Part 4

828 33 0
                                    

သစ္စာတန်ဖိုး
အပိုင်း (၄)
#သစ္စာတန်ဖိုး

"မောင်ရေ…"
"ဘာဖြစ်လို့လည်း..နွယ်..ဘာဖြစ်တာလည်း.."
အောင်အောင်နေ့ခင်း ထမင်းစားသောက်ပြီး အခန်းထဲ ၀င်လှဲနေတုန်း ခေါ်သံထွက်လာတော့ အပြေးအလွှား သွားကြည့်ရသည်..။
ဇနီးဖြစ်သူရဲ့ အပြုံးလေးကို မြင်တော့မှ စိတ်အေးစွာဖြင့် သက်မ ချနိုင်တော့သည်..။
"ဘာဖြစ်လို့လည်း..နွယ်ရယ်…"
"ဘာဖြစ်ရမှာလည်း..ဒီနေ့ အမြတ်ငွေ ရလာပြီ…"
"ဟုတ်လား…ဒါကြောင့် ပျော်နေတာလား.."
"အွင်း..ဒီမှာ..လေးသောင်းကြီးများတောင်…မောင် အလုပ်သွားစရာမလိုပဲ အိမ်မှာ အိပ်လိုက်စားလိုက် လုပ်ရင်း ၀င်လာတဲ့ ငွေတွေနော်.."
"အိုး…တယ်ဟုတ်ပါလား.."
နွယ်လက်ထဲက ထောင်တန်အသစ်ကလေးတွေကို ကိုင်ကြည့်ပြီး အောင်အောင် စိတ်ချမ်းသာစွာဖြင့် ြ့ပုံးလိုက်မိသည်..။
အလုပ်ကို ဖုန်းနဲ့ရှာသလို ကိုယ်တိုင်လည်း လိုက်ရှာတာ မတွေ့ပေမဲ့ ရင်းနှီးထားတဲ့ ငွေတွေကတော့ အိမ်တိုင်ယာရောက် လာပို့ပေးသွားပြီလေ…။
ခြေထောက်မညောင်း နေမပူပဲ အရိပ်မှာ ဇိမ်နဲ့နေရင်း ရတဲ့ ပိုက်ဆံမို့လို့ နွယ့်ရဲ့ အတွက်အချက် တော်ပုံကိုလည်း ချီးကျူးရသေးသည်..။
"နွယ်က တော်လိုက်တာ..မောင် အဲလို မတွက်မိခဲ့ဘူး.."
"အန်တီမာက ပြောတယ်ငါးသိန်းဆိုရင် အမြတ်က သုံးဆယ် ဖြစ်သွားပြီတဲ့ မောင်ရဲ့.."
"သုံးသိန်းထည့်ဖို့ဆို..မောင်တို့မှာ ၀င်ငွေမှ မရှိတာ.."
"နွယ်တို့ တစ်သိန်းထည့်ပြီးသားဆိုတော့ နှစ်သိန်းပဲထပ်ထည့်ရတော့မယ်လေ…မောင်ရယ်.."
"အင်းလေ…နှစ်သိန်း ဘယ်က ရမလည်း..ပြောပါဦး..ရွှေညဏ်ရှင်လေးရယ်…"
"နွယ့် ဆွဲကြိုးလေး ရောင်းလိုက်မယ်လေ…"
"အိုး…ဘယ်ဖြစ်မလည်း..မောင့်ရဲ့ မင်္ဂလာ လက်ဆောင်လေးလေ…."
"မောင်ကလည်း…နွယ် နဲ့ ပတ်သက်တဲ့ ပစ္စည်းတိုင်းက မောင်၀ယ်ပေးတာချည်းပါပဲ..နွယ် တန်ဖိုးထားတာ မောင်သိပါတယ်…အခုက လိုအပ်လာလို့ ပါ ပြီးရင် ပြန်၀ယ်လို့ရတာပဲ မောင်ရယ်.."
နွယ်က မျက်ရည်လေး ဝေ့တက်လာရင်း ဖြေရှင်း ချက် ပေးတော့ အောင်အောင် သက်ပြင်းတစ်ချက်ချလိုက်ခါ နွယ့်ပါးလေးကို ဖွဖွ ဆွဲမိသည်..။
"ရောင်းတော့ မရောင်းပါနဲ့ အချစ်ရယ်…ပေါင်ပြီး ငွေရရင် ပြန်ရွေးကြမယ်နော်.."
"အင်း…အဲလိုလည်း ရတာပဲ…နော်…လုပ်လိုက်မယ်နော်…မောင်…"
"အင်း…မိန်းမ..သဘောပါပဲ…"
အောင်အောင် လေးကန်စွာ ခေါင်းညိတ်လိုက်ပေမဲ့ နွယ်ကတော့ ထောင်တန် အသစ်လေးတွေကို ဖြန့်ပြီး ယပ်ခတ်သလို ဆော့ရင်း ပြုံးပျော်နေသည်လေ..။
"မောင်ရေ…"
နွယ်တို့ စျေးက ပြန်လာတိုင်း သူ့ အန်တီမာ အိမ်ကို ၀င်ပြီးမှ အိမ်ကို ရောက်တော့သည်..။
အိမ်ပြန်ရောက်တိုင်းလည်း ပြောစရာ စကားတွေကို မကုန်မခမ်းနိုင်အောင် ကမ္ဘာ့စီးပွားရေး အထိချိပြီး ပြောတော့သည်..။
"မောင်ဆို…"
"ပြောလေ…မိန်းမရယ်.."
"ဘောလုံး ဂျာနယ်ကို လက်ထဲက ချစမ်းပါ.."
"ချပါပြီ…ကဲပြော…အန်တီမာက ဘာပြောပြန်ပြီလည်း.."
"ဟွင်း…အန်တီမာ ပြောတာ မဟုတ်ဘူး မောင်ရေ…ဒီနေ့ အမြတ်ငွေ ထုတ်တယ်မလား.."
"သြော်..ထုတ်ပြန်ပလား…ထူးဆန်းလိုက်တာ..တစ်ခါမှလည်း မရှုံးဘူး မြတ်ချည်းနေတာပဲ…"
"မောင်ကလည်း…ဒီမှာ…နွယ့် ဆွဲကြိုးလေး ပြန်ရွေးခဲ့ပြီ.."
"ဟင်..ဟုတ်လား..တော်ပါသေးရဲ့ကွာ.."
အောင်အောင့် လက်ထဲ ရောက်လာသည့် ကော်ဘူးလေးနဲ့ တကွ ဘေက်ချာစာရွက်ပါ လက်ထဲ ရောက်လာတော့ ကပျာကယာ ဖွင့်ကြည့်မိသည်..။
တော်ပါသေးရဲ့…။
ဒီဆွဲကြိုးလေးက အောင်အောင် မစားရက် မသောက်ရက် ဖြင့် စုပြီး ၀ယ်ထားခါ နွယ်နဲ့ လက်မှတ်ထိုး လက်ထပ်တဲ့ နေ့က အမှတ်တရ ပေးထားတဲ့ မင်္ဂလာဦးလက်ဆောင်…။
"လာ…ဒီတစ်ခါ မချွတ်ကြေးနော်.."
"ဟုတ်ကဲ့…"
နွယ်က ခေါင်းလေငုံ့ ပေးတော့ အောင်အောင် လည်တိုင်လေးမှာ ၀တ်ပေးပြီး တစ်ချက်နမ်းလိုက်သေးသည်..။
အနားက စျေးဆွဲခြင်းထဲ စပ်စုလိုက်တော့ဒီနေ့လည်း ကြက်သားပါပဲလေ…။
အလုပ်မလုပ်ရပဲ ၀င်ငွေရနေတော့ အစားအသောက်ကောင်းတွေဖြင့် သာ စားလိုက်အိပ်လိုက် လုပ်ဖြစ်နေသည်..
အချိန်ရရင် ကိုစိုးအောင်ဆီကို သွားတွေ့ချင်ပေမဲ့ နွယ်က အလုပ်မရှိပဲ သူ့ကို တစ်ယောက်တည်းထားခဲ့ရင် စိတ်ကောက်တက်သည်လေ..။
နွယ့်ကို ခေါ်သွားပြန်ရင်လည်း ကိုစိုးအောင် ဇနီးက အလုပ်တစ်ဖက် ကလေး တစ်ဖက် နဲ့ နွယ်ကို ဧည့်ခံနေရမှာ အားနာရသည်..။
"နွယ်.."
"ဟင်.."
"မောင်…ကိုစိုးအောင် ဆီ သွားမလားလို့…"
"သွားလေ…မောင်..နွယ်လည်း ဒီနေ့ ပျင်းနေတာ…"
"အင်း…အို…ရုပ်ရှင်ရုံမှာ ရုံသစ်တင်တာပဲ ၀င်ကြည့်ကြမယ်.."
"ဟုတ်လား…ဒါဆို နွယ် အမြန်ချက်လိုက်မယ်…မောင်.."
"အိုကေ..အိုကေ…"
နွယ် မီးဖိုချောင်ဘက် ၀င်သွားတော့မှ အောင်အောင် သက်ပြင်းချပြီး ဂျာနယ်ကို ပြန်ဆွဲယူလိုက်ရသည်..။
ရုပ်ရှင် ကြည့်ပြီး မုန့်စားလျှောက်ပတ်ရတော့မည်..။
ကိုစိုးအောင် အိမ်ကို မလိုက်ပါနဲ့ ဆို ဘယ်သူနဲ့ ချိန်းထားလို့ ဘာတွေ ရှုပ်နေလည်း ဆိုတာ မျိုးဖြင့် ရန်တွေ့လာနိုင်သည်လေ..။
အဖြေကို စိတ်တိုင်းမကျရင် မျက်ရည်ပေါက် ကြီးငယ်ကျခါ စိတ်မကောင်းဖြစ်တက်တော့ အောင်အောင်လည်း ရင်နာရပေါင်းများပြီ..။
စကားအပြောအဆိုကစလို့ အနေအထိုင် အသွားအလာတွေက မိန်းမရမှ ပို၍ ကျွမ်းကျင်လာရသည်..။
"မောင်.."
"ဟင်.."
"အဲလို တိုက်လုံးချင်းလေးတွေ ဘယ်လောက်လည်း မသိဘူးနော်.."
လမ်းလျှောက်နေရင်း ဘေးဘက်ကို လက်ညိုးထိုးပြတော့ အောင်အောင် လှမ်းကြည့်လိုက်တာ ကားလေး တစ်စီး ၀င်သွားတဲ့ ခြံ၀န်းကျယ်လေးနဲ့ အလယ်မှာ တိုက်လှလှလေး တစ်လုံး…။
"စျေးကြီးမှာပေါ့….မောင်လည်း မသိဘူးလေ.."
"အဲ့မှာ နေရရင် ကောင်းမှာပဲ.."
"အခုအိမ်လည်း ကောင်းပါတယ်…မိန်းမရယ်…"
"ကောင်းတာတော့ သိတာပေါ့ မောင်ရယ်…ဒီအတိုင်း သူများတွေ ၀င်သွားတာ တွေ့တော့ နေကြည့်ချင်တာပေါ့..မောင်ရယ်…"
"အင်းပါ…မောင် အလုပ်ရှာနေပါတယ်…အချစ်ရယ်.."
"ဘောလုံးဂျာနယ်ထဲ ရှာနေပြီး…"
"ဒါတော့ မိန်းမ နဲ့ မခွဲနိုင်ဘူးလေ…အစားကောင်းကျွေးပြီး ဘယ်သူက ဆွဲဆောင်နေတာလည်း.."
"ဟွင့်…မကျွေးလည်း ခိုးစား လုစားပြီး."
"ဟား..ဟား…ဘာလည်းကွ…"
"ကြက်သားဟင်း တွေကို ပြောတာလေ…"
"ဟား..ဟား…."
အနားက ချစ်ဇနီးလေးကို ပခုံးကို ဖက်လိုက်တော့ လှူရှင်းနေချိန်မို့ ငြိမ်ခံလိုက်ပါလာသည်..။
မဟုတ်ရင် လမ်းလယ်မှာ ဖက်ရကောင်းလား ဆိုပြီး ဗိုက်ကျောပျက်အောင် လိမ်တက်သေးသည်လေ…။
"မောင်ရေ…မောင်…"
"အန်တီမာ က ဘာပြောပြန်ပြီလည်း.."
"မောင်သိရင် အံသြသွားလိမ့်မယ်.."
"ဘာလည်း…မိန်းမရယ်…လူကို စိတ်ပူအောင် မျက်လုံးလေးကလည်း ပြူးထားသေးတယ်.."
"နွယ်တို့ အခန်းနဲ့ တိုက်လုံးချင်းလဲလို့ရတယ်တဲ့လေ…"
"ဟင်..ဟုတ်ပါ့မလား..ပိုက်ဆံ ထပ်လိုက်ရမယ်မလား.."
"ဟုတ်တယ်…အဲလို.."
နွယ်က ပြောနေရင်း စိတ်မရှည်သလို အနားမှာ ဆွေ့ခနဲ့ ထိုင်ချခါ ရှေ့ကို တိုးလာသေးသည်..။
"ပိုက်ဆံထပ်လိုက်ဖို့ မောင်တို့မှာ များများစားစားမှ မရှိတာ.."
"ပိုက်ဆံ မလိုဘူး..အမြတ်ငွေထဲက ပဲ ခွဲပေးပါတဲ့…ကြေတဲ့ အထိပေါ့.."
"ဟင်…မဟုတ်သေးဘူးလေ…ငွေအကွာကြီးကို ဒီလောက်လေး ထပ်ထည့်ပေးရမယ်ဆိုတော့.."
"မောင်ကလည်း…နွယ်တို့အိမ်က လမ်းဘက်ကျတာကိုး.."
"မောင်လည်း..အိမ်စျေး မြေစျေး မသိပါဘူး…နွယ်ရယ်…ဒီအိမ်တောင် ကိုစိုးအောင် အစအဆုံး လိုက်လုပ်ပေးထားတာပါ…"
"မောင်..နော်…လမ်းထိပ်က တိုက်လုံးချင်းလေးနဲ့ လဲရမှာ မောင်ရဲ့.."
"တစ်ယောက်ယောက်နဲ့ တိုင်ပင် သင့်တယ် ထင်တယ်…"
"မောင်ကလည်း..အန်တီမာက နွယ်တို့ အတွက် လုပ်ပေးနေတာပါ.."
"ဟုတ်ပါတယ်…မောင်နားလည်ပါတယ်…ဒါပေမဲ့ ပိုက်ဆံချည်းပဲ ၀င်နေတာ တစ်မျိုးပဲလေ…မောင်လည်း လခစားသမားမို့ …ကိုယ်ပိုင်...စီးပွားရေးဆိုတာ ဘာမှန်းမသိပေမဲ့ ကုမ္ပဏီကြီးတွေတောင် အတိုက်အခိုက် အတက်အကျ ရှိတယ်လေ…သူ့ဟာက ပိုက်ဆံချည်း လှိမ့်ပေးနေတာ ဘာတွေ ဘယ်လို ရနေလို့လည်းမှ မသိတာ မိန်းမရယ်…"
"နွယ်တို့ချည်းပဲ မဟုတ်ပါဘူး…တခြားသူတွေလည်း ဒီလိုပဲ လုပ်နေတာပဲလေ…"
"ကိုယ့် အခြေအနေနဲ့ ပဲ ရောင့်ရဲနေပါ မိန်းမရယ်…မောင်လည်း အလုပ် တစ်ခု ရှာနေတယ်…ရတဲ့ နေရာတွေက ဝေးလို့ မလုပ်သေးတာပါ...."
"နွယ်က လောဘ ကြီးပြီး မရောင့်ရဲတက်တာ မဟုတ်ပါဘူး မောင်ရယ်…အဟင့်…"
"အို…မောင် ဒီလိုလည်း မပြောရပါလား..အချစ်ရယ်…ဘာလို့ ငိုတာလည်း ဟင်…အိုး…တိတ်ပါကွာ.."
တသိမ့်သိမ့် ရှိုက်ငိုနေတဲ့ ချစ်ဇနီးကို ကပျာကယာ ဆွဲဖက်လိုက်ခါ မျက်ရည်တွေ ပြိုဆင်းမလာခင် လက်နဲ့ သုတ်ပေးနေရသည်..။
နွယ့်ခမျာ ဘယ်လောက် တင်းတိမ်ရောင့်ရဲတက်လည်း ကိုယ်အသိဆုံးပါပဲလေ..။
လက်ထပ်ပြီးစ အဆောင်မှာ ချို့ချို့တဲ့တဲ့ နေရတုန်းကလည်း တစ်ချက် မညီးညူပါပဲ အောင်အောင်နဲ့ လိုက်နေပေးသည်..။
မိုးသည်းတဲ့ညဆိုရင် မိုးစက် မကင်းတဲ့ အခန်းထဲ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ရင်း ဖြင့်သာ သည်းခံပေးခဲ့သည်..။
အပေါင်းအသင်း သူငယ်ချင်းတွေ ၀တ်စားထားတိုင်း အားကျပူဆာတာမျိုး မရှိပဲ အောင်အောင့်လက်ကိုချိတ်ရင်းဖြင့်သာ ပျော်နေတက်သည်မလား..။
အောင်အောင် ဘာမှ သေချာ မစဉ်းစားတော့ပဲ ချစ်ဇနီး စိတ်ကြိုက်သာ ခေါင်းညိတ်ပေးလိုက်တော့သည်.။
"မောင်ရေ…မောင်ရေ…"
'ဟင်..ဘာဖြစ်တာလည်း..နွယ်.."
"မေမေ…မေမေ…မူးလဲလို့တဲ့မောင်…"
"ဟင်..ဟုတ်လား…"
"အဟင့်..ဟင့်…နွယ် ဘာလုပ်ရမလည်း ဟင်.."
"မေမေ့ ဆီကို သွားရမှာပေါ့..မိန်းမရယ်…ဟင်း…မောင်တော့ လိုက်လို့ မရဘူးနဲ့ တူတယ်.."
အောင်အောင့် စကားကြောင့် ဇနီးဖြစ်သူရဲ့ မျက်ရည်တွေက ပိုပြီး ရေချိန်မြှင့်ခါ မနားတမ်းပြိုဆင်းလာတော့သည်..။
အောင်အောင် နဲ့ နွယ်ကို အဒေါ်က လည်း သဘောမတူသလို နွယ့်မေမေ့ကလည်း အိမ်ရိပ်တောင် ပြန်မနင်းဖို့ အမိန့်ထုတ်ပြီးသားလေ…။
နေမကောင်းတဲ့သူကို ဒေါသထွက်အောင် မလုပ်ဖို့ ဆိုရင် အောင်အောင် ကျန်ခဲ့မှ ဖြစ်မည်..။
နွယ့်လို သမီးချောကို ဆုံးရှုံးထားရတဲ့ နွယ့်မေမေ က အောင်အောင့်ကို တွေ့တာနဲ့ သတ်ချင်နေမှာပါ…။
"မောင်…အားလုံး ပြင်ဆင်ပေးလိုက်ပါ့မယ်.."
"မလုပ်ပါနဲ့…မောင်…မောင်…မလိုက်ရင် ….နွယ်လည်း.."
"အိုး..နွယ်ရယ်..သွားရမယ်လေ…."
"မောင်ပါ လိုက်ခဲ့ပါ..မောင် က မေမေ့ ကို မုန်းလို့လားဟင်.."
"မမုန်းပါဘူး…အချစ်ရယ်..မောင်လိုက်ရင် မေမေ စိတ်ဖိစီးမှာ စိုးလို့ပါ…"
"အဟင့်..မေမေ က ပြောပြီးဆိုပြီးပါ မောင်ရယ်..လိုက်ခဲ့ပါနော်…"
"ဒါပေမဲ့…"
"မောင့် အဒေါ်ဆီ မလိုက်လို့…မောင်လည်း…ဘယ်လိုက်ချင်ပါ့မလည်း..နွယ်နားလည်ပါတယ်.."
"အိုး..မဟုတ်ဘူး…မောင်က အဲလို သဘောနဲ့ မဟုတ်ပါဘူး…နွယ်မေမေ နဲ့ မောင့်ကြားမှာ နွယ် စိတ်ညစ်ရမှာ စိုးလို့ပါ…"
"စိတ်မညစ်ပါဘူး..လိုက်ခဲ့ပါနော်…နွယ် မောင်နဲ့ မခွဲနိုင်လို့ပါ မောင်ရယ်…"
"အင်း…အင်း…မငိုနဲ့ တိတ်တော့…"
ချစ်ဇနီးကို ချော့ရင်းဖြင့် ယောက္ခမ ရဲ့ မျက်နှာကို မြင်ယောင်လာတော့ အောင်အောင် စိတ်ရှုပ်စွာဖြင့် သက်ပြင်းခိုးချရတော့သည်..။
ဘယ်တက်နိုင်ပါ့မလည်း…သူ့သမီးကို ချစ်မိတော့ သူ့အမေလည်း ကိုယ့်အမေပေါ့ နွယ်ရယ်..။
ရန်ကုန်မှ နှစ်နာရီကျော်သာ ကားစီးရတဲ့ ရွာ တစ်ရွာမှာ နွယ်ရဲ့ မေမေ တို့ နေသည် …။
အောင်အောင်မှာ နွယ့်ကို တွေ့တော့ ရန်ကုန်သူလို့ပဲ ထင်မိသည်..။
ရွာမှာဆို သူဌေးစာရင်း၀င်တဲ့ နွယ်တို့ မိသားစုကြောင့် နွယ်ကလည်း ၀တ်နိုင်စားနိုင်သည်..။
အောင်အောင် နဲ့ ချစ်စတုန်းကဆိုရင် နွယ့် အတွက် လက်ဆောင် ၀ယ်ပေးရင် အားလုံး ရှိပြီးသားဆိုတာချည်းသာ..။
ဒါကြောင့်လည်း အောင်အောင်လို အညတရနဲ့ နွယ်ကို သဘောမတူနိုင် အောင်  သမျောခဲ့တာ ဖြစ်ပါလိမ့်မည်…။
အခုတော့ မမြင်ဖူးပေမဲ့ ဖုန်းနဲ့ အဆဲခံရဖူးသည့် ယောက္ခမ တိုင်းပြည်ဆီကို ရှေ့တောမှောက် အရောက် ခစား၀င်ရတော့မည်လေ..။
"ဒါ နွယ်တို့ ရွာပဲ မောင်ရဲ့.."
"မောင် ဆိုင်းပုဒ်အောက်မှာ ထိုင်စောင့်နေလိုက်မယ်.."
"ဘာဖြစ်လို့လည်း..ဟင်..မလိုက်ချင်လို့လား.."
"ကြည့်ဥင်္ီးလေ…မောင် မလိုက်ရ တဲ့.."
"ခစ်ခစ်..ကလေးတွေ ဆော့ထားတာပါ..ထပါ မောင်ရဲ့…"
ပိတောက်ပင် အရိပ်အောက်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ အောင်အောင့်ကို ချစ်ဇနီးက ရယ်သံလေးဖြင့် တွဲထူတော့ ထလာခဲ့ရသည်..။
လယ်ကွင်းတွေကို ဖြတ်ပြီး လယ်ကန်သင်းပေါင်ပေါ်က လျှောက်သွားရတာ အသည်းတအေးအေး ဖြစ်ရသည်..။
မဆုံးတဲ့ လယ်ကွက်စိမ်းစိမ်းတွေနဲ့ အတူ ငှက်တွေ အုပ်ဖွဲ့ ပျံသန်းနြေ့ပီး ကျွဲ နှစ်ကောင် က လယ်ကွင်းထဲမှာ ရပ်နေသည်..။
"မိန်းမတို့ ရွာလေးက သာယာလိုက်တာ.."
"မောင် မမြင်ဖူးလို့ပါ…ရွာသားတွေက လည်း ဖော်ရွေပါတယ်.."
"အင်း…ရွာသူလေးတွေလည်း သဘောကောင်း ပြီး ချစ်စရာကောင်းတယ်.."
"မောင်နော်.."
နွယ့် ရဲ့ လက်က ဗိုက်ဆီကို ဦးတည်လာတော့ နောက်ဆုတ် ရှောင်လိုက်ပြီး လက်ကလေးကို ဖမ်းလိုက်ခါ
"ရွာသူ့ နွယ့်ကို ပြောတာပါဗျာ.."
"ဟင်း..သက်သာသွားတယ်မှတ်.."
"ဟုတ်ပါပြီဗျာ…"
တူနှစ်ကိုယ်လက်တွဲပြီး အစိမ်းရောင် ပတ်၀န်းကျင်ကို ငေးရင်း လမ်းလျှောက်နေရတာလည်း စိတ်ချမ်းသာစရာပင်..။
ရွာထဲ ၀င်တော့ ဟိုအိမ်ကြည့် ဒီအိမ်ကြည့်ဖြင့် အိမ်ရှေ့ထွက်ခါ စပ်စုသူက စပ်စု ကြသည်..။
"ဟယ်…မိနွယ်မလား.."
"ဟုတ်ကဲ့…အရီး.."
"အေး…အေး..ဒီကောင်မလေး…ကြီးသွားလိုက်တာ..ညည်း လင်ရပြီဆို..ကလေးကော.."
"က..ကလေး မရှိပါဘူး…"
"သြော်…အေး…ဒါ ညည်းလင်လား.."
"ဟုတ်ကဲ့.."
"အင်း..နင်လည်း လှသလို ယောင်္ကျားကလည်း..ခန့်ပါတယ်..လိုက်တယ်..နေနဲ့လပဲ.."
"ဟုတ်ကဲ့.."
နွယ်က ရှက်ရှက်ဖြင့် ခေါင်းငုံ့ လျှောက်တော့ အောင်အောင် စချင်လို့ ခါးလေးကို လက်ညိုးထိုးလိုက်တာ မျက်စောင်းထိုးပြီး လက်ကို ဆွဲယူသည်..။
အောင်အောင် ကျောပိုးအိတ်ကို ဆွဲတင်ပြီး အိမ်မဲကြီး ကို ကြည့်ခါ တစ်ရွာလုံးမှ အကြီးဆုံး အိမ်ဆိုတာ သတိထားမိသည်..။
အိမ်၀န်းထဲမှာ တစ်ခုခု လုပ်နေသလို စက်သံတွေနဲ့ ဆူညံနေတာကို ငေးနေချိန် နွယ်က ခြံ၀န်းထဲ ၀င်သွားပြီ..။
"နွယ်.."
"အိုး..မေ့လို့ မောင်ရယ်…မေမေ့ကို စိတ်ပူနေလို့ပါ…"
အောင့်အောင့်  လက်ကို ဆွဲပြီး အိမ်ပေါ်တက်တော့ ဖိနပ်ချွတ်ခါ် ဘေးလှေကားတွေကို လိုက်တက်ရပြန်သည်..။
"မေမေ…."
"ဘာတုန်း…"
"အစ်မမိနွယ်လာတယ် မေမေ.."
"မရှိဘူး..ငါ့မှာ မိနွယ်ဆိုတဲ့ သမီး မရှိဘူး…တကယ်တဲ အမေတစ်ယောက်ကို မွေးကျေးဇူးမှ မထောက် အခေါ်အပြောမလုပ်ပဲ ထားတာ…ငါက ပိုပြတ်တယ်ဟဲ့...."
"နွယ်မှားပါတယ်…မေမေရယ်…နွယ့်ကြောင့် မေမေ စိတ်ညစ်နေရမှာစိုးလို့ပါ…ဟင့်..ဟင့်.."
"တော်စမ်းပါ…ဘယ်မှာလည်း..နင့်ယောင်္ကျား…ဘာလည်း..သူက ငါ့သမီးကိုပိုင်သွားလို့..ယောက္ခမကို ဂရုစိုက်စရာမလိုဘူးဆိုပြီး လိုက်မလာဘူးပေါ့လေ…"
"အဟင့်…ဟီး.."
"ကျွန်…ကျွန်တော်…ဒီမှာပါ အမေ…"
ယောက္ခမက မမြင်လို့လား..မြင်ရဲ့နဲ့ စောင်းမြောင်းပြောနေတာလား မသေချာသေးပေမဲ့ အောင်အောင် ခေါင်းထောင်ပြီး နှုတ်ဆက်ပေးလိုက်ရသည်..။
"ဟင်း…ပြောရင်လည်း…ငါက ဆိုးတယ်ပေါ့လေ…."
"ကဲ ပါ မေမေရယ်…စိတ်လျော့ပါ…စိတ်ကြောင့် မူးလဲ ထားတာနော်…"
"ဟင်း..ဟုတ်ပါတယ်.."
"မေမေ ဘာဖြစ်တာလည်း ဟင်..ဆရာ၀န် ဘာပြောလည်း ဟင်.."
"ဘာမှ မပြောပါဘူး..မမရယ်...မနေ့တုန်းက အပေါ်စက်ကြီး အခိုးခံရလို့ ဒေါသထွက်ပြီး သတိလစ်သွားတာပါ.."
"ဟင်..မေမေရယ်..ဖြစ်ရလေ…ပြန်၀ယ်လည်း ရသားနဲ့ စိတ်ကို ဘာဖြစ်လို့ ဒုက္ခပေးရတာလည်း.."
"ဟဲ့..ဒီအပေါ်စက်က အသစ်၀ယ်ထားတာဟဲ့..စျေးကလည်း ကြီးလိုက်တာ မပြောပါနဲ့..နောက် ဆယ်နှစ်တောင် ၀ယ်နိုင်မယ် မထင်ဘူး..အမလေး…."
"မဟုတ်တာ မေမေရယ်…သမီး၀ယ်ပေးပါ့မယ်.."
"ညည်းတို့ကြည့်ရတာ အဆင်ပြေပုံပါပဲ…"
"ဟုတ်ကဲ့…ပြေပါတယ်..မေမေ."
"သားသမီး မယူသေးဘူးလား.."
"ဟုတ် တစ်နှစ်လောက်နေမှ ယူမယ်.."
"အင်း..ဟဲ့..ကောင်မ…ကြည့်စမ်း…နင့် ဦးနှောက်က ဘယ်မှာ အသုံး၀င်သလည်း.."
နွယ့် မေမေ က သူ့သမီးအငယ်ကို ခေါင်းခေါက်တော့မှ ဗိုက်ကို သတိထားမိတော့သည်လေ..။
အနားမှာလည်း ကလေး တစ်ယောက်က နှာခေါင်း တရှုံ့ရှုံ့ ဖြင့် သူ့အမေ အကျီင်္ စကို ဆွဲကိုင်ထားသေးသည်..။
"လင်ယူတာ ရှေ့ဆင့်နောက်ဆင့်…ဒင်းကျတော့ တစ်ယောက်နဲ့ တစ်ဗိုက် ဖြစ်နေပြီ…"
"ငယ်တုန်းယူတာလည်း ကောင်းပါတယ်..မေမေရယ်…မေမေ ဘယ်သွားမလို့လည်း..နွယ်လိုက်ပို့ပေးမယ်.."
"အောက်က ဆန်စက် ကို သွားကြည့်မလို့.."
"သမီး..လိုက်ပို့မယ်.."
"အေး…လာ…အမလေး…ငါ့သမီး အချော အလှလေး မြို့က ပြန်လာပြီ…ဟဲ့…နွေဦး.."
"ရှင်..အရီး.."
"ဟဲ့…ဧည့်သည်စားဖို့ အသား တစ်ခုခု စီစဉ်ပေးဦး…"
"ဟုတ်ကဲ့…"
"ဟိုကောင်လေး…နင် ဘာစားချင်သလည်း ပြောလိုက်.."
"ဟို..ဟုတ်ကဲ့…ရပါတယ်..အမေ ကျွန်တော် ဘာမဆို စားတက်ပါတယ်…"
"အောင်မယ်…လာလာချည်သေး…"
အောင်အောင့်ကို မျက်စောင်းထိုးသွားပေမဲ့ မျက်နှာထားက အပြုံးဝေနေလို့ သက်မချနိုင်တော့သည်လေ..။
နွယ်က သူ့ အမေ နဲ့ လိုက်သွားတော့ အောင်အောင့်မှာ ဘယ်ချောင်ကပ်ပြီး ဘယ်နား ထိုင်ရမလည်း မသိလို့ အောက်ကို တစ်ခါ ပြန်ဆင်းလာခဲ့ရသည်..။
အိမ်နောက်ဘက်နားမှာ ဝါးထရံကာထားတဲ့ စက်တွေ ရှိပြီး လူလေးငါးယောက်လည်း အလုပ်လုပ်နေကြသည်.။
"ဟဲ့….အောင်သိန်း.."
"ဗျာ.."
"နင့်မလည်း…မိုးလင်းမိုးချုပ် ထရည် ဆိုင်မှာချည်းပါပဲလား ဟေ.."
"ကျုပ် အလုပ် ကျုပ်သိပါတယ်…ဒါကြောင့် ပြန်လာတာပေါ့…ဘယ်မှာလည်း…မိနွေး..ဟဲ့..မိနွေး.."
"လာပြီတော်.."
ကိုယ်၀န်ဆောင်နဲ့ အမျိုးသမီးက လှေကားကနေ ခါးထောက်ရင်း ဆင်းလာတော့ အရက်မူးနေတဲ့ လူက အပင်အောက်ကွပ်ပျစ်ပေါ် လှဲအိပ်တော့သည်..။
"ဒါ မမနွယ် ရဲ့ ယောင်္ကျားလေ…"
"ေ့သြာ်…အေး…မင်းက မြို့သားပဲ…အသား တော်တော် ဖြူသားကွ…"
"ဟုတ်ကဲ့..ကျွန်တော် အောင်မိုးသူပါ.."
"အေ့..ငါက အောင်သိန်း…မိနွေး ယောင်္ကျား..မင်းနဲ့ငါ ၀ဋ်ဖော် ၀ဋ်ဖက်တွေပေါ့ကွာ..ချစ်ချစ်ခင်ခင်ပေါ့.."
"ကိုအောင်သိန်း…ရှင် သွားတော့ သွား…"
ကိုယ်၀န်နဲ့ အမျိုးသမီးက သူ့ယောင်္ကျားကို ပခုံးကနေ ဆောင့်တွန်းလွတ်တော့ ဟိုကလည်း စောင်ပေပေ ကြည့်ပြီးမှ အိမ်အောက်ထပ် အခန်းထဲ ၀င်သွားတော့သည်..။
နွယ်နဲ့ ယောက္ခမကြီး က ခပ်လှမ်းလှမ်းမှာ စကားပြောနေတော့ အောင်အောင်လည်း ကွပ်ပျစ်ပေါ် ထိုင်ရင်း ပတ်၀န်းကျင်ကို လိုက်စပ်စုကြည့်မိသည်..။
အိမ်နောက်ဘက်က ကြက်အော်သံကြားတော့ လည်ပင်းတောင် တံတွေးနင်သလို ဖြစ်သွားရသည်..။
တောဓလေ့..တောစရိုက်ပေါ့လေ…။
"ထည့်စား…သား.."
"ဟုတ်ကဲ့..အမေ…"
"ငါ့မှာ…သမီး နှစ်ယောက်တည်း ရှိတာမလား…သမက်ဆိုတာ လိမ္မာရင် သားလိုပဲ…"
"ဟုတ်ကဲ့.."
"အရီးရေ…ဧည့်သည် အတွက် ဟင်းလာပို့တာ ဗျို့.."
"အေး….လက်ကြီးရေ…တက်လာ…"
အောင်အောင် ထမင်းစားနေရင်း လှည့်ကြည့်မိတာ ထမင်းသီးမလိုပင် ဖြစ်သွားရသည်..။
လက်ကြီးမှ မဟုတ်တာ တစ်ကိုယ်လုံး စုပ်ချက် အပြည့်နဲ့ လူထွားကြီး တစ်ယောက်က ပန်းကန်ကို ရှေ့မှာ ချပေးပြီး ကျူံ့ကျုံ့ ထိုင်သည်..။
"သြော်…သား..ထည့်စား…လက်ကြီးက အမေ့ တူလေ…သူတို့ ညီအစ်ကို ငါးယောက်ကိုပဲ သားအဖြစ်မွေးထား၇တယ်.."
"ဟုတ်ကဲ့..ကျွန်တော်က အောင်မိုးသူပါ…"
"နွယ့်ကို စောင့်ရှောက်ပေးတာ ကျေးဇူးတင်တယ်ဗျာ…ကျုပ်တို့က ကျုပ် ညီမ နုနုလှလှလေးကို ဘယ်သူနဲ့မှ သဘောတူချင်တာ မဟုတ်ဘူးဗျ…အေး..ခင်ဗျား..မြို့မှာ ကြိုးစားလို့ ရသွားတယ်..မှတ်…အခုတော့လည်း..သဘောတူရတာပေါ့ဗျာ..ဟဲ..ဟဲ…ထည့်စား…ဟိုဘက်ရွာ အမဲဖျက်တော့ ကျုပ်သွားကူပြီး ရလာတာလေ.."
"ဟုတ်ကဲ့…"
အောင်အောင့် ရှေ့က ထမင်းဝိုင်းမှာ ဟင်းအစုံအလင်ဖြင့် ဘယ်ပန်းကန် နှိပ်ရမှန်း မသိဖြစ်နေချိန် နွယ့်ညီမ က ကိုယ်၀န်ကြီးဖြင့် တက်လာခါ ပန်းကန်တွေ ချပေးပြန်သည်..။
"ခြံထွက် မုန့်လာဥလေး…အကို.."
"ဟုတ်ကဲ့…အားနာစရာပဲ…စားပါမယ်.."
"မြို့မှာလိုတော့ ဘယ်ဟုတ်မလည်း…"
"စားလို့ ပိုကောင်းပါတယ် အမေ…"
"ဟုတ်လား…ဟွင်း..ဟွင်း..တော်ပါသေးရဲ့…နွယ်ရေ….ညည်းတို့ဖို့ အပေါ်အခန်းပဲ ပြင်ထားလိုက်.."
"ဟုတ်ကဲ့..မေမေ…"
အောင်အောင် ထမင်းစားတဲ့ စားပွဲဘေးမှာ လိုအပ်တာ လုပ်ပေးတာ နွယ် တစ်ယောက်တည်း မဟုတ်ပဲ လူတွေ များနေတော့ ထမင်းစားရတာတောင် အနှောင့်အယှက် ဖြစ်ရသည်လေ..။
ထမင်းကို ခပ်သွက်သွက် စားလိုက်ပြီး လက်ဆေးလိုက်တော့မှ အလျှိုလျှို သိမ်းပြီး ထွက်သွားကြတော့သည်..။
"မောင်..လာလေ…နားဦးပေါ့…"
"အင်း.."
နွယ် ခေါ်ဆောင်ရာ နောက်ကို လိုက်သွားပြီး အခန်းထဲကို ရောက်တော့ တံခါးကို စေ့ပိတ်၍ ဆွဲဖက်လိုက်ရသည်…။
"မောင်.."
"တော်တော်ရက်စက်တဲ့ မိန်းမ.."
"ဟင်.."
"မောင့် ကို တစ်နေ့ကုန် ပစ်ထားတယ်…မောင့်မှာ ကြောက်လို့ ရင်တောင် တုန်တယ်.."
"အို..ယောင်္ကျားဖြစ်ပြီး ဘာကြောက်စရာရှိလည်း မောင်ရဲ့.."
"ကြောက်တာပေါ့…ဒီပတ်၀န်းကျင် မောင်မှ မရောက်ဖူးတာပဲ…ပြီးတော့ နွယ်က အနားမှာ မရှိတော့ အားငယ်တာပေါ့…"
"ဒါကတော့ မောင်ရယ်….မောင့်ကို အမြင်ကြည်အောင် မေမေ့ကို စည်းရုံးရသေးတယ်လေ…မေမေ အမြင်မကြည်ရင် မလွယ်ဘူး မောင်ရဲ့…"
"သြော်..ဒါကြောင့်လား.."
"အို…မောင်နော်…"
တနေ့လုံး အနေအထိုင် ဆင်ခြင်ထားရသမျှ  အတိုးချပြီး တင်းကြပ်နေအောင် ဖက်လိုက်တော့ ချစ်ဇနီးလေးက ရုန်းဆန်ရင်း ရင်ဘတ်ကို ဖွဖွ ထုသေးသည်..။
"တိုးတိုး…အိမ်မှာလို မဟုတ်ဘူး သိရဲ့လား.."
"အမ်းပါ…တိုးတိုးလေးပဲ ဖက်တာပါ…"
"သွား…လူဆိုး.."
နွယ်ရဲ့ မျက်နှာလေးကို နမ်းရှိုက်ရင်း ပြတင်းပေါက်က ၀င်လာတဲ့ လတ်ဆက်တဲ့ လေနုလေးတွေ သယ်ဆောင်သွားတဲ့ ဆံယဉ်လေးတွေကို သိမ်းဖယ်ပေးလိုက်သည်..။
"ကျေးဇူးတင်ပါတယ်..မောင်ရယ်…"
"ဘာလို့.."
"နွယ်နဲ့ လိုက်လာပေးလို့လေ…"
"နွယ့် မေမေ က မောင့်အမေပါပဲလေ…"
"ချစ်ဖို့ကောင်းလိုက်တာ.."
အောင်အောင့်ခါးကို သိုင်းဖက်ပြီး ပြတင်းပေါက်နေရာက ရွေ့ခါ မျက်နှာကို ကိုင်ပြီး အနမ်း တစ်ပွင့် လက်ဆောင်ပေးတော့ ရင်ထဲ ချိုဆိမ့်မွှေးပျံ့သွားရတော့သည်..။

⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓

အရေးအသားမကောင်းလည်း ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ် နော်
Love U all ❤
#စပိုက်ကာ

သစ္စာတန်ဖိုးWhere stories live. Discover now