ၀ါ အစက်ကလေးတွေကို ငေးကြည့်ရင်း ပြုံးမိသည်…။
“ဟမ်…မိန်းမခိုးမယ်…ဟလား..”
“အေး..”
“ဘယ်သူလည်း..မင်း အဆင့်အတန်းနဲ့ ခိုးစရာတော့ မလိုပါဘူးကွာ..”
“အေးလေ…”
လွင်ညီ နဲ့ အောင်လေး စကား အပေးအယူ မျှနေပေမဲ့ နောင်ကတော့ ဆေးလိပ် လက်မှာ ညှပ်ရင်း စဉ်းစားစရာတွေ များနေသည်..။
“မင်းတို့ကို စုံစမ်းခိုင်းထားတဲ့ အကြောင်း..ဘယ်လိုနေလည်း..”
“ဟာ…ဟို ၀တုတ်မကြီး အကြောင်းလား..”
“ဖက်တီးလောက် ပြောစမ်းပါ အောင်လေးရာ…”
“သူ့အကြောင်း စုံစမ်းရတာ မဟန်ပါဘူးကွာ…မောင်နှမ နှစ်ယောက် တည်း ရှိတယ်…မုန့်ဟင်းခါး ရောင်းစားနေတယ်…မုဆိုးဖိုတောင် ကမ်းလှမ်းပြီးမှ ပြန်ပစ်ချထားတာတဲ့ကွ
သမိုင်းလည်း မကောင်းဘူးကွာ..”
“ဘယ်လို..”
နောင် မျက်မှောင်ကြုတ်ရင်း လက်ထဲက မသောက်ရသေးတဲ့ ဆေးလိပ်ကို ပြာချွေချလိုက်ရသည်..။
“အမေက လင်ငယ်နောက် လိုက်သွားတာ…သူ့အဖေက သူ့ခယ်မ ကို ပြန်ယူတယ်..နောက် အဖေလည်း ဆုံးသွားကော..သူ့အဒေါ်က ယောင်္ကျား တစ်ယောက် ထပ်ယူတယ်… မင်း စုံစမ်းခိုင်းတဲ့ မိန်းမကလည်း အဒေါ်ယောင်္ကျား နဲ့ ရပ်ကွက်ထဲမှာ တော်တော် အသံထွက်ထားတာကွ…. ရပ်ကွက်ထဲက ယောင်္ကျားတကာ ပြောကြားချက်အရ နိုးပဲ”
“အင်း..ရုပ်ရည်ကလည်း မင်း ဒက်ဒီ့ တောင် ကြိုက်မှာ မဟုတ်ပါဘူး..”
“နာမည်ကော သိခဲ့လား..”
“မြူနှင်းလတ်..”
“ဒါဆို သေချာပြီ…ငါ ခိုးမှာ သူပဲ..”
‘ဟမ်…”
နှစ်ယောက်စလုံး မျက်လုံးအပြူးသား ဖြစ်နေတော့ နောင် ဟက်ခနဲ့ တစ်ချက်ရယ်ပြီး တစ်၀က်ကျနေပြီ ဖြစ်တဲ့ ဆေးလိပ်ကို ပထမဆုံး အကြိမ်ရှိုက်မိသည်..။
“စဉ်းစားဦးနော်…နောင်…ငါတို့က စေတနာ နဲ့ပြောတာပါ..”
“ဟုတ်တယ်…စော်လန်းလန်းတွေကိုတောင် တစ်လထပ် ပိုမတွဲချင်တဲ့ မင်းက စာချူပ်တွေ ဘာတွေ နဲ့ လက်ထပ်မယ်ဆိုတာတော့…”
“ဘာဖြစ်လည်း……သူ့ဘဝကောင်းစားဖို့ကို လက်မခံပဲ အကန်တွေ လုပ်လာရင် ကွာပစ်လိုက်မှာပေါ့ကွာ..”
“မလွယ်ဘူးနော်နောင်…မိန်းမတွေ ငွေကြိုက်တဲ့အကြောင်း မင်းက ပိုသိပါတယ်…စာချူပ်စာတမ်း အရ လင်မယား ဖြစ်ထားရင် ကွာရှင်းတဲ့  အခါ ဘာမှ မပတ်သက်တောင် ပိုင်ဆိုင်မှု ခွဲပေးရလိမ့်မယ်…ပြီးတော့ ဆင်းရဲသား ရပ်ကွက်မှာနေပြီး စရိုက်ဆန်ဆန် မိသားစုက ပေါက်ဖွားလာတာဆိုတော့ လျော့မတွက်နဲ့နော်..”
“ဟူး…အောင်လေး..မင်းနေရာမှာ.. တခြားကောင်သာဆို..ေ×ာက်ခွက်ကို ပိတ်ထိုးပြီးပြီ..”
“အဟား…ငါက သူငယ်ချင်းမို့လို့ သတိပေးနေတာပါကွ…”
“မင်းတို့ကို စုံစမ်းခိုင်းနေတာ လူကို သေချာချင်လို့ပါ…သူ ပြောင်းလဲသွားတယ်…ငါ နဲ့ သိတုန်းက ပိန်ပိန်လေး..၀သွားတော့ မျက်နှာပုံစံပါ နည်းနည်းကွာသွားလို့ပါ…သူ့သမိုင်းကိုတော့ ငါ မင်းတို့ထက် ပိုသိပါတယ်…”
“မင်း လှည်းကျိုးထမ်းနေရမှာစိုးလို့ ပြောနေတာကွ..”
“ငါ…ဆုံးဖြတ်ပြီးသား ကိစ္စမို့လို့ သူ ဆယ်လင်ကွာ မုဆိုးမ ဖြစ်နေလည်း ငါ တာ၀န်ယူမှာပဲ…ကြွေသွားတဲ့ ပန်းတစ်ပွင့်ကို ကောက်ယူ တန်ဖိုးထားရင် ဒါ  မွန်မြတ် သန့်စင်တဲ့မေတ္တာ  နဲ့ ကောင်းမြတ်တဲ့ လူ့စိတ်ဓာတ်ပဲ…ဒါကို လှည်းကျိုးထမ်းတယ်လို့ သတ်မှတ်ကြတဲ့ လူတွေ ကိုကတည်းက မှားနေကြတာလေ……ဖိနပ်နဲ့ နင်းခံထားရတဲ့ ပန်းဖြစ်နေရင်လည်း ငါ မြတ်နိုးရင် ကောက်ယူနမ်းရှိုက်လိုက်မယ်…ဘယ်ကောင်မှ ဂရုမစိုက်ဘူး..တံပိုးတင်ပြီး ၀န်ပိုပါ တင်ရုန်းပစ်လိုက်မယ်ကွာ…ခလောက်ကလေး ကိုယ်တိုင် ဆွဲပြီး ဂျိုတုပါ တပ်ထားလိုက်မယ်…ဘာဖြစ်လည်း…”
“မပြောတော့ဘူး..နောင်ရေ..မင်းသဘော..…မင်းသဘောပဲ သလား..”
မင်းသဘောလို့ ပြောခဲ့တဲ့ သူငယ်ချင်းတွေက..သူတို့ စကား အတိုင်း အစအဆုံး ကူညီကြပါသည်..။
နောင့်ကို တားဆီးခဲ့တဲ့ လွင်ညီကတော့ အခု နောင်တ ရနေပြီ…ဟိုကောင် အောင်လေးလည်း မြန်မာပြည် ပြန်ရောက်ရင် နောင် မှန်တဲ့ အကြောင်း ၀န်ခံဦးမှာပါ…။
အလယ် မှာ တားဆီးကာရံထားတဲ့ အ၀တ်ကို လက်ညိုးနဲ့ တို့ဖယ်ပြီး မြင်ရုံလေး လှမ်းကြည့်လိုက်သည်..။
မလတ် အိပ်ပျော်နေပြီမို့ ကျောပေးမဟုတ်တော့ပဲ ပက်လက်ကလေး ဖြစ်နေခါ နောင်ဘက်ကို မျက်နှာ နည်းနည်း စောင်းနေသည်..။
နားသယ်စပ်နားမှာ ရှိတဲ့ မှဲ့လေးကို ငေးရင်း အမဲစက်ကလေးတွေ မကင်းတဲ့ ပါးလေးကို ကိုင်ကြည့်ချင်လာပြန်သည်..။
ဘယ်လောက်ကြာအောင် ထိန်းချုပ်ထားရလည်း မလတ် မသိဘူးနော်…။
နှစ်တွေ အများကြီး ကြာပေမဲ့ မလတ်ရဲ့ နားထင်မှာ မှဲ့ရှိတဲ့ ညာဘက်ခြမ်းပါးလေးကို စွဲလမ်းနေတုန်းပါပဲ…။
အချိန်တွေအကြာကြီး အဝေးဆုံးမှာ နေခဲ့တာ ပြန်တွေ့ရချိန် အရင်လို များ ဟုတ်ပါ့မလားလို့ တွေးမိသေးသည်..။
ရပ်ကွက်ထဲက သတင်းတွေ ကြောင့် နောင့် စိတ်တွေ ဇဝေဇ၀ါ ဖြစ်ခဲ့မိသည်..။
နောက်ဆုံး ဆုံးဖြတ်ချက် ချပြီးချိန်မှာ မလတ် က မလတ် မို့လို့ စာချုပ် စာတမ်း နဲ့ကို တစ်ဘဝစာ တာ၀န်ယူလိုက်တာလေ…။
မိန်းကလေးမို့လို့ ကူညီကာကွယ်တယ်လို့ ပြောရင်တော့  နောင် ကိုယ်လိပ်ပြာ ကိုယ်မလုံချင်…။
ကိုယ်တိုင်ကလည်း လူ့အခွင့်အရေး ကာကွယ် ဖော်ဆောင် တဲ့ ပရဟိတ လုပ်ရတာ ဝါသနာ မပါသလို…နှစ်ဦးသဘောတူ လို့ အတူနေခဲ့ကြတဲ့ မိန်းကလေးတွေလည်း ရှိခဲ့ဖူးသည်..။
မလတ် ကို မလတ် မို့လို့ စောင့်ရှောက်ချင်သည်..။
မလတ် ကို မလတ် မို့လို့သာ ကာကွယ်ပေးချင်သည်..။
မလတ် နေရာ တခြား မိန်းကလေး ဆိုရင်ကော လို့ မေးလာရင်…အန်ကယ်သိန်းတန်  စကား အတိုင်း နောင်တို့ကတော့ နိုးပါ….။
“အင့်..”
“ဟိုက်..”
မလတ် တစ်ချက် တွန့်ပြီး လူးသွားတော့ နောင် အဝတ်ပေါ်က လက်ညိုးကို အမြန်ချပြီး ကျောပေးခါ ငြိမ်နေလိုက်ရသည်..။
တစ်ရေးနိုးရင် တစ်ခါ ဗိုက်ဆာပြီး ရေသောက်တော့မှာလေ…။
မလတ် က အစားစားလို့ ၀တာ နည်းနည်း ရေသောက်လို့၀တာ များများရယ်…။
ဒီလောက် ရေသောက်နေလည်း အသားအရည်က မွဲခြောက်ခြောက်..နှုတ်ခမ်းက မစိုမပြည်နဲ့…ဒီစည်ပိုင်းကို ဘာလို့များ စွဲလမ်းနေတာလည်း ငနောင်ရာ….
မင်း ရူးများနေလား..။
ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရင်း ခပ်ပြုံးပြုံးဖြင့် မျက်လုံး စုံမှိတ်ခါ အိပ်ဖို့ ကြိုးစားရတော့သည်..။
.
“နောင်…ထမင်းဘူး..”
“အဟား…မိန်းမက လိမ်မာနေလိုက်တာ…လမ်းမ အထိ ပြေးလိုက်လာပြီး ပေးတာပဲ…ကျေးဇူး…အိမ်မှာ လိမ်လိမ်မာမာနေနော်…အလုပ်က ပြန်လာရင် မုန့်၀ယ်လာခဲ့မယ်…ဘယ်မှ လျှောက်သွားမနေနဲ့ဦး…”
လတ် ထမင်းဘူးကို သူ့လက်ထဲဆောင့်ထိုး ပေးလိုက်ပြီး မျက်စောင်းထိုးခါ ခြံထဲ ပြန်၀င်လာခဲ့ရသည်..။
တကယ်…ဘာဖြစ်နေမှန်းကို မသိဘူး…။
ဒီလောက် ရယ်နေတာ ဆေးလိပ်သောက်တာတွေ့လည်း ဆေးကြောင်တာလို့ ပြောလို့ရသေး.။
အခုတော့ ဘာကြောင် မှန်းကို မသိဘူး..။
အခန်း၀ ပြန်ရောက်လာတာတောင် လတ်မျက်နှာက စူပုတ်ပုတ် လေး ဖြစ်နေရသည်..။
မနက် အိပ်ရာထ ကတည်းက မိန်းမ… မိန်းမ ခေါ်နေတာ စိတ်ရှုပ်ဖို့ ကောင်းသည်။
စကားတွေကို ဟိုလိုလို ဒီလိုလို တွေ ပြောနေတာ လတ် က နေရ ထိုင်ရ ခက်သည်..။
ဒီကြားထဲ ကိုအောင်ဦး ကို တွေ့တော့ မျက်နှာတွေ ပူပြီး ရှက်လိုက်ရတာ မပြောပါနဲ့..။
နဖူးကို နမ်းတာလေး ငြိမ်နေပြီး ရင်ခွင်ထဲ အတင်းပိုက်ထားလို့ ငြိမ်နေမိတာလေး..။
ပြီးတော့ နမ်းခါနီး ဖြစ်သွားပေမဲ့ တကယ် နမ်းမိတာမှ မဟုတ်တာ…။
ကိုအောင်ဦးကြီးကလည်း တော်တော် အချောင်းဝါသနာ ပါတာ လတ် အမြင်ကပ်ကပ် နဲ့ ဇာဇာ တို့ဆိုင်က ပီနံမိုးကာ သုံးကိုက်လောက် ၀ယ်ပြီး ပတ်လည်ကာ ပစ်လိုက်ဦးမယ်…။
ဒီလောက် ဝါသနာပါနေလည်း ကိုယ့်အတွဲ ကိုယ်ရှာပါလား..။
သူများ အတွဲလိုက်ချောင်းစရာလား…။
“အိုး..”
လတ် အတွေးထဲက အတွဲ ဆိုတဲ့ စကားကြောင့် မျက်နှာလေးနွေးခါ မလုံမလဲဖြစ်ရ ပြန်သည်..။
“ မလတ် နဲ့ ဟိုကောင် နမ်းခဲ့တာကို နောင် ခွင့်လွှတ်ပေးမယ်..နောင့်ကို လည်း ခွင့်လွှတ်ပြီး ပြန်ချစ်ပေး ဟုတ်ပြီလား..”
သူ ပြောသလို ကိုယ့် ဘက်က အမှားလည်း ရှိနေတော့ မပြောသာပေမဲ့ စိတ်ထဲတော့ မကျေနပ်ချင်…
ကိုယ်က မိန်းကလေးမို့ အခြေအနေ တစ်ခုကြောင့်လေ.. သူကျတော့ ယောင်္ကျားလေး ဖြစ်ပြီး ကောင်မလေး ချောချော တစ်ယောက်က အတင်း အဓမ္မ နမ်းသွားတယ် ဆိုတာ ယုံချင်စရာလား..။
သူ့ဗလ က ဘာလုပ်ဖို့ ထားတာလည်း..။
လတ် ကို တွန်းတုန်းက ပြုတ်တောင်ကျတယ်… မိန်းမတစ်ယောက် အနိုင်ကျင့်ပြီး နမ်းနေတာ ကျတော့ ဆောင့်တွန်းပစ်ပါလား …။
“ငါ့ သမီး ဘာတွေ အလိုမကျပါလိမ့်..”
“ရှင်..အဲ..ဟို…”
“နောင်လေး တော့ စ သွားပြန်ပြီ ထင်တယ်..”
“ဟုတ်..”
လတ် အ၀တ်တွေကို ဝါးတန်းမှာ တင်လှန်းနေရင်း ဒေါ်လေးပု က ဆန်လာဆေး တော့ အတွေးနဲ့ စူပုတ်ပုတ် ဖြစ်နေတဲ့ မျက်နှာ ကို ပြုံးပြုံးလေး ဖြစ်အောင် ပြင်လိုက်ရသည်..။
“ဒီကောင်လေး အလုပ်တစ်ဖက် နဲ့ ရေခပ်ပေးနေတာ အားနာတယ်…ဟင်း..ပင်ပန်းပါတယ်..”
“အိုး..ဒေါ်လေးပုကလည်း …သူ့အားတွေ ဘယ်နေရာမှာ သုံးမလည်း…လုပ်ပါစေ…”
“ဒီလို လည်း မဟုတ်ဘူးလေ…သမီးလည်း အလုပ်လုပ်ဖူးတာပဲ အလုပ်က ပြန်လာရင် ဘာမှ မလုပ်ချင်ဘူး မလား..နောင်လေးကတော့ အလုပ် မသွားခင် တစ်ခါ ရေခပ်ပေး..အလုပ်က ပြန်လာရင် ညစာ ထမင်း ပြန်ချက်တယ်လေ…”
“လတ် အလုပ်ထွက်လိုက်ပါပြီ…သူ မချက်ရတော့ပါဘူး..”
“အိုး..ကောင်းတာပေါ့..ဒေါ်လေးပု ကတော့ ဘေးလူမို့လို့ ကြည့်နေရတာ…ယောင်္ကျားက ငွေရှာ မိန်းမက အိမ်ထှောင်မှု စီမံတာပဲ ကောင်းပါတယ်…အခုမှ လူမှန် နေရာမှန် ရောက်တော့တယ်…”
“အဟွင်း…ဒေါ်လေးပုတို့ကတော့… ကိုအောင်ဦးထက်ကို နောင့်ကို ပိုချစ်တာပဲ..”
“တစ်ဦးစေတနာ တစ်ဦးမှာ ဆိုသလို…အပြန်အလှန်ဖြစ်နေတာပါ…ဒေါ်ပု ကိုယ်တိုင် လုပ်ယူ ထားတာ မဟုတ်ပါဘူး….သူက ဒေါ်လေးပုကို အမေ တစ်ယောက်လို စေတနာ မေတ္တာထားတော့ ဒီလို ကို ဖြစ်နေတာလေ…”
“အမလေး…မနာလိုချင်စရာကြီး..”
“ကိုယ့် ယောင်္ကျားမှာ လူကြီးသူမကို ကူညီရိုင်းပင်းချင်စိတ်ရှိတာ မိလတ်က ကျေးဇူးတောင် တင်ရဦးမယ်လေ…”
“အင်း..ဒေါ်လေးပုက ရှေ့နေလိုက်ပေးလို့ ဒီနေ့တော့ သူကြိုက်တဲ့ ဟင်းလေး ချက်ကျွေးလိုက်ပါ့မယ်..”
“ကောင်းတာပေါ့…ဟယ်…ဘယ်သူလည်း မသိဘူး..”
“ဟင်..”
ခြံ၀န်းထဲကို ၀င်လာတဲ့ မိန်းကလေးကို ခပ်လှမ်းလှမ်းက မြင်ရုံနဲ့ နောင့် အစ်မ ဆိုတာ သိလိုက်သည်…။
အပြင်အဆင် က အနက်ဘက်ကို များပေမဲ့ သူ့ရဲ့ ဖြူ၀င်းတဲ့ အသားအရည်ကြောင့် မမှောင်ပဲ ပိုလှနေသည်..။
နောင် နေမကောင်းတဲ့ ရက်က အတူတူ တွေ့ပေမဲ့ မခေါ်မပြော ခပ်စိမ်းစိမ်းဖြင့် မလိုလားဟန်ကို ပြထားတော့ နှုတ်ဆက်ဖို့ စိတ်ထဲက လန့်နေသည်..။
နောင် မရှိတော့ လတ်ကပဲ အ၀တ်တန်း အောက်က ထွက်ခါ ပြုံးပြရင်း..
“နောင့်ဆီလာတာ လား အစ်မ..”
‘အေး..”
“နောင် အလုပ်သွားတယ်…အထဲ ၀င်ပါဦးလား..”
အခန်းထဲမှာ အိပ်ယာသိမ်းပြီး လှည့်ကျင်းထားတာမို့ မကျယ်ပေမဲ့ သပ်သပ်ရပ်ရပ် ဖြစ်နေလို့ ဧည့်သည်ကို ခေါ်ရဲတာပါ…။
လတ် တို့ ခင်းအိပ်တဲ့ ပိုက်ဖျာလေးကို ခင်းပေးဖို့ လုပ်တော့ မျက်ခုံးတွန့် လက်ကာပြီး မခင်းဖို့ တားသည်..။
“မနေ့က ငါလာသေးတယ်…ဘယ်သူမှ မရှိဘူး..”
“ဟုတ်ကဲ့..”
“နင် ဒီနေ့ အလုပ်မသွားဘူးပေါ့…”
“ဟို..လတ် အလုပ်ထွက်လိုက်ပါပြီ…အလုပ်သစ် လုပ်ဖို့ ကတော့ ရှာနေတုန်းပါ…”
သူ့မောင်လေးကို ခိုင်းစားနေတယ် ထင်မှာ စိုးလို့ ကာကွယ်တဲ့ အနေနဲ့ မုသားသုံးလိုက်မိသည်..။
တကယ်လည်း လတ် အလုပ် တစ်ခု ပြန်လုပ်ဖို့ ဆုံးဖြတ်ပြီးသားပါ…။
“ငါလာတာ…နင့်ကို အသိပေးစရာ ရှိလို့…”
“ရှင်…ဟုတ်…”
လတ် ရင်တွေ အခုန်မြန်ခါ နောင့်ကို ပြန်ခေါ်သွားဖို့ များလားလို့ တွေးရင်းစိတ်ထဲ နွမ်းလာရသည်..။
“နင်တို့ ဒီမှာ မနေသင့်ဘူး..”
“ရှင်..”
“ဟုတ်တယ်…အခန်းက တအားကျဉ်းတယ်…ပြီးတော့ ဟိုကောင်လေးကလည်း ငယ်ငယ်က အဆုတ်ရောင်ထားဖူးတော့ ပြန်ဖြစ်မှာ စိုးတယ်…ငါ့မောင် မို့လို့ အဖြစ်သည်းတာ မဟုတ်ဘူးနော်..”
“ဟုတ်…လတ် နားလည်ပါတယ်…”
လတ် ခေါင်းညိတ်ပြီး ထောက်ခံပေးလိုက်တော့မှ လက်ထဲက ကားသော့ကို ဘေးမှာ ချခါ ခြေထောက်ပြင်ထိုင်သည်..။
“ငါ့မောင် အကြောင်း နင် ဘယ်လောက် သိလည်း …သူ့ တစ်ကိုယ်လုံးမှာ ဒဏ်ရာမရခဲ့ဖူးတဲ့ နေရာတောင် ရှိလို့လား…သူ ဖျားရင် တော်တော် ကုရခက်တယ်…ပြီးတော့ နင်လည်း သူနဲ့ ဒီမှာနေရတာ အခက်အခဲတော့ ရှိတာပဲမလား…လိုရင်းကိ်ု ပြောရရင်…နင် က နည်းနည်း ကူပြောပေးပါ….”
“ရှင်..”
“သူ့ကို ငါ့အိမ်မှာ လာနေဖို့ ပြောတာ လက်မခံဘူး…ဒါ…ဒက်ဒီ့ကို ရွဲ့နေတာလေ…ငါ့ အိမ်မှာ မနေချင်ရင် စမ်းချောင်းက ငါ့တိုက်ခန်းမှာ နေလို့ရတယ်…ဒီအခန်းကျဉ်း ထက်တော့ အဆင်ပြေမှာပါ…ငါ ပြောတာ သဘောပေါက်လား…”
“ဟုတ်..ဒါပေမဲ့…သူ လက်ခံပါ့မလား…”
“ငါတို့ ပြောရင်တော့ လက်ခံမှာ မဟုတ်ဘူး..”
“ဒါဆို..လတ်ပြောရင်လည်း…”
“အဟွင်း…နင် ပြောရင် လက်ခံလိမ့်မယ်….”
“ရှင်…”
နှုတ်ခမ်းတွန့် ပြုံးပြီး လတ်ကို မေးငေါ့ ပြောတော့ အံသြရသည်။
လတ် ပြောလို့ရမယ်ဆိုတာ မဖြစ်နိုင်…သူ နဲ့ လတ် တစ်စက်ကလေးမှကို တည့်ချိန်မရှိတာလေ…။
“သူ နင့်ကို တော်တော် သဘောကျလို့ ဒီလို နေရာမှာ လာ ဒုက္ခခံနေနိုင်တာပေါ့…နင် ငါ့မောင်နဲ့ သိတာ မကြာသေးလို့လား…ဒါမှ မဟုတ်..သေချာ မသိခဲ့လို့လား ….နင့်အနားက သတိုးမင်းနောင် ဆိုတာ လုံး၀ ပုံစံ ပြောင်းထားတာ…သူ့ပုံစံ အမှန်က ဒီလို မဟုတ်ဘူး…”
အို…နောင်က ဘယ်လို ပုံစံမျိုးနဲ့ နေလို့ သူ့အစ်မတောင် ဝေဖန် ပြောဆိုနေရတာလည်း…
“…လတ် နဲ့ သူက..ဟို…တွေ့တာ သိပ်မကြာသေးလို့ပါ..”
“ဟုတ်မှာပေါ့..ဒါ့ကြောင့် ဒီကောင့်ကို နင် ယူတာလေ….ထားတော့…သူ အခန်းပြောင်းဖို့ ကိစ္စ နင် တာ၀န်ယူ စည်းရုံးပေးရမယ်..”
လတ် ကို လက်ညိုးထိုးပြီး တာ၀န်ပေးတော့ မျက်လုံးပြူးပြီး ဘာတွေ ပြန်ပြောရမှန်း မသိ ဖြစ်သွားရသည်..။
ကားသော့ ကောက်ကိုင်ပြီး ထရပ်လိုက်တော့ လတ် လည်း ထလိုက်ပေမဲ့…ပြောသွားတာတွေ သေချာ သဘောမပေါက်ပြန်ဘူး.။
“ဟို…ဘယ်လို စည်းရုံး..”
“ဒါကတော့ မိန်းမတို့ အတက်ပညာနဲ့သာ စည်းရုံးပေါ့…အကန်တွေ သွားပြောရင် နင့်လင် နားကောက် က နား၀င်မှာ မဟုတ်ဘူး..”
“ဟုတ်…ဟုတ်ကဲ့..”
စကားလုံးကြမ်းကြမ်းကြောင့် လတ် ထပ်မမေးတော့ပဲ သူ့နောက်က လိုက်သွားခါ် ခြံ၀ အထိ ဧည့်၀တ်ကျေ လိုက်ပို့ပေးရသည်..။
“ရော့…အများကြီး ပေးရင် ဟိုကောင် လက်ခံမှာ မဟုတ်ဘူး..”
“ဟင်..မယူပါရစေနဲ့ အစ်မရယ်…နောင်သိရင်…”
“ပိုက်ဆံဆိုတာ လိုအပ်တယ်…ယူထား…အရေးအကြောင်း ထုတ်သုံးလို့ ရတာပေါ့…ဒီငွေ လောက်က ငါ့အိမ်က ဒါရိုင်ဘာ မုန့်ဖိုးပဲ ရှိတယ်..”
လတ်ရဲ့ လက်ထဲကို ရောက်လာတဲ့ တစ်သောင်းတန်တွေကို ကြည့်ရင်း  မျက်လုံးပြူးသွားသည်..။
ဒါရိုင်ဘာ မုန့်ဖိုးတဲ့လေ…သူ့မောင်လေး လတ် ဆီကနေ ငါးရာ နှစ်ရာ တောင်းသုံးနေရာတာသာ သိသွားရင်တော့…ဘယ်လိုမျိုး ပြောလာမလည်း မသိ..။
“ဒီမှာ ငါ့ဖုန်းနံပါတ်…မနက်ဖြန်..ဒီလို အချိန် ဖုန်းဆက်ပြောပေး..”
‘ဟို..ဖုန်းက..လတ်မှာ…”
“ရော့..”
လတ် ကို လှမ်းပေးနေတဲ့ ငွေရောင်ဖုန်းလေးကို ငေးနေတုန်း လက်ထဲ အတင်းထိုးထည့်ပေးပြီး ပြန်သွားပြီ..။
သူတို့ မောင်နှမတွေ တူလိုက်တာ….တကယ့်ကို နားလည်ရခက်တဲ့ မိသားစုပါပဲလားနော်…။
.
“မိန်းမရေ….”
ဟူး…
လတ် သက်ပြင်းချရင်း သူ့ အစ်မ မျက်နှာမြင်ယောင်လာတော့ စကားလုံးတွေ ရှာရခက်နေပြန်သည်..။
အခန်းထဲ မှာ ထိုင်နေပေမဲ့ အသံကြားတာနဲ့ သူ ပြန်လာပြီ ဆိုတာ သိပါသည်..။
ဘယ်လိုမျိုး စည်းရုံး ရမှာလည်း…။
မိန်းမတို့ အတက်ပညာ ဆိုတာ မဟုတ်မှ…။
ဟာ..ဒီလိုတော့ မလုပ်ချင်ပါဘူး…သူတို့ မောင်နှမ ကိစ္စ လတ်က ကြားထဲက ဓားစာခံ မဖြစ်သင့်ပါဘူး..။
လတ် ဒီလို နေရာမျိုးမှာ နေနိုင်သားပဲ..မနေနိုင်တာ က သူ့မောင်လေ…လတ် နဲ့ ဘာဆိုင်လို့ စည်းရုံးရမှာလည်း..။
လတ် နဲ့ သူ ဟန်ဆောင် လင်မယားဆိုတာ သူ့ မိသားစု မှမသိတာ…။
သူတို့ မောင်လေး အနေအစား ကြပ်လို့ နေမကောင်းဖြစ်နေမှာ တော်တော် စိတ်ပူနေပုံပါပဲ…။
သူ့နေရာမှာ လတ် ဆိုရင် လည်း အစ်မ တစ်ယောက် အနေနဲ့ ဒီလို ခံစားရမှာပါလေ…။
အခုတောင် အဆင့်အတန်း ကွာလွန်းတဲ့ လတ်ဆီ ကိုယ်တိုင်ရောက်လာပြီး တောင်းဆိုသွားတာဆိုတော့….။
“မလတ်…”
“ဟင်…”
“သွားတုန်းကလည်း..ဒီမှာထိုင်နေတယ်..ခုချိန်ထိ ထိုင်တုန်းလား..”
ညနေ လေးနာရီခွဲ သူ အလုပ်က ပြန်လာတော့ လတ် က လုပ်စရာမရှိတော့လို့ ထိုင်နေတာလေ…။
တစ်နေ့ကုန် လျှော်ဖွတ်သိမ်းဆည်း ချက်ြ့ပုတ်နေပြီးမှ ထိုင်နေတာကို…ပြောထွက်လိုက်တဲ့ ပါးစပ်…။
“နောင့် ကို စိတ်ဆိုးနေတုန်းလား..”
“ဟုတ်တယ်..”
“ဆောရီးပါဗျာ…နောက် တစ်ခါဆို မျက်လုံးက ခွင့်ပြုတယ် ပြောလည်း..ပါးစပ်က ခွင့်ပြုပါတယ် ပြောမှ ထိပါ့မယ်..”
အ၀တ် ကြိုးတန်း ပေါ်က ရေလဲပုဆိုးကို ယူပြီး အ၀တ်အစားလဲနေတော့ လတ် အငေးသား ကြည့်နေမိသည်..။
သူ ဘယ်လို ဘုံဘ၀က ခုန်ဆင်းလာလည်း လတ် လည်း မသိပါဘူး..။
တစ်ခါမှ မဆုံဖူးတဲ့ လူ တစ်ယောက်က လက်ဆွဲခေါ်လို့ လိုက်လာရတာလေ…။
ကိုယ်နဲ့ မတွေ့ခင် သူက ဘယ်လို နေထိုင် စားသောက်လည်း မသိ..။
နိုင်ထူးငယ်ငယ် က သူတို့ အိမ်လိုက်သွားပြီး ဒေါ်လေး နဲ့ လတ် ကို ပြောပြခဲ့တာတွေ ပြန်ကြားယောင်နေမိသည်..။
“ရေကူးကန် နဲ့ရေတံခွန်လည်း ရှိတယ်…ဒီကောင့် အခန်းက အဖြူခန်း…သူ့အစ်ကို တစ်ယောက်ရဲ့ အခန်း လုံး၀ အမဲ…သူ့ အခန်းက အ၀တ်အစားဘီဒိုက ကျွန်တော်တို့ အိမ်ရှေ့ခန်းလောက်ရှိတယ်.…ဖိနပ်တွေက နိုင်ငံခြားစတိုင်လ်မျိုးတွေချည်းပဲ…ကျွန်တော့်ကို ပေးပေမဲ့ ခြေထောက်က ကြီးနေလို့ မတော်ဘူး….ဒေါ်လေးရာ..”
လတ် တို့ ရောက်ခါစတုန်းက ဘေးအခန်းမှ ဒေါ်လေးပု ဝေဖန်ခဲ့တာ…
“ ချမ်းသာလို့ ဒီလို ရုပ်ထွက်နေတာပေါ့အေ….အသိသာကြီးပဲဟာ…ကောင်လေးက ကျော့မော့ နေအောင် မနေပေမဲ့  သူဌေး မှန်း သိသာပါတယ်…”
ဒီလို သူဌေးသားက  အ၀တ်ထုတ်ထဲက နိုင်ထူး အကျီ င်္သုံးလေးထည် လှည့်ပတ်၀တ်နေရတဲ့ ဘ၀မှာ အဆင်ပြေပါ့မလား..။
အဆင်မပြေရင်လည်း ဘာဖြစ်လို့ ကူညီနေသေးလည်း…လတ်ကို တကယ်များ..
“ဟ…ဘာလို ပြန်တာလည်း..”
“ဟမ်…”
“မသိဘူးလေ…ဘောင်းဘီဝတ်လည်း လိုက်ကြည့် အကျီ င်္ ချွတ်လဲလည်း လိုက်ကြည့်နေပြီး..”
သူပြောတော့မှ လတ် မျက်လုံးပြူးပြီး မျက်နှာလွဲဖို့ သတိရတော့သည်..။
သူ့ကို ကြည့်နေတာ မှ မဟုတ်တာ…သူ့ အကြောင်းတွေးနေရင်း အကြည့်က ဘယ်ရောက်မှန်းတောင် သိတာ မဟုတ်ဘူး..
ပုဆိုး အဟောင်း တစ်ထည် ယူပြီး အခန်းထဲက ထွက်သွားတော့မှ လတ် သက်ပြင်းချမိသည်..။
သူ့မောင်လေး ရေချိုးပြီး ကိုယ်ဗလာ အေးစက်စက် နဲ့ ရေခပ်ပြီး ထည့်နေရတာသာ သိရင် သူ့ အစ်မ ဘယ်လောက်များ ဒေါသထွက်လိုက်မလည်း..။
လတ်ကြောင့် သူပါ ဒုက္ခလိုက်ခံနေရတာလား…။
“မလတ်…”
“ဟမ်..”
“ဆပ်ပြာနဲ့..ရေဖလား…ယူခဲ့ပေးဦး..”
လတ် အခန်းထောင့်မှာ ချထားတဲ့ ဆပ်ပြာခဲနဲ့ ကော်ရေဖလား ယူပြီး ရေတွင်း ဆီကို ထွက်လာခဲ့ရသည်..။
ရေတွင်းမှာ ရေဆွဲနေတဲ့ သူ့ နောက်ကျောကို ကြည့်ရင်း သနားသလိုလို ရင်ခုန်ချင်သလိုလို…။
ဖြူဖွေးနေတဲ့ ကျောပြင်ကိုငေးရင်း  သူ လှုပ်ရှားလိုက်တိုင်း လတ် အကြည့်က လွဲရမလို မလွဲရမလို…။
သူကတော့ နောက်ကို မကြည့်ပဲ ရေခပ်လိုက် ဘေးက စဉ့်အိုးတွေထဲ ရေသွန်ထည့်လိုက်ဖြင့် အလုပ် များနေသည်..။
“အင့်..ဒီမှာ…”
“ဟ…”
“ဗုန်း..”
သူ့နောက်ကို ရောက်သွားချိန် သူကလည်း ရေပုံးဆွဲပြီး လှည့်ထည့်ရင်း နှစ်ယောက် တိုက်မိခါ လက်ထဲက ရေပုံး လွတ်ကျပြီး လူလည်း ပြုတ်ကျမလို ဖြစ်သွားရသည်..။
“အိုး..”
သူ့ လက်မောင်းကို ဆွဲကိုင် လိုက်မိတော့  သူကလည်း လတ် နောက်ကျောကို ပြန်ကိုင်ပြီး ဟန်ချက်ထိန်းလိုက်သည်..။
သူ့ရင်အုံပေါ်မှ မှဲ့နီလေးက လတ်ရဲ့  ရှေ့နားကပ်နေတော့ မျက်လုံးပြူးဖြင့် ကြောင်ကြည့်နေမိသည်..။
လတ် ကျောပေါ်မှ သူ့လက်က နေရာရွေ့ပြီး ပခုံးပေါ်ရောက်လာတော့ သူ့လက်မောင်းပေါ် ရောက်နေတဲ့ လက် ကို ဆတ်ခနဲ့  ဖြုတ်လိုက်ရသည်..။
အလန့်တကြား မော့ကြည့်မိချိန် မျက်၀န်း နက်နက်တွေမှာ စကားလုံးတွေ အများကြီး ပါ၀င်နေသလိုလို..။
ငယ်ငယ် ရွယ်ရွယ် နဲ့ ဆေးလိပ် သောက်တက်နေတဲ့ သူ့နှုတ်ခမ်းက ဘာဖြစ်လို့များ ညိုမဲမဲ ဖြစ်မနေတာလည်း…။
ပန်းသွေးရောင် ဖြစ်နေတဲ့ မိန်းကလေး တစ်ယောက်နဲ့ တူတဲ့ သူ့နှုတ်ခမ်းကို ငေးမောနေရင်း….
“အဟမ်း..”
“အိုး..”
လတ် ရင်ခုန်တာတွေ ပျောက်ရှပြီး သူ့ရင်ဘတ်ကို အားဖြင့် ဆောင့်တွန်းလိုက်မိသည်..။
အသံလာရာ ရေချိုး အခန်းလေးထဲကို မျက်လုံး ပြူးဖြင့် ကြည့်လိုက်တော့…
“ကိုအောင်ဦး..”
လတ် ဒေါသကြောင့် နာမည်ကို အသံမြှင့်ခေါ်လိုက်တော့မှ ရယ်ကြဲကြဲဖြင့်….
“ဟေ ဘာဖြစ်တာတုန်း မလတ်ရဲ့..အဟဲ….အစ်ကိုက ဒီမှာ အမေ ဆန်ဆေးခိုင်းလို့ ဆေးနေတာ ကြာလှပြီ…”
“ဘဲကြီး…ခင်ဗျား…နော်….အဖျက်သမား…”
“အဟဲ…ဘာဖျက်လို့လည်းကွ…ဒီတစ်ခါ တကယ် မသိဘူး..ငါ့ အလုပ် ငါလုပ်နေတာလေ…..”
“ဟင်..”
“ကုသိုလ်ကံ ကောင်းနေတာများကွာ…ပန်းခြံထဲ သွားစရာကို မလိုဘူး…”
“အဲဒါ့ နင့်ကြောင့်..”
“ဟောဗျာ..”
လတ် အနားမှာ ရပ်နေတဲ့ သူ့လက်မောင်းကို ပိတ်ရိုက်ခဲ့ပြီး အခန်းဘက်ကို ခပ်သွက်သွက်လျှောက်လာရသည်..။
“ကိုအောင်ဦး..ခင်ဗျားကြောင့်..”
နောင်လည်း မကျေမနပ်ဖြင့် လက်မောင်းကို ပွတ်ရင်း ရန်စောင်လိုက်ရသည်။
“ဟိဟိ…ညတုန်းကလည်း…ငါ တီဗွီကြည့်နေတုန်း ထရံက ဟနေတော့ အခန်းထောင့်ကို တန်းနေတာကွ…အရင်ရက်တွေတုန်းကတော့ သတိမထားမိပါဘူး..မိလတ် ထိုင်နေတော့  မင်းတို့ ရန်ဖြစ်ပြီး ထိုင်ငိုနေတယ် မှတ်တယ်…မင်းက အနားကို အတင်းတိုးကပ်ပြီး အာဘွားပေးတော့မှ သဘောပေါက်တယ်…အဟား…”
“ဟား..ဟား…ဒီ ဝါးထရံလည်း သံပြန်ရိုက်ထားမှပါလေ…ကိုအောင်ဦး ခင်ဗျား မျက်လုံးက ဒီလို ကျတော့ ကောင်းလား.”
“အနားကပ်ကြည့်တာမှ မဟုတ်တာ…အဝေးမြင်တယ်… ဟား..ဟား..”
“ဟား..ဟား…”
“အို…”
အခန်း အနားတောင် မရောက်သေး…ကိုအောင်ဦး နဲ့ သူ့ရဲ့ ရယ်သံက ဝါးလုံးကွဲအောင်ကို ထွက်လာသည်..။
ဘာတွေပြောပြီး ရယ်နေကြတာလည်း မသိပေမဲ့..လတ် မျက်နှာ ပူရှိန်းရှိန်းကြီး ဖြစ်သွားရသည်။
အနေအထိုင် မတက်မိလို့…ရှက်ဖို့ ကောင်းလိုက်တာနော်….။

82

*✭˚・゚✧*・゚*✭˚・゚✧*
စာရှည်သွားတယ် စိတ်ဆိုးမှာလား 😁

စာဖတ်သူလေးတွေ
စိတ်ပါ ဝင်စားဖတ်ပေးပြီး ကိုကျော်နဲ့ ကိစ္စ မကျေမနပ်တွေ ဖြစ်ကြတာ ဆိုတာလေ
စပိုက်ကာ လည်း  အခြေအနေမကောင်းရင် ပြေးဖို့လွှားဖို့ ပြင်ဆင်ထားပါတယ် ပြောမရဘူး😀 စာဖတ်သူလေးတွေ အိမ်လိုက်လာပြီး ရန်တွေ့မှာစိုးလို့လေ
ဟိ ခုတော့ အဆင်ပြေလောက်ပြီ ထင်ပါရဲ့ 😁
ဇာတ်သိမ်း စေချင်ပြီလား ဟင် 😍

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now