Part 18

5.8K 279 5
                                    

စွဲနေပြီ
အပိုင်း (၁၈)
#စွဲနေပြီ

“နောင်…မုန့်တွေ့စားပါလား..ရက်ကြာရင် မကောင်းဖြစ်သွားလိမ့်မယ်..”
“မစားချင်ပါဘူး….မသဒ္ဓါ ရေစာတွေ…”
“သဒ္ဓါလို့ ကျွေးနေတာပေါ့ဟယ်..မုန့်က အကောင်းစားတွေနော်…ငါ့ပိုက်ဆံနဲ့သာဆို နင့်ကို ၀ယ်ကျွေးနိုင်မှာ မဟုတ်ဘူးသိလား…ရတုန်းစားထား..”
ကိုကျော်ပေးသွားတဲ့ မုန့်တွေက များလွန်းလို့ ဒေါ်လေးပု နဲ့ မအေးမိတို့ ကို ခွဲဝေပေးလိုက်ပေမဲ့ အိတ်ကြီး တစ်အိတ်တောင် ကျန်နေသေးသည်..။
ကိုယ့်မှာ မတန်မဆ စည်းစိမ်ရပြန်တော့ မုန့်ထုတ်ကို ဥစ္စာစာင့်လို ဖြစ်နေပြီး ပုရွက်ဆိတ်တက်မှာ ကြောက်ရ ရက်ကျော်ပြီး စားမရရင်လို့ တွေးပူရဖြင့် မသက်သာ..။
ကိုယ်တော်လေးက စားပါဆိုကာမှ ထမင်းကြမ်းပဲပြုတ်ကြော်ကို ခံတွင်းလိုက်နေပြန်ပြီ..။
“ဒီက်ိတ်မုန့်က တီဗွီမှာ ခဏခဏ ကြော်ငြာတယ်လေ….စားကြည့်ပါလား..”
“မလတ်ဘာဖြစ်နေတာလည်း…စားချင်ရင် ကိုယ့်ဟာ့ကိုစားပါလား…”
ထမင်းကြော်ပန်းကန်ကို ဆောင့်အောင့်ချပြီး ရေပုလင်းဆွဲသောက်တော့ လတ် မျက်စောင်းထိုးမိသည်..။
“ဟဲ့..စားစေချင်လို့ စေတနာနဲ့ ကျွေးနေတာပေါ့..”
“မကျွေးနဲ့…အဆိပ်ကို သိသိနဲ့ မြိုမချဘူး..”
“ဘာ..”
“ဟုတ်တယ်လေ….ပိုးကြေးပန်းကြေးပေးတယ်ဆိုတာ တစ်ခုခု မျှော်လင့်ပြီးသားမို့လို့ ပေးထားပေါ့…”
“ငါ့ကို ဘယ်သူက ပိုးကြေးပန်းကြေး ပေးနေလို့လည်း..ဒီအဆီခေါက်ကြီး ဘယ်သူက ကြိုက်မတုန်း…”
“ပိုက်ဆံရှာနေရတဲ့ ယောင်္ကျား တစ်ယောက်က အကြောင်းအရင်းမရှိပဲဆို လမ်းဘေးက တောင်းစားနေတဲ့ သူကိုတောင် ပေးချင်ကျွေးချင်တာ မဟုတ်ဘူး..သူဌေးဆို ပိုဆိုးတယ်…အကြောင်း ရိ်ှလို့ကို ရက်ရောနေတာ…နောင် လည်း မိန်းကလေးတွေကို ပေးခဲ့ဖူးသားပဲ…ကောင်မလေးဘေးမှာ ကပ်နေတဲ့ ဘယ်ကောင့်ကိုမှ မသဒ္ဓါဘူး…မလတ် လူလည်း မလတ်ကို ကျွေးချင်လို့ပေးတာလေ…နောင်က ဘာလို့ စားရမှာလည်း..မစားဘူး..မစားချင် ခွေးကျွေးလိုက်…”
“ဟဲ့..”
လတ်ရှေ့က မုန့်ထုတ်ကို ခြေနဲ့ ခပ်ပြီး ပန်းကန်ကိုင်ခါ ထွက်သွားတော့ နောက်ကနေ လှမ်းရိုက်တာ မမှီလိုက်..။
ဒီလောက် ဆိုးသွမ်းတဲ့ဟာလေး….မစားချင် မစားနဲ့ပေါ့..ခြေထောက်နဲ့ လုပ်စရာလား…ခွေးလေး…။
“မောင်လေး က နေ့တိုင်း ရေခပ်ပေးတာ…မအေးမိတို့ ကျေးဇူးတင်လိုက်တာ…”
“ရပါတယ်..”
နောင် ပန်းကန်ဆေးနေချိန် မအေးမိ က အ၀တ်လျှော်ရင်း လှမ်းပြောနေတော့  အခန်းထဲက ကျေးဇူးမသိတက်သူကို စိတ်တိုမိသည်..။
ဘာမဟုတ်တဲ့ ရေလေးခပ်ပေးတာကို မအေးမိ နဲ့ ဒေါ်ပု က လူကို တွေ့တိုင်း ကျေးဇူးတင်ပါသည်လို့ပြောတက်သည်..။
ဟင်းကောင်းချက်တဲ့ နေ့ဆို နောင်လေးဖို့ ဆိုပြီး အခန်းမှာ လာပို့ထားတက်သည်..။
ကျေးဇူးမသိတက်တဲ့ နောင့်မယားအမည်ခံ ဒေါ်မြူနှင်းလတ်ကတော့လား…။
ဟွင်း…သူ့ကိုယ်ကြီး ကို မနိုင်မနင်း သယ်မပေးခဲ့တဲ့ မျက်နှာမှ မထောက်….။
ကိုကျော်က သိပ်စိတ်ပူနေတာ…အားနာဖို့ ကောင်းလိုက်တာ….ဒီလို သိတက်တဲ့သူမျိုး ဘ၀မှာ ပထမဆုံး တွေ့ဖူးတာပဲ…ဟွင်း….ကိုယ့်မောင် အရင်းတောင် အဲလောက် စိတ်မပူတက်ဘူးတဲ့လေ…။
ဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ ကူညီပါရစေ ဥက္ကဌ မောင်သတိုးမင်းနောင်က သက်ရှိမဟုတ်တဲ့သတ္တဝါလိုလို…။
ဒီနေ့က စပြီး အလုပ်ပြန်လုပ်ပြီပဲ ဘာမှ မလိုတော့ဘူး…ဘာမှ ခေါင်းထဲ မထည့်ဘူး..ဒါပဲ..။
“ရေခပ်ထားတာပဲ…အတော်ပဲ…”
ရေချိုးဖို့ ထွက်လာရင်း ပြောတော့ နောင် ခပ်စောင်စောင် ကြည့်လိုက်ပြီး ရေဖလားကို ကောက်ကိုင်လိုက်သည်..။
“ဝုန်း…”
“ဟဲ့…”
“ဘာလည်း..ခြေထောက်ဆေးတာ…”
နောင် ဂရုမစိုက်သလို ခြေထောက်ချင်း ပွတ်ရင်း ပြောလိုက်တော့ ခါးထောက်ပြီး..
“ဟဲ့…ခြေထောက်ဆေးတာ ဒီလောက် ရေဇလုံကြီးကို တစ်ခါတည်း လောင်းချလိုက်ရလား..”
“ဘာဖြစ်လည်း…နောင် ခပ်ထားတာ နောင် ဆေးတာလေ…”
“ဟောတော့…ငါက ရေချိုးဖို့ ထွက်လာတာ..”
“ကိုယ်ချိုးဖို့ ကိုယ့်ဟာကို ခပ်လေ…မခပ်နိုင်ရင်…သူဌေး ကို ရေပိုက်ဆင်ခိုင်းလိုက်ပေါ့…”
“ဟဲ့…”
ပန်းကန်ပြား ခေါင်းပေါ်တင်ပြီး မခန့်လေးစား ခပ်နွဲ့နွဲ့ လမ်းလျှောက်ပြသွားတော့ လတ် မှာ ဒေါသထွက်ရင်းကျန်ခဲ့ရသည်..။
ရေချိုးဖို့ ပြင်ဆင်ပြီး ထဘီရင်လျားနဲ့ ထွက်လာပြီးခါမှ…အခုတော့ ရေတွင်းမှာ ရေဆွဲရဦးမှာ စိတ်ညစ်လိုက်တာနော်…။
နေ့တိုင်း ရေခပ်ပေးလို့ ကျေးဇူးတင်နေတဲ့ စိတ်ကလေးတောင် ကြက်ပျောက် ငှက်ပျောက် သလို ပျောက်သွားပြီ…။
ရေမြောင်း တစ်လျှောက် စီးဆင်းသွားတဲ့ ရေတွေကို ငေးရင်း သက်ပြင်းချမိသည်..။
ရေတွေခပ်ပြီးမှာ သွန်ပစ်တာ ဘာရူးတာလည်း မသိ…။
လတ် ရေတစ်ပုံးဆွဲပြီး မျက်နှာ သစ် ခြေလက်ဆေးခါ  အခန်းထဲ ပြန်ရောက်လာခဲ့သည်..။
“အဟား…လူတွေ…လူတွေ….သူများ လုပ်ပေးရင်သာ ဇိမ်ကျကျ နေတက်တာ….ကိုယ်တိုင် လုပ်လည်း ဆိုကော…ရေတောင် မချိုးတော့ဘူး..”
“ဟဲ့…”
“မဟုတ်လို့လား..”
အကျီ င်္လဲနေရင်း လတ်ကို ရွဲ့သလို စောင်းသလို ပြောနေတော့ ပြန်ပြောစရာ စကားမရှိလို့ မျက်စောင်းသာ ထိုးလိုက်နိုင်သည်..။
ပခုံးပေါ် ရုံထားတဲ့ ပုဆိုးပိုင်းကို ဒင်းရှိနေလို့ မချွတ်နိုင်သေး..ထဘီရင်လျားဖြင့် အခန်းထောင့်မှာ သူအ၀တ်အစားလဲပြီးတဲ့ အချိန်ကို စောင့်နေရသည်..။
“နင်…အလုပ်သွားမှာလား..”
“ဟုတ်တယ်…”
“သြော်…နောင်လေး ရေခပ်ပေးထားလို့.ကျေးဇူးတင်တယ်နော်..ကလေးရေ…”
မမိုးက အိုးနဲ့ ပန်းကန် ကိုင်ရင်း အခန်းရှေ့ဖြတ်သွားချိန် အော်သွားတော့ လတ် စူပုတ်ပုတ် ဖြင့် ဒင်းကို ကြည့်မိသည်..။
အခန်း လေးခန်း စလုံးအတွက် ရေခပ် ပေးနိုင်တဲ့ သူ့ကို အံသြရင်း ပင်ပန်းမှာ စိုးလို့ တစ်ခါတုန်းက တားဆီးခဲ့ဖူးသည်..။
“နောင်ရယ်..နင် ကလည်း..နေ့တိုင်း ခပ်ပေးနေတာပဲ…”
“ဘာဖြစ်လည်း..တစ်ခန်းကို စဉ့်အိုး တစ်လုံးနဲ့ လေးအိုး ပဲ ခပ်ပေးရတာ…”
“နင် ပင်ပန်းတာပေါ့…”
“မပင်ပန်းပါဘူး…လူက လက်ဝှေ့လည်း မထိုးရ ဂျင်လည်း မဆော့ရလို့ အသားတွေ ခပ်ပျော့ပျော့ ဖြစ်လာပြီ…ဒါလည်း လေ့ကျင့်ခန်းပဲ….လက်မောင်းတွေ အခုနောက်ပိုင်း ပြန်တင်းလာတာ..ရေခပ်ခြင်းရဲ့ အကျိုးကြောင့်ပေါ့…”
“အမလေး..ကြီးကျယ်လိုက်တာ…ကိုယ့်အသားအနာခံပြီးတော့ မလှချင်ပါဘူး..”
“လှချင်ရအောင် မင်းသားမှ မဟုတ်တာ…ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ ခံစားချက်ကို ကြိုက်လို့ ကိုယ့်ခန္ဓာကြီးကို ထရိန်နင် ပေးထားတာ…ကိုယ်ပိုင် အရည်အချင်းဆိုတာ ဘယ်သူမှာ လုယူလို့မရဘူး..”
“အတော်လေးကို ကောင်းတဲ့ အရည်အချင်းပဲ…ချဖို့… သတ်ဖို့လေ..”
“ယောင်္ကျားလေးက ဒါ စိတ်မ၀င်စားရင်…မိတ်ကပ်လိမ်းဖို့ စိတ်၀င်စားရမှာလား..”
အတိုက်အခံတွေ ပြောပြီဟေ့ဆို  စကားတက်တဲ့ သူ့ကို လတ်ကပဲ အရှုံးပေးလိုက်ရတော့သည်..။
တန်းလျား မှာ ရှိတဲ့ လူအားလုံးလိုလို သူ့ကို ချစ်နေတာ မနာလိုချင်စရာလေ…။
ဒေါ်လေးပုဆို..လတ်ဒေါ်လေး ခေါ်တဲ့ အတိုင်း နောင်လေး လို့ခေါ်ပြီး..မမိုးကတော့ ကလေးတဲ့….မအေးမိကျတော့ မောင်လေး တဲ့…လတ် တစ်ယောက်တည်း သူ့ကို ကြည့်မရတာ… ဒင်းက ပြည့်သူ့ အချစ်တော်လေး….။
“ဟယ်…ဒီပုံနဲ့သွားမှာလား..”
နိုင်ထူး ရဲ့ အကွက်မပေါ်သည့် ချည်ကြမ်း ပုဆိုးနဲ့..တီရှပ် အရောင်မွဲကြီးကြောင့် လတ် မျက်လုံးပြူးသွားရသည်..။
ဟုတ်သားပဲ…သူ့မှာ အ၀တ်အစားမှ အလုံအလောက်မရှိတာ ..
အိမ်မှာနေတော့ မလိုဘူးထင်တာပေါ့..အခု အလုပ်သွားရမယ်လည်း ဆိုရော…အမြင်မတင့်တော့ဘူး..။
“ဘာဖြစ်လို့လည်း..”
“မကောင်းပါဘူး..နောင်ရယ်…နင့်ဟာကလည်း…နိုင်ထူး ဆေးသုတ်ရင်း ၀တ်တဲ့ အ၀တ်အစားတွေ..”
“ကောင်းပါတယ်…အ၀တ်အစားက အဓိက မဟုတ်ဘူး..အရည်အချင်းက အဓိကပဲလေ..သတိုးမင်းနောင် ကို သိထားတဲ့ကောင်ဆို အ၀တ်အစားကို ခေါင်းထဲ ထည့်ရဲမှာ မဟုတ်ဘူး… မသိတဲ့ ကောင်တွေကတော့ နှာခေါင်းရှုံ့လိမ့်မယ်…..ကိုယ် ဘာကောင်လည်း မသိလို့ နှာခေါင်းရှုံ့ဝေဖန် နေတဲ့သူတွေအတွက် ခေါင်းစားမခံဘူး…ကိုယ် ဘာကောင်လည်း ကိုယ်သိဖို့ပဲ အဓိက…”
“ဟုတ်ပါပြီ…ဘာကောင်ကြီးရယ်….ထမင်းထည့်သွားမလား..”
“မလိုဘူး…ဒီလို မကောင်းတဲ့ ဟင်းတွေ သည်းခံပြီး့မြိုမချပေးနိုင်တော့ဘူး..”
“အောင်မယ်…ကြီးကျယ်လို့..မစားနေ…သွားတော့..မြန်မြန်..”
ကိုကြီးကျယ်လေး အခန်းပြင် ထွက်သွားတော့မှ  လတ် အ၀တ်အစားလဲဖို့ ပြင်ဆင်နေရင်း…
“ဟ…”
“ဟဲ့..နောင်…နေဦး…”
လတ် အပြေးလိုက်သွားတာတောင် ဘယ်လို ခြေလှမ်းမျိုးမို့ လမ်းမ ပေါ်ရောက်နေရတာလည်း..။
“ဘာလည်း..”
“ကားခ..”
နောင့် လက်ကို ဆွဲပြီး ထိုးထည့်ပေးတဲ့ ပိုက်ဆံ ငါးရာတန်တွေကို တစ်ချက်ကြည့်ခါ မလတ်ကို ကြည့်လိုက်သည်..။
အကြည့်လွဲပြီး  ပြုံးလိုက်ရင်း လက်ထဲက ပိုက်ဆံကို အကျီ င်္ အိတ်ထဲ ပြောင်းထည့်လိုက်ခါ..
“အရှက်မရှိတာ..”
“ဟင်..”
သတိပေးလိုက်တော့မှ မျက်လုံးပြူးဖြင့် ရင်ဘတ်ကို ကာပြီး ခေါင်းငုံ့ခါ ခြံထဲကို အပြေးတစ်ပိုင်း ပြန်၀င်ပြေးတော့သည်..။
ရင်လျား နဲ့တောင်  ပြေးလိုက်လာတဲ့ မလတ်ကို ပြန်မြင်ယောင်ရင်း နောင် နှုတ်ခမ်းကိုက်ခါ ဆံပင်တွေကို ထိုးဖွမိသည်…။
ဘာလို့ ဒီလောက် သိတက်နေတာလည်း….
မောင်လေး တစ်ယောက်လိုပဲ သိတက်တာလား…ဒါမှ မဟုတ် ….တောက်…မကျေနပ်ဘူး..။
နောင် လမ်းလျှောက်ရင်း အိတ်ထဲက ဖုန်းကို ထုတ်ခါ နိုင်ထူးဆီကို ဆက်လိုက်သည်..။
ဟိုမသာကလည်း ဖုန်းမကိုင်ပြန်ဘူး..ကျစ်…။
လေးခေါက်လောက် ခေါ်ပြီး ပြန်ချလိုက်ခါ လမ်းဆက်လျှောက်နေချိန် ဖုန်းသံ ပြန်မြည်လာသည်..။
“ဟ…လို…”
အိပ်ချင်မူးတူး အသံဖြင့်တုန့် ပြန်ပြောဆိုလာတော့ နောင် လမ်းမမှာမို့ ခပ်တိုးတိုး မိုးမွှန်အောင် ဆဲပစ်လိုက်သည်..။
“ဟ..ဘယ်လိုဖြစ်တာတုန်းဟ..မိုးမလင်းသေးဘူး…ဘာလည်း ငါ့အစ်မ နဲ့ သတ်ပြန်ပြီလား.”
“မင်းကို ငါ ဖုန်းခေါ်တာ ဘယ်လောက်ကြာပြီလည်း..”
“အေးပါကွာ..အိပ်ပျော်နေလို့ပါဟ…မနေ့ကလည်း ဖုန်းပြောထားတာ မင်းငါ့ကို ဒီလောက် လွမ်းနေမယ် မထင်ဘူးကွာ…”
“အပိုတွေ မပြောချင်ဘူး..မင်း အစ်မ ဘာလုပ်လည် သိလား..”
“စလာပြီ…မင်းတို့ ပြဿနာတက်မှ ငါ့ကို သတိရတာမလား..”
နောင် စိတ်တိုတို ဖြင့် လမ်းပေါ်ကျနေတဲ့ ရေသန့်ဘူးခွံ့ကို ပစ်ကန်လိုက်ရင်း ထမင်းဆိုင်ရှေ့ကို ရောက်တော့ ကား ရပ်ထားတာ တွေ့သည်..။
“မင်း အစ်မကို ဘဲနာ တစ်ကောင် လိုက်ကပ်နေတယ်…”
“ဘာ..မင်းရှိရဲ့သားနဲ့ လိုက်ကပ်နေတာလား…ဘယ်လို ကောင်လည်း..”
“မင်း အစ်မ သူဌေးလေ…ဖုန်းတွေ ဘာတွေပေးတာ သိတယ်မလား…မင်းအစ်မကလည်း..ပစ်ကြွေနေတာပဲ…”
“မင်းက ဒိတိုင်းကြည့်နေတာလား…ငါ့နေရာမှာ တာ၀န်ယူထားပြီး မလတ် ယောင်္ကျားလည်း ဖြစ်နေရဲ့သားနဲ့ ..ဘာမှ မပြောဘူးလား..မင်းပြောတော့ လက်ထပ်ထားရင် ပို ပြီးတာ၀န်ယူလို့ရတယ်ဆိုကွ..”
သူ့ အစ်မအကြောင်း တိုင်မိကာမှ နောင့်ကို ဆူနေတော့ ခေါင်းကုတ်ရင်း မျက်နှာပါ ရှုံ့မဲ့ သွားရသည်..။
“ငါလည်း ပါလို့ မရဘူး..သူစိမ်းလေ..ပြီးတော့ မောင်လေးပါ ဆိုပြီး မိတ်ဆက်ပေးထားတယ်..”
“…မင်း တာ၀န်ယူထားတာနော်…အစ်မချင်း ကိုယ်ချင်းစာ…ငါ ဒီမှာ အန်ကယ်ခိုင်းတဲ့ အလုပ်ကိစ္စတွေ မပြီးလို့ မဟုတ်ရင် ချက်ချင်း ပြန်လာချင်ပြီ…သူဌေးဆိုတော့ အတည်မဟုတ်ဘူး.”
“ငါပြောချင်တာ အဲဒါ မင်းအစ်မကလေ…ရည်းစားမရှိဘူးတာ အရမ်းသိသာတယ်...ဟိုက မုန့်ကလေး ၀ယ်ပြီး အိမ်လိုက်လာတာ သူက ခါယမ်းနေတယ်..”
“ငနောင်…”
“ဟဲဟဲ…အေးပါကွာ..ငါ က စိတ်ပူလို့ပါ မင်းအစ်မက ငါ့စေတနာနဲ့ သတိပေးတောင် သူက အပြစ်မြင်မှာ အဲတော့ မင်းပဲ ကြည့်ကြပ် ဆုံးမပေးကွာ…ဒါပဲ..”
“ဟ..နေဦး..မင်း.ဒီကိစ္စ ဘယ်လို ရှင်းမလည်း…”
“ဒီဘဲ ကြီး အတည်လား…အဆီတုံးရရုံ ကြံတာလား ဆိုတာ သိရအောင် ငါ လုပ်ပါမယ်…ဒါငါ့ကိစ္စ…မင်းအစ်မကို ဆူပေးနော်…ကောင်းကောင်းလေးဆူ…ငါ့ကို အနိုင်မကျင့်ပဲ သိတက်ဖို့လည်း ပြောပေးဦး…သလား..ယောက်ဖ…”
“မင်းကို ယောက်ဖ ခေါ်စရာ မလိုတော့ဘူး..မြတ်ရတနာလင်းက ယောင်္ကျား ရသွားပြီ…ငါလည်း အခု ချစ်သူရနေပြီ…သူငယ်ချင်းရေ…ယောက်ဖ မလုပ်တော့ဘူး..”
“မင်း အစ်မ လင်…မင်းယောက်ဖ မသာရေ…..စောက်ခွက်စားပြီး နားမလည် မလုပ်နဲ့နော်…လူပျို ဂုဏ်စွန့်ပစ် ပြီး ယူထားရတာ…”
“သြော်..အေး..ဟုတ်သား..ယောက်ဖ..ဟဲ..ဟဲ..မေ့တာပေါ့ကွ….မင်းတို့က ဟန်ဆောင်ထားတာပဲကိုး..”
“မင်း မမေ့  အောင် ငါ အပိုင်ကြံပေးမယ်..”
“ဟ…ငနောင်…မင်းနော်….ဟလို…”
နောင် ဖုန်းကို အ်ိတ်ထဲ ပစ်ထည့်လိုက်တော့ ခေါ်မရတဲ့ အဆုံး သူဟာ့သူ ဖုန်းချသွားသည်..။
မလတ်တို့တော့…ကောင်းကောင်းလေး ဆူခံထိမှာ မြင်ယောင်ရင်း မျက်နှာက အလိုလို ချိုအိသွားတာ ကို လမ်းမပေါ်က ကောင်မလေးတွေက သူတို့ကို ရယ်ပြတယ် အထင်ဖြင့် ပြန်ရယ်ပြသေးသည်..။
စော်ကြည်တာလည်း ဒုက္ခတစ်မျိုးပါပဲလေ…။
.
“နောင်ရောက်ပြီလား..”
“ဟုတ်..”
“မင်းကို အလုပ်အပ်ရမှာတော့ ခပ်လန့်လန့်ပဲ နောင်..”
ကိုပြည်စုံ စကားကြောင့် နောင် မျက်မှောင်ကြုတ်ရင်း  ရှေ့က ခုံမှာ အရင် ဆွဲထိုင်လိုက်ရသည်..။
“ဘာဖြစ်လို့လည်း..”
“သူဌေးကြီး ဦးသတိုးမင်း ရဲ့သား နောင် ဂရုရဲ့ ဥက္ကဌလေ..အခု ငါ့ဆီ အလုပ်လုပ်မယ် ဆိုတော့ ရှိန်နေတာပေါ့..”
“အင်း…ရှိန်သင့်တာပေါ့….ဒါပေမဲ့ အခုတော့ ခွေးလုံးလုံး ဖြစ်နေတယ်….အခန့်မသင့်ရင် အကိုက်ပါ ခံရနိုင်တယ်နော်..”
“ဟ…မင်းကလည်း ပြောတော့မယ်…မင်း စားပွဲကို သပ်သပ် တစ်ခန်းပေးရမလား..”
“မလိုပါဘူး…သူများတန်းတူပေါ့..ကိုပြည့်စုံရာ…”
“အိုကေ…ဒါဆို မင်းနေချင်တဲ့နေရာနေ…နေဦး..မင်း…ငွေလိုရင် တစ်ခါတည်း ယူလေ..”
“သူများတွေက..”
“လကုန်ပေါ့ကွာ..”
“ဒါဆို ကျွန်တေ်ာလည်း လကုန်ပေါ့..”
“အဟား..ဟုတ်ပြီ…ခဏနေ ပရောဂျက်ဖိုင် ပို့လိုက်မယ်…”
“အင်း..”
ကိုပြည်စုံ ထွက်သွားတော့ ကိုယ့်ဗီဇအတိုင်း နောက်ဆုံးက ခပ်လွတ်လွတ်ကို ခုံရွေ့ပြီး နေရာယူလိုက်သည်..။
ရှေ့က လပ်တော့ပ်ကို ဖွင့်လိုက်ပေမဲ့ နောက်ခံပုံကြောင့် မျက်ခုံးတွန့်သွားရသည်..။
ခန္ဓာကိုယ် ကောက်ကြောင်းထင်းထင်း နဲ့ မင်းသမီးပုံနေရာမှာ မလတ်ပုံထည့်သင့်တာ…။
ဒါမှ မခံချင်စိတ်နဲ့ အလုပ်တွေ ပိုကြိုးစားမိမှာလေ…။
ကျောင်းပြီးကတည်းက လက်တွေ့မရှိတော့လေ့လာသင့်တာတွေ ပြန်လေ့လာရဦးမည်..။
ဘာပဲ ဖြစ်ဖြစ် အလုပ်လုပ်နေရတာ တစ်မျိုးကောင်းပါသည်လေ…။
.
“လတ်..”
“ရှင်..”
“ခဏ…”
“ဟုတ်…”
သူဌေးကလည်း အရင်တုန်းကဆို တစ်လ တစ်ခါတောင် ထမင်းဆိုင်ကို လာတာ မဟုတ်..။
အခုတော့ တစ်ရက်ခြားကို လာနေတာ…လာတိုင်းလည်း လတ်ကိုသာ ဦးတည်ပြီး စကားပြောသည်..။
၀န်ထမ်းတွေအားလုံး ပြုံးစေ့စေ့ ဖြင့် မျက်လုံးနဲ့ ဝေဖန်ပေမဲ့ လတ်မှာတော့ စိတ်ကူးတောင် မယဉ်ရဲပါဘူး..။
သူ့လို သူဌေးက လတ်လို မလှမပ ခပ်၀၀ မိန်းမတစ်ယောက်ကို စိတ်၀င်စားပါ့မလား..။
နောင် ပြောသလို ပြောရရင် ဒီသူဌေး မျက်မှန်ပါဝါ တိုးသင့်နေပြီ…။
“ထိုင်လေ…”
“ဟို..ကိုကျော်ဘာခိုင်းစရာ ရှိလို့လည်းဟင်..
ကောင်တာဘေး ခုံမှာ ထိုင်နေရင်း လတ်ကို မော့ကြည့်ခါ မျက်မှောင်ကြုတ်လိုက်တော့ လတ် ခေါင်းငုံ့ ပြီး ခပ်ကျုံ့ကျုံ့ ၀င်ထိုင်လိုက်ရသည်..။
“လတ် က ကိုယ့်ကို ရှောင်နေတာလား..”
“ရှင်..”
“ကိုယ် အလုပ်ကိစ္စ အတွက် ခေါ်တာပါ…”
“ဟုတ်…ဟုတ်ကဲ့..”
“ကိုယ့်သူငယ်ချင်း တစ်ယောက်က သူ့မွေးနေ့အတွက် ချက်ပေးစေချင်တယ်…မိဘမဲ့ကျောင်းအတွက် အယောက် ရှစ်ဆယ်စာ…အဲဒါလတ် လုပ်နိုင်မလားလို့ ခေါ်မေးတာပါ..”
မျက်နှာထား တည်တည်ဖြင့် ခပ်ပြတ်ပြတ်ပြောတော့ လတ် နောင်တရခါ စိတ်မကောင်းလည်း ဖြစ်မိသည်..။
ဘာလို့များ သွားပြန်မေးမိတာလည်း ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း စိတ်မောရသည်..။
အလုပ်ရှင်က ဘာကိစ္စပဲ ခေါ်ခေါ် အနားမှာ အသင့်ရှိနေရမှာကို ..ရှည်လိုက်တဲ့ မိလတ်ရယ်..
“ကိုယ်ပြောနေတယ်လေ..”
“ရှင်…အဲ..ဟုတ်ကဲ့….လတ် ..လတ်…မှားသွားလို့ပါ…ဘယ်အချိန် ချက်ပေးရမလည်း  ကိုကျော်..”
“ဒါတော့ ကိုယ်မသိသေးဘူး..ကျောင်းကိုသွားပြီး ဟင်းအတွက် ညှိနှိုင်းပြီးမှ ချက်ရင် ပိုကောင်းမယ်လို့ ပြောတယ်…”
“ဟုတ်ကဲ့…လတ် သွားလိုက်ပါ့မယ်….ဘယ်ကျောင်းလည်း..”
“ဝေးတယ်..ကိုယ်အားရင် လိုက်ပို့ပေးမယ်..လတ်..ဘယ်အချိန် အလုပ်ပြီးလည်း..”
“ညနေ ခြောက်ခွဲလောက်ဆို ပြီးပါပြီ....”
“အင်း…ကိုယ်မေ့သွားရင် ဖုန်းဆက်သတိပေးဦး..”
“ဟုတ်..”
ဒီနေ့တော့ သူ့မျက်နှာက အပြုံးအရယ် တစ်ခုမှ မပါပဲ ခပ်တည်တည်ဖြင့်ပင် ထပြန်သွားတော့ စိတ်မကောင်းသလို ၀မ်းနည်းရသလိုလို…။
သူဌေးအရေးပေးရင် ဘယ်လောက်မျက်နှာ ပွင့်သလည်း..။
တစ်ချိန်တုန်းက သူ့ထမင်းဆိုင်ကို ကိုယ်က ကူညီခဲ့လုပ်ကိုင်ပေးခဲ့လို့ ကျေးဇူးတင်ရင်း အရေးပေးဆက်ဆံနေတာပါ…
ကိုယ်က ဘာမို့လို့ သူလို သူဌေးက စိတ်၀င်စားမှာလည်း…
တုံးလိုက်တဲ့ မိလတ်လတ်ရယ်…သေလိုက်ပါတော့…ဘယ်လို ပြန်တောင်းပန်ရမလည်း တွေးရင်း သက်ပြင်းသာ ချမိသည်..။
.
“ကိုပြည်စုံ…ကျွန်တော်ပြန်မယ်..”
“အေး..မင်း အိမ်ပေါ်က ဆင်းလာတာဆို လပ်တော့ပ်ယူသွားလေ..”
“ယူသွားလည်း သုံးစရာ နက်ခ်၀က်ခ်လည်း မရှိဘူး..ထားလိုက်ပါ…ကျွန်တော် ပုံကြမ်း ဆွဲရဦးမယ်..”
“မင်းဘာနဲ့ ပြန်မလည်း..”
“ရတယ်..”
နောင် စကား မဆက်ချင်တော့လို့ လက်ပြပြီး အလုပ်ခန်းထဲက ထွက်လာခဲ့လိုက်သည်..။
ကားခ လက်ကျန်ရှိလို့ တော်သေးတာ…မနက်က ဘာမှ မစားခဲ့ရတာ အစာအိမ်က အီလည်လည် ဖြစ်နေပြီ..။
“ဟ…ငနောင်မလား..”
“ဟမ်…မျိုးကြီး..”
“အေးကွာ..မင်း အိမ်နဲ့ ကွိုင်တက်လို့ဆို…’
“အင်း..”
“လာ..”
မျိုးလွင်က နောင့်လက်ကို ဆွဲပြီး လက်ဖက်ရည်ဆိုင်ထဲ အတင်းခေါ်သွားသည်..။
“သြော်…နောင်ကြီး..မင်းကွာ ပျောက်နေတာ..”
လက်ဖက်ရည်ဆိုင် ဝိုင်းမှာ ထိုင်နေတဲ့ အာကာ ကလည်း ပခုံးကို ရိုက်ပြီး ပြောသည်..။
နောင် ခေါင်းညိတ်လိုက်ပြီး သူတို့လက်ထဲက ဖက်ကြမ်းလိတ်ဆီ အကြည့်ရောက်သွားတော့ လည်ချောင်းတစ်လျှောက် ချဉ်သလို ချိုသလို ဖြစ်သွားရသည်..။
“လက်ဖက်ရည်လား…ကေ်ာဖီလား…နောင်ကြီး..”
“ဟအေး…”
“မျိုးကြီးကလည်း မင်းဒီကောင် ဘာလိုအပ်နေလည်း မသိဘူးလား..”
အာကာ က ခပ်ပြုံးပြုံးဖြင့် သူ့အိတ်ထဲက ကြယ်နီ ဆေးပေါ့လိတ် တစ်လိတ်ထုတ်ပေးတော့ နောင် ခေါင်းရမ်းမိသည်..။
“ဘာလည်း..”
‘ငါ မသောက်တာ ကြာပြီ..”
“မင်း သစ္စာဖောက်တာလား…”
“မဟုတ်ပါဘူး..ငွေမရှိချိန် မစချင်လို့ပါ…”
“ဟာကွာ…ငါတို့ ရှိနေတာပဲ..ရော့..”
မျိုးကြီးက လက်ထဲ အတင်းထိုးထည့်ပေးတော့ နောင် ယူပြီး အကျီ င်္် အိတ်ကပ်ထဲ ထည့်လိုက်ရသည်..။
ဒီကိစ္စကလည်း တစ်မျိုးပါလား…။
ဘယ်လောက် စခန်းသွင်း လေ့ကျင့်ပြီး ဖြတ်ထားလည်း အနားမှ အငွေ့တို့ သဏ္ဍန်တို့ တွေ့တာနဲ့ အသွေးအသားထဲက ဆာလောင်လာလို့ ငတ်မရှက် ပုံစံတွေ ဖြစ်လာရော…။
အစွဲအလမ်းဆိုတာ ဖြတ်ရခက်တယ် ဆိုတဲ့ အထဲ ဒါမျိုးမှ တကယ့်လက်တွေ့…။
သုံးဖူးတဲ့ သူတိုင်း ဖြတ်လို့ ရတယ်မဟုတ်…ကိုယ့်စိတ်က ပြတ်လို့ သာ ငြိမ်နေတာ အခုပြန်စ အခုပြန်စွဲသွားနိုင်တဲ့ ရတနာ တစ်ပါး..။
“စိုးလေး တော့ အောင်းသွားပြီ..”
“ဟမ်..ဘယ်တုန်းကလည်း..”
“ဆယ်ရက်ကျော်ပြီ…ဒီကောင် ကလပ်သွားတာ ထည့်သွားတာလေ...ဘယ်ကောင် ချွန်လိုက်လည်းမသိဘူး
အပြန်မှာ သိန်းငှက်အုပ်နဲ့ တိုးတာပဲ..ဟား..ဟား..”
“ကျစ်..ဘယ်လောက်တောင်လည်း..”
“ဘာလည်းကွာ  ဘလောက်တုံး တစ်တုံးစာလေး..မမိုက်ပါဘူးကွာ…တန်ချီမိတာမျိုးကျတော့ ပိုင်ရှင်မဲ့နေတုန်းပဲ..”
“ငါပြောသားပဲ ဒီကောင် ေ×ာက်ရမ်း ရဲနေတာလေ….သူ့အမေက ငါတို့ကိုပါ ဆွဲသိမ်းချင်တာ…ဟား..ဟား..ရမလား..”
မျိုးကြီးက တစ်ချက်ဖွာလိုက် ရယ်လိုက်ဖြင့် တော်တော်လေးကို ကွဲနေပြီ ဖြစ်ကြောင်း သူ့ မျက်လုံးတွေက သက်သေပြနေသည်..။
ဒီကောင်က ယောက္ခမ အလိုကျ လိမ်မာ ပြနေရပေမဲ့ တကယ်တော့ သူ့ချစ်သူထက်ကို ကြယ်နီ ဆေးပေါ့လိတ်ကို ပိုချစ်နေတဲ့ကောင်..။
“ငနောင် မင်းမှာ ချိတ်ရှိတယ်မလား..”
“ဟမ်…ရှိတာပေါ့…နေဦး..”
နောင် ခပ်ရွှတ်ရွှတ်ဖြင့် အကျီ င်္ကြယ်သီးကို လက်နဲ့ ကိုင်ပြီး သေချာ ငုံ့ကြည့်တော့ ဆဲသံ ဆိုသံတွေ ညံ  ထွက်သွားသည်..။
“လုပ်စမ်းပါကွာ…ငါတို့မှာ ရတာယူနေရတာ…ဗုံးတွေက လက်တစ်ဆုပ်လောက် ပါတယ်..ေ×ာက်ရိုးတွေလည်း တစ်မျိုး …ကြိတ်ရတာ Grinder တွေ တောင် ကုန်တော့မယ်..”
“အဟား..ဟား…မင်းတို့ကလည်း..ဆရာဖြစ်ပြီး..”
‘မင်းလောက်ဆရာမဟုတ်လို့ပေါ့….ရှာပေးနော်…ဟေ့ကောင်..”
“အေးပါ..ငါ ပြန်တော့မယ်..”
“မမေ့နဲ့နော်…နောင်ကြီး..”
“အေးပါ..”
နောင် လက်ပြနှုတ်ဆက်ပြီး လက်ဖက်ရည် ဆိုင် အကျော်လေးက မှတ်တိုင်မှာ ခဏရပ်လိုက်တော့ ကားတစ်စီးရပ်သည်..။
အခုတော့ ဘယ်ကားစီးရင် ဘယ်ရောက်မလည်း သိနေပြီ..။
စီးခါစတုန်းက လိုက်သွားလိုက်တာ ကားရပ်တဲ့ အထိပင်…။
“တောက်..”
လမ်းလျှောက်လာရင်း ဆေးပေးခန်းရှေ့ရောက်တော့ ဒေါသက ထွက်လာပြန်သည်..။
စိတ်လျော့ပြီး ခြေလှမ်းတွေ ကျော်လာပေမဲ့ နောက်တစ်ခါ ပြန်သွားမိသည်…။
“ဆရာမ..”
“ဟေ့…နံပါတ်မခေါ်ပဲ ၀င်လို့မရဘူး..”
“ကျွန်တော် ဆေးကုဖို့လာတာ မဟုတ်ဘူး…ဆရာမ တို့ တာ၀န်က လူနာကို ဆေးစစ်ပြီးမှ ဆေးပေးရမှာမလား…”
“ဘာ..”
“ဟိုနေ့တုန်းက ကျွန်တော့် မိန်းမကို ကိုယ်၀န်ဆောင် သွေးပေါင်ကျဆေးတွေ ပေးလိုက်တာ မူးလဲပြီး ဆေးရုံရောက်သွားတယ်ဗျ..”
“ဘာတွေ လာပြောနေတာလည်း..”
“ခင်ဗျားတို့ တာ၀န်ယူမှု တာ၀န်ခံမှု ဘာမှ မရှိဘူး..”
“ဟေ့လာစမ်း ...ဒီမှာ မူးရူးပြီး လာရမ်းကားနေတာ..”
“မူးရူးပြီး ရမ်းကားတယ်…ဟုတ်လား…ဒါမှ ရမ်းကားတာ..”
‘ဝုန်း..”
စားပွဲပေါ်က ပစ္စည်းတွေကို ပုတ်ချပစ်လိုက်တော့ အားလုံးရဲ့ အကြည့်တွေက နောင့်ဆီကို ရောက်လာပြီး ယောင်္ကျား သုံးလေးယောက်လည်း အနားရောက်လာသည်..။
ကျစ်…ဒေါသကြောင့် လုပ်မိပေမဲ့ မှားမှန်းသိလို့ မခုခံတော့ပဲ ခေါ်ဆောင်ရာ လိုက်ခဲ့မိတော့သည်..။
“သြော်…မင်းနောင် ပါလား..မင်းကို မတွေ့တာကြာတော့ ..ငါ သတိရသေးတယ်..ဟေး..ဟေး…”
ရဲမှူးက ရယ်ပြီး ပြောပေမဲ့ နောင် စူပုတ်ပုတ်ဖြင့် ခေတ္တတည်းခိုရာ သံတိုင်တွေနောက်ကို ရောက်သွားရသည်..။
“မင်း အစ်မကိုပဲ ခေါ်လိုက်ရမလား..”
“မခေါ်နဲ့..”
“မင်း အာမခံလုပ်ရမယ်လေ..”
“ကျစ်..”
နောင် သံတိုင်တွေကို ကျောပေးလိုက်ပြီး အုတ်နံရံမှာ နဖူးတိုက်ခါ မတ်တက်ရပ်နေမိသည်..။
ဒေါ်မြတ်ရတနာဦးတို့ တစ်ခါ ကူညီပြီးရင် နားပူရတာနဲ့ မတန်ပါဘူး..။
ဒါပေမဲ့ အခေါက်တိုင်း အစ်မပဲ လာထုတ်ပေးနေကျဆိုတော့ နောင် စဉ်းစားရခက်နေသည်..။
အရင်လိုဆို ဘာအရေးလည်း သုံးရက်လောက်နေရင်လည်း အေးရအေးကြောင်း..။
အခုတော့ ကိုယ့်မှာ ယာဉ်နောက်တွဲတွေပါလာပြီ..။
ဒါကြောင့် နောက်တွဲပါတဲ့ ဘယ်ယာဉ်မဆို မလွတ်မလပ်ဖြစ်နေတာပေါ့…ကျစ်…။
“အဘ…ဘယ်နှစ်နာရီလည်း..”
“ခုနှစ်နာရီ ထိုးပြီး..”
“ဟမ်…ခေါ်လိုက်..အစ်မကို ပဲ ခေါ်လိုက်ပါ…ဆရာ..”
“ငါ အိမ်ပြန်တော့မလို့…”
“မလုပ်ပါနဲ့ဗျာ…ကျွန်တော် ပြန်ဖို့ အရေးကြီးနေတယ်..”
“ဟာ…ဘယ်လိုဖြစ်တာလည်း..ငိုသံပါကြီးနဲ့ပါလား..”
“ဆရာ..”
“အေး..အေး…ခဏနေဦး..”
ဖုန်းဆက်ပြီး ဆယ့်ငါးမိနစ်ကြာတော့ ကားဘရိတ်သံကြောင့် ကိုယ့် အစ်မတော်ရောက်ပြီဆိုတာ သိရသည်..။
ညီအစ်ကို မောင်နှမတွေထဲမှာ  သူလောက် ကားသရဲ ဘယ်သူမှ မရှိ…။
ဒီလောက် ရမ်းကားပြီး မိုင်ကုန် မောင်းနေတဲ့သူက တိုက်မှု တစ်ခါမှ မဖြစ်တာ အံသြစရာ..။
ရဲလွန်းလို့ ကားမောင်းပါရဂူ ဖြစ်သွားပြီ ထင်ပါတယ်လေ…။
“ဘယ်မှာလည်း..”
“အစ်မရေ….မောင်ငယ်လေး ဒီမှာ..”
“နင်@$%^%$@#”
“လူတွေရှေ့မှာ အဲလောက် မရိုင်းပါနဲ့..”
နောင် သတိပေးလိုက်တော့မှ  ဆံပင်တွေကို သပ်တင်ပြီး လက်သီးထောင်ပြတော့သည်..။
သံတိုင်က ထွက်တော့မှ  ပခုံးပုတ်ပြီး အပြင်ခေါ်လာတော့ အစ်မတစ်ယောက်ရဲ့ နွေးထွေးမှုမျိုး ပြန်ခံစားရသည်..။
“နင် ဘယ်မှာနေလည်း..”
“မြေစိုက်နန်းမှာလေ..”
“ကျစ်..လာ..ငါ လိုက်ပို့ပေးမယ်…”
“ကား၀င်လို့မရဘူး..”
နောင် ငြင်းပေမဲ့ သူ့ရဲ့ ကျစ် တစ်ချက်မှာ ကားထဲ အော်တို အလိုလို ၀င်သွားမိသည်..။
“ငါ အိမ်မရောက်တာ ကြာပြီ…ဟိုနေ့က အခေါင်း ဖုန်းဆက်မှ သိတယ်..”
ကိုယ့်မောင်တွေကို နာမည်ဖျက်တဲ့ နေရာမှာ ထိုအစ်မကြီးကို ဘယ်သူမှ မမှီ…။
သတိုးမင်းခေါင်ဆိုတဲ့ နာမည် လန်းလန်းက သူ့ပါးစပ်ထဲရောက်တော့ အခေါင်း ဖြစ်သွားပြီ..။
“ဟာ…လမ်းကလည်း…လကမ္ဘာကို မှာ ဆိုက်ကား နင်း ရသလိုပဲ..”
“ရပြီ…ရှေ့လမ်းကြားထဲ ထပ်၀င်ရဦးမယ်…”
“နင် ပိုက်ဆံလိုလား..”
“ငါ့ မိန်းမ အလုပ်လုပ်နေတယ်လေ…”
“ဇွန်က ငါ့ဆီ ကို ဖုန်းဆက်မေးသေးတယ်…ငါ မသိဘူးလို့ ပြောလိုက်ရတယ်…မာမီပြောတော့ နင် မိန်းမရနေပြီဆို..”
“အေးလေ…”
“သွပ်…သွပ်…ငါ့မောင်ကို ယူပေးတဲ့ မိန်းမကို စင်ထိုးပြီး တင်ထား ရမယ်…ဒီလောက် တုံးတဲ့ မိန်းမ ကမ္ဘာမှာရှိတယ် ဆိုပြီး ပြတိုက်ပြထားရမယ်..”
“အေးပါ နောက်မှ ပြ…အခုတော့ ဒိုးပြီ..”
ကားထွက်သွားတော့မှ လမ်းကြားထဲက ပြန်ထွက်ပြီး ထမင်းဆိုင် ထောင့်ဘက်မှာ ရှိတဲ့ အုတ်ခုံမှာ ထိုင်နေလိုက်သည်..။
ဆိုင် ရှေ့တံခါးတွေ မပိတ်သေးတော့ မလတ်လည်း မပြန်ရသေးဘူးဆိုတာ သိသည်..။
ကျစ်…ရှစ်နာရီတောင် ကျော်နေပြီ..ဆိုင်မသိမ်းသေးဘူးလား…။
.
“အစ်မရယ်…သူဌေးတော့ မေ့ပြန်ပြီထင်တယ်..ဖုန်းဆက် ကြည့်ပါဦး..”
လတ် နဲ့ နွယ် နှစ်ယောက်သား မိဘမဲ့ကျောင်းမှာ ထိုင်စောင့်နေတာ ခုနှစ်နာရီကျော်ကတည်းက အခု ရှစ်နာရီတောင် ကျော်လာပြီ…။
ကားနဲ့ လိုက်ပို့ပေးပြီး ထားခဲ့တာ ဆိုတော့ ပြန်လာခေါ်မယ် ထင်ပြီး စောင့်နေမိတာ တဖြည်းဖြည်း နောက်ကျနေပြီ..။
“ငါ မခေါ်တက်ဘူး..”
“သူဌေး နံပါတ်ကို နွယ်လည်း အလွတ်မရဘူး..”
“တစ်ခါပြောတာ နံပါတ်တစ်တဲ့လေ..”
“သြော်..အင်း..”
နွယ်က သဘောပေါက်သလို ခေါင်းညိတ်ခါ လတ် ဖုန်းကိုယူပြီး လျှောက်နှိပ်သည်..။
လတ်လည်း ခေါင်းကုတ်လိုက် ခြင်မောင်းလိုက်ဖြင့် လက်တွေက မအား…။
“ဟင်…ဘာကြီးလည်း..”
“ဘာလည်း..”
နွယ်က မျက်ခုံးပင့်ပြီး ခေါင်းရမ်းခါ လတ် ကို လှမ်းပေးတော့ ဖုန်းကို ကြည့်လိုက်သည်..။
“ကျွန်မလင်..ဘယ်သူတုန်း…ဘယ်သူရေးထားတာလည်း..”
“မသိဘူးလေ..အစ်မပြောတော့ နံပါတ်တစ်က သူဌေး ဖုန်းဆို..”
“အေးလေ…သူပြောတာပဲ…ဟလို…”
တစ်ဖက်က အသံကြားတော့ လတ် ဟလို ပြောလိုက်ပေမဲ့ ပြန်ဖြေသံထွက်မလာ…။
“ဟလို..ကိုကျော်လား..”
“ဖုန်းမှာ ဘာရေးထားလည်း..”
‘ဟမ်….နင်..”
“ကျွန်မလင်..မောင်ဘုရင်..ပြောနေပါတယ်..ခင်ဗျာ..”
“နောင်စုတ်..”
“မလတ် ဘယ်မှာလည်း..”
“စောင့်နေတာလား…ငါ မိဘမဲ့ကျောင်းကိုရောက်နေလို့…နည်းနည်းကြာဦးမယ်သိလား..”
“ဟမ်..ဘယ်သူနဲ့လည်း..ဘာလုပ်ဖို့လည်း..ဘယ်လမ်းမှာလည်း..”
မေးခွန်းပေါင်း များစွာကို ပြန်ဖြေဖို့ အချိန်မပေးနိုင်လို့ ဖုန်းချပြီး ဟိုဒီ လျှောက်နှိပ်ကြည့်နေရသည်..။
နံပါတ် နှစ်ကို နှိပ်ကြည့်တော့ သူဌေးဆိုတဲ့ စာလုံးတက်တော့မှ လတ် ပြုံးနိုင်သည်..။
“ဟလို..သူဌေးလား..”
“လတ် တို့ စောင့်နေတာ..”
နွယ် ထင်တဲ့ အတိုင်း သူဌေးက မေ့ပြီး အိမ်ပြန်သွားလို့ ခုချက်ချင်း ထွက်လာမည့်အကြောင်း ပြောတော့ သက်ပြင်းမောသာ ချမိသည်..။
နောက်ထပ် နာရီ၀က်လောက်တော့ ကြာဦးမှာပါပဲ…။
နောင်စုတ်လေး စောင့်နေတာ ကြာလို့ စူပုတ် စိတ်ကောက်နေမှာ ကြိုမြင်ယောင်ရင်း ရင်မောရသည်..။
“ဆောရီး လတ်..နဲ့ နွယ်.”
“ဟုတ်..”
ကားပေါ်ရောက်တာနဲ့ အရှိန်တင် မောင်းတော့ လတ်တို့က ပြန်အားနာနေရပြန်သည်..။
သူဌေးသာဆိုတယ် ရိုကျိုး နှိမ်ချတက်လိုက်ပုံများ..အတန်းစားလည်း မခွဲခြားတက်တော့ ဒီလို သူဌေးမျိုးရတာ လတ်ကံကောင်းတယ်လို့ တွေးမိသည်..။
“ဆရာ..ထိပ်က ဆိုင်မှာ ခဏရပ်ပါလား..ပန်းကန်တွေ  ပြန်ယူဖို့ ရှိလို့..”
‘အစ်မလည်း လိုက်မယ်လေ..”
“ရတယ်..အစ်မ နောက်ကျနေပြီ ပြန်လိုက်ပါ..”
နွယ်က ငြင်းနေချိန် လတ် ကို သူဌေးက ဆိုက်ကြည့်နေတော့ မကောင်းတက်တာနဲ့ ခေါင်းညိတ်လိုက်ရသည်..။
သူ့ကို ရှောင်နေတာလား ဆိုပြီး စိတ်ဆိုးရင် ဖြေရခက်နေဦးမည်လေ…။
“လတ်…ကို အိမ်အထိ ပို့ပေးမယ်နော်...”
“ရပါတယ်..ကိုကျော်..လတ်သွားရဲပါတယ်..မောင်လေး လာကြိုတယ်လေ..”
“ကိုယ် နဲ့ နှစ်ယောက်တည်း တွေ့ဖို့ ဘာလို့ ဒီလောက် ကြောက်နေတာလည်း..”
“ရှင်…အဲလို မဟုတ်ပါဘူး….လတ်က ..”
“ကိုယ်နှလုံးသားထဲကို လတ် က မြင်နေတာလား..”
“ရှင်..”
“ဖြစ်နိုင်ပါတယ်…ကိုယ်အိနြေ္ဒမရလောက်အောင်ကို ပျာနေတာလေ…၀န်ထမ်းတွေလည်း ရိပ်မိကုန်ပြီ…ဒါပေမဲ့ ထိန်းချုပ်လို့မရဘူးလတ်ရယ်…”
“ကိုကျော်…ဘာကို…”
“လတ်ကို ကိုယ်ချစ်တယ်..”
“ရှင်..”
တစ်ခါမှ မကြားဖူးသည့် သူစိမ်းတစ်ယောက်ရဲ့ နင့်ကို ချစ်တယ် ဆိုတဲ့  မေတ္တာစကားမျိုးကို  သူဌေး ဖြစ်သူဆီက ကြားလိုက်ရတော့ လတ် မျက်လုံးလေး ပြူးသွားသည်..။
ကိုယ့်ပုံစံလည်း ကိုယ်သိနေသားပဲ..ဒါကို သူဌေးက ချစ်တယ်ဆိုတော့…မျက်လုံးမှ ကောင်းရဲ့လား..။
“လတ် ရဲ့ လက်ချောင်း ဖောင်းဖောင်းလေးတွေကို ကိုယ် မြတ်နိုးတယ်…”
“ရှင်..”
ချစ်ကြောင်း ၀န်ခံပြောနေတော့ မိန်းကလေးတို့ ထုံးစံအတိုင်း သဘောကျပေမဲ့ ရှက်စိတ်ကလည်း ဝေ့တက်လာတော့သည်..။
“ပတ်၀န်းကျင် အသိုင်းအဝိုင်း ကို ခဏမေ့ပြီး ကိုယ့် နှလုံးသားကို စာနာပေးပါလတ်ရယ်….နော်….စဉ်းစားပေးမယ်မလားဟင်..”
ဒုက္ခပါပဲ …သူဌေးက လတ် အကြောင်းလည်း ဘာမှ မသိပါပဲ ဇွတ်ကို ပြောနေတော့တာပဲလား..။
မောင် ဖြစ်သူရဲ့ အခြေအနေ …ရပ်ကွက်ထဲက လတ် ရဲ့ အကြောင်း..လက်ရှိ နေရတော့ သူစိမ်းယောင်္ကျားနဲ့ အတူတူ ဆိုတာတွေ သာ သိရင်…။
“ရှင်….ဟို….”
“ချက်ချင်းမဟုတ်ပေမဲ့…စဉ်းစားပေးနော်..”
“ဟို…ဟင်…ဟုတ်..”
ဆိုင်ရှေ့ရောက်ပြီမို့ ခက်သွက်သွက် ခေါင်းညိတ်ခါ ကားပေါ်က ကပျာကယာ ပြေးထွက်လာခဲ့ရသည်..။
မျက်လုံးချင်း ဆုံရုံလေးနဲ့ ဘယ်လိုဖြစ်လို့ လှောင်အိုက်ပြီး ရင်တွေခုန်နေရတာလည်း…။
မဖြစ်နိုင်တာ….နောင်နဲ့ ပတ်သက်တာတွေ သိသွားရင် ချစ်နိုင်မှာ မဟုတ်တော့ပါဘူးလေ…။
လတ် အတွေးတစ်ခုနဲ့တင် ခြေလှမ်းတွေနှေးကျခါ ငိုင်သွားရသည်..။
နောင်စောင့်နေကျ အပင်အောက်မှာ ဘယ်သူမှ မရှိတော့ ပြန်သွားပြီပေါ့လေ..။
ည ကိုးနာရီတောင် ထိုးတော့မယ်ဆိုတော့ ဘယ်သူက စိတ်ရှည်ချင်ပါ့မလည်း..။
အိမ်ကျရင် ပြသာနာ တစ်ခါရှင်းရဦးမယ်လို့ တွေးမိတော့ သက်ပြင်းသာချရသည်..။
လမ်းချိုးကွေ့လေးက ကေတီဗီရှေ့ကို ရောက်တော့ ခြေလှမ်းတွေ သွက်ပေမဲ့ နည်းနည်းကြာနေသလို…။
“ဖက်တီးလေးကွ…”
“အန်တီကြီးလား..”
“မဟုတ်ဘူး..အကိတ်ကြီး..”
“ဟင်..”
လတ် နောက်က လူနှစ်ယောက်ရဲ့ စကားသံကြောင့် ခြေလှမ်းတွေ ပိုမြန်ရင်း ရှေ့ဘက်မှာ လူတစ်ယောက်တလေ များရှိမလားလို့ မျှော်ကြည့်မိသည်..။
“အကိတ်ကြီး..”
“မင်းကြိုက်တာ ရွေးလိုက်ပါ လူပျိုတွေပဲ..”
“အဟား..ဟား…”
“အား..”
“ခွပ်..”
ရုတ်တရက် အော်သံကြောင့် လတ် လှည့်ကြည့်လိုက်တော့ လူတစ်ယောက်က မြေပြင်မှာ လဲကျနေပြီ်း တစ်ယောက်က လည်း ခပ်လှမ်းလှမ်းမှာ လဲကျနေသည်..။
လတ် အနားက လူရဲ့ ရင်ဘတ်ပေါ်တက်ခွပြီး ထိုးနေတဲ့ နောင်ကိုကြည့်ရင်း မျက်လုံးပြူးသွားသည်..။
“နောင်…နောင်….ဖယ်လိုက်..တော်တော့လို့..”
သူတို့ အနားကို ပြေးသွားပြီး နောင့် ပခုံးကို ကိုင်ဆွဲပေမဲ့ ဘာမှ မထူးခြားပဲ လယ်ရွယ်ပြီး ထိုးနေဆဲ..။
“နောင်..မောင်လေး…တော်ပြီလို့ဆို…သေသွားလိမ့်မယ်ဟဲ့…”
“ခွပ်..”
“ငါ တောင်းပန်ပါတယ်…တော်ပါတော့ဆို…နောင်…..အဟင့်…ဟီး..တော်ပါတော့….
ငါကြောက်လို့ပါ…တော်ပါတော့…”
လတ် မြေပေါ် ဆောင့်ကြောင့်ထိုင်ပြီး ငိုချလိုက်တော့မှ သက်ပြင်း ကြမ်းကြမ်း ချပြီး ရပ်လိုက်သည်..။
အောက်က လူကတော့ မျက်နှာမှာ ချက်ချင်း ညိုမဲလာတာ မြင်မကောင်း…
“တောင်းပန်ပါတယ်...နော်…သူ မူး..”
“မတောင်းပန်နဲ့လာ…”
လတ် လက်မောင်းကို ဆောင့်ဆွဲပြီး ခေါ်လာတာ အကြမ်းပတမ်းမို့ စိတ်ထဲ ကြောက်လာသည်..။
လူနှစ်ယောက် ထိုးသတ်နေရင် ကြောက်လွန်းလို့ လက်ဝှေ့ပွဲတောင် မကြည့်…အခုတော့ အနီးကပ်မြင်ရလို့ ကတုန်ကယင်တောင် ဖြစ်ချင်လာသည်..။
“တောက်…”
လူသူမရှိပဲ တိတ်ဆိတ်နေတဲ့ လမ်းပေါ်မှာ နောင့် တောက်ခပ်သံက ကျယ်လောင်စူးရှလွန်းနေသည်..။
ရင်ထဲက ဒေါသတွေ မကျေနပ်နိုင်ခင် လူက အစာမကြေတာထက် ဆိုးတဲ့ ဝေဒနာ ခံစားနေရမှာပဲလေ…။
ကျစ်…နောင့်ဒေါသရဲ့ ဓားစာခံက ငကြောင် နှစ်ကောင်ဖြစ်သွားတာ သူတို့ ကံတရားကိုက ဆိုးလွန်းနေတာဖြစ်မည်..။
ဖုန်းဆက်ပြီး ဘာမှ အသိမပေးတော့ ဘယ်ကို လိုက်ရမှန်းလည်း မသိ..။
အနီးအနားမှာ လုံး၀ မဖြစ်နိုင်သည့် မိဘမဲ့ကျောင်းကို ဘယ်သူနဲ့ တူတူသွားလည်း ဆိုတာ မသိတော့ ပိုပြီး ရင်ပူရသည်..။
လုံး၀ မနေနိုင် မထိုင်နိုင် ဖြစ်နေတာကြောင့် လမ်းပေါ်မှာ ဘယ်နှစ်ခေါက် အသွား အပြန်လျှောက်နေမိလည်း မရေတွက်နိုင်အောင်ပင်..။
ကားပေါ်က ဆင်းလာချိန် မျက်နှာငုံ့ပြီး နှုတ်ဆက်တော့ ရင်ထဲ ပူလောင်ပြင်းရှရသည်..။
နှစ်ယောက်တည်း ဘယ်တွေသွားပြီး ဘာတွေ လုပ်ခဲ့တာလည်း..။
စောင့်နေရတဲ့ လူ တစ်ယောက် ဘယ်လောက် စိတ်ပူနေမလည်း နည်းနည်းမှ မစဉ်းစားပေးတာကို ခံပြင်းသည်..။
…တစ်ဖက်သားရဲ့စိတ်ကို နားမလည်ဘူး..ကိုယ်ချင်းမစာတက်ဘူး…။
အခန်းထဲ ပြန်ရောက်တဲ့ အထိ စကားလုံးတွေ ပျောက်ဆုံးကုန်ကြသည်။
ကိုယ်ဒေါသကို ကိုယ်ပြန်မြိုရင်း ထမင်းနှစ်နပ် လစ်လပ်နေသည့် ၀မ်းမှာ ပြည့်ဖောင်းနေပြီိ…။
အလကားရနေလို့ တန်ဖိုးမထားတာလား ဆိုတဲ့ မေးခွန်းက အခန်းကျဉ်းထဲက အိပ်ယာလေးထဲ အထိ ကပ်ပါလာတုန်းပါပဲ…။
တစ်ချို့ အရာတွေက အလကားရနေပေမဲ့ တုနှိုင်းမဲ့တာ သိစေချင်ပါသည်…။

*✭˚・゚✧*・゚*✭˚・゚✧*
အရမ်း အရမ့်း တောင်းပန်ပါတယ်နော်
တစ်ခေါက်ပြန်ရေးရတော့💔 တအားကြီး နောက်ကျသွားတယ်
ဆောရီး အကြီးကြီးပါ😭
စိတ်ဆိုးနေကြပြီလား..💔 စိတ်မဆိုးနဲ့နော် 🙏
အမြန် အလော ရေးရတာမို့ ဘာမှလည်း ပြန်မစစ်မိဘူး မှတ်မိသလောက်ပြန်ရေးထားရတယ် အဆက်မမိရင် ခွင့်လွှတ်ပါနော် 🙏
.....

ဒီနေ့ က ၂၀၁၈ ရဲ့ နောက်ဆုံးနေ့လေးဆိုတော့
အချိန်ရရင် တစ်ခုခုဝေဖန်ပေးပါလားဟင်
အခုရေးလက်စ စွဲနေပြီ ဖြစ်ဖြစ် (ဝတ္ထုနာမယ်ပြောတာနော် စွဲနေပါပြီ လို့ လာပြောနဲ့ စိတ်ဆိုးပြိုက်မယ် 😜ဒီနာမည်ကို ပေးမိတာကိုက လွဲတာ 😂)
အရင် ဝတ္ထု တွေဖြစ်ဖြစ်ပေါ့နော်
ဝေဖန် အကြံပြု၍ အမှားလေးတွေ ထောက်ပြပေးပါလားဟင် 🙏
ဒါမှနှစ်သစ်မှာ ပုံစံ သစ်လေးရေးလို့ရမှာလေ (ဟုတ်တယ်ဟုတ်👍)

စာဖတ်သူလေးတွေ အားလုံး နှစ်သစ်မှာ သာယာပျော်ရွင် စိတ်ချမ်းမြေ့ပါစေ ။
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now