Part 2

1.6K 51 0
                                    

သစ္စာတန်ဖိုး
အပိုင်း (၂)
#သစ္စာတန်ဖိုး

"အို..ဘယ်လို ဖြစ်နေတာလည်း…မောင်နော်.."
သူငယ်ချင်းတစ်ယောက်ရဲ့ အလှူကို သွားရမှာ မို့လို့ ပြင်ဆင်ခိုင်းလိုက်မိတာ ကိုယ့်စိတ်တောင် ကိုယ် မထိန်းနိုင်တော့ပဲ ပြင်ဆင်ပြီးသား မျက်နှာလေးကို နမ်းမိတော့သည်..။
ချစ်ဇနီးက မျက်နှာလေး ရှုံ့မဲ့ပြီး မျက်နှာလေးကို စောင်းခါ မှန်ထဲ ပြန်ကြည့်၍ ပေါင်ဒါ ထပ်ဖို့ ပြန်သည်..။
နှုတ်ခမ်းနီက အကျီ င်္ နဲ့ အလိုက် လိမ္မော်ရောင် အနုလေးမို့ တစ်ကိုယ်လုံးက ယဉ်ယဉ်လေးနဲ့ လှလွန်းပါသည်..။
"မိန်းမကို တခြားကောင်တွေ ကြည့်မှာစိုးလို့..ခေါ်မသွားချင်တော့ဘူး.."
"တော်ပါနော်…မိန်းမ ချောင်ထိုးပြီး..အသစ်ရှာမလို့မလား."
"ဟာကွာ…မိန်းမကလည်း..ဒီလို နတ်မိမယ်လေးရထားတာ….မောင့်မှာ မထိရက် မကိုင်ရက် ဖြစ်နေတာ မသိဘူးလား.."
"အို..သွား.."
ချစ်ဇနီးလေးရဲ့ ခါးအောက်လေးကို ဖက်လိုက်တော့ တွန်းပစ်ပြီး နှုတ်ခမ်းကို ဖွင့်ချည် ပိတ်ချည်လုပ်ခါ နှုတ်ခမ်းနီ ညှိနေသေးသည်..။
"မောင့် သူငယ်ချင်းက စိုးကျော် ဆိုတဲ့ တစ်ယောက်မလား."
"ဟုတ်တယ်…မိန်းမက ဘယ်လိုသိလည်း.."
"သိတာပေါ့…အဲ့လူက နွယ်တို့ အဆောင်ရှေ့မှာ ချည်းပဲ.."
"ဟမ်..ဟုတ်လား…မိန်းမဆီကို လာတာလား.."
"မဟုတ်ပါဘူး..နွယ်တို့ အဆောင်က သန်းသန်းကို ပါ.."
"ဟူး…တော်ပါသေးရဲ့.."
"မောင်က နွယ်ရဲ့ အချစ်ဦး အချစ်ဆုံးပါ မောင်ရယ်…သန်းသန်းလည်း အိမ်ထောင်ကျသွားပါပြီ…မောင့် သူငယ်ချင်းကတော့ လူပျိုကြီးပဲနော်…"
"ဟုတ်တယ်…သူလည်း ရှာနေတယ်.."
"လူပျိကြီးတွေကို သနားတယ် ခစ်ခစ်."
"အမလေး…မသနားလိုက်ပါနဲ့…အခုတောင်…နွယ့်ကို ခေါ်သွားရင် ဘယ်လို မျက်လုံးတွေနဲ့ ကြည့်မလည်း ကြိုတွေးရင်း အူကျုံ့တယ်ကွ…"
"နွယ်လည်း မောင်ကို စိတ်မချပေမဲ့..မောင် က သိပ်ပိုတယ် သိလား..ဒီလို အမြဲတွေးနိုင်ရင် ကောင်းမယ်…နွယ် မလှတော့ရင်ကော.."
"နွယ်က မောင့် မျက်လုံးထဲ အမြဲလှနေမှာပါ.."
"စကား သိပ်တက်…လာ..လာ….နောက်ကျနေပြီ.."
နွယ်က လက်မောင်းကို ဆွဲချိတ်ပြီး ခေါ်လိုက်တော့မှ ပခုံးလေးကို ပြန်ဖက်ပြီး အိမ်ရှေ့ခန်းကို ထွက်လာခဲ့ရသည်.။
"သြော်..လာလေ…မနွယ်နွယ် လည်း ပါလာတာပဲ.."
"ဟုတ်ကဲ့.."
"သြော်…နွယ်ရေ..တို့ ဒီမှာဟေ့..လာ..လာ အပျိုဝိုင်းကို လာခဲ့ အအိုမလေး.."
"မောင်….ခိုင်တို့ ခေါ်နေတယ်.."
"အင်းသွားလေ…မောင် ဒီဘက်ဝုိင်းမှာ ရှိမယ်…"
"ဟုတ်ကဲ့…"
နွယ်က နောက် ဝိုင်းကို ရွေ့သွားပေမဲ့ တစ်ဝိုင်းလုံးရဲ့ အကြည့်တွေက နွယ် နောက်ကျောဆီကို ပါသွားတော့ အောင်အောင် ဒေါသထွက်ရသည်..။
"ဟေ့ကောင်တွေ…"

သစ္စာတန်ဖိုးWhere stories live. Discover now