Part 10

821 36 0
                                    

သစ္စာတန်ဖိုး
အပိုင်း (၁၀)
#သစ္စာတန်ဖိုး

"ဒုန်း….ခွမ်း.."
"ဟာ.."
အောင်အောင် အပေါ်ထပ်က ပြေးဆင်းလာတော့ ကိုအောင်သိန်း မူးပြီး မနက်စောစော သောင်းကျန်းနေပြီ..။
အိပ်ပျော်နေတဲ့ ကလေးအငယ်လေးက လန့်ပြီး စူးစူးဝါးဝါး အော်ငို သလို ယောက္ခမကြီးကလည်း အိပ်မှုန်စုံမွှားဖြင့် ထွက်လာသည်..။
"ဟဲ့…ဘာဖြစ်ကြတာတုန်း စောစောစီးစီး.."
"အမေ့ သမီး မဟုတ်တာ….အေး…ငါမယားငယ်နေတော့မှ အဆိုးမဆိုနဲ့.."
ကိုအောင်သိန်းက ပြောပြောဆိုဆို ထော်လာဂျီ ကို စက်နှိုးတော့ အောင်အောင်လည်း ဆီပုံးတွေ ပြေးယူပြီး  တင်ခါ လိုက်ပါသွားရသည်..။
"ဟော…ကိုအောင်သိန်း ဘယ်ကို မောင်းနေတာလည်း.."
"ထန်းတောထဲ.."
"ဗျာ.."
အောင်အောင့်မှာ ခုန်ပဲ ဆင်းရတော့မလိုလို ဆက်ပဲ လိုက်ရမလိုလို ဖြင့် ဝေခွဲမရ ဖြစ်သွားရသည်..။
နွယ်က ပစ္စည်းတက်၀ယ်ရမှာမို့ မနက်စောစော ရွာထိပ် လိုက်ပို့ပြီးမှ ပြန်ရောက်ရုံ ရှိသေး..။
နွယ် တားထားတဲ့ ထန်းတောလိုက်ရမှာ ဆိုတော့ စိတ်က မလုံမလဲ ဖြစ်နေပြီ..။
"မနက်စောကြီး…ကိုအောင်သိန်း သောက်ပြီးပြီမလား.."
"အေး..ခုက အထွေးဆီကို သွားမှာလေ.."
"ဗျာ…"
"အိမ်က ဟာမ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ဘယ်လင်ငယ်ကို ပေးချင်နေတာလည်း မသိဘူး..တောက်.."
အောင်အောင် သက်ပြင်း ချ၍ လမ်းကို ကြည့်နေတာ မြူနှင်း မကင်းသည့် မြေလမ်းပေါ်မှာ ဆူညံနေတဲ့ ထော်လာဂျီသံကလည်း ပျောက်နေသည်..။
ကလေးမွေးထားတာ မကြာသေးတဲ့ မိန်းမ က ငြင်းဆန်လို့ အပျော်မယ် ဆီကို မနက်စောစော သွားဦးမည်တဲ့လေ..။
တကယ်ဆို အောင်အောင် ကော ကိုအောင်သိန်း နဲ့ ဘာထူးမလည်း..။
အလိုက်မသိတဲ့ ဆန္ဒရဲ့ တောင်းဆိုမှုကြောင့် နွယ့်ကို ကို စိတ်ရှုပ်အောင်  ခဏခဏ လုပ်မိသည်..။
"မောင်ရယ်…နွယ် ပင်ပန်းနေလို့ပါ တကယ် မလှုပ်ချင်တော့လို့ပါ…"
"အင်း..အင်း…ဆောရီး..အိပ်…လာ…မောင့်ရင်ခွင်ထဲ ၀င်အိပ်ပါ.."
ကိုယ့်စကားနဲ့ ကိုယ် အားနာ သနားမိခါ နွယ့်ကိုယ်လေးကိုဖက်၍ ကျေနပ်နေရတာ နှစ်လနီးနီး ရှိနေပြီ..။
ကိုယ်ကျင့်တရား ကို စောင့်ထိန်းထားပေမဲ့ ကိုယ်ကလည်း ကျန်းမာငယ်ရွယ်သူမို့ တစ်ခါတလေ စိတ်ညစ်ရသည်..။
အနေအစား အမြင်အထိတွေကို ကြည့်ရှောင်နေပေမဲ့ အနေအထိုင်မတက်တဲ့ မိနွေးကြောင့်လည်း နေ့ခင်းဆို အောင်အောင့် မှာ ဒုက္ခရောက်ပြန်သည်..။
နေ့လည်ဆို အိမ်မှာ ဘယ်သူမှ မရှိရင် ယောက္ခမ  အိမ်စောင့်ခိုင်းလို့ ခြံထဲက ကွပ်ပျစ်ပေါ်မှာ ထိုင်စောင့်ရသည်..။
အောက်ထပ် အပြင် ညောင်စောင်းပေါ် ကလေး နို့တိုက်ရင်း ဖြစ်သလို အိပ်ပျော်နေတက်တဲ့ မိနွေးကြောင့်လည်း စိတ်ဒုက္ခရောက်ခါ ကိုယ်တိုင်သာ အကြည့်ရှောင်နေရသည်..။
နွယ့်ကို မျှော်ရင်း စောင့်ရင်းဖြင့် မိုးချုပ်ခဲ့ရပေမဲ့ နွယ့်ငြင်းလိုက်ရင် ရှက်သလိုဖြစ်ခါ ကိုယ့်ကိုယ်ကို တဏှာရူးရာဂပြင်းသူ အဖြစ် မုန်းတီးလာသည်..။
"ဟေ့ကောင်လာလေ.."
"မ..မလိုက်တော့ဘူး..ကိုအောင်သိန်း.."
ထန်းပင်တန်းအောက်မှာ ထော်လာဂျီ ရပ်ပြီး ခပ်လှမ်းလှမ်းမှာ တဲသုံးလုံးကို မြူနှင်းများကြား အရိပ်ပဲ မြင်ရသည်..။
"လာစမ်းပါကွာ…မင်းလည်း ငတ်နေတာ ကြာပြီမလား.."
'ဗျာ…"
"သြော်..စောစောစီးစီး..ဘယ်သူလည်း မှတ်တယ်…"
"ဟဲ့…အထွေး..ဘယ်သူတွေ ရှိလည်း.."
"လူပါသေးလို့လား…ကျုပ် တူမ နှစ်ယောက်လည်း ရှိတယ်.."
အောင်အောင် လှမ်းကြည့်လိုက်တော့ နာမည်ကျော်နေတဲ့ အထွေးက ကိုအောင်သိန်းတို့ထက်တောင် အသက်ကြီးပါလိမ့်ဦးမည်…။
ကိုယ်ဟန်အချိုးအစားကတော့ နွယ့်ထက် နည်းနည်း သာသလို ရှိပေမဲ့ အသားအရောင်ကတော့ အညိုဘက်သမ်းခါ မျက်နှာပုံသဏ္ဍန် အပြုံး တစ်ခုမှာတင် ဆွဲဆောင်မှု ပြင်းလွန်းသည်..။
တဲအနောက်က ထွက်လာတဲ့ ကောင်မလေး နှစ်ယောက်ကတော့ ခပ်ငယ်ငယ်တွေ ဖြစ်ခါ နွယ့်လိုပင် ကြည့်ကောင်းပါသည်..။
"ဟေ့..အောင်အောင်..လာလေကွာ.."
'သြော်….မြို့သားကြီးကိုး…ကြွပါရှင်…ကိုက်မစားပါဘူး.."
"ဟေး..ဟေး..အထွေးဆိုလို့ ကြောက်နေတာ..လာလေ.."
အောင်အောင် အားနာ သလို ရှိလာတာနဲ့ ထော်လာဂျီပေါ်မှာ သံတန်းကို ကိုင်ထားရာက လွတ်လိုက်ပြီး မြေပေါ်သို့ ခြေထောက် ရောက်လာသည်..။
တဲပေါ်ရောက်တော့ အကာလေး တစ်ခုနောက်ကို ကိုအောင်သိန်း နဲ့ အထွေးဆိုတဲ့ မိန်းမ ၀င်သွားသလို အောင်အောင် လည်း အကာတစ်ခု နောက်ကို ရောက်သွားရသည်..။
"မြို့သားက လာတာ နောက်ကျတယ်နော်…ကျုပ်တို့ လောင်းကြေး လုပ်ထားတာတော့.."
"ဗျာ.."
"မိနွယ်က ရွာရဲ့ အလှဘုရင်မလေ…သူ့ယောင်္ကျားက လာစရာမလို ဘူးလို့ "
"ဟုတ်..ဟုတ်…"
"အခုလို လာတာလည်း ပြန်မပြောပါဘူး..မြို့သားရဲ့ …..စတောင် မစသေး ချွေးတွေချည်း ထွက်နေပါလား.."
"အကိုက ကိုအောင်သိန်းကို စောင့်ပေးနေတာပါ…"
"အိုး…ရှင်က ယောင်္ကျား မဟုတ်ဘူးလား.."
ကောင်မလေးရဲ့ ငြူတူတူ မျက်စောင်းလေးကို လွဲရှောင်ရင်း ပါးလှပ်နေတဲ့ အကျီ င်္ နဲ့ ရင်ဘတ်ကို မြင်လိုက်တော့လည်း ရှောင်ရ ရှားရပြန်သည်..။
"ညီမက အပျိုလား..အဲ…မှားလို့…စား၀တ်နေရေး အတွက် လုပ်နေတာလား.."
"သြော်…ဒီလို  ဖြည်းဖြည်း သွားချင်တာလား..ပြောရမှာပေါ့…ကျွန်မ က သား တစ်ယောက် အမေရှင့်.."
"ဟမ်.."
ဒီလောက် အရွယ် ငယ်ငယ်လေးက သားတစ်ယောက်တောင် ရှိတယ်ဆိုတော့ အောင်အောင် မျက်လုံး ပြူးသွားရသည်..။
အေးလေ…သူက အမှန်ပြောလို့ သိရတာလေ…ဒီလိုမိန်းကလေးတွေ ဘယ်မှာ အမှန်ပြောမလည်း..။
"ယောင်္ကျားကော.."
'အိမ်မှာ အိပ်နေမှာပေါ့…"
"အလုပ်.."
"ဒင်းက ငွေရှာမပေးနိုင်လို့ ကျုပ်ရှာနေရတာလေ…"
"သူက ခွင့်ပြုရဲ့လား.."
"ခွင့်ပြုတာပေါ့…စား၀တ်နေရေး အပြင် သူ့အတွက် ထရည်ဖိုးလည်း ပေးနိုင်တယ်လေ…"
"ဒါ..ဒါဆို…သူ ဘယ်လိုမှ မနေဘူးလား.."
"မနေပါဘူး..အဲ သူလိုတာ ပေးလိုက်ရင် ပြီးတာပဲ…"
"သြော်…"
အောင်အောင် စိတ်ရှုပ်လာလို့ အကာ နောက်က ထွက်ခါ တဲပေါ်က ဆင်းလာခဲ့လိုက်သည်..။
"မြို့သား.."
"ထားလိုက်ပါတော့…အကို စိတ်မပါဘူး.."
" ပြုစုပေးမယ်လေ…"
"ရပါတယ်…အကို့ မိန်းမ မကြိုက်လို့ပါ.."
"သြော်…သြော်…သိပြီ…မိနွယ်ကို ကြောက်ရှာတာကိုး..အဟက်…တဲပေါ်တက်နေပါ အောက်မှာ အေးတယ်.."
အောင်အောင့်ကို ပြောပြီး တဲဘေးဘက်ကို ထွက်သွားတော့ တဲအနားမှာ ဆောင့်ကြောင့်ထိုင်ပြီးသာနေလိုက်သည်..။
နွယ့်မှာ အခုဆိုရင် ကားတိုးစီးလိုက် စျေးထဲ ခြေတိုအောင်ပတ်လိုက် မဟုတ်မှ ချမ်းစိမ့်စိမ့် အအေးဒဏ် အောက်မှာ နောက်ကားတစ်စီး စောင့်နေရတုန်း ဖြစ်မှာပါလေ…။
အောင်အောင်ကတော့…အိမ်ထောင်ဦးစီး တာ၀န် မကျေသည့် အပြင် ဒီလို နေရာ ရောက်နေတာ စိတ်ထဲက ရှက်လာသည်..။
"အေ့…မြန်လှချည်လားကွ…"
'အင်း.."
"ရော့…ဒီကောင်ဖို့.."
အောင်အောင် မငြင်းပဲ ငြိမ်နေလိုက်တာ ဘ၀အကြောင်း ပြောပြတဲ့ မိန်းကလေးကို သနားလို့ပါ..။
"မင်းတော့ ဆေးလိုနေပြီ ထင်တယ်.."
"ရပါတယ်.."
"မင်း မိန်းမ တွေ အကြိုက်ကို မသိပါဘူးကွာ…အဲ…မင်းက ချစ်တက်သူကြီးလုပ်ချင်နေတာပေါ့လေ…"
"ကိုအောင်သိန်း မူးနေပြီ.."
"အေ့…တကယ်ပြောတာကွ..ငါ ယောင်္ကျား အချင်းချင်း ကိုယ်ချင်းစာပါတယ်…အေးလေ…မင်းက နွယ့်လို မိန်းမရထားတော့ သည်းခံပြီး ခေါင်းပေါ်တင်ထားတာ မဆန်းပါဘူး…ဒါပေမဲ့ မိန်းမ ဆိုတာ ကမ္ဘာဦးအစကတည်းက မကောင်းတာကွ…တို့ ယောင်္ကျားအတွက် မီးပဲ…လိုအပ်လာရင် အခုလို အခပေးပျော်လိုက် ပြီးရင် ခပ်ဝေးဝေးမှာနေ..ဒါပဲ ကောင်းတယ်.."
"ကို အောင်သိန်း မိန်းမ သိရင် ဘယ်စိတ်ကောင်းမလည်း ဗျာ.."
"သွားစမ်းပါ…သူတို့သာ တာ၀န်ကျေရင် အိမ်ထောင်သည်တွေ ဒီရောက်မလာဘူး.."
"သူတို့ကလည်း လူလေဗျာ..အခြေအနေ အချိန်အခါ မပေးတာမျိုးလည်း ရှိမှာပေါ့…"
'အေ့..မင်းတော့လေ…ဟား..ဟား…အေး..ထားလိုက်ပါတော့…"
ထော်လာဂျီသံ ဆူညံထွက်သွားပြီး အောင်အောင်လည်း ရှေ့ဘက်ကို တက်လိုက်ရသည်..။
ကိုအောင်သိန်းကတော့ အလိုပြည့်သွားတဲ့ မျက်နှာ ပြုံးဖြီးဖြီးဖြင့် သီချင်း တအေးအေး ရှိနေသည်..။
အောင်အောင့်မှာသာ သက်ပြင်းတွေကို အဖော်ပြုရင်း မြူနှင်းတွေ ကို ငေးကြည့်နေမိသည်..။
.
"နွယ်…"
အောင်အောင် သွေးပေးထားတဲ့ သနပ်ခါးလေးနဲ့ လှနေသည့် ပါးလေးကို ဖွဖွ နမ်းပေးလိုက်ခါ ခေါ်လိုက်တော့ လှည့်ကြည့်သည်..။
"အင်း..ပြောလေ..မောင်.."
"နွယ် ပင်ပန်းနေလား ဟင်.."
"မပင်ပန်းပါဘူး..မောင်ရယ်.."
"အဟဲ…မောင်သိတယ်…ညနေက ရေချိုးရင်း သီချင်းတောင် ညီးနေသေးတယ် မလား.."
"ကြည့်ပြန်ပြီ…"
"ချစ်လို့ပေါ့..မိန်းမရယ်…အဲဒါလည်း..အမေ့ကို ပြောရမယ်…မောင်ကြည့်သလို တခြားသူတွေသာ ကြည့်ရင်….သွားပြီ…"
"ခစ်ခစ်…သ၀န်တိုပြန်ပြီ…လူတိုင်း ဒီလိုပဲ ရေချိုးနေတာပဲကို.."
စာရင်း စာအုပ်ထဲ အမှန် အမှားခြစ်ရင်း အလုပ်ရှုပ်နေတဲ နွယ်က ရယ်သံလေး စွပ်ခါ ပြောတော့ အောင်အောင် တစ်ဆင့်တက်ဖို့ အနားကို တိုးကပ်သွားလိုက်သည်..။
လည်ဂုတ်ကလေးကို ငုံ့နမ်းပြီး လည်တိုင်လေးကို ဖွဖွ နမ်းခါ ရင်ညွန့်ဆီ ရောက်သွားတော့ နွယ်က တွန်းပြန်ပြီ…။
"ဟင်း…မောင်ရယ်…"
"ဆောရီး..ဆောရီး.."
"မောင် မမှားပါဘူး..ဒီနေ့ စျေးရောင်းမသွားရလို့ နွယ်လည်း ပြင်ဆင်ထားမလို့ပါပဲ…ဒါပေမဲ့…မောင့်ရန်သူက ရောက်လာတယ်.."
"ဟာကွာ….ကျစ်…"
အောင်အောင် မှာ စိတ်တိုင်းမကျတဲ့ အရာကြီးကို ဘယ်လို အပြစ်တင်ရမလည်း မသိတော့ နွယ့်ရင်ခွင်ထဲမှာပဲ မျက်နှာမှောက်လိုက်ရတော့သည်..။
ဟင်း..ဒီကောင် တစ်လလုံး ဘယ်သွားသေနေလို့ အခုမှ လာရတာလည်း..။
"မောင့်ကို တစ်ခု ပြောရဦးမယ်.."
"အင်း.."
"နေ့လည်ဆို အိမ်မှာ ဘယ်သူမှ မရှိဘူးမလား.."
"မိနွေးတို့ သားအမိ ရှိတယ်လေ.."
"သိတယ်..အဲဒါပဲ ပြောမလို့..မောင်တို့က ဒီလိုအချိန်ဆို ဦးနှောက်ရှိတာ မဟုတ်ဘူး..အဲဒါ နွေး နဲ့ အနေအထိုင် ဆင်ခြင်နော် မောင်.."
"အိုး…မိန်းမရာ…"
"ဟင်း..နွယ် သ၀န်တိုလို့ မောင့်ကို မယုံလို့ ပြောနေတာ မဟုတ်ပါဘူး..မဖြစ်သင့်တာကို ကြိုတင်ကာကွယ်ဖို့ ပြောတာပါ…စိတ်မဆိုးပါနဲ့ မောင်ရယ်…"
အောင်အောင့် ဆံပင်တွေကို ပွတ်သပ်ပေးရင်း လေသံတိုးတိုးလေးဖြင့် နူးနူးညံ့ညံ့ တောင်းဆိုလာတော့ စော်ကားတဲ့ စကားကိုတောင် ဒေါသမဖြစ်ပဲ သနားမိသည်.။
"မောင် က အိမ်ထောင်သည်ဆိုတာ မောင် မမေ့ပါဘူးနွယ်ရယ်.."
"ဒါပေမဲ့ ခုနောက်ပိုင်း မောင် က နွေးကို သိပ်အရေးပေးလာတယ်.."
"အိုး..မဟုတ်တာ.."
"အရင်က နွယ်အပေါ်ရောက်ရင် မောင်လည်း ရောက်နေပြီ.အခုကျတော့ နွေးနွေးကို ကူသိမ်းပေးနေတာနဲ့ တော်တော်နဲ့ ရောက်မလာဘူး..ဟိုနေ့က ကလေး အနှီးတွေလည်း လျှော်ပေးသေးတယ်….အကြီးကောင်ကိုလည်း ရေချိုးပေးနေတယ်…နွေးနွေး အလုပ်တွေ အားလုံးကို မောင် အချိန်မရလည်း ပြေးကူပေးတယ်.."
"ဒါကတော့ နွယ်ရယ်…သူ့ခမျာ…ကလေး သေးသေး နှစ်ယောက်နဲ့ ယောင်္ကျားကလည်း မသိတက်..အမေ ကလည်း အလုပ်မပြီးရင် မကြိုက်တော့..မောင် သနားလို့ ကူပေးတာပါ.."
"သနားရာကနေ ဘ၀ကူးသွားမှာ စိုးလို့ မောင်ရေ…ဒီကောင်မလေးက အစကတည်းက အနေအထိုင် တက်တာ မဟုတ်ဘူး..ဒါကြောင့် ဒီလို လင်မျိုး ရတာပေါ့.."
"အဟား..ကြည့်ဦး..ပြောလိုက်တာကွာ…"
"ဘာလည်း..နာတက်နေပြီလား…"
"တော်ပြီ နွယ်…မောင်တို့ သာယာနေတာ ဘယ်လို ကြောင့်မှ အနှောင့်အယှက် မဖြစ်စေချင်ဘူး.."
"ဟွင့်…"
နွယ့်ရဲ့ နဖူးလေးကို နမ်းပေးရင်း ပါးလေးကို ပွတ်သပ်ခါ ကြင်စဦး မောင်နှံ လို ကြည်နူးနေရသည်..။
.
"မောင်…"
အောင်အောင် အိပ်မက်လိုလို  နဲ့ နွယ့် ခေါ်သံကို ကြားလိုက်တော့ ခေါင်းကိုက်နေတဲ့ ကြားက မျက်လုံး ဖွင့်ကြည့်မိသည်..။
နွယ်က စိုးရိမ်နေတဲ့ မျက်နှာလေးဖြင့် ပါးကို ကိုင်ခါ နဖူးကိုလည်း စမ်းသေးသည်..။
"နွယ့်ကို ဘယ်သူလာခေါ်လည်း.."
"နွယ် တစ်ယောက်တည်း ပြန်တာပေါ့ မောင်ရယ်…ရွားရိုးကိုးပေါက် လျှောက်နေတာပဲ ရွာထိပ်ကို လာမကြိုလည်း နွယ် ပြန်တက်ပါတယ်….မောင်ရယ်…"
"ဟင်း.."
"ဆေးသောက်ထားလား မောင်.."
"အင်း..မိနွေး..ဆေးပေးတယ်…ဆန်ပြုတ်လည်း လုပ်ပေးထားတယ်.."
"သြော်…သောက်ပြီးပြီလား.."
အောင်အောင့် နဖူးပေါ်က လက်ရုတ်သွားပြီး စောင်ပိုင်းလေးကို ခြုံပေးခါ နွယ်က ရေချိုးဖို့ ပြင်ဆင်တော့သည်..။
အရင်တုန်းက အောင်အောင် ဖျားရင် အတင်းတိုးပြီး ဖက်ထားတက်သည့် နွယ့်ကို လွမ်းရင်း အေးစက်တက်တဲ့ နွယ့်ကို ရီဝေ၀ ဖြင့် ငေးကြည့်မိသည်..။
မနက် အိပ်ရာထကတည်း က ချမ်းစိမ့်စိမ့် ဖြစ်နေရာက နေ့လည်ကျတော့ အဖျားကြီးတက်လာတော့သည်..။
နေ့လည် ဘယ်သူမှ မရှိတော့ ကွပ်ပျစ်ပေါ်မှာပေါ် စောင်ခြုံကွေး အိပ်စောင့်နေရသည်..။
နွေးနွေးက ဆေးသောက်ဖို့ အတွက် ဆန်ပြုတ်လည်း ပြုတ်ပေးခါ ဆေးလည်း ၀ယ်ပေးလို့ တော်သေးသည်..။
"ဘယ်လို…ဖျားနေတယ် ဟုတ်လား…ငါလည်း မသိရပါလား..မနက်ကျရင်တော့ ဒုက္ခပါပဲ ဆီ ၀ယ်ဖို့.."
'မေမေ လွန်ပြီနော်…နွယ့် ယောင်္ကျားက ဖျားခွင့်နာခွင့်တောင် မရှိတော့ဘူးလား.."
"ဟဲ့…တခြားလူခေါ်ဖို့ စီစဉ်နေတာကို နင် က ဘာလို့ ငါ့ကို ရန်လာတွေ့တာလည်း.."
"အိုး…မသိတာမှတ်လို့.."
"ဟဲ့ဟာမ…သိပ်လူပါးမ၀နဲ့…နင် နေတာ ငါ့အိမ်..ယောင်္ကျား တစ်ယောက်ရပြီး အမေအိမ်ပြန်ကပ်နေရတဲ့ ဟာမ ကများ အမေကို ရန်တွေ့နေလိုက်တာ…"
"တော်ပါတော့ မေမေ ရယ်…မမ လည်း ရေသွားချိုးပါတော့…"
"နင် လည်း ကြည့်နေနော်…မေမေ နဲ့ ငါ့ကြား ရန်တိုက်ပေးတာ ကြည့်လုပ်.."
"နွေးလည်း ဘာမှ မပြောပါဘူး..မမရယ်…"
"ကြောင်သူတော် ကြွက်သူခိုးတွေက ခပ်များများရယ်.."
နွယ့်ရဲ့ စကားသံတွေ နားထဲ ရောက်လာတော့ အောင်အောင် ခေါင်းကိုက်နေသည့် ကြားက မျက်လုံးတွေ ဖျတ်ခနဲ့ ပွင့်သွားရသည်..။
ဘာမှမဆိုင်တဲ့ နွေးကို ဆွဲထည့်နေတာ ပတ်၀န်းကျင်မှ ကြားလို့ မကောင်းတဲ့ စကားတွေ…။
နွယ်ရယ်…ဘာဖြစ်လို့များ ပြောင်းလဲသွားတာလည်း ကွာ…။
"အဟမ်း…"
"….."
"နွယ်…"
"…."
"နွယ်…ထပါဦးကွာ…"
"……"
"အဟွတ်….နွယ်..မောင့်ကို ရေတစ်ခွက်လောက် ယူပေးပါလား.."
"အိုး…အိပ်နေတာကိုပဲ နိုးရသလား.."
"မောင်..ဘာဖြစ်တာလည်း မသိဘူး..ရင်တွေ ပူတယ်.."
နွယ်က အိပ်နေရာက ဆောင့်အောင့်ထပြီး ခြေလှမ်းကြမ်းကြမ်းဖြင့် အခန်းထဲက ထွက်သွားတော့သည်..။
ခဏကြာတော့ ရေခွက်ကိုင်ပြီး အခန်းထဲ ရောက်လာခါ လက်ထဲကို ထည့်ပေးပြီး ပြန်အိပ်သည်..။
မောင့်ရဲ့ အဖျားတွေ နွယ့်ကို ကူးပါစေဆိုပြီး ငိုခဲ့တဲ့ မိန်းကလေး ဘယ်ရောက်သွားပြီလည်း…နွယ်..။
"နွယ်.."
"ပြောလေ…မောင်.."
"မောင် အဖျားမကျသေးဘူးထင်တယ်.."
'ဆန်ပြုတ်လေး စားပြီး ဆေးသောက်လိုက်ရင် ပျောက်သွားမှာပါ မောင်ရဲ့…"
"ဟင်း..နွေး နဲ့ မောင့်ကို အဲလိုကြီး မစွပ်စွဲပါနဲ့ နွယ်ရယ်.."
"အိုး..မစွပ်စွဲပါဘူး…"
"အခု မောင်ဖျားနေတယ်…နွယ့်ကို အနားမှာ လိုအပ်တယ်…ဒါကြောင့် ဒီနေ့ စျေးရောင်းမသွားပါနဲ့နော်…"
အောင်အောင် တောင်းဆိုသလို ပြောလိုက်တော့ ဆွဲခြင်းပြင်နေရင်းက အကြည့်စူးစူး တစ်ချက်ရောက်လာတော့သည်..။
"နွယ် မသွားလို့ မရဘူး မောင်..ရက်ပေးတွေက တစ်ရက်ကြာသွားရင် နှစ်ရက်ပေါင်းပြီး တောင်းရခက်သွားကော…နွယ့်ကို ပေးရမယ် ဆိုပြီး ဖယ်ထားသိမ်းထားမှာ မဟုတ်ဘူး..လိုက်တောင်းနေတာတောင် နေ့ရွေ့ ညရွေ့့ တွေ ရှိတယ်…"
"ဟင်း…မောင် နေမကောင်းတာကို နွယ် ထားသွားရက်သလား.."
"……"
"နွယ် မရှိလည်း နွေး ရှိရင် စိတ်ချရပါတယ်..မောင့်ကို….နွေးက ပြုစုပေးပါလိမ့်မယ်…"
အောင်အောင် စကားပြောချင်စိတ် ကုန်သွားလို့ မျက်လုံး စုံမှိတ်၍ စောင်ကို ဆွဲခြုံလိုက်သည်..။
ခြေသံတခြည်းဖြည်းရွေ့သွားခါတံခါး ပြန်ပိတ်သံ လှေကားကို ဆင်းသွားတဲ့ ခြေသံတွေကြောင့် နားထင်နေရာကို ရေစက်တစ်ချို့ စီးကျသွားရသည်..။
မောင်တို့ အချစ်တွေ သွေးအေးနေရုံပဲ မဟုတ်တော့ဘူး နွယ်…။
.
"သြော်…အကို ..လာပြီ.."
အောင်အောင် နာလန်ထစမို့ ကိုယ်ခန္ဓာကြီးက အားပျက်နေသလို မစားချင် မသောက်ချင် ဖြစ်နေသည်..။
အနွေးထည် တစ်ထည်ဖြင့် ခြံထဲ မှာ ထင်းစုနေတုန်း ကားသမားရောက်လာတော့ ခြံ၀ကို ပြေးရသည်..။
"ပစ္စည်းလာပို့တာ မဟုတ်ဘူး ကိုအောင်မိုးသူ.."
အောင်အောင့် နာမည်ကို သိနေတော့ ပြုံးပြ လိုက်ပြီး ခြံထဲ ၀င်ဖို့ ခေါ်ရတော့သည်..။
"ခင်ဗျား..နေမကောင်းဘူးနဲ့ တူတယ်.."
"ဟုတ်ကဲ့…"
"မနည်း ပိန်ကျသွားတယ်.."
"ဟုတ်တယ်..အဖျားကြာသွားလို့ပါ…"
"အင်း..မနွယ် ပြောပါတယ်…သူ့မှာ အပြေးအလွှားပဲ.."
"ဟုတ်ကဲ့…ကျွန်တော် လည်း သူ့ကို သနားတယ်ဗျာ…အကိုတို့ အလုပ်တွေ ဘာတွေ ရှိရင် ပေးပါလား.."
"ကားလိုက်ဖို့ကတော့ လမ်းမှာချည်းပဲ နေရတာလေ…"
"ဒါတော့ အဆင်မပြေဘူး..ကျွန်တော် က မိန်းမကို မခွဲနိုင်ဘူးဗျ.."
"အဟွင်း…သိပါတယ်.."
"ဧည့်သည် ရောက်နေတာလား.."
ယောက္ခမကြီးက ၀င်လာကတည်းမှ မေးသံက ပါလာတော့ ဧည့်သည်ကလည်း လှမ်းကြည့်ပြီး ခေါင်းညိတ်ပြသည်..။
"ကျွန်တော်က ဟိုဘက်ရွာက ဒေါ်မြရှင်တို့ရဲ့ တူပါ.."
"သြော်..အေး..သူတို့ နေကောင်းကြလား..နေပါဦး..ဒေါ်မြရှင် တူဆိုတော့ ဟိုတလောက ကားတွေ၀ယ်ပြီး မြို့ပေါ် ကားဆွဲနေတဲ့ ကောင်လား.."
"ဟုတ်ကဲ့.."
"အမလေး…ငါက ဘယ်က မင်းသားလည်းလို့…သားနားလိုက်တာအေ…"
"အဟွင်း..ကျွန်တေ်ာ့ အဒေါ်က အလှူဖိတ်ခိုင်းလိုက်လို့ပါ…"
"သြော်…အေး..ကြားတယ်..ကြားတယ်…မဖိတ်လည်း ကူဖို့ လာရမှာပဲ…"
"ဟုတ်ကဲ့..ကျွန်တော်..ဒါဆို ဦးလေး ဖိုးမောင်တို့ ဆီ ပြန်လိုက်ဦးမယ်.."
"ဟဲ့…နေပါဦး..ပြန်မယ် ဆိုတော့ ဒီရွာမှာ အိပ်မလို့လား.."
"ဟုတ်ကဲ့.."
"အမလေး..ဖိုးမောင်က မြေးတစ်ချိတ်နဲ့ မဖြစ်ပါဘူး…ဒီမှာပဲ အိပ်…"
'ဟာ..ရပါတယ်…အားနာတယ်.."
'မလိုဘူး…မလိုဘူး…အပေါ်ထပ် တစ်ထပ်လုံး လွတ်နေတာပဲ…ဟဲ့..အောင်အောင်…အပေါ်ထပ်ကို ဧည့်သည်နေဖို့ ရှင်းထားလိုက်…"
"ဟုတ်ကဲ့.."
"လာ..လာ…ဖိုးမောင် ကို ငါလိုက်ပြောမယ်.."
ဧည့်သည်ကို လက်ဆွဲပြီး ခေါ်ထွက်သွားတော့ အောင်အောင် သက်ပြင်းချရင်း အိမ်ပေါ်ကို ရောက်လာခဲ့ရသည်..။
အစအဆုံး မရှင်းနိုင်လို့ ပစ္စည်း အတိုအထွာတွေကို စုပုံပြီး ပုဆိုးပိုင်းနဲ့ အုပ်ထားလိုက်သည်..။
အိပ်ယာပစ္စည်းတွေကိုတော့ အောက်ထပ်ကို ချလာခဲ့လိုက်ပြီး ဘယ်ပို့ရမှန်း မသိလို့ ယောက္ခမကြီး အခန်းထဲ ထည့်ထားရသည်..။
"ဟယ်…ကိုညီညီ ရောက်နေတယ်.."
"အဟွင်း..ဟုတ်တယ်.."
အောင်အောင် နဲ့ လမ်းမှာ စကားမပြောပေမဲ့ ဧည့်သည်ကို တွေ့တော့ နှုတ်ဆက်ပြီး ကွပ်ပျစ်မှာ ၀င်ထိုင်လိုက်သည်..။
"အမလေး…ငါက နင့်ကို ကားနဲ့ လိုက်ပို့ပေးတာ ဘယ်သူများလည်း မှတ်တယ်..ဒေါ်မြ ရဲ့ တူဟဲ့..မြို့ပေါ် ပြောင်းသွားတဲ့ ဒီကလေးရဲ့ မိဘတွေ ကျုပ်ကောင်းကောင်းသိတာပေါ့…"
"သြော်.."
"ဟဲ့..မိနွယ်…ဧည့်သည် စားဖို့ ညစာ ပြင်ဦးနော်…နင့် ညီမက ကလေး နှစ်ကောင်နဲ့ ခုချိန်ထိ ထမင်းမတည်သေးဘူး.."
"ဒါဆို ကိုညီညီက ဒီမှာ အိပ်မှာလား.."
"အပေါ်မှာ.."
"ဟင်.."
ဧည့်သည်က နောက်သလို ပြောလိုက်တော့ နွယ်က မျက်လုံးပြူးပြီး အပေါ်ထပ်ကို ကြည့်ခါ အောင်အောင့်ဘက်ကို ပြန်ကြည့်သည်..။
"အေးလေ…အပေါ်က အားနေတာပဲ…အောင်အောင် ပြင်ထားတယ်.."
"ြေ့သာ်..ဟုတ်…ကိုညီညီ ထိုင်ဦးနော်…နွယ် အလုပ်ကလေး ရှိလို့.."
"ဟုတ်ကဲ့.."
နွယ် ထွက်သွားတတဲ့ နောက်ကို အောင်အောင် လိုက်သွားလိုက်ခါ ဘာတွေ ကူပေးရမလည်း လိုက်ကြည့်မိသည်..။
"မောင် ဘာလုပ်ပေးရမလည်း..နွယ်.."
"အိုး..မလိုဘူး..မလိုဘူး…သွား.."
နွယ်က ခါးခါးသီးသီး မောင်းထုတ်တော့လည်း အောင်အောင် သက်ပြင်းချရင်း အိမ်နောက်ဘက်ကို ထွက်လာခဲ့လိုက်သည်..။
နွေး နဲ့ အထင်လွဲရလောက်အောင် ကိုယ်တိုင်က အနေအထိုင် မတက်ခဲ့တာများလား..။
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရင်း မြေကြီးမှာ တုတ်ချောင်းခြစ်ရေးနေမိသည်..။
"ဟင်…ကိုအောင်မိုးသူ…ရှင် ဘာလုပ်တာလည်း.."
"ဘာကိုလည်း နွယ်.."
အောင်အောင် ညစာကို ညနေစောင်း စားနေကျဖြစ်နေလို့ ဧည့်သည်ရှိနေတာနဲ့ ထမင်းဟင်းပုံပြီး အိမ်နောက်ဘက်မှာ အေးရအေးကြောင်း လာထိုင်စားနေမိတာပါ..။
နွယ်က ဒေါသတကြီး ဖြစ်နေတော့ နားမလည်နိုင်စွာ မော့ကြည့်မိသည်..။
"ရှင့်ကို ဒီဟင်း ဘယ်သူထည့်ပေးတာလည်း..ဟိုဟာမ မလား.."
"ဟာ..ဘယ်လို ပြောလိုက်တာလည်း..မဟုတ်ပါဘူး..မောင် တွေ့လို့ ထည့်စားလိုက်တာလေ..မောင် အသည်းအမြစ် ကြိုက်တာ သိလို့ နွယ် ဖယ်ထားတာ မဟုတ်ဘူးလား.."
"အိုး.ရာရာစစ…မဟုတ်ဘူး..မဟုတ်ဘူး..ရှင်ဟာလေ…ဟင်း..ဧည့်သည် ရှိနေလို့ ….ငတ်လွန်းအားကြီးတယ်...."
နွယ် ပြောသွားတဲ့ စကားကြောင့် အောင်အောင် လက်ထဲက ထမင်းပန်းကန်ကို လွင့်ပစ်ဖို့ ရွယ်ပြီးခါမှ ဒေါသကို မြိုချခါ အံကြိတ်လိုက်မိသည်..။
ဧည့်သည် ရှေ့မှာ သူ့အရှက် သိက္ခာ ကို တန်ဖိုးထားရပါဦးမည်..။

⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓

အရေးအသားမကောင်းလည်း ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ် နော်
Love U all ❤
#စပိုက်ကာ

သစ္စာတန်ဖိုးWhere stories live. Discover now