Part 8

736 33 0
                                    

သစ္စာတန်ဖိုး
အပိုင်း (၈)
#သစ္စာတန်ဖိုး
"အမေ…"
"သြော်..အေး…"
"နွယ့်ကို မတွေ့ပါလား..အမေ.."
"မြို့ပေါ်မှာ စျေးသွား၀ယ်တယ်လေ.."
"သြော်…"
"ဟင်း…ထမင်းလည်း မချက်ခဲ့ဘူး…ငါလည်း..ခေါင်းထဲ ညီးစီစီ နဲ့…ဟဲ့ မိနွေး..ထမင်းအိုး တည်အုံးလေ.."
"ဟို…ကျွန်တော်ပဲ တည်လိုက်ပါ့မယ်..အမေ.."
"အေး..တည်တက်တယ်မလား..သား.."
"ဟုတ်ကဲ့…"
အောင်အောင် သက်ပြင်းချရင်း အိမ်နောက်ဘက်ကို ၀င်လာခါ ထမင်းအိုး မဲမဲ သည်းသည်းကို လှမ်းယူလိုက်ရသည်..။
ထင်းမီးနဲ့ ချက်တာ မို့ နွယ် လုပ်သလို မီး အရင်မွှေးဖို့ ပြင်ဆင်ရပြန်သည်..။
နွယ်က စိတ်ဆိုးပြီး စကားမပြောတာ သုံးရက်သုံးည ရှိပြီမို့ မပြောပဲ နဲ့ စျေးသွား၀ယ်တာကိုလည်း စိတ်မဆိုးချင်တော့ပါဘူးလေ…။
မိနွေးက သူ့သားပေါက်စ နီတာရဲလေး ကို ကြည့်ရတာ တစ်မျိုး..အကြီးကောင် ပေတလုလေးက ဖျားလို့ ဂျီတိုက်တာက တစ်မျိုးဖြင့် အတော် ဒုက္ခများနေရှာသည်..။
ဒါကို တစ်ချက် လှည့်မကြည့်ပဲ ထွက်သွားနိုင်သည့် နွယ့်ကိုလည်း စိတ်ထဲ မကျေနပ်ချင် ဖြစ်ရပြန်ပြီ..။
"ဟင်း…"
အောင်အောင် သက်ပြင်းချ ဆန်ရေဆေးခါ ထမင်းအိုးတည်လိုက်ပြီး လျော့သွားတဲ့ ရေစည်ကို ရေခပ်၍ ပြန်ထည့်ထားရသည်..။
ယောက္ခမကြီးက ရေသာ မခပ်တက်တာ အိုးထဲ ရေလျော့နေတာနဲ့ ယောင်္ကျား အပေါင်းတို့ကို အပြစ်တင် ကြိမ်းမောင်းတက်သည်လေ..။
အိမ်မှာ ယောင်္ကျားပျင်းတွေ ဘာဖြစ်တယ် ဆိုပြီး နားမခံနိုင်အောင် ပြောတာကို ကိုအောင်သိန်းက မူးမူးနဲ့ နားထောင်ပေမဲ့ အောင်အောင် ကတော့ နာတက်သည်..။
ဒါကြောင့် ယောင်္ကျားတွေ ဘယ်လို ဆိုတာ နဲ့ ပတ်သက်သမျှ အောင်အောင် ပြောစရာ မကျန်အောင် လုပ်ပေးထားလိုက်သည်..။
"ဟယ်…အကို ထမင်းအိုးတည်ထားတာလား.."
"အင်း..ဖိုးရဲ ကော အိပ်သွားပြီလား.."
"ဟုတ်..အဖျားတော့ မရှိတော့ပါဘူး…ဂျီတိုက်နေတာ.."
"အင်း…အငယ်လေးကိုလည်း ကြည့်နော်…အနီးအနားမှာ သိပ် မထားနဲ့…"
"ဟုတ်ကဲ့.."
အောင်အောင် ရေခပ်ရင်း နွယ့်ကို သတိရလာတာနဲ့ မိနွေးထမင်းအိုး စောင့်နေတာကို ကြည့်ခါ မေးသင့် မမေးသင့် ချင့်ချိန် နေမိသည်..။
"ဟို…နွေးနွေး.."
"ရှင်.."
"မြို့ပေါ်သွားရင်..ဝေးလား.."
"အင်း..နေ့ခင်းလောက်ဆို ပြန်ရောက်ပါတယ်…အဲ မမ ကတော့ ညနေစောင်းမှ ပြန်ရောက်မယ် ထင်တယ်..ပစ္စည်းတွေလိုက်၀ယ်ရမှာကိုး.."
"သြော်..အင်း.."
"ဟဲ့…အောင်အောင်ရေ…"
"ဗျာ.."
အောင်အောင် ရေပုံးကို ချိတ်ခဲ့လိုက်ပြီး အိမ်ရှေ့ဘက်ကို ပြေးထွက်လာတော့ ယောက္ခမ ကြီးက မျက်နှာမှာ ကြောက်ဖို့ကောင်းအောင် ပြုံးနေသည်..။
"ဒီမှာ..နင့်အရီးလေးက ထင်းစိုက် စရာ မရှိလို့တဲ့ နည်းနည်း ပေါက်ပေးလိုက်ပါဦး.."
"ဟုတ်ကဲ့.."
"ဟဲ့…နင့်သမက်က မြို့သား ထင်းပေါက်တက်ပါ့မလား.."
"အိုး..ရွာက ထမင်းတောင် စားနိုင်သေးတာပဲ…ထမင်းချက်တဲ့ ထင်းလည်း ပေါက်တက်ရမှာပေါ့…"
"ဟုတ်ကဲ့ အရီးလေး..ကျွန်တော် ပေါက်တက်ပါတယ်.."
"အေး.."
ဘေးခြံက ဝါးလုံးတန်း အောက်ကို ငုံ့၀င်လိုက်ပြီး တစ်ဖက်ခြံကို ကူးလာခါ ကုက္ကိုလ် တုံးတွေကို ပေါက်ပေးဖို့ ပြင်ရသည်.။
အစက အသားမကျသေးလို့ ထင်းပေါက်ရတိုင်း အရည်ကြည်ဘု ထပေမဲ့ အခုတော့ အသားမာတောင် လိုက် နေပါပြီလေ…။
ကုက္ကိုလ်တုံးတွေကို လွှနဲ့ ဖြတ်ပိုင်းထားတာတွေ ယူပြီး တခြမ်းခွဲခါ ထင်းစိုက် ရုံ အနေအထိ ထပ်ခွဲပေးရသည်..။
"ဟိုကောင်လေး…ထမင်းချက်တဲ့ အနားပို့ပေးခဲ့ပါလားဟယ်.."
"ဟုတ်ကဲ့.."
ထင်းပေါက်ပေးပြီးတော့ ထင်းတုံးတွေကို သယ်ခါ မီးဖို သေးသေးလေး အနားမှာ စီချပေးရပြန်သည်..။
အိမ်ဘက်ကို ပြန်ကူးလာတော့ နေ့ခင်းကျော်လို့ ညနေတောင် စောင်းပါတော့မည်..။
အောင်အောင် ရေကပျာကယာ ခပ်ပေးပြီး ရေတစ်ခါတည်းချိုးခါ ရွာထိပ်ကို ထွက်လာခဲ့ရသည်..။
"ဟဲ့..မြို့သားက ညနေစောင်း ပြန်ထွက်လာပါလား ဟဲ့.."
"ဘာလည်း လူပျိုလှည့်တာလား…ကျုပ်က ကလေး ငါးယောက် အမေပါတော်.."
"ဟုတ်ပါဘူးဗျာ…ကျုပ် မိန်းမကို လာစောင့်နေတာပါ…"
"သြော်..ဒီလိုလား သိပါဘူးတော်…"
ရွာထိပ်က ကွမ်းယာနဲ့ မုန့်အတိုအထွာ ရောင်းတဲ့ ဆိုင်ရှေ့ ခုံတန်းလေးမှာထိုင်လိုက်သည်..။
ဒီတိုင်းထိုင်စောင့်နေရင် မကောင်းတာနဲ့ ဗိုက်ကလည်း ဆာလို့ မြေပဲ တစ်ထုတ်ကို အိတ်ကပ်ထဲက ကိုယ်ပိုင် ပိုက်ဆံဖြင့် ၀ယ်စားရသည်..။
ရထားတဲ့ ပိုက်ဆံ ငါးရာတန် အကြောင်းကို တွေးကြည့်ပြန်တော့ ရင်နာနာ ဖြင့်ပင် ရယ်ချင်မိသေးသည်..။
"ဟိုကောင်လေး.."
"ဗျာ…ကျွန်တေ်ာလား.."
"အေးကွာ…ဦးလေး ရဲ့ ကား ပျက်နေလို့ နည်းနည်း တွန်းပေးပါလား.."
"သြော်..ဟုတ်ကဲ့…"
အောင်အောင် ပုဆိုး ပြင်၀တ်ပြီး ကားကို အားစိုက်တွန်းတော့ နည်းနည်း သာ ရွေ့တာကြောင့် ဒီကားတွန်းလို့လည်း မရဘူးဆိုတာ သိလိုက်ပါသည်..။
ဒါပေမဲ့ တွန်း..တွန်း..လို့ အော်နေလို့ လမ်းမ တစ်လျှောက် တွန်းပေးရခါ ဆယ့်ငါးမိနစ်ကြာတော့ ကားက မောင်းထွက်သွားပြီး…ကားနောက်ခန်းမှ စက္ကူတစ်စ လွင့်ပျံလာသည်..။
အောင်အောင့် ခြေနားမှာ ကျလာတာ ငါးရာတန် ခပ်နွမ်းနွမ်း တစ်ရွက်မို့ တောက်ခတ်လိုက်ပြီး ဖနောင့်ဖြင့် ပေါက်ခါ ထွက်လာခဲ့လိုက်သည်..။
လေးင့ါး လှမ်းလောက် လျှောက်လာပြီးတော့မှ ငွေငါးရာရဲ့ မြင့်တက်နေတဲ့ တန်ဖိုးနဲ့ သုည ဘ၀ကို ချင့်ချိန် တွက်ချက်၍ မာနတွေ သိက္ခာတွေ အရှက်တွေကို ငါးရာတန် နွမ်းနွမ်းထဲ ထည့်မြုပ်နှံလိုက်ရတော့သည်..။
"အမလေး…သူဌေး သမက်ရယ်…နှစ်ဆယ်တန် ကို ငါးရာကြီး ပေးတော့ ကျုပ်က ဆိုင်လိုက် ဖြုတ်အမ်းရမှာလား.."
"ဒါဆိုလည်း မှတ်ထားပြီး ကျုပ် ယောက္ခမ ဆီတောင်းလိုက်ပေါ့ဗျာ.."
အောင်အောင့် လက်ထဲရောက်လာသည့် ငါးရာတန် အနွမ်းကို အိတ်ကပ်ထဲ ဆောင့်ထည့်လိုက်ပြီး ကားတစ်စီး ဖြတ်သွားတိုင်း လည်ပင်းရှည်ကြည့်ရသည်..။
"ဟာ..လာပြီ.."
အောင်အောင် ခုံတန်းပေါ်က ခုန်ဆင်းပြီး ရပ်သွားတဲ့ ဟိုက်လက် ကားနဲ့ အတူ ကားပေါ်က ဆင်းလာသည့် နွယ့်ကြောင့် မျက်နှာက ပြုံးသွားခါ အနားကို ရောက်အောင် ပြေးမိသည်..။
"ဟင်…မောင်.."
"ပေး..ပေး…မောင့်ကို ပေး.."
နွယ့်လက်ထဲက စျေးခြင်းတောင်း အပြည့်နဲ့ အတူ တစ်ဖက်က ပလတ်စတစ် အိတ်ကြီးကို လည်း လှမ်းယူလိုက်တော့ နွယ်က မျက်နှာငယ်လေးနဲ့ မော့ကြည့်လာသည်..။
"မောင့် မိန်းမ ပင်ပန်းသွားပြီလား.."
"ကားတိုးရတာ ပင်ပန်းတာပါ..စျေး၀ယ်ရတာ မပင်ပန်းပါဘူး မောင်ရယ်..မောင် ထမင်း စားပြီးပြီလား.. မနက်ကလည်း ယူမသွားဘူး.."
"အင်း.."
"ခုဘာတွေ စားနေတာလည်း.."
"မြေပဲလေ…ဆိုင်မှာ စောင့်ရတာ အားနာလို့ အကြွေးစားထားတယ်.."
"အယ်..ဖြစ်ရလေ…မောင်ရယ်..အားနာတာ အကြွေးစားစရာလား.."
"အဟား..မသိဘူးလေ…နွယ်ပေးလိုက်နော်.."
"အင်းပါ.."
အထုတ်တွေက လေးလို့ ခပ်မြန်မြန် သွားချင်ပေမဲ့ ချစ်ဇနီးလေးနဲ့ ပြန်အဆင်ပြေသွားတော့ နှစ်ကိုယ်တူ လွတ်လွတ်လပ်လပ် စကားပြောခွင့် ရနေသည့် ရွာလမ်းမှာပဲ သာယာနေတော့သည်..။
"အမေအုန်း ရေ…မြေပဲတွေ ယူစားတယ်ဆို….ဘယ်လောက်တုန်း.."
"နှစ်ဆယ်ပါ နွယ်ရယ်…ပေးမနေပါနဲ့.."
"အိုး..မဟုတ်တာ…အကြွေးမပေးနဲ့နော်…နေ့တိုင်း လာစားလိမ့်မယ်…အဟွင်း.."
နွယ်က ဘေးမှာ ရပ်နေတဲ့ အောင်အောင့်ကို မျက်စောင်းလေး ထိုးပြီး ပိုက်ဆံပေးခါ ဆက်လျှောက်သွားတော့ အောင်အောင်လည်း ပြေးလိုက်ရပြန်သည်..။
"နွယ်…"
"အင်း.."
"ဒါတွေ ဘယ်တော့..ဘယ်မှာ ရောင်းမလည်း ဟင်.."
"မနက်ဖြန် ရောင်းမှာပေါ့ မောင်ရဲ့…ဟိုဘက်ရွာကို သွားရောင်းမယ်…ကျန် သေးရင် တခြားရွာတွေကိုလည်း ရောင်းမှာပေါ့…"
"ဒီမှာ မရောင်းဘူးလား ဟင်.."
"ဒီမှာက နွယ့် သူငယ်ချင်း အေးစံ ရောင်းနေတယ်လေ…ပြိုင်မလုပ်ချင်ပါဘူး..ပြောစရာ ဖြစ်မယ်..အပြိုင်အဆိုင် ရှိတော့ စျေးတင်ရောင်းလို့လည်း ကောင်းမှာ မဟုတ်ဘူးလေ…"
"အင်း…ဒါဆို မနက်ဖြန် မောင်လိုက်မယ်နော်.."
"အမယ်..မောင်ကလိုက်မယ်…ဟုတ်လား.."
"အင်းလေ…မောင် ဒီခြင်းတွေကို မ ပေးမှာပေါ့..နွယ်က ရောင်းလေ…"
"အိုး..ဒါတွေ သယ်သွားစရာ မလိုပါဘူး မောင်ရဲ့…ပစ္စည်းနည်းနည်းပဲ ယူသွားရမှာပါ…"
"မောင်လိုက်မယ်နော်…"
"အင်းပါ…အင်းပါ…မောင့် ယောက္ခမ ကြီး လွတ်ရင် လိုက်ပေါ့…"
"ကြည့်စမ်း…သူ့အမေကို များ.."
"ခစ်ခစ်…မကြားတုန်း ပြောတာပေါ့…"
နွယ်က ရယ်သံလေးနဲ့ အတူ လက်ညိုးထောင်ခါ ကလေး တစ်ယောက်လို ပြောတော့ အောင်အောင် ချစ်စိတ်အပြည့်ဖြင့် တစိမ့်စိမ့် ကြည့်နေမိသည်..။
နွယ် နဲ့သာ နေရရင် မောင် သိပ်ပျော်တာပဲ နွယ်ရယ်…။
နွယ့်က ဘာတွေနဲ့ များ မောင့်နှလုံးသားကို အပိုင်သိမ်း သွားခဲ့ပါလိမ့်နော်…။
.
"ဘာပြောလည်း..မောင်.."
"ဆီမ၀ယ်လို့ မဖြစ်ဘူးတဲ့.."
အောင်အောင် အားမရှိစွာ ပြောလိုက်ပေမဲ့ နွယ်ကသိနေတယ်ဆိုတာမျိုး ခပ်တေ့တေ့ ပြုံးခါ အကျီ င်္ လုံချည် စတွေကို ဆွဲခြင်းထဲ ကောက်ထည့်နေပြီ..။
အောင်အောင် ပျာပျာသလဲ ဖြင့် အနားမှာ သွားထိုင်လိုက်ခါ နွယ့်လက်ကလေးကို ဆွဲကိုင်မိသည်..။
"မောင့်ကို စောင့်ပါ နွယ်ရယ်.."
"အိုး..မောင့်ကို စောင့်ရင် နွယ် မိုးချုပ်လိမ့်မယ်.."
နွယ် လက်ကို ဝေ့ရမ်းရင်း ရန်တွေ့သလို ပြောလာတော့ အောင်အောင် သက်ပြင်းချလို့ တစ်ခု ကြံရပြန်သည်..။
ယောက္ခမကလည်း ဆီမ၀ယ်ရင် ဘာနဲ့ ထမင်းစားကြမလည်း ဆိုတာက စလာတော့ မ၀ယ်ပေးလို့လည်း မဖြစ်ပြန်..။
ချစ်ဇနီး ချောလေးက လည်း ရွာရိုး ကိုးပေါက်ကို ခြေလျှင်လျှောက်လို့ စျေးရောင်းထွက်မည်ဆိုတော့ ရင်ပူရပြန်သည်..။
ရွာဓလေ့ ရွာစရိုက်နဲ့ အတူ ထန်းတော အကြောင်း အရက်မူးလာရင် သမီးပျိုလည်း ဖျက်စီးစော်ကား အရယူတက်သည့် ကာလသား တစ်သိုက် အကြောင်းတွေ သိလာရတော့ ပိုဆိုးသည်..။
"မောင့်ကို စောင့်ပါကွာ…မောင် လှည်းကြုံမစောင့်ပဲ ခြေလျှင်ပြန်ခဲ့ပါမယ်.."
"ဟမ်..ဆီပုံးတွေနဲ့.."
"ရတယ်..မောင် နိုင်ပါတယ်…စောင့်ပါနော်.."
နွယ်က အကျီ င်္စကို ကောက်ထည့်ရင်း သက်ပြင်းချခါ အောင်အောင့်ကို ကရုဏာ မျက်၀န်းဖြင့် တစ်ချက်လှန်ကြည့်သည်..။
ခပ်လေးလေး ခေါင်းညိတ်ပြီး လုပ်လက်စတွေကို ပြန်ကောက်ကိုင်ခါ လုပ်နေတော့သည်..။
"မောင်…သွားတော့မယ်…ထားမသွားနဲ့နော်..နွယ်…မောင် စိတ်ဆိုးမှာနော်.."
"အင်းပါ…ဖြည်းဖြည်းသွားနော်.."
"ဟုတ်ကဲ့ပါဗျာ.."
အောင်အောင် ဆီပုံး နှစ်ပုံး ကောက်ကိုင်ပြီး ထော်လာဂျီပေါ် ပစ်တင်လိုက်ခါ အင်ဂျင်လည်း ကိုယ်တိုင် နိုးထားလိုက်သည်..။
"ဟာ..ဘယ်လိုဖြစ်တာတုန်းဟ.."
'မြန်မြန်…ကိုအောင်သိန်း…ကျွန်တော် အလုပ်ရှိတယ်.."
"အေးပါကွာ.."
ကိုအောင်သိန်းက စွပ်ကျယ်ကို လက်ထိုး ၀တ်ရင်း ထွက်လာခါ ထော်လာဂျီပေါ် ရောက်တော့မှ နောက်တစ်ဖက် ထပ်ထိုးရသည်..။
"ဦးလေး..ကျွန်တော့် ကို မြန်မြန်.."
"အိုး..ဘယ်လို ဖြစ်တာလည်း ဆရာရယ်…"
"သွားစရာ ရှိလို့ပါ…"
"အေး..ပါ…အေးပါ မင်းကြည့်ရတာ မောလိုက်တာ.."
အောင်အောင် ခေါင်းညိတ်လိုက်ပြီး ဆီပုံး နှစ်ပုံးကို ဆွဲမခါ ရွာ လမ်းတစ်လျှောက်ကို ပြန်ပြေးရပြန်သည်..။
ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့မိသမျှ ရွာလမ်းတောင် မဆုံးသေး အမောမခံနိုင်တော့လို့ ဆီပုံးတွေချပြီး ခဏ နားရသည်..။
ဆိုင်ကယ် တစ်စီး လောက် ဖြတ်သွားရင် ဆီတစ်ပုံး တင်ပေးလိုက်ချင်ပေမဲ့ အိမ်မရောက်ပဲ ပျောက်သွားမှာလည်း စိုးရသည်..။
အောင်အောင် အမောဖြေပြီးလို့ ဆက်လျှောက်လာတာ တစ်နာရီကျော်လောက် လျှောက်ပြီးတော့မှ အိမ်ရှေ့၀ကို မောမောဖြင့် ဆိုက်ရောက်တော့သည်..။
"ဟူး…ဟူး..ရပြီ..အမေ…"
"အေး..ဆီကို တစ်ခါတည်းထည့်.."
"ဟုတ်ကဲ့.."
နင် မြန်လှချည်လား..လမ်းလျှောက်ပြန်လာတာလား..ခဏ နားပါဦးလား ဆိုတဲ့ စကားတွေကို အစကတည်းကို မျှော်လင့် မထားတာမို့ ဆီတွေကို တစ်ခါ လောင်းထည့်ပြီး အပေါ်ကို ပြေးတက်သွားရသည်..။
"ဟူး..တော်ပါသေ့းရဲ့.."
ထဘီရင်လျားဖြင့် သနပ်ခါးသွေးနေတဲ့ နွယ့် ဘေးနားမှာ အောင်အောင် ပစ်လှဲ အိပ်ချ လိုက်ရသည်..။
နွယ်က သနပ်ခါးသွေးတာကို ရပ်လိုက်ပြီး သနပ်ခါး အနစ်ကို ယူခါ အောင်အောင့် နှုတ်ခမ်းပေါ် တင်ပေးတော့ ပြုံး၍ လက်ကလေးကို ဆွဲခါ နမ်းမိသည်..။
ထိုရနံ့ သင်းသင်းလေးဖြင့် မောလာသမျှ ယူပစ်သလို ပျောက်သွားရသည်..။
"ပြေးလာတာလား.."
"အင်း.."
"ကြည့်ဦး လက်တွေကို ရဲနေပြီ မောင်ရယ်.."
"နွယ်.."
"ဟင်.."
"မောင့်ကို ချစ်လား ဟင်.."
"ဟင်.."
နွယ့်ဆီက မျက်မှောင်လေး တစ်ချက်နဲ့ အတူ မေးပင့်ခါ ထပ်မေးတော့ အောင်အောင် လက်ကလေးကို ဆုပ်ကိုင်ပြီး ပါးမှာကပ်ရင်း..
"မောင့်ကို ချစ်သေးရဲ့လားလို့.."
"ချစ်တာပေါ့ မောင်ရယ်…ချစ်တာပေါ့.."
"နွယ်က အရင်တုန်းက ချစ်တယ်လို့ တဖွဖွ ပြောပေမဲ့ ခုနောက်ပိုင်း မပြောတော့ မုန်းသွားပြီလားလို့ စိုးရိမ်နေရတာပါ.."
"မုန်းစရာလား..မောင်ရယ်.."
"ဟင်း…နွယ်စိတ်ဆိုးနေတဲ့ သုံးညလုံး မောင် အိပ်မပျော်ဘူး.."
"နွယ့်ကို ခွင့်လွှတ်ပါမောင်.."
"မဟုတ်တာပဲ…နွယ့်မှာ စိတ်ဖိစီးစရာတွေ များနေတာ  မောင် နားလည်ပါတယ်…"
အောင်အောင်ရဲ့ အဆီမကင်းချွေးစေးတွေ စိုနေသည့် နဖူးကို ငုံ့နမ်းပြီး ပြုံးခါ သနပ်ခါး ပြန်သွေးတော့ ရင်ထဲ အေးမြသွားရသည်..။
သနပ်ခါးသွေးနေတဲ့ ချစ်ဇနီးရဲ့ အလှတရားလေးကို ကြည်နူးစွာ တစိမ့်စိမ့် ကြည့်ရင်း မောလာသမျှ ရေမသောက်ရပါပဲ ကြည်လင်သွားသည်..။
"ဒီ လင်မယားတွေ ဘယ်တုန်း.."
"ဟိုဘက်ရွာလေ..စျေးသွားရောင်းမလို့…အမေအုန်းရေ…"
နွယ်က ဖြီးလိမ်းပြင်ဆင်လိုက်တယ် ဆိုရင်ပဲ နဂိုအလှတရားတွေက ဆထပ်တိုးပြီး ပေါ်လာတော့သည်..။
ရွာသူတွေတောင် ငေးကြည့် ပြုံးပြ နှုတ်ဆက်ကြတော့ အောင်အောင် ဘေးက ချစ်ဇနီးကို လွတ်လွတ်လပ်လပ် လျှောက်ခိုင်းခါ ဆွဲခြင်းနဲ့ အိတ်ကို သယ်ပေးလိုက်သည်.။
၀င်းမွတ်နေတဲ့ အသားအရည်ပေါ် သနပ်ခါးဝါညက်ညက် ပါးပါး အုပ်လိမ်းထားတော့ သနပ်ခါး သင်းသင်းနဲ့ တစ်ကိုယ်လုံး ၀င်းနေသည်..။
နှုတ်ခမ်း  ပင်ကိုယ်ပန်းသွေးလေးက သနပ်ခါးကြောင့် ပို၍ ပန်းသွေးရောင် ရဲနေတာ နှုတ်ခမ်းနီ ဆိုးစရာတောင် မလို…။
ဆံယဉ်စလေးတွေ ကပိုကယို ကျနေပြီး ကျစ်ဆံမြီး နှစ်ဖက် ခွဲကျစ်ထားတာလည်း ယဉ်လွန်းပါသည်..။
မျက်နှာပေါ်က သနပ်ခါးပါးကွက် မခြောက်တခြောက်လေးကို ငေးရင်း ခုနေများ နမ်းလိုက်ရင် ဗိုက်ကြောပြတ်အောင် လိမ်မှာကို တွေးမိသည်..။
"အိုး..မောင်.."
"ဟင်.."
"ဒုက္ခပါပဲ…တက်.."
လှည်းလမ်း တစ်လျှောက် မြေနီနီ ပေါ်က ဆင်းလျှောက်နေမိတာ နွယ်က လက်မောင်းဆွဲခေါ်တော့မှ သတိ၀င်ပြီး လမ်းပေါ် ပြန်တက်ရတော့သည်..။
"နွယ်.."
"ဟင်.."
"နွယ် ဘာတွေစားပြီး..ဘာတွေ လုပ်ထားလည်း ဟင်.."
"မောင့်ပဲ သုံးတာလေ….ဘာလည်း..ကလေးလိုချင်ပြီ.လာမပြောနဲ့နော်..ခုတောင် ဒီအခြေအနေ ရောက်နေတယ်.."
"အိုးကွာ…မဟုတ်ပါဘူး..နွယ်ကလည်း…မောင် က နွယ့်ရဲ့ ခါးသေး ရင်ချီ ပဒုမ္မနီ ကိုယ်လုံးလေး အလှမပျက်အောင် ဘာတွေ လုပ်လည်း လို့ မေးနေတာ.."
"ခစ်ခစ်..သိပါဘူး.."
သူ့ကိုယ်ခန္ဓာ အလှလေးကို တင်စားပြီး စပ်စုလိုက်တော့လည်း မိန်းမတို့ သဘာ၀အရ ဂုဏ်ယူ ရှက်ပြုံးလေး ဖြစ်လာပြန်သည်..။
မို့မောက်နေတဲ့ ရင်ဘတ်လေးကို ရှေ့ထပ်ထုတ်ခါ ခေါင်းမော့ပြီး သေးကျဉ်းတဲ့ ခါးလေးကို ထောက်ပြသည်..။
"နွယ်တို့က နေထရယ်.."
"အဟား..သိပါတယ်ဗျာ..မောင့် သူငယ်ချင်းတွေဆို ဒီနည်း အရမ်းမေးတာ..သူတို့ မိန်းမတွေ ပုံပျက်ကုန်လို့တဲ့လေ.."
"ဒါတော့ သိဘူး..ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပေါ့.."
"အမယ်…ဘာကုသိုလ်လည်း..အမြဲပုံသွင်းနေတာ မသိတာမှတ်လို့.."
"ဘာ..မောင်နော်.."
"အ..ဒီမှာ နော်…သယ်လည်းပေးရသေး.."
"ဒါလေးများ "
နွယ်က မျက်စောင်းထိုးပြီး ရှေ့ကို ခပ်ဆောင့်ဆောင့် ဆက်လျှောက်သွားတော့ လည်း အောင်အောင့်မှာ မိန်းမဖြစ်သူရဲ့ အလှတရားကို ငေးရင်း ပြုံးမိပြန်သည်..။
"ဟူး…မရတော့ဘူ..မိန်းမရယ်..ခဏနားရအောင်နော်.."
"အိုး..နားလို့ မဖြစ်ဘူး မောင်ရဲ့…အပြန် နောက်ကျလိမ့်မယ်.."
"မောင်ပါတာပဲ ကွာ..ခဏထိုင်ပါရစေ.."
အောင်အောင် မနက်က ဆီပုံးတွေ သယ်ပြီး ပြေးခဲ့တာရော…တစ်နာရီ ကျော် နီးပါး လမ်းလျှောက်ခါ အခု ထပ်လျှောက်ရတော့ ခြေလှမ်းတောင် မသယ်ချင်လောက်အောင် ဖြစ်လာရသည်..။
ခြေသလုံးကလည်း ကြွက်တက်ချင်သလိုလို ဖြစ်လာတော့ အပင်ခြေရင်းမှာ ထိုင်ချလိုက်ပြီး ခြေသလုံးကို ဖျစ်ညစ်မိသည်..။
"ဟင်း..လိုက်ချင်တာလေ…ဘယ်လိုနေလည်း ကိုမြို့သားကြီးရဲ့.."
"နွယ်ရယ်..လျှောက်နေမကျလို့ပါကွာ.."
"ဟွန့်…နေ့ခင်းဖြစ်နေပြီ…စိတ်ညစ်လိုက်တာ…"
နွယ်က ညီးတွား၍ သူ့ခမောက်လေးကို ချွတ်ခါ ယပ်ခတ်ရင်း ဆံယဉ်စတွေကိုလည်း သပ်တင်လိုက်သည်..။
နွယ် နောက်တစ်ခါကျရင် မခေါ်မှာစိုးလို့ အောင်အောင် မတ်တက်ရပ်လိုက်ပြီး ခြေကို ဆန့်ခါ မိသည်.။
နားနေတာ ဆယ့်ငါးမိနစ်လောက် ကြာလာတော့ ခြေထောက်တွေလည်း အဆင်ပြေလာသည်...။
"ဟူး…လာ မြန်မြန် လျှောက်.."
နွယ်က လက်ကို ဆွဲခေါ်တော့ ခြင်းတစ်လုံးကို မပြီး အနောက်က အပြေးလိုက်နေရတာ ခြေထောက်က သိပ်မကြာခင် ပြန်ညောင်းလာပြန်သည်..။
"နွယ်…ဖြည်းဖြည်းလျှောက်ကွာ…မောင့် ခြေထောက်တွေ မခံနိုင်တော့ဘူး.."
"အိုး..ခေါ်လာမိတာ မှားတာ..မှားတာ.."
နွယ်က စိတ်ပျက်စွာဖြင့် ထိုင်ချပြီး မြက်ရိုင်းခြောက်တွေကို လက်နဲ့ ဆောင့်ဆွဲပြီး နှုတ်နေတော့သည်..။
အောင်အောင် လည်း နွယ် ပြောစရာ ဖြစ်နေတာ မခံချင်ပေမဲ့ ကိုယ့် ခြေထောက်က ကိုယ့်ကို ပုန်ကန်နေပြီလေ..။
ချစ်ဇနီး ရဲ့ ငြိုငြင်မှုကို  မခံချင်လို့ နောက်တစ်ခေါက် ပြန်လျှောက်ချိန် ခပ်သွက်သွက်ဖိလျှောက်ပြီး ဝေဒနာတွေကို မြိုသိပ်ဖိနှိမ်ထားရသည်..။
ရွာထဲ ရောက်တော့လည်း နွယ်က မနားပဲ အိမ်ပေါက်စေ့လိုက်၍ ပစ္စည်းပြလိုက် စျေးပြောလိုက် ယူရင် စာရင်း မှတ်လိုက်လုပ်နေတော့ အောင်အောင်လည်း မိုးတိုးမတ်တက်ပင် လျှောက်လိုက်ရသည်..။
"ဟဲ့..နားကြလေ.."
"မနားဘူး..ကြီးမေရေ…မိုးချုပ်မှာ စိုးလို့.."
"အေး..ဟုတ်သား….နင်တို့ ထွက်လာတာ နောက်ကျတာကိုးဟယ်.."
"ဒီမှာလေ…လင်တော်မောင် က မလျှောက်နိုင်လို့ စောင့်ခေါ်နေရတယ်.."
"အေး..နင့်မှာလည်း ဒုက္ခ…အိမ်က ဟာမလေးကိုလည်း ပြောထားတယ်…မြို့သားတော့ စိတ်တောင်မကူးလေနဲ့..နင်တို့ အစ်မနွယ်နွယ်ကို ကြည့်လို့လေ.."
"ပြန်လိုက်ဦးမယ်နော်..ကြီးမေ.."
နွယ်က သူစကားကြောင့် နောက်ဆက်တွဲတွေ ပါလာတော့ အောင်အောင့်ကို အားနာသလို ကြည့်ခါ နှုတ်ဆက်ပြီး ကပျာကယာ ထွက်လာခဲ့သည်..။
စာအုပ်ခေါက်လိုက် အိတ်ထဲ ငုံ့ ကြည့်လိုက်ဖြင့် မျက်နှာပျက်နေရှာတော့ အောင်အောင် သနားလို့ ပါးလေးကို ဖွဖွ ပုတ်လိုက်သည်..။
"ပြီးပြီလား..မိန်းမ…"
"ဟင်..အင်း.."
"ပြန်ကြရအောင်နော်.."
"ဟုတ်.."
အောင်အောင် ဘာမှ မခံစားရသလို ဆွဲခြင်းကောက်ကိုင်လိုက် ပြီး နွယ့်လက်ကလေးကို တစ်ဖက်ဆွဲခါ ထွက်လာခဲ့သည်..။
"အမယ်..အမယ်…ဘယ်သူလေးလည်း လို့ ကြည့်နေတာ.."
"သြော်…ကိုကြီးဖြိုးလေး.."
"အေးဟ…ဘယ်လိုလည်း လင်ရသွားပြီဆို..ဒါ နင့်လင်လား."
"ဟုတ်..ဟုတ်ပါတယ်.."
အရက်သမားလို့ တယိမ်းတယိုင် လျှောက်နေရင်း လမ်းပေါ် ပိတ်ရပ်ထားတော့ အောင်အောင်နဲ့ နွယ်လည်း ရပ်စောင့်နေရသည်.။
"နင်က ယောင်္ကျားရသွားတယ်..ချောတုန်း လှတုန်းပဲဟ.."
"အဟင်း…ဟုတ်လား..ကိုကြီးဖြိုးလေး မိန်းမကော နေကောင်းလား.."
"အေး..ကောင်းတယ်…နင့်ကို သတိရနေတာဟ.."
"ဟုတ်ကဲ့.."
"နင် အပျိုပေါက်တုန်းက ကိုကြီးဖြိုးလေးဆိုပြီး အမြဲလိုက်ကပ်နေတာလေ.."
"ဟုတ်တယ်…နွယ့်က အကိုကြီး အရင်းလိုပဲလေ…ရန်ဖြစ်လည်း ကိုကြီး ဖြိုးလေးကိုပဲ လာတိုင်တာလေ…"
"အေး..အေး..ဟုတ်တယ်…နင်က မှတ်မိသား.."
"ဟုတ်ကဲ့…"
"အခုလို လင်ရသွားတာတော့ ငယ်သေးတယ်ပဲ ထင်တယ်…အေးလေ…ရွာနားက မြက် ရွာနွားမစားဘူးပေါ့.."
နွယ့်တစ်ကိုယ်လုံးကို ဆုန်ချည် စျာန်ချည် ကြည့်ပြီး တစ်ခုချင်းရိနေတော့ အောင်အောင် မခံနိုင်တော့တာနဲ့..။
"ကျွန်တော်တို့ နေ၀င်တော့မှာမို့လို့.."
"ဟေ့ကောင်..ပိတ်ထား…မြို့ကလာတယ်ဆိုပြီး အာဏာ လာပြတာလား..မေးကြည့်လိုက် ငါ ဘာကောင်လည်း ဆိုတာ.."
အောင်အောင့်ရင်ဘတ်ကို ဆောင့်တွန်းလိုက်တော့ နောက်ကို ရိုင်ထွက်သွားပြီး ဒေါသထွက်လာလို့ လက်သီးဆုတ်မိသည်..။
နွယ်က လက်မောင်းကို ကိုင်လိုက်ပြီး နောက်ကိုဆွဲထားခါ
"နွယ် တောင်းပန်ပါတယ်…ကိုကြီးဖြိုးလေး…မိုးချုပ်သွားရင် မီးမပါလို့ပါ…"
"အေး..အေး…သွားတော့…ဟေ့ကောင်…မင်း ကြည့်နေကြည့်စားနော်…ငါ့ညီမ မျက်နှာကြောင့် သည်းခံလိုက်တယ် မှတ်…တောက်စ်…."
အမူးသမားက လက်ညိုးထိုး ကျိန်းခါ အနားကို တံတွေးထွေးပြီး ထွက်သွားတော့ အောင်အောင် အံကြိတ်လိုက်မိသည်..။
"တောက်…"
"မောင်.."
"နွယ်…ဒီအလုပ် မလုပ်နဲ့တော့.."
"ဘယ်လို…"
"ဒီလို လမ်းခရီး..ဒီလို လူစားတွေကို အမြဲတွေ့နေရမှာ…မောင်နဲ့ တစ်နေ့မဟုတ်တစ်နေ့ ပြဿနာ တက်ရလိမ့်မယ်.."
"မောင် မလိုက်ပါနဲ့…မောင့်ကို တစ်မြို့သားမို့ အမြင်မကြည်တာပါ မောင်ရယ်….မောင်သာ မပါလာရင် ..သူတို့အားလုံး နွယ့်ကို ညီမလေးလိုပါပဲ.."
"အိုး..နွယ်..မောင့် မျက်လုံးတွေ နားတွေ အကောင်းကြီးပါကွ…"
"ထန်းရည်သမားတွေက ညနေစောင်းမှ လမ်းရိုးပေါ် ရောက်တာ မောင် မသိလို့လား ဟမ်..အခု နောက်ကျတာ ဘယ်သူကြောင့်လည်း..မောင့်ကြောင့်လေ…မောင့်ကြောင့်…မဟုတ်ရင်…ခုချိန် အိမ်ပြန်ရောက်နေပြီ.."
"ကျစ်…တောက်….မင်းကို ငါ ပြောပြီးပြီနော် နွယ်..ဒါ ..ငါ့အမိန့်ပဲ…"
"ကျွန်မ လည်း တစ်ခါတည်း အပြတ်ပြောလိုက်မယ်…လုပ်မယ်..လုပ်ကို လုပ်ရမယ်…နောက်နေ့က စပြီး ရှင်လိုက်စရာလည်း မလိုဘူး..အမိန့်ပေးစရာလည်း မလိုဘူး..ကျွန်မ ငွေ ကျွန်မ လုပ်အားနဲ့ ကိုယ့်အတွက်ကိုယ်လုပ်နေတာ…ရှင် သာ တာ၀န်ကျေရင် ကျွန်မ ငွေရှာစရာလိုသလား ဟမ်…"
"နွယ်…မင်း…ငါကွာ…"
အောင်အောင့် ရင်ဘတ်ကို ဆောင့်တွန်း၍ ရန်တွေ့ ထိုးနှပ်နေတဲ့ စကားလုံးတွေက ပြင်းထန်တော့ ဒေါသတွေကြောင့် တစ်ခုခု လုပ်မိမှာ စိုးရိမ်ရသည်..။
အောင်အောင် ခြေဆောင့်နင်းပြီး ရှေ့က ခပ်သွက်သွက် လျှောက်လာတော့ နောက်ကနေ လိုက်လာသည်..။
သိပ်ချစ်ကြတဲ့ လင်မယား နှစ်ယောက် မှောင်ရီ ဖြိုးဖျ အလင်းရောက်အောက် မှာ တိတ်ဆိတ် ငြိမ်သက်စွာ ဖြင့် ပြန်ခဲ့ကြသည်..။

⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓

အရေးအသားမကောင်းလည်း ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ် နော်
Love U all ❤
#စပိုက်ကာ

သစ္စာတန်ဖိုးWhere stories live. Discover now