Part 27

6.2K 291 3
                                    

စွဲနေပြီ
အပိုင်း(၂၇)
#စွဲနေပြီ

“ဟင်…”
လတ် မနက်စာ အတွက် ထမင်းကြော်နေချိန် ဖုန်းက အသံမြည်တော့ ကြည့်လိုက်မိတာ…
စာ၀င်လာတာ ဖြစ်သည်..။
ဖုန်းကို ပြန်ချပြီး မီးဖို ဆီ ပြန်သွားပေမဲ့ စိတ်တွေက တစ်မျိုး ဖြစ်လာပြန်သည်..။
တကယ်ဆို မဆိုင်သလို နေသင့်တာပဲ..သူ့ဖုန်း သူ့ကိစ္စလို တစ်ချိန်က တွေးနိုင်ပေမဲ့ အခုတော့ စိတ်ထဲမှာ မရိုးမယွတွေ ခံစားနေရသည်..။
မနက်စောစော ဘယ်သူက စာပို့ပါလိမ့်…။
လတ် နှုတ်ခမ်းကိုက်ရင်း ကြက်ဥ တစ်လုံး ခွဲထည့်ခါ မွှေကြော်လိုက်သည်..။
“တင်…”
ထမင်းစားပွဲပေါ်က ဖုန်းမှာ ထပ်ပြီး အသံထွက်လာပြန်တော့ မီးခလုတ်ပိတ်ခါ အိုးချခဲ့ပြီး သေချာ ခုံမှာ အရင်ထိုင်လိုက်သည်..။
အိမ်မှာ အင်တာနက် ဆိုတာကြီး ရှိနေလို့ သူက အားတာနဲ့ ဖုန်း နှစ်လုံး ဖြင့် ဂိမ်းဆော့တက်သည်..။
အခုလည်း စာတွေ ၀င်လာတာ ဒီ အင်တာနက် ဆိုတာကြီးကြောင့်ပါပဲ…
“တင်..”
ထပ်၀င်လာတဲ့ စာကို လက်က အလိုလို နှိပ်ကြည့်လိုက်တော့ ကောင်မလေး တစ်ယောက်ရဲ့ ပုံ
မျက်နှာလေးက ကလေးဆန်ဆန် လှပသလို ကိုယ်လုံးလေးလည်း ကောက်ကြောင်းလှပါသည်..။
၀တ်စားထားတာက အကျီ င်္ ချက်ပေါ်လေး နဲ့ ဂျင်းဘောင်းဘီ ပေါင်တိုလေး…။
“နောင်…ဒီည တွေ့မယ် ချိန်းထားတယ်နော်…”
“ဟင်..”
လတ် မျက်လုံးပြူး၍ ထိုင်နေရာမှ ထရပ်မိခါ စိတ်ထဲမှာ စိုး၇ိမ်မှုနဲ့ ဒေါသ ထပ်တူကျသွားသည်..။
ပြောလိုက်ရင် သူကပဲချစ်တက်သူကြီးလိုလို..။
အခုတော့ ချိန်းတောင် ထားလိုက်သေးတယ်…။
ယောင်္ကျားလေးတွေရဲ့ အချစ်က တစ်လသုံးများလား..။
လတ် နှုတ်ခမ်းကိုက်ပြီး ဖုန်းကို လက်နှစ်ဖက်ဖြင့် ကိုင်ခါ စာရိုက်ဖို့ စဉ်းစားလိုက်သည်..။
“နင် မိန်းကလေး မဟုတ်ဘူးလား..ဘာလို့ဒီလို ပုံတွေ ပို့နေတာလည်း..အရှက်မရှိဘူးလား..”
လတ် စာပို့ပြီးတာနဲ့ ချက်ချင်း ဖုန်း၀င်လာလို့ ကောက်ကိုင်လိုက်တော့ ကောင်မလေး တစ်ယောက်ရဲ့ စူအောင့်အောင့် ဟလို သံ ကြားလိုက်သည်..။
“ပြော..”
“နင်က ဘယ်သူလည်း..”
အောင်မယ်..သူကပဲ တပြန် ပြန်မေးနေသေးတယ်…လတ် နှုတ်ခမ်းမဲ့ လိုက်ပြီး အရသာ ရှိစွာဖြင့်..
“သတိုးမင်းနောင်ရဲ့ မိန်းမ..”
“ဘာ…တစ်ည အိပ်ရုံနဲ့ မိန်းမလို့ မဏ္ဍိုင်တက်ပြမနေနဲ့ ..”
“နင် …နင်…”
“ဟွန့်…”
လတ် မှာ ပါးစပ်အဟောင်းသားဖြင့် စကားရှာမရ ဖြစ်နေချိန် ဖုန်းချသွားတော့ ဒေါသက ပိုတိုးလာသည်..။
ထပ်ပို့လိုက်တဲ့ ဗီဒီယို တစ်ခုမှာ မူးမူးရူးရူး ကနေကြတဲ့ လူတွေကြားမှာ သူက ကောင်မလေး တစ်ယောက်ခါးပေါ် လက်တင်ပြီး ခုန်ပေါက် ကနေသည်..။
ဓာတ်ပုံထဲက ကောင်မလေးက သူ့လည်ဂုတ်ကို သိုင်းဖက်ပြီး မျက်နှာ နှစ်ခုက နီးကပ်လိုက် ဝေးသွားလိုက်..
လတ် ရင်တွေ ခုန်လာသလို ၀မ်းနည်းစိတ်က လှိုက်တက်လာလို့ မျက်ရည်က ချက်ချင်းစို့လာသည်..။
မျက်တောင်တွေကို ပုတ်ခတ်ရင်း ကိုယ့်ရဲ့ ဖြစ်တည်မှုကို သိနေတော့ စိတ်မကောင်းလည်း ဖြစ်ရသည်..။
ဖုန်းကို ခပ်တင်းတင်း ဆုပ်ကိုင်ခါ လှေကားတွေကို ခပ်သွက်သွက် တက်သွားလိုက်သည်..။
“သြော်..မိန်းမ…အတော်ပဲ…နောင့် စပို့ရှပ် အဖြူရောင်..အိုး..အားလုံး အဖြူရောင်ဆိုတော့…ဟို..အနီစာတန်းလေး နဲ့ လေ….ဘယ်မှာ ထားလိုက်လည်း.”
အ၀တ်ဘီဒိုရှေ့မှာ ရပ်ပြီး အလုပ်များနေတဲ့ သူ့အနားကို ရောက်အောင် သွားခါ ပခုံးကို လက်ဖြင့် ဆွဲလှည့်လိုက်သည်..။
“ဟ….ဘာဖြစ်တာလည်း..”
“ဒီမှာ ကြည့်စမ်း..”
“ဘာလည်း..”
နောင့်လက်ထဲကို ရောက်လာသည့် ဖုန်းကို ယူပြီး မျက်မှောင်ကြုတ်ခါ ကြည့်လိုက်တော့ လရိပ် နဲ့ ကလပ်မှာ ကဲနေသည့်  ဗီဒီယို…။
မလတ်ကို ပေးထားတာ အရင်တုန်းက ကိုင်တဲ့ဖုန်းမို့လို့ အပေါင်းအသင်းတော်တော် များများက မလတ်ဖုန်းကိုသာ ဆက်သွယ်တက်သည်..။
မလတ် ပြန်ပြောတော့မှ သူတို့ဆီ ဖုန်းပြန်ဆက်ပြီး နံပါတ်သစ်ပေးရတာ ခဏခဏ…။
အခု လရိပ်လည်း အရင်တုန်းက ပေးထားတဲ့ ဖုန်းနံပါတ်ကိုပဲ ဆက်သွယ်လာသည်..။
ဖုန်းကို ပြန်ပိတ်ပြီး ရှေ့က မလတ် ကို ကြည့်လိုက်တော့ စူပုတ်ပုတ် မျက်နှာထားဖြင့် ဒေါသ အခိုးဝေနေတဲ့ မျက်လုံးကြောင့် နောင် ပခုံးတွန့်မိသည်…။
“လရိပ်လေ…မနှစ်က သူ့မွေးနေ့မှာ ကဲတဲ့ ဗီဒီယိုပါ..”
“မနှစ်က ဟုတ်လား..”
“ဟုတ်တယ်…ဒီနှစ်သူနဲ့မှ မတွေ့ရတာ…သူက စင်ကာပူမှာ နေတာ မွေးနေ့ကိုပဲ ခဏပြန်လာတာ…”
“နင်…နင်….ငါ့ကို ဘာမှ မသိတဲ့ မိန်းမ ဆိုပြီး လိမ်နေတာ မလား..”
“ဟာ..မလတ်က ရစ်ပြီ…ဘာလို့ လိမ်ရမှာလည်း… မလတ် နဲ့ ပြန်တွေ့ကတည်းက မလတ် မကြိုက် တာ နောင် ဘာမှ မလုပ်ဘူး..”
“ဘာမှ မလုပ်လို့ပဲ…အဟွင်း…ငါမှ မသိတာ…ငါ နင်ပြောသမျှ ယုံနေရတာပဲလေ….”
“ကျစ်…”
မလတ်ရဲ့ ခနဲ့တဲ့တဲ့ စကားကြောင့် နောင် စိတ်ရှုပ်စွာဖြင့် ဆံပင်တွေကို ထိုးဖွရင်း နှုတ်ခမ်းကိုက်ခါ စဉ်းစားမိသည်.။
“မလတ်ကို နောင်ပြောသလိုပဲ…လရိပ် နဲ့ခုမှ တွေ့တာ မဟုတ်ဘူး.”
“လရိပ် ဆိုတဲ့ တစ်ယောက်တည်း မဟုတ်ဘူး…ဟိုနေ့က နွေ…မကြာသေးခင်က တီနား လွန်ခဲ့တဲ့ ဆယ်ရက်ကျော်က ဖူးဖူး ဘာတွေလည်း နောင် ….ဒါတွေ အားလုံး လွန်ခဲ့တဲ့ တစ်နှစ်ကပဲလား..ဟမ်…”
“ဟုတ်တယ်…”
မလတ်က နာမည်တွေ အကုန်လုံး အလွတ်ပြန် ရွတ်ပြနိုင်တော့ နောင် အံသြပေမဲ့ ခေါင်း ကိုပြတ်ပြတ်သားသား ညိတ်ခါ ဝန်ခံလိုက်သည်။
“ဟား…လွန်ခဲ့တဲ့ တစ်နှစ်က နင်နဲ့ ပတ်သက်တဲ့ မိန်းကလေးတွေ ဒီလောက်တောင် များလားနောင်…ငါ..ငါကကော…. နံပါတ်ဘယ်လောက်လည်း…”
“ကျစ်..မတူဘူးလေ…မလတ် ကို နောင် နှလုံးသားထဲက ချစ်တာ….ချစ်လို့လည်း စာချူပ်ပေါ်မှာ လက်မှတ်ထိုးပြီး အချူပ်ခံလိုက်တာ..မလတ် တစ်ယောက်တည်းပါ…..တခြား မိန်းကလေးတွေက နောင် ပတ်သက်ခဲ့ပေမဲ့ မလတ် နဲ့ မတူဘူး… မလတ် မသိခင်က ပတ်သက်ခဲ့ရတဲ့ မိန်းကလေးတွေကလည်း.. မရေတွက်နိုင်အောင်ပဲ….အဲတော့ ခေါင်းထဲထည့်မနေနဲ့တော့….”
“ခေါင်းနဲ့ မထည့်လို့ရမလား…နင်တို့က သမီးရည်းစား လက်ကလေး တွဲရုံ ပတ်သက်ခဲ့တာမှ မဟုတ်တာ..ဖူးဖူး ပို့လိုက်တဲ့ ပုံထဲမှာ နင်တို့ ဘယ်အဆင့်ထိရောက်နေခဲ့လည်း ငါတွေ့တယ်လေ…ဒီလို လမ်းဘေးက မိန်းမ တကာနဲ့ ပတ်သက်ထားတဲ့ နင့်ကို ငါချစ်ရတာ ကြောက်ဖို့တောင် ကောင်းတယ်…”
“အိုး…ဘယ်ကလမ်းဘေးက မိန်းမလည်း..လရိပ် အဖေက စံရိပ် ကုန်သွယ်ရေး ကုမ္ပဏီ ပိုင်ရှင် မလတ်ရဲ့….နောင့်ထက်ကို ချမ်းသာတာပါ…လရိပ်က ကလပ်မှာကဲရုံပဲ..”
မလတ် ရဲ့ လက်ပြည့်ဖောင်းဖောင်းလေးကို ကိုင်ဆွဲပြီး သေချာ ရှင်းပြလိုက်တော့ လက်တွေကို ပုတ်ချခါ
မော့ကြည့်ရင်း..
“ဒါဆို တခြားသူတွေကကော ကလပ်မှာ ကဲရုံလား……ဘယ်အဆင့်လည်း..ဟမ်…. မလိမ်နဲ့နော်…မှန်မှန်ဖြေ…”
“မလတ် က စိတ်ဆိုး ဦးမယ်…”
“ငါ အမှန်ဖြေဖို့ တောင်းဆိုတာပါ….”
“အိုကေ…ပြီးမှ စိတ်မကောက်နဲ့နော်….ဖူးဖူးက နောင့်ရဲ့ ဂဲလ်ဖရန့်ဆိုတော့ တူတူစား တူတူအိပ်ပေါ့..ဟို..နွေကတော့ ရည်းစားတောင် မဖြစ်ခဲ့ပါဘူး…ဘော်ဒါ အကန့်ပဲ…တီနားကတော့ long long ago…က Ex…ဟို ရန်ကုန် ပြန်ရောက်ပြီး ပထမဆုံးတွဲခဲ့တဲ့ ရည်းစားဟောင်းဆိုတော့ ဖူးဖူးအတိုင်းပါပဲ…”
“အိုး..”
လတ် ရင်ခုန်နှုန်းတွေ မြန်လာလို့ ကုတင်အစွန့်ဖျားမှာထိုင်ချလိုက်ပြီး မျက်လုံးလေး ပြူးနေမိသည်..။
ဒီလို လူရှုပ်…လူပွေ တစ်ယောက်ကို နှလုံးသားနဲ့ ရင်းပြီး ချစ်မိသွားခဲ့ပြီ..။
“နောင် က တွေ့ကရာ မိန်းမနဲ့ အိပ်တဲ့ကောင် မဟုတ်ပါဘူး မလတ်ရာ…စိတ်မချရင် လွန်ခဲ့တဲ့ နှစ်လက ဆေးစစ်ထားတာ ရှိတယ် ကြည့်မလား..”
လတ် စူးစူးရဲရဲ မော့ကြည့်လိုက်တော့ အနားမှာ ဆွေ့ခနဲ ကပ်ထိုင်ချခါ ပခုံးကို ဖက်ပြီး ပါးကို ဖွဖွ နမ်းပြန်သည်..။
သူနမ်းခဲ့တာ လတ် တစ်ယောက်တည်းမှ မဟုတ်တာ…
သူ့ရင်ခွင်ထဲ တိုး၀င် အိပ်စက်ခဲ့တာ လတ် တစ်ယောက်တည်းမှ မဟုတ်တာ….
သူ့ကို လတ် တစ်ယောက်တည်း ပိုင်ခဲ့တာ မှ မဟုတ်တာ…။
“မလတ်…အဲလိုကြီး မဖြစ်စမ်းပါနဲ့…ဘယ်သူမဆို အသက်ပြည့်ရင် ရည်းစား ထားခွင့်ရှိပါတယ်…မလတ် မှာလည်း ဘွိုင်းဖရန့်ရှိခဲ့ရင် နောင် နားလည် ပေးလို့ရတယ်…မလတ်က မစွံလို့ မရှိခဲ့ပေမဲ့ ရှိခဲ့ရင်လည်း နောင် ခွင့်လွှတ်ပေးမယ်…ရည်းစားဟောင်းရှိခဲ့တာ  အပြစ် မှ မဟုတ်တာ..ပြီးတော့ နောင် က အကုန်လုံးကို တွဲခဲ့ပေမဲ့ နောင့်နှလုံးသား က မလတ် တစ်ယောက်တည်း အပိုင်သိမ်းထားတာပါ…မလတ် ကို ချစ်လို့ အရာရာ ခွင့်လွှတ်ပေးနိုင်တယ်…အဲဒါကြောင့် ဘယ်သူ့ ကိုယ်၀န်မှန်း မသိတာတောင် တာ၀န် ယူဖို့ ပြောခဲ့တယ်လေ….ဟိုခွေးကောင် နမ်းခဲ့တာလည်း သိတယ်…နောင် တို့ တစ်ယောက် နဲ့ တစ်ယောက်ချစ်နေရင် တစ်ယောက် အတိတ် ကို တစ်ယောက် ယုံကြည် နားလည်ပေးရမယ် မလား..ပြင်ဆင်လို့ မရတဲ့ အတိတ်တွေကို ထပ်ခါထပ်ခါ အပြစ်ရှာပြီး ဖိအားပေးနေရင် …အနာဂတ်ပါ ပျက်စီးပြိုလဲကုန်လိမ့်မယ်… မလတ်ရယ်…နော်….”
သူ့ရဲ့ စကားတွေကို နားထောင်ရင်း ဟုတ်သလိုလို တွေးနေချိန် နူးညံ့တဲ့ အနမ်းတွေ ဖြာကျလာတော့ သက်ပြင်းတစ်ချက် ရှိုက်သွင်း၍ ငြိမ်သက် တိတ်ဆိတ်စွာ နေလိုက်ရသည်..။
အရာရာ ကွာခြားလွန်းနေတဲ့ သူ့ကို ချစ်မိတော့လည်း အစစ သည်းခံရတော့မယ် ဆိုတဲ့ အသိဖြင့် သူ့ ခါးကို ဖက်ရင်း သူ့ရင်ခွင်ထဲ ပါးအပ်လိုက်မိသည်…။
“နောင်…”
“အင်…”
“မိန်းကလေးတွေနဲ့ မပတ်သက်နဲ့တော့ နော်…”
“အမ်းပါ…ကတိပေးထားတယ်လေ…’
“လတ် ကြောက်တယ်..နောင်ရယ်…နောင့်ဒက်ဒိလို အချစ်တွေ အများကြီးကမှ အချစ်ဆုံးဆိုတာ မျိုး မလုပ်ပါနဲ့နော်….နောင့် ဒက်ဒီ သွေးတွေး စီးဆင်းနေတော့ ..စိတ်မချဘူး...”
“အိုး…ဒက်ဒီ နဲ့ မဆိုင်ပါဘူး…ဒီလိုပြောကြေးဆို..နောင်က ပို စိတ်မချရမှာလေ…ဒက်ဒီက ထားမသွားတက်ဘူး…မလတ် မေမေ က ထားသွားတာ မလား…”
“အိုး…”
“တွေ့လား…မနက်စောစော ပြသာနာချည်းပဲ ရှာမနေနဲ့…အလုပ်သွားရဦးမယ်…နောက် တစ်ပတ်ဆိုရင် အလုပ်က ပြောင်းရတော့မယ်…ထ….အကျီ င်္ ရှာပေးဦး..”
လတ်ကို ရင်ခွင်ထဲက ဆွဲထုတ်ပြီး လက်ကို ဆုပ်ကိုင်ခါ ဆွဲထူတော့ လေးကန်စွာ ထရပ်လိုက်ရသည်..။
နွေးထွေးတဲ့ သူ့ရင်ခွင်ကို စွဲလမ်းမိတဲ့ နောက်ပိုင်း ဒီရင်ခွင်ကို လတ် တစ်ယောက်တည်း အပိုင်သိမ်းထားချင်တာ အပြစ်များလားကွယ်…။
“အဲလို မချွဲနဲ့…”
“အိုး…နင် ငရဲကြီးလိမ့်မယ်…”
လတ် နဖူးပေါ် လက်သီးဆုပ်ဖွဖွ ကျလာတော့ နဖူးကို ပွတ်ရင်း စူပုတ်ပုတ် ဖြင့် မျက်စောင်းထိုးမိသည်..။
သူက နဖူးကို ငုံ့နမ်းပြီးမှ ရယ်၍ အ၀တ်ဘီဒိုဆီကို ဆက်လျှောက်သွားသည်..။
“ဒီမှာ….အားလုံး အဖြူတွေချည်းပဲ..”
လတ် အ၀တ် ဘီဒို အစွန့်ဘက်က သူရှာနေတဲ့ အင်္ကျီကို ထုတ်ပေးရင်း ပြောလိုက်တော့ ခါးကို သိမ်းဖက်ပြီး ပခုံးပေါ် မေးတင်ခါ….
“နှင်းကို ချစ်တာကိုးဗျ…”
“ဒီလိုပဲ နှင်းမှန် သမျှကို လိုက်ပြောတာမလား..”
“ဒါပေါ့…”
“နောင်…”
“ဟောကြည့်…မိန်းမတွေများ…ချစ်ရင် မလိမ်ရဘူးနော်လည်း ပြောတယ်…မှန်တာကို ပြောပြန်တော့ ဗိုက်ခေါက်လိမ်တယ်…”
“ကဲ..တော်ပြီ…နောက်ကျမယ်ဆို…”
လတ် ပါးကို နောက်ကနေပြီး ခဏခဏ နမ်းနေလို့ အကြောင်းရှာ၍ ပြောလိုက်တော့မှ ခေါင်းညိတ်ခါ အင်္ကျီ လဲတော့သည်…။
“အိုး…မလတ် အတွက် နောင် အကျီ င်္နဲ့ ဘောင်းဘီရှည် ၀ယ်လာတယ်လေ…ဒီမှာ..”
လတ် ကို လှမ်းပေးတဲ့ အိတ်ကို ယူရင်း မျက်လုံးပြူးဖြင့် ဆွဲထုတ်ကြည့်တော့ တီရှပ် နဲ့ ဂျင်းဘောင်းဘီ တစ်ထည်…။
တစ်ခါမှလည်း ဘောင်းဘီ မ၀တ်ဖူးပါဘူး..အခုလို အသက်ကြီး ၀တုတ် ကြီး ဖြစ်ခါမှ ဘောင်းဘီ ၀တ်ရမယ် ဆိုတာတော့ မဖြစ်နိုင်…။
သူ၀ယ်လာတာ မကြိုက်ဘူး ပြောပြန်ရင် လည်း စိတ်ကောက် ဦးမှာမို့ အင်္ကျီ ကို ပြန်ခေါက်ပြီး အိတ်ထဲ ထည့်လိုက်သည်..။
“အို…နောင်ကလည်း..ဒီအင်္ကျီတံဆိပ်က အောင်ရဲလင်းလည်း ကြော်ငြာသားပဲ ဘာဖြစ်လို့ ကောင်းပြည့်ပုံ အိတ်ကြီး ယူခဲ့တာလည်း..”
“သိသားပဲ ဆိုင်ကထည့်ပေး တာ အောင်ရဲလင်း ကိုကြည့်မရလို့…ပြန်လဲခိုင်းတာ…”
“ဟောတော့…ဘာဖြစ်လို့လည်း..”
“မလတ်က အောင်ရဲလင်းတွေ့တိုင်း အရှက်မရှိ ပြေးနမ်းနေတာကိုးဗျ…”
စူပုတ်ပုတ် ဖြင့် ရန်တွေ့တော့မှ လတ် သဘောပေါက်ခါ ကြည်နူးစွာဖြင့် သူ့ပါးလေးကို ဖွဖွ လိမ်မိသည်..။
“နောင် အခုတလော အ၀တ်တွေ ၀ယ်လာနေတာ ပိုက်ဆံကုန်တာပေါ့…လတ်ကိုလည်းလခ အပ်ထားတာ ဆိုတော့ ဘယ်က ပိုက်ဆံရလည်း ဟင်..”
“နောင့် ဘဏ်ကဒ်ပြန်ရပြီလေ…အ၀တ်အစား မ၀ယ်ပေးလို့လည်း မရဘူး..ကလေး အင်္ကျီ ယူ၀တ်ထားသလိုပဲ..အင်္ကျီ က ၀တ်တာနဲ့ မ၀တ်တာ တူတူပဲ ….ရှေ့ ကြယ်သီးတွေ အကုန် ဖွင့်ပြီး…လူကိုနှစ်ဆယ့်လေးနာရီ မြူဆွယ်နေတာလေ..”
“အိုး..”
လတ် မျက်စောင်းဝဲရင်း ကြယ်သီးဟနေတဲ့  အင်္ကျီကို ပြန်စေ့လိုက်ပြီး  အင်္ကျီ အသစ်အိတ်ကို ဘီဒိုထဲ ထည့်လိုက်သည်..။
“နောင် စျေးပို့ပေးမယ်နော်…”
“ရတယ်…နောက်ကျနေဦးမယ်..”
“ဘယ်လောက်ကြာလို့လည်း…”
စကားပြောရင်း လက်စ က ခေါင်းဘီးကို ယူပြီး လက်ထဲ အတင်းထိုးထည့်ပေးခါ လတ်ရှေ့မှာ ခါးကိုင်းပေးတော့ ဆံပင်တွေကို နောက်လှန်ဖြီးပေးရသည်..။
ပြီးရင် စိတ်တိုင်းကျတာလည်း မဟုတ်ဘူး သူကိုယ်တိုင် တစ်ခါ ပြန်ဖြီးပြန်သည်..။
“မိန်းမ ..ဟိုနေ့က ၀ယ်ပေးတဲ့ ဂါ၀န်လေး ၀တ်ခဲ့လိုက်..”
နောင် အားတက်သရော ပြောလိုက်တော့ မလတ်က မျက်စောင်းထိုးရင်း ဘီဒိုဘေးက ဂါ၀န်ကို ဆွဲထုတ်ခါ ကိုယ်မှာ ကပ်ပြသည်…။
အစက သဘောမပေါက်ပေမဲ့ ကြည့်ရင်း ဂါ၀န်က မလတ်ကိုယ် တစ်ခြမ်းစာပဲ ရှိတာ သတိထားမိတော့ နောင် လက်ခုပ်တီး ရယ်မိတော့သည်..။
ဟုတ်သားပဲ…ဒီလို ဂါ၀န် အကြပ်လေးတွေ မလတ် ဘယ်လို ၀တ်မလည်း မစဉ်းစားလိုက်မိတာ တစ်ကွက်မှားသွားသည်..။
“ရယ်ပါ….အင်္ကျီကို တွေ့လိုက်ကတည်းက လူမှားပြီး ပေးမှန်းသိသာတယ်..”
“ဘယ်သူမှ မပေးပါဘူးဗျာ…”
“၀လုံးလေး…သူဟာ…၀လုံးလေး…ကျွန်တော့်🎼 အတွက်တော့ ဖက်လို့ကောင်းတဲ့ ဖက်လုံးလေး…၀လုံးလေး…သူဟာ..အလှဆုံးလေး…ကျွန်တော့် ဘ၀အတွက်….ပဲ့ကိုင်ရှင်…နတ်သမီးလေး…၀လုံးလေးက လှတယ်ဗျာ…မျက်၀န်းထဲက ထုတ်တောင်မရ….တသက်လုံး အမြဲတမ်း….ချစ်မှာပါ….အချိန်တွေတိုင်း..နာရီတိုင်း…မင်းအနားရှိမှာ…၀လုံးလေး…သူဟာ…၀လုံးလေး…”
ဖုန်းသံကြားတော့မှ မနက်စာ အတွက် ထမင်းကြော်နေရင်း အပေါ်တက်ခဲ့ရတာ သတိရသည်..။
ပြသာနာ ဖုန်းလေးက မွေ့ယာဖြူဖြူပေါ်မှာ သီချင်းသံလေး အော်နေပေမဲ့ လတ် က သူ့ရင်ခွင်ထဲ ရောက်နေတော့ အပြုံးနဲ့ တွန်းဖယ်ရင်း  ဖုန်းကိုင်လိုက်သည်…။
“ဟလို…”
“ကောင်းတယ်…မောင် တစ်ယောက်ကို သတိရသေးရဲ့လား…ဟမ်…”
“အိုး..နိုင်ထူး…”
နိုင်ထူး ဖုန်းဆိုတာ သိတာနဲ့ သူက ချက်ချင်း အနားရောက်လာပြီး လတ် ပခုံးကို ဖက်ခါ ဖုန်းကို အသံဖွင့်လိုက်သည်..။
“ယောက်ဖ အနှောင့်အယှက်ကောင်…”
“မသာ.မင်းအသံ ငါ မကြားချင်ဘူး..ပိတ်ထား..”
“ဟ…ဘာဖြစ်လို့လည်း…”
“မင်းပြောတော့ ငါ့အစ်မကို အစ်မ တစ်ယောက်လို စောင့်ရှောက်မယ်ဆို…အခုတော့ကွာ…. ကတောက်စ်…သူများထက် နှစ်ဆလောက် ကျိန်းနေရတယ်…ဟေ့ရောင်…”
“ဟား..ဟား…သူငယ်ချင်းရာ…မင်းပဲ ခွင့်ပြုပြီးတော့…”
“အေး..အစက ကောင်းမယ်ထင်နေတာ..အခု ငါ့အစ်မကပါ ငါ့ကို ပစ်ပယ်နေပြီလေ…”
“ဒါကတော့ မတူဘူးလေကွာ…မင်းလို လူပျိုဘီးကြဲကြီးတွေ နားမလည်ပါဘူး…”
မျက်နှာမှာ အပြုံးဝေရင်း လတ် ပခုံးကို ဆွဲဖက်ပြီး ခေါင်းကို နမ်းတော့ လတ် သူ့ပါးစပ်ကို လှမ်း ပိတ်ရတော့သည်..။
နိုင်ထူးက ဘာတွေကို စိတ်ဆိုးနေမှန်း သေချာမသိပဲ သူချည်း ဇွတ်ပြောနေတာပဲ…။
“ပြောလေ…နိုင်ထူး..”
“ငါ မနက်ဖြန် မူဆယ်တက်ရမယ်…”
“သြော်…ဘယ်အချိန်သွားမှာလည်း… ဘယ်လောက်ကြာမလည်း..”
“မနက်စောစောပေါ့…ဆယ်ရက်လောက်ကြာမယ်….ငါဖုန်းဆက်တာ ဦး၀င်းနိုင်ကိစ္စပါ…”
“ဟင်..”
လတ် မျက်လုံးပြူးရင်း ဖုန်းနားထောင်နေရတာ ရင်က တဒိတ်ဒိတ် ဖြစ်နေရသည်..။
“ဦး၀င်းနိုင် နေမကောင်းဘူးတဲ့...သူက နင့်ကို အသည်းအသန်လိုက်ရှာနေတယ်… ငါတို့ အိမ်နောက်က ဒေါ်အေးမာ ကို မန္တလေးတောင်မှာ တွေ့ရင်း ပြောသွားတာ…ငါတို့ အပေါ် မကောင်းပေမဲ့..သူလည်း နေမကောင်းဘူးဆိုတော့ ..အဲဒါ..နင်…”
“တော်ပါတော့..နိုင်ထူးရယ်….တော်ပါတော့..ငါ…အတိတ်ကို စဉ်းစားတိုင်း သိမ်ငယ်နေရတာပါ…ငါ..အင့်..”
လတ် မျက်ရည်တွေ ချက်ချင်း ပြည့်အိုင် လာပြီး ရှိုက်မိတော့ နောင်က ခေါင်းရမ်းပြခါ မျက်ရည်တွေကို လက်ဖြင့် တို့ဖယ်ပေးသည်။
“အေးပါ…နင့်သဘော…ဒေါ်အေးမာ သေချာ ပြောသွားလို့ ပြန်ပြောတာပါ…နေကောင်းတယ်မလား…”
“အမ်း..နင်ကော…”
“ကောင်းတယ်….မိန်းမ လိုက်တောင်းပေးရဦးမယ်နော်….သြော်..ဒါနဲ့…တူလေးလား တူမလေးလား သိပြီလား…”
“ဘာလည်း…”
“ဟမ်…ဟိုကောင် ငနောင်ပြောတော့ နင် ကိုယ်၀န်နဲ့ မို့လို့ ဖုန်းတောင် မပြောနိုင်ဘူးဆို…”
“ဘာ…”
“ဟုတ်တယ်…အမြွှာလေးတဲ့ ဆိုလို့…ငါ ကလေး အကျီင်္ ဆင်တူလေးတောင် ၀ယ်ထားတယ်…”
“နောင်း…”
“ဟင်…မသာလေး….မင်း..သောက်ခွက်ပြောင်တာ များသွားပြီနော်…ငနောင်…”
“ဟိ..ဟိ…ချစ်လို့စတာပါ ယောက်ဖရာ…မင်း ဖုန်းဆက်တိုင်း မင်း အစ်မက အိပ်ပျော်နေတာကိုးကွ….မင်းက အလိုက်မသိ နိုးခိုင်းမှာ စိုးလို့…လိမ်ရတာပါ…”
“မင်းနေဦး..နေဦး…ငါ ရန်ကုန်ရောက်တာနဲ့ မင်း နဲ့ အရင်တွေ့မယ်…”
‘ဖြည်းဖြည်းပေါ့..ထူးရယ်…တွေ့ရမှာပေါ့ကွယ်…နောင်လည်း သတိတွေရနေတာပါ..နော်….အဟင့်…”
“တွီ….တွီ…တွီ…အော့….မလတ်..ရေ…နင်တော့…မှားယူမိပြီ….ဒါပဲ…ဒါပဲ…အော့…”
နိူင်ထူး ဖုန်းချသွားတော့မှ အနားက မိန်းမသံ ပီပီ သသ ပြောတက်တဲ့ နောင့်ကို ဗိုက်ခေါက်လိမ်ပစ်လိုက်သည်..။
“အ…အ….”
“ဘာလို့ မဟုတ်တာ လျှောက်ပြောတာလည်း..”
“အဲ့ကောင်ဖုန်းဆက်တိုင်း မလတ်က အိပ်ပျော်နေတာကိုး…”
“ဒါနဲ့ပဲ ပေါက်ကရ လျှောက်ပြောရလား…မိန်းကလေးကျနေတာပဲ…တည်တည် တန်တန့်ကို မရှိဘူး…နိုင်ထူး ပြောသလို တကယ် မှားယူမိပြီ ထင်တယ်…”
“ယောင်္ကျား စစ်စစ်ပါဗျာ…ကျစ်….နာရီ၀က် အချိန်ရသေးတယ်…ဆယ်မိနစ်ပဲ အချိန်ပေးလိုက်…”
“သွား..”
“ဟာ..ဘာလည်း…လက်မောင်းချ တိုင်း ဆော့လို့ရတယ်လို့ ဆယ်မိနစ်အတွင်း မလတ် ဖက်စတားကို အသာလေး နိုင်တယ်..”
လတ် မျက်စောင်းလေး ဝဲပြီး သူ့ဗိုက်ကို တွန်းလိုက်ခါ အောက်ထပ်ဆင်းလာခဲ့လိုက်သည်..။
ထမင်းကြော်လည်း ပြန်လာမှ ဆက်လုပ်ဖို့စီစဉ်ပြီး စျေး၀ယ်ဖို့ သာ အဓိက ထားရသည်..။
နောင့် အလုပ်ရှင်က လခကြိုထုတ်ပေးလိုက်လို့ အသက်ရှုချောင်သွားတာပါ…။
ဒါတောင် လခ ကြိုထုတ်တာ ရှက်စရာကြီးဆိုပြီး တွန့်ဆုတ်နေလို့ မနည်း ပြောဆိုထားရတာလေ…။
တစ်ခါတလေ ကလေးလေး တစ်ယောက်လို…တစ်ခါတလေ လူဆိုးလေး  တစ်ယောက်လို တစ်ခါတလေ ကျပြန်တော့လည်း အိမ်ထောင်ဦးစီး တစ်ယောက်လိုပါပဲ….။
သူပြောတဲ့ ချစ်ပါတယ်ဆိုတာကိုပဲ လျှောက်လဲချက် မတောင်းပဲ  ယုံလိုက်ပါတော့မယ်လေ…။
သူကို တကယ်ချစ်တာလား လို့ မေးရင် မယုံလို့ မေးတာ ဆိုတဲ့ အကြောင်းပြချက်ဖြင့် စိတ်ဆိုးတက်သည်ကိုး…။
“မိန်းမ…ဒိုးမယ်..”
“အင်း..”
လတ် ကားပေါ်ရောက်တာနဲ့ ကားကို မောင်းထွက်တော့ အခုတလော သူအချိန်မရတဲ့ ကြားက လိ်ုက်ပို့ပေးတာမို့ စိတ်ထဲ အားနာသလို ကျေးဇူးလည်း တင်ရပါသည်…။
စျေးနဲ့ တစ်လမ်းကျော် ဝေးပေမဲ့ လမ်းလျှောက်သွားရင် ဝိတ်ကျမှာ စိုးလို့ ဆိုတဲ့ စကားနဲ့ လူကို လှုပ်မရအောင် တုတ်နှောင်ထားသည်လေ…။
စိတ်မချဘူးလို့ ပြောရင် လတ် က စိတ်ဆိုးလို့ သူ့ဟာသူ စကားတက်သလို လျှောက်ပြောနေတာ….။
စကားတန်ဆာဆင်ထားတာ သိပေမဲ့ လတ်မှာ ဒီလို စကားတွေအပေါ်မှာပဲ သာယာ ပျော်၇ွှင် ကြည်နူးနေမိသည်..။
“မိန်းမ..”
“ဟင်..”
“ညကျရင်…ကိုခေါင့် မွေးနေ့ရှိတယ်…မိန်းမကိုပါ ခေါ်ခဲ့ဖို့ ပြောတယ်..”
“ဟာ ကောင်းပါ့မလား..”
“ဘာဖြစ်လို့…”
“လတ် က ..”
“ဝနေတယ်..မလှဘူး..မချမ်းသာဘူး…မတောက်ပဘူး…ဘေးမှာယှဉ်ရင် မကောင်းဘူး.
အတိတ်က ဘလာဘလာ….အနာဂတ်က ဘလာလာ…”
“အိုး…”
မျက်နှာကို ရှုံ့မဲ့ပြီး အမျိုးမျိုး ပြောင်းခါ လတ် ကို ပြောင်ပြတော့ သူ့ပါးကို ဖွဖွ လိမ်ပစ်လိုက်သည်…။
မျက်နှာလေးက ချစ်ဖို့ကောင်းသလောက် တစ်ဖက်သားကို မခံချင်အောင် ပြောတဲ့ အချိန်ဆို တကယ် အမြင်ကပ်စရာ ရုပ်ကလေး…။
“..ဆေးခန်းရှေ့မှာ ကားပါကင်ထိုးလို့ရတာပဲ…”
“အင်း…အတော်ပဲ…”
“ဟင်..ဘာဖြစ်လို့လည်း…”
“ဘာမှ မဖြစ်ပါဘူး…ဒီတိုင်း..”
“ဟာ..မလတ် မေးနေတယ်လေ….”
ကားက တုန့်ခနဲ ဖြစ်သွားပြီး လက်မောင်းကို ဆွဲလှည့်ခါ မေးတော့ လတ် မျက်လုံးပြူးသွားသည်…။
နောက်က ကားတွေရဲ့ ဟွန်းသံတွေ ဆူညံထွက်လာတော့သည်..။
“ဟို.ဟို..နေကောင်းတယ်…ဟိုဟာ မဖြစ်လို့ အဲဒါ….”
“ကျစ်…ဘာလည်း..ဟိုဟာ…”
“အိုး..နောင်ရယ်..မောင်းစမ်းပါ…ဆေးခန်းထဲ လိုက်ခဲ့..”
နောင် သက်ပြင်းချပြီး ဆေးခန်းထဲ ရောက်ဖို့ အရေး စိတ်စောနေမိသည်..။
မလတ် နဲ့ ဆေးခန်းကို တွဲမြင်တိုင်း စိတ်ပူရတဲ့ ပူလောင်မှုကို အတိုင်းအဆမဲ့ခံစားရသည်..။
“နေဦး..လိုက်မယ်လေ…မလတ်…ဟေ့..”
ဆေးခန်းပေါ် တက်ပြေးတော့ နောင် နောက်ကနေ ကားတံခါးကို ခပ်လှမ်းလှမ်းမှ လော့ခ်ချပြီး ပြေးလိုက်သွားရသည်..။
ဘာတွေ ဖြစ်လို့ အသိမပေးချင်တာပါလိမ့်…။
“မလတ်..”
“အိုး…အပြင်မှာစောင့်လေ…”
“မရဘူး..၀င်မယ်နော်…ဒေါက်တာ…”
“အင်း…”
ဆရာ၀န် က မျက်မှန်ပင့်ပြီး ခေါင်းညိတ်လိုက်တော့ နောင် လွှားခနဲ မလတ် အနားကို ရောက်သွားရသည်..။
ဆရာ၀န်က နားကြပ်ကို ယူပြီး စမ်းသပ်နေချိန် နောင့်မှာ အသက်တောင် မရှုရဲ…။
“ဘယ်လောက်ကျော်သွားလည်း..”
“ဟို..နှစ်လပါ ဆရာမ…”
“ယူပြောသလိုဆို သွေးပေါင်လည်း ကျတယ့်…အင်း.. သွေးအားနဲ့လည်း ဆိုင်တယ်…သေချာအောင် စစ်ကြည့်လိုက်ပါ...”
“ဟုတ်…”
မလတ် ဘာတွေ ပြောနေလည်း မသိပေမဲ့ နောင် ခုံက ထပြီး မလတ် နောက်ကို လိုက်သွားချိန်..
“ဟေ့..ရှင်၀င်လို့မရဘူး..”
“ဗျာ…သြော်..ဟုတ်ကဲ့..”
နောင် အငေါက်ခံလိုက်ရလို့ ဆံပင် တစ်ချက်လှန်တင်ပြီး ခုံမှာ ပြန်ထိုင်နေလိုက်သည်…။
“ဒေါက်တာ…ကျွန်တော့် မိန်းမ ဘာရောဂါ ဖြစ်လို့လည်းဟင်..”
“ရောဂါ မဟုတ်ပါဘူး..မက်စရေးရှင်း  ရက်ကျော်နေလို့ ကိုယ်၀န် စစ်ကြည့်တာပါ..”
“ဗျာ…”
နောင် ထိုင်ရာက မတ်တက်ရပ်လိုက်မိပြီး စိတ်လှုပ်ရှားစွာဖြင့် ပြန်ထိုင်မိပြန်သည်…။
….ဘာလို့ မတွေးမိပါလိမ့်…။
မလတ် တံခါးဖွင့်ပြီး ထွက်လာတော့ ဒေါက်တာ က မျက်မှန်ပင့်ပြီး ကြည့်နေတာ နောင့် ရင်တွေ တဒိတ်ဒိတ် ခုန်နေသည်..။
“မလတ်..”
မလတ် က ခေါင်းငုံ့ခါ ခေါင်းရမ်းပြတော့ နောင် ခုံကနေ ထခုန်မိသည်..။
“ရက်စ်…ဒီလိုမှပေါ့…”
ဆရာမရှေ့မှာ မရှောင်ပဲ မလတ် အနားကို လွှားခနဲ့ ရောက်သွားခါ ပြုံးရင်း လက်ကိုဆုပ်ကိုင်လိုက်မိသည်..။
“ရှင်တို့ ယောင်္ကျားတွေကလည်း..တာ၀န်ယူစိတ်နည်းလိုက်တာ..”
“ဗျာ…ဟို…”
“မကြားဖူးပေါင်…ယောင်္ကျားလေး ဖြစ်ပြီး မိန်းမ ကိုယ်၀န် မရှိလို့ ဒီလို ပျော်ရတယ်လို့….လူသား တစ်ယောက်ဖြစ်ထွန်းလာမှာကိုတောင် မလိုလားကြဘူး….ရှင်တို့ လင်မယားတွေ ဟုတ်ရဲ့လား…”
“ဟာ..ဟုတ်ပါတယ် ဒေါက်တာရယ်…ကျွန်တော့် မိန်းမကိုကလေး မမွေးစေချင်လို့ပါ…ကျွန်တော့် သူငယ်ချင်း မိန်းမ ကလေးမွေးတော့ နာလို့ဆိုပြီး အော်ဟစ်နေတယ်….မလတ် ကို အဲလို မနာစေချင်လို့ပါ….ပြီးတော့ ကလေး မွေးရင်း သချိုင်္င်းကုန်း ခြေစုံရပ်ရတယ်တဲ့…စုံသွားရပ်လို့ တစ်ခုခု ဖြစ်သွားမှာ ကျွန်တော် ကြောက်တယ်…မလတ် ကို မခွဲနိုင်ဘူး…ဒေါက်တာရယ်.. တစ်လက်စတည်း တစ်ခုခု စီစဉ်ပေးလိုက်ပါ…”
နောင့် စိုးရိမ်ပူပန်တောင်းဆိုနေတဲ့  စကားကြောင့်ဒေါက်တာက ပြုံးစေ့စေ့ ဖြစ်သွားသလို မလတ် က မျက်စောင်းဝဲခါ  အပြင်ထွက်နေဖို့ အချက်ပြသည်..။
မရပါဘူး..နောင် မသိပဲ မလတ် ဘာမှ လုပ်ခွင့်မရှိဘူး ဆိုတဲ့ ပုံစံဖြင့် လက်ပိုက်ခါ ခုံမှာ ပြန်၀င်ထိုင်နေလိုက်သည်..။
မလတ် ကို ဆရာ၀န် ပေးတဲ့ ဆေးကဒ်တွေကို နောင်ကိုယ်တိုင်ပဲ ယူခါ လက်ကို ကိုင်ပြီး ပြန်ထွက်လာခဲ့သည်..။
“နောင် ကားပေါ်က စောင့်…လတ် စျေး၀ယ်လိုက်ဦးမယ်..”
‘တော်ပါ..လိုက်ခဲ့မယ်…လူကို ထားပြေးဖို့ စဉ်းစားနေတာလား..”
“တကယ် အိနြေ္ဒကို မရဘူး..ကလေးကျနေတာပဲ နေရာတကာပါတယ်…”
ဆေးခန်းထဲလိုက်သွားမိတဲ့ ကိစ္စ ကို မလတ်က မကျေမနပ်ဖြစ်နေပေမဲ့  နောင် မသိချင်ယောင်ဆောင်ခါ လက်တွဲရင်း စျေးဘက်ကို လမ်းကူးခဲ့လိုက်သည်..။
“မလတ်…”
“ပြော..”
“ငါးမ၀ယ်ပါနဲ့လား..”
“ဘာဖြစ်လို့လည်း..”
“ဟို..”
“အရိုးနွှင်ရမှာ စိုးလို့မလား…သူနွှင်ရတာလည်း မဟုတ်ပဲနဲ့..”
“ပုစွန်ထုတ် စားချင်လို့…”
“အိုး..စျေးကြီးတယ်…”
သူ့လက်ကို ပုတ်ချရင်း သတိပေးခါ ဆက်လျှောက်လာပေမဲ့ နောက်မှာ ပါမလာတော့ လှည့်ကြည့်မိလိုက်တာ…။
အမလေး ဆရာသခင်လေးက ပုစွန် နှုတ်ခမ်းမွေးတွေ ဆွဲမြှောက်ပြီး ကြည့်နေတာ အကျအန…
“ဘာလုပ်တာလည်း..”
“တစ်ပိသာ…”
“ဟဲ့..”
စျေးရောင်းတဲ့ အဒေါ်ကြီးကတော့ သူ့ကို လာဘ်ကောင် တစ်ကောင်တွေ့သလို ပြုံးကြည့်ပြီး ခေါင်းတညိတ်ညိတ်ဖြင့် ပုစွန်တွေ ကောက်ထည့်နေသည်..။
“မဟုတ်ဘူး…အန်တီ…အစိပ်သားပဲပေး…နောင်…နင်လေ...”
လတ် ကို ပခုံးတွန့်ပြပြီး ဆိုင်ထဲက ထွက်သွားတော့မှ စျေးသည် အန်တီကြီးက မျက်လုံးပြူးရင်း ပုစွန်တွေကို ခွက်ထဲက ဆောင့်အောင့်ခါ ပြန်ထုတ်သည်..။
ဟင်း…ဒင်း တစ်ယောက်နဲ့ စိတ်တွေလည်း ညစ်ပါရဲ့..။
အဲဒါကြောင့် ဘယ်မှ မခေါ်ချင်တာပေါ့…သူလုပ်ချင်တာပဲ သူသိတယ်လေ…။
တော်ပါသေးရဲ့ ဟိုတစ်ခါ ပဲတောင့်ရှည်၀ယ်သလိုမျိုး စျေးခြင်းထဲ နှစ်ကောင် သုံးကောင် ကောက် မထည့်လိုက်ပေလို့…တစ်ပိသာ နှစ်သောင်းစျေး…။
“မိလတ်မလား..”
“ဟယ်…ဦးမိုးကျော်…”
“အေး.ဟ..မတွေ့တာကြာပြီ…နင် ၀လာတယ်..”
“ဟုတ်…ဦးမိုးကျော် ဒီစျေးအထိ လာတာလား..”
“မဟုတ်ဘူး…ငါ့သမီး အိမ်မှာ လိုက်နေတာလေ…သူက စျေးထွက်တော့ လိုက်လာတာ…ငါ ဒီဘက် ရောက်တာ ကြာပြီ..”
“သြော်…ဟုတ်သားပဲ…မဖြူ အိမ်ထောင်ကျသွားကတည်းက ဦးလေး ပြောင်းသွားတာပဲ…”
“အေး..နင် အိမ်ထောင်ကျနေပြီဆို…”
“ဟင်..ဘယ်သူပြောလည်း…”
“သီတာ ပြောတာလေ…နင်ယောင်္ကျားက လူချောဆိုဟ…”
“အဲ….အင်း..”
“မလတ်…”
လတ် ဘာပြောရမှန်း မသိဖြစ်နေချိန် အနားကို ရောက်လာတော့ လက်မောင်းကို ဆွဲကိုင်ခါ…
“သြော်…ဒီမှာလေ…ဒါ လတ်ရဲ့ အမျိုးသား…နောင်…ဒါက ဦးမိုးကျော်လေ…လတ် တို့ နေတဲ့ ရပ်ကွက်ထဲက…”
“သြော်..ဟုတ်..”
“ဒီကောင်လေးလား…ဒီကောင်လေးဆို ငါသိပါတယ်…နိုင်ထူး သူငယ်ချင်းမလား…နင်တို့ အိမ်မှာ စာလာကျက်တဲ့ ကောင်လေးလေ…”
ဦးမိုးကျော်က သတိတရ မှတ်မိနေတော့ လတ် ပြုံးရင်း ခေါင်းညိတ်ခါ ၀န်ခံလိုက်ရသည်..။
နောင့်ကို ငယ်ငယ်က တွေ့ဖူးခဲ့တဲ့ ဦးမိုးကျော်က မှတ်မိနေတာလား...အိမ်မှာ ရင်းနှီးနေခဲ့တဲ့ လတ်တောင် တွေ့စက  မမှတ်မိခဲ့ပါဘူး....
ဟင်း...အခုတော့ ကလေးကို မုန့်ပေးကြိုက်မိသလို ရပ်ကွက်ထဲ ပြောခံထိတော့မှာပဲနော်…။
“သွားမယ်လေ…”
“မင်းနာမည်က….ငါမေ့နေ”
“ကျွန်တော်တို့ အလုပ်ရှိလို့ သွားလိုက်ပါဦးမယ်..”
‘သြော်အေး…”
သူ လက်ဆွဲခေါ်တဲ့ နောက်ကို ကမျောသောပါး လိုက်ခဲ့ရလို့ ဦးမိုးကျော်ကိုတောင် ကောင်းကောင်း မနှုတ်ဆက်ခဲ့ရဘူး…။
ဘာဖြစ်ပြန်ပြီလည်း..တစ်မျိုး… ဟင်း…အဘအရွယ်လောက်ကြီးနဲ့ သ၀န်တိုပြန်ပြီလား မသိပါဘူး..။
နောင်ရယ်…နင့်မှာလည်း…ငါသာ ပိန်ပိန်ပါးပါး လှလှပပ ဆိုရင် သံကွန်ချာတွေနဲ့ များ တုတ်နှောင်ထားလေမလား…။
ချစ်တယ်..ချစ်တယ်ဆိုပြီး သ၀န်တိုတက်ရင်….နောင့်ကို စိတ်မချတဲ့ လတ် စိတ်ကိုလည်း နားလည်ပေးသင့်ပါတယ်…။
အိမ်ရောက်တော့  လတ်က မီးဖိုခန်း ၀င်ပြီး သုံးကောင်တည်း ပါလာသည့် ပုစွန် ငါးထောင်ဖိုး အစိပ်သားကို ကိုင်တွယ်နေချိန်….သူကတော့ ထမင်းကြော်စားရင်း စာရွက်တွေဖြင့် အလုပ်ရှုပ်တော့သည်..။
ထမင်းချိုင့် အဆင့်သင့် ဖြစ်တာတောင် သူ့မှာ ကွန်ပျူတာရယ် စာရွက်ရယ်ဖြင့် အလုပ်များနေတာ မပြီးနိုင်သေး..။
ခုရက်ပိုင်း သူ အလုပ်တွေ တအားများသလို တစ်ခါတလေ ညနက်သည် အထိ စာရင်းတွေလုပ်ပြန်သည်။
လတ် သူ့ကို သနားမိလို့ ကူညီချင်တယ် ပြောတိုင်း အလုပ်နှစ်ခု လုပ်နေရလို့ပါ ဆိုပြီး အကြောင်းပြသည်။
“နောင်…”
“ဟင်..”
“လတ် ကြောင့် နောက်ကျသွားတာလား..”
လတ် အမေးစကားကို ချက်ချင်း မဖြေပဲ နောက်ကို လှည့်ပြီး ပြုံး၍ခေါင်းရမ်းပြသည်..။
ထမင်းချိုင့်နဲ့ ကားသော့ကို ယူပြီး ခုံပေါ်တင်ပေးတော့မှ အလုပ်တွေကို လက်စသတ်ပြီး ကွန်ပျူတာ စားပွဲက ထလာသည်..။
“ဘာဖြစ်လို့လည်း..”
“သိဘူးလေ….လတ် က မေးရမှာ…စျေးက ပြန်လာကတည်းက မျက်နှာကြီး စူပုတ်နေတာ နောင်လေ…”
“ဟမ်..မစူပုတ်ပါဘူးဗျာ….ပရော့ဂျက်လေး အပြီးသတ်ချင်လို့ ကြိုးစားနေတာပါ မိန်းမရဲ့....”
လတ် ကို သိုင်းဖက်ပြီး ပါးကို ကပ်နမ်းခါ ထမင်းချိုင့် ကောက်ယူလိုက်တော့ အလိုက်တသိ ကားသော့လေးပါ ကောက်ပေးလိုက်သည်..။
“သွားတော့မယ်..”
“အင်း…”
လတ် တာ၀န် အတိုင်း ကားအထိ သေချာ လိုက်ပို့လိုက်တော့ လက်ပြပြီး ကားကို မောင်းထွက်သွားသည်..။
သြော်….ဘာမှ မဖြစ်တဲ့သူက ….ဒါ မရရင် အလုပ်မသွားဘူးဆိုတဲ့ အနမ်းလေး မေ့ကျန်ခဲ့ပြီလေ…။
လတ် သက်ပြင်းချရင်း အိမ်ထဲ ပြန်၀င်လာပေမဲ့ စိတ်တွေက အထီးကျန်နေသည်..။
.
“မလတ်ရေ…ပြီးပြီလား..”
“အမ်း..”
ဒီတစ်ခါဆို အဲဒီ့ အမ်းက သုံးကြိမ်မြောက်မို့ နောင် နှာခေါင်း၇ှုံ့မိသည်..။
ကိုခေါင့် မွေးနေ့ကို သွားဖို့ ပြင်ဆင်နေတာမို့ နောင် လက်ထဲက ဂိမ်းကွန်ထရိုး ကို ချခါ ဘီဒိုရှေ့ရောက်သွားရသည်..။
ပေါ့ပေါ့ပါးပါး  အဖြူရောင် ရှော့ပန် နဲ့ တီရှပ် အဖြူလဲ ၀တ်ခါ ဆံပင်ကို ပုံသွင်းလိုက်သည်…။
ကိုခေါင့် မွေးနေ့ပွဲဆိုတော့ ကဲဖို့အစီအစဉ် ပါပြီးသားမို့ ဆံပင်ကို ပုံသေချာသွင်းပြီး နောက်ဆံပင်တွေကို သိမ်းခါ စုချည်ထားရသည်..။
“အိုး…ကြာလိုက်တဲ့ မိန်းမ…နောင် လာလဲပေးရမလား..”
“မလိုဘူး..”
“ပြီးရင် ဒီပုံက ဒီပုံပဲ ပိန်သွားတာလည်း မဟုတ်ဘူး..”
“၀တာကြီးကို ချစ်တာဆို…တစ်လတောင် မပြည့်သေးဘူး..ဇာတိက ပြလာပြီ…”
“ဟဲ..ဟဲ..ချစ်လို့..ချစ်လို့စတာပါဗျာ…”
မလတ် ရေချိုးခန်းထဲက ထွက်လာတော့ နောင် ၀ယ်လာတဲ့ ပန်းရောင် ဂါ၀န်ရှည်ကလည်း မလတ် နဲ့ တေ်ာတော် ကြပ်နေသည်…။
ဒါကြီး ၀တ်သွားလို့ကတော့ ပွဲဖြစ်တော့မှာပဲလို့ တွေးရင်း နောင် ခေါင်းရမ်းလိုက်ရသည်..။
“မလှဘူး..ထုံးစံ အတိုင်း မလတ် စတိုင်လ်ပဲ ပြန်၀တ်..”
“ဟင်..အသစ်မှ မရှိတာ..”
“နောင်လည်း ဒီပုံပဲ သွားမှာပါ…သွား..မနက်က စျေးသွားတဲ့ အ၀တ်တွေ ပြန်၀တ်လိုက်…….သွား….ရပါတယ်ဆို..”
လှည့်ကြည့် လှည့်ကြည့်လုပ်နေလို့ နောင် ပခုံးက ကိုင်တွန်းပြီး ဘီဒို အနားဆီ ရောက်အောင် တွန်းပို့ပေးရသည်..။
မလတ် အ၀တ် အစားလဲနေတုန်း တစ်ပွဲလောက်တော့ ထပ်ဆော့လို့ ရပါသေးသည်..။
နောင် ဂိမ်းကွန်ထရိုး ကောက်ကိုင်ပြီးမှ ပီဇာကို သတိရတော့ အိမ်ပြန်နောက်ကျမှာ စိုးလို့ အစာကျွေးဖို့ ဆင်းခဲ့လိုက်သည်..။
“ဟေ့ကောင်…ဒီမှာ….ငါကြိုက်တဲ့ ပုစွန် မင်းကို ခွဲကျွေးတာနော်…”
နောင့် စကားကို နားလည်သလို တစ်ချက်လျှာသိမ်းပြီး ထမင်း ပန်းကန်ကို ဟက်ထိုးစားနေတော့ နောင် ရေခွက်ကို ရေဆေးခါ ရေသစ်ထပ်ဖြည့်ပေးလိုက်သည်..။
ပီဇာ အိမ်ကို သန့်ရှင်းရေး တစ်ခါတည်း လုပ်ခါ သဲထပ်ခင်းပြီး လေ၀င်အောင် နောက် ဘက် တံခါးပါ ဖွင့်ပေးလိုက်သည်..။
“ဟောတော့်..”
“ဟမ်…ပြီးပြီလား..”
“ပြီးပြီ…အဲဒါ ဘာလုပ်နေတာလည်း..”
“မလတ် ကို စောင့်ရင်း  ဒီကောင့် အိမ်ကို သန့်ရှင်းရေးလုပ်နေတာ…သွားကြမယ်..”
“အ၀တ်တွေ လဲဦးမလား..”
“မလိုပါဘူး..မပေပါဘူး..”
လတ် မျက်လုံးပြူးရင်း သူ့ အ၀တ်အစားတွေကို အပြစ်ရှာပေမဲ့ တကယ့်ကို ဖွေးသန့်နေတော့ အံသြရသည်..။
လတ် ထွက်လာတော့ ခွေးအိမ်ထဲ ခေါင်းတိုး၀င်နေတာပါ အခုတော့ ဘောင်းဘီ ဒူးနေရာလေးတောင် နည်းနည်းမှ မပေ…။
ဆံပင်ပုံစံက တော်တော်လေး ကြည့်ကောင်းနေတော့ လတ် မျက်မှောင်ကြုတ်ခါ ခဏခဏ လှည့်ကြည့်မိသည်..။
သူလည်း ပေါ့ပေါ့ပါးပါး ပုံစံ ၀တ်ထားပေမဲ့ ဖြူသန့်သန့်လေး ဖြစ်နေခါ လတ်မှာတော့ အနီဖျော့လေး ၀တ်ထားတာတောင် စိတ်ထဲ မလုံချင်…။
“အို….ဒါ…ဒါ…ကြီးလား..”
“အဟွင်း…ဟုတ်တယ်…မိုက်တယ်မလား..”
လတ် ခေါင်းညိတ်ရင်း ခြံထဲက အပြင်အဆင်တွေ ကို ငေးကြည့်နေမိသည်..။
ရပ်ကွက်ထဲမှာ အိမ်ချင်းကပ်သပ်နေတာ မျိုးပဲ နေဖူးခဲ့တော့ အခု နေတဲ့ ခြံဝန်းနဲ့ တစ်ထပ်ခွဲ တိုက်ကလေးကို အကြီးဆုံးလို ဖြစ်နေသည်..။
အခုတော့ ခြံ ၀င်းအကျယ်က ဘောလုံးကွင်း တစ်၀က်စာလောက် ရှိနေတာ မအံသြပဲ နေပါ့မလား…။
တိုက်ကြီး အနားထိရောက်အောင် ကားကို မောင်း၀င်သွားပြီး ဘေးဘက်ကို ကွေ့လိုက်တော့ တန်းစီနေတဲ့ ကားတန်းကြီးကို တွေ့ရသည်…။
အပြင်မှာ လူ တစ်ယောက် တလေတောင် မတွေ့ပဲ ကားတွေချည်း တွေ့နေရတာလည်း ထူးဆန်းနေပြန်သည်..။
“လာ..”
“ဟင်…အင်း….နောင်…ကြောက်တယ်…”
“ဘာလည်း…လူဆိုး ကို ယူထားပြီး…သူ့ မိသားစုနဲ့ တွေ့ရမှာ ဘာဖြစ်လို့ကြောက်နေတာလည်း…”
“သူတို့ က..”
“လာစမ်းပါ မလတ်ရယ်.နောက်တောင် ကျနေပြီ…”
လူတစ်ယောက်တောင် မတွေ့တဲ့ အိမ်ရဲ့ ဆင်၀င်အောက်ကို ၀င်ခါ မှန်တံခါးကို တွန်းဖွင့်လိုက်တော့ အထဲမှာ မီးဝါရောင် တစ်ချို့ ထွန်းထားသည်..။
မွေးနေ့ပွဲဆိုပြီး အိမ်ထဲမှာ လည်း ဘယ်သူမှ မရှိ….။
နောင့် ရဲ့ ဦးဆောင်မှုဖြင့်  ဓာတ်လှေကားစီးပြီး တံခါးဖွင့်လိုက်တော့ တွေ့လိုက်ရတာ မျက်လုံး ပြူးသွားသည်..။
အားလုံးရဲ့ အကြည့်တွေက လတ်တို့ နှစ်ယောက်စီမှာသာ…။
လှေကားက ထွက်လိုက်ပေမဲ့ ရောက်သွားတာ က စင်ပေါ်ဖြစ်နေလို့ လှေကားထစ်တွေကို နောင်က ထပ်ဆင်းချိန် လတ် လည်း လိုက်ဆင်းရသည်..။
“ဟိုမှာ နောင့် မာမီ..”
သူ လက်ညိုးညွန်ပြလိုက်တဲ့ နေရာကို ကြည့်လိုက်တော့  လတ် ပါးစပ်တောင် အဟောင်းသား ဖြစ်သွားရသည်..။
ဆံပင်ဂုတ်ထောက်ကျော်လေးကို လှိုင်းကြီးဖြစ်အောင် ကောက်ထားခါ ရှပ် အ့ပွ ဒူးအုပ်နဲ့ နှင့် ဂျင်း ဘောင်းဘီရှည် ၀တ်ထားပြီး မျက်နှာမှာ ရှိရမဲ့ အရွယ်ထက် အဆပေါင်းများစွာ နုဖက် ကြည့်ကောင်းနေသည်..။
ဒီအမေက မွေးမှတော့ ဒီလို သားချောချော လေး ဖြစ်နေတာပေါ့…။
အားလုံးက ဂါ၀န် ကိုယ်ကြပ်တို့ အရောင်လက်လက် တို့ ၀တ်လာတဲ့ ကြားထဲမှာ လတ် တစ်ယောက် တည်း မြန်မာ ၀တ်စုံဖြစ်နေသည်..။
“ဟဲ့..နင်လည်း လာတာလား..”
အနားကို ရောက်လာတဲ့ နောင့် အစ်မကို မှတ်မိတော့ လတ် ပြုံးပြရင်း ခေါင်းညိတ်ပြလိုက်ရသည်..။
“လာ…မာမီက တွေ့ချင်နေတယ်..”
“ဟုတ်..”
“ဟို..လတ်တို့ အရင်အခန်းမှာ မနေတော့ဘူး အစ်မ”
“အင်း..နောင်ပြောတယ်..လာ”
အနားက နောင်က ဘယ်ပျောက်သွားမှန်းတောင် မသိလိုက်ချိန် လတ် မှာ အစ်မ ခေါ်ဆောင်ရာ နောက်ကို လိုက်လာရသည်..။
သူ့ အစ်မကတော့ တစ်ကိုယ်လုံး နက်စွေးနေအောင် ၀တ်ထားသည်…။
“မာမီ..”
“ဟင်..”
“ဒီမှာ…နောင့် မယား..”
“အိုး…ဘေဘီ ကိတ်လေးပဲ…”
လတ် ကို ပွေ့ဖက် နှုတ်ဆက်တော့ လတ် မှာ မျက်လုံး အပြူးသားဖြင့် ငြိမ်နေလိုက်ပြီး သူ ထိုင်ခိုင်းတဲ့ နေရာမှာ ထိုင်ရသည်..။
မီးဆလိုက် တီးလုံးသံတွေ ကြားမှာ ခုန်ပေါက်ပျော်နေတဲ့ လူအုပ်ကြီးကို ကြည့်ရင်း မှန်တံခါး ပိတ်လိုက်တော့ အသံလုံသွားသည်..။
“လတ် တို့ အခု ဘယ်မှာနေလည်း..”
လတ် နာမည်ကို ပါ သိနေတော့ အံသြရင်း တံတွေးတစ်ချက် မြိုချမိခါ
“ဟို..နောင် နေတဲ့ အိမ်မှာပါ..”
“အင်း…အခန်းငှားနေခဲ့ရတာ တော်တော် ဒုက္ခရောက်ခဲ့တယ်မလား….ဒီကြားထဲ ယောင်္ကျားကိုပါ ရှာကျွေး လိုက်ရသေးတယ်..”
“ဟို..အဲလိုလည်း မဟုတ်ပါဘူး..”
“ရတယ်..မာမီ…အားလုံးသိတယ်…အစတုန်းက နောင် အရူးထနေတယ်မှတ်တာ…. သမိုင်းမှာ အမဲစက် ပြည့်နေတဲ့ သာမန် မိန်းမ တစ်ယောက်ကို ယူလိုက်တော့ သူ့ အတွက်လည်း စိတ်ပူတယ်…အခုတော့ သူမမှားဘူးလို့ ၀န်ခံရတော့မယ်…နောင့် ကို အများကြီး သည်းခံပေးခဲ့လို့ ကျေးဇူးတင်ပါတယ်…”
လတ် အတိတ် အကြောင်းကိုပါ စုံစမ်းထားပြီးသားမို့ အခုလို ပြောလိုက်တာလားလို့ တွေးရင်း မဝံ့မရဲဖြင့် ပင် ခေါင်းညိတ်လိုက်မိသည်..။
“ဟုတ်…”
“နောင် က သားတွေထဲမှာ ဒက်ဒီ့ စိတ်နဲ့ တူပေမဲ့ ဒီတစ်ခုတော့ ချွင်းချက်ပဲ..အစွဲအလမ်းကြီးတယ်…လူတစ်ယောက်ကို ချစ်ရင် အဲလူအတွက် အကုန်ပေးဆပ်ပြီး စွဲစွဲလမ်းလမ်း ချစ်နေချင်တဲ့ သူမျိုး..ဘယ်သူ နဲ့သွားတူလည်း မသိဘူး..”
“အန်တီ နဲ့ တူတာ ဖြစ်မှာပါ..”
လတ် စကားကြောင့် ရှေ့မှာ ခြေချိတ် ထိုင်နေတဲ့ နောင့် အမေက မျက်ခုံးပင့်ကြည့်ချိန် စကားကျွံသွားပြီမို့ ပြင်မရတော့ပါ…။
“တို့က အချစ်ကြီးတဲ့ ပုံပေါက်နေတာလား..”
“ရှင်..ဟို..အဲလို မဟုတ်ပါဘူး…”
“ဟုတ်တယ်..နောင် က တို့စိတ်နဲ့ တူတာ…ဒါကြောင့် သစ္စာ မရှိမှာ မစိုး၇ိမ်ရဘူး..မာမီ အာမခံနိုင်တယ်…တခြား ဆိုးတာတွေတော့ မင်း စည်းရုံး ပြုပြင်ပေါ့လေ…”
“ဟုတ်ကဲ့…”
“လတ် မောင်လေးကို မန္တလေး သွားတုန်းက တွေ့ခဲ့တယ်…အလုပ်ကြိုးစားတဲ့ ကလေးမို့ တိုးတက် ကြီးပွားဖို့ အများကြီး အလားအလာရှိတယ်…”
“ဟုတ်..”
“လတ်မှာ မိဘ ဆွေမျိုးတွေ မရှိဘူးဆိုပေမဲ့ သတိုး မိသားစုက လတ် မိသားစုပါပဲ.. ကဲ..လာထ….မိသားစုနဲ့ မိတ်ဆက်ပေးမယ်..”
“ရှင်..”
လတ်ရဲ့ လက်မောင်းကို တွဲကိုင်ထူတော့ ယောင်တောင်တောင် ဖြင့်ထလိုက်လာခဲ့ရသည်…။
သိပ်မမြင့်တဲ့ စင်ပေါ်ကို ဦးတည်သွားနေတဲ့ အချိန် လတ် ရင်တွေ တဒိတ်ဒိတ် ခုန်ခါ နဖူးမှာပင် ချွေးစို့ချင်လာသည်..။
ဘေးခုံက မိုက်ကို လှမ်းယူပြီး..
“ဆောရီးပါ နှောင့်ယှက်မိတာ ဆောရီး..”
တီးလုံးသံ မြူးကြွကြွ တွေ တိုးတိတ်သွားတော့ အားလုံးအကြည့်က စင်ပေါ်ကို ပြန်ရောက်လာကြသည်..။
ရောင်စုံတွေ ကြားထဲမှာ အဖြူရောင် တစ်စက် ကို တွေ့တော့ လတ် အတွက် အားဖြစ်စေသည်..။
နောင့်ကို ပဲ ငေးကြည့်နေရင်း ကြောက်စိတ်ကို ဖြေသိမ့်နေမိသည်..။
“ဒီဘက်မှာ ရပ်နေတဲ့ မိသားစု ၀င်အသစ်နဲ့ မိတ်ဆက်ပေးချင်လို့ပါ…ဒါကတော့…  တစ်မိသားစုလုံး မနိုင်တဲ့ ကျွန်မရဲ့ အဆိုးဆုံးသားလေး ကို ကျွန်မတို့ ကိုယ်စား ဆက်လက် တာ၀န် ယူ ထိန်းကြောင်း ပေးမဲ့ ချွေးမလောင်းလေး မြူနှင်းလတ် ဖြစ်ပါတယ်..ရပါပြီ…”
လက်ခုပ်သံတွေကြားမှာ သူ့အမေရဲ့ စကားကြောင့် မျက်နှာလေး ရှုံ့မဲ့သွားတာ မပီမပင် လှမ်းမြင်တော့ လတ် ပြုံးလိုက်မိသည်…။
အဆိုးဆုံးသားလေးကို အားလုံးကိုယ်စား တာ၀န်ယူရမယ်တဲ့လေ….။
တီးလုံးသံတွေ ပြန်ထွက်လာချိန် လူတွေကြားမှာ ကလေး တစ်ယောက်လို ခုန်ပေါက်နေတဲ့ သူ့ကို ငေးရင်း ကြည်နူး ချစ်စိတ်လေး ဖြစ်ရသည်..။.
အဆိုးလေးကို တစ်ဘ၀လုံး တာ၀န်ယူ ထိန်းကြောင်း ချင်ပါတယ် နောင်ရယ်…။

171

*✭˚・゚✧*・゚*✭˚・゚✧*
ဒီ စွဲနေပြီ က တော့ မဟုတ်တော့ဘူး 😁
အပိုင်း ၂၇ ရောက်ပြီ ရေးစရာက ကျန်နေတုန်းပဲ ဟိဟိ😝
စပိုက်ကာလည်း စွဲနေပြီ ရေးရတာ စွဲနေပါပြီ 😁
မလတ်ကို ဝိတ်ချပြီး လှစေချင်တဲ့ စာဖတ်သူလေးတွေရဲ့ တောင်းဆိုမှုကြောင့် အဟမ်း 😜
အခုတော့ ဝိတ်မချခင် ရှင်းစရာတွေ ကျန်နေသေးတယ် ဟိဟိ 😅
ဇာတ်သိမ်းကတော့ ရွှေပြည်တော် မျှော်တိုင်းဝေး နေပါပြီ 😂
ကောင်းပါတယ် စပိုက်ကာလည်း ဇာတ်သိမ်းပြီးရင် နောက်ဇာတ်လမ်း  ဘာရေးရမလည်း မသိသေးဘူး💔
စာတွေကလည်း တစ်ပိုင်း သုံးသောင်းနီးပါး ဖြစ်နေပြီ
စာအုပ်သာဆို ဝယ်မဲ့သူတောင် ရှိမှာ မဟုတ်ဘူးဟိ
ဘာပဲဖြစ်ဖြစ် စာရှည်လည်း ဖတ်ပေးတဲ့ သူလေးတွေကြောင့် မမောပါဘူး ကျေးဇူးပါ 😍

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးတဲ့
ကိုယ့်အသည်း ZinZin
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now