Part 5

763 32 0
                                    

သစ္စာတန်ဖိုး
အပိုင်း (၅)
#သစ္စာတန်ဖိုး
"ဟဲ့..လက်ကြီး.."
"ဗျာ.."
"ဟိုကောင်လေးကို ရွာထဲ လိုက်ပြပါလား.."
"နေပါစေ…အမေ…ကျွန်တော် နေတက်ပါတယ်…"
"အေး…ပျင်းနေမလားလို့…"
အောင်အောင် ခေါင်းရမ်းလိုက်ပြီး ကွပ်ပျစ်မှာ သွားထိုင်လိုက်ခါ နွယ့်ကို လိုက်ငေးနေမိသည်..။
နွယ်ကတော့ အိမ်ကို ရောက်ကတည်း က တစ်ချက်မှ အငြိမ်မနေပဲ စာအုပ်တစ်အုပ်ဖြင့် စက်ဘက်ကို ၀င်သွားလိုက် အိမ်နောက်မှာ အလုပ်လုပ်လိုက်ဖြင့်…အလုပ်ရှုပ်နေသည်..။
သူ့အမေ အနားရအောင် တစ်ယောက်တည်း သိမ်းကျုံးလုပ်နေတော့ နွယ့်အမေကလည်း သဘောတွေကျလို့နေသည်..။
"အကို ပျင်းနေပြီလား.."
"မပျင်းပါဘူး ညီမရယ်.."
"အင်း…မမ ပြန်လာတော့ ကျွန်မတို့ လက်တစ်ဖက် ပြန်ရသလိုပဲ..မမ က စက် ကိစ္စလည်း ကျွမ်းကျင်တယ်..စပါးပေး စပါးယူတွေလည်း စာရင်းနိုင်တယ်လေ…"
"သြော်…အင်း.."
"အကိုတို့သာ ဒီကို ပြောင်းလာရင် ကောင်းမှာပဲနော်.."
"ဗျာ…အဲ…အဲဒါကလေ.."
"အေးပေါ့….အလုပ်တွေ ထားပြီး ဘယ်လာလို့ ရမလည်းနော်…"
"မေရီး…ချိုချို.."
"ဟဲ့..စောစောက..နို့မှုန့်ကျွေးပြီးပြီလေ…."
"ဟီး…အီး.."
"အကိုတော့ စိတ်ညစ်နေတော့မှာပဲ…လာ…လာ…"
အသံဗြဲနဲ့ အော်ငိုနေတဲ့ ဘောင်းဘီ မ၀တ်ထားတဲ့ ကလေးကို လက်ဆွဲပြီး ခေါ်သွားတော့ အောင်အောင် သက်ပြင်းချလို့ လိုက်ကြည့်နေမိသည်..။
သူ့ယောင်္ကျားက ဘာလုပ်နေလို့ပါလိမ့်…။
တောရွာ ဆိုတော့လည်း..မိုးလင်းမိုးချုပ် အလုပ်များသည်ပေါ့လေ…။
"သားရေ…ထမင်းစားဖို့လေ…"
"ဗျာ…ဟုတ်ကဲ့.."
မကြာသေးခင်ကပဲ ကောင်ညှင်းပေါင်းနဲ့ ငါးခြောက်ဆီစိမ် ကျွေးထားတာ အစာတောင် မကြေချင်သေး…
ထမင်းစားဖို့ ခေါ်တော့ အောင်အောင့်မှာ ငြင်းရခက်ခက် ဖြင့် ထသွားရတော့သည်..။
"နွယ်.."
"ဟင်.."
"မောင်…ဗိုက်မဆာသေးဘူးနွယ်ရဲ့.."
"အို..ဒုက္ခပဲ…မေမေ ကိုယ်တိုင် ပြင်ပေးထားတာ မစားရင် မဖြစ်ဘူး မောင်ရဲ့..လာ..လာ..နွယ်လည်း လိုက်မယ်.."
လှေကားအဆင်းမှာ  နွယ်နဲ့ တွေ့တာ ကုသိုလ်ကံ ကောင်းသွားခြင်းပင် ဖြစ်သည်..။
နွယ်က ရှေ့က တက်သွားချိန် အောင်အောင် စချင်လာလို့ ခါးအောက်ပိုင်းကို လက်နဲ့ ပုတ်လိုက်တော့ လက်ကို ပြန်ဆိတ်ပြီး ခပ်သွက်သွက် တက်ပြေးသွားသည်..။
"မေမေ…ထမင်းပြင်ထားတာလား.."
"အေး.."
"အိုး..စောကြီးပဲ.."
"ဘယ်မှာစောလည်း..ဆယ်တစ်နာရီ ဖြစ်နေပြီ.."
"နွယ်တို့ ရန်ကုန်မှာဆို နှစ်ချက်ထိုးမှ စားတာ.."
"အေး..ဒီမှာတော့…အဲလောက် အဆာခံရင် အစာအိမ်ပျက်ကုန်လိမ့်မယ်…ထိုင်လေ…သား…"
"ဟုတ်ကဲ့…"
အောင်အောင် ထမင်းဝိုင်းမှာ ၀င်ထိုင်လိုက်တာနဲ့ ထမင်းပန်းကန် အပြည့်အမှောက်နဲ့ အတူ အဆီပြည့်အိုင်နေတဲ့ ဟင်းရဲရဲ တွေက ဆီးကြိုနေပြီ..။
ကိုယ်တိုင်လည်း ဒီလောက် အကောင်းမကြိုက်တော့  ဘေးနားက အရည်သောက်ပန်းကန်ကို အနားကို ရွေ့ယူထားရသည်..။
"စား…သား…မှတ်ကြီးတို့ အမေက ဟင်းချက်လက်ရာကောင်းတယ် သားရဲ့.."
"ဟုတ်ကဲ့.."
အောင်အောင် ပန်းကန်ထဲကို ဟင်းအဆီအနှစ်တွေနဲ့ အတူ ကြက်ရင်ဘုံ တစ်ခုရောက်လာတော့ စားချင်စိတ်မဖြစ်ပဲ ပျို့ချင်လာသည်..။
နွယ့်ကို အားကိုးတကြီး ကြည့်လိုက်တော့ မျက်နှာ မသာမယာဖြင့် ပြန်ကြည့်နေရှာသည်..။
သူလည်း အမေ ကြောက်ရသူပါပဲလေ…။
အောင်အောင် ပြုံးပြလိုက်ပြီး ထမင်းပန်းကန်ကို ဆွဲခါ အားပါးတရ စားပြလိုက်တော့ နွယ့်မျက်နှာက ပြိုတော့မဲ့ မိုးလို ဖြစ်လာပြန်သည်..။
"မေမေ.."
"ဘာလည်း.."
"စက်ထဲကို ဦးဖေ ၀င်သွားတယ်.."
"ဟေ…ဟုတ်လား..ဒီကောင်..ဘာလာလုပ်ပြန်တာလည်း.."
ယောက္ခမ ကြီးက ပြတင်းပေါက်ဆီ ထသွားတော့ နွယ်က လျှပ်တပြတ်  အနားကို ရောက်လာခါ အောင်အောင့် ပန်းကန်ထဲက ထမင်းတွေကို ဆုပ်ယူပြီး နောက် ပြတင်းပေါက်ကို ပစ်ချလိုက်သည်..။
"ဟ.."
အောင်အောင့် ကို လက်ညိုးထောင် ပါးစပ်ပိတ်ခိုင်းတော့ ခေါင်းညိတ်ပြီး ချစ်ဇနီးလေးရဲ့ ကလေးဆန် တဲ့ အမူအကျင့်လေးကြောင့် ပြုံးမိသည်..။
"မရှိပါဘူးဟဲ့.."
"ဟယ်..သား…ထမင်းယူလေ.."
"တော်ပြီ…အမေ..စားလို့ကောင်းတယ်.."
"အေး…အေး…ဟဲ့…နွေဦးရေ…လက်ဆေးရေ…ယူခဲ့…"
ကြက်တောင်စည်းနဲ့ ကောင်မလေး တစ်ယောက်က လက်ဆေးရေဖလား ယူလာပြီး ပြင်ဆင်ပေးသည်..။
"မမနွယ်ကော ဆေးမလား.."
"အင်း.."
"ဟဲ့..နင်က ဘာစားလို့လည်း.."
"ဟို…ကြက်သား နှိုက်စားကြည့်တာပါ မေမေ.."
"တယ်လည်း ငတ်တဲ့ ကောင်မ…"
"ဟိဟိ…ဆေး…မမ.."
နှစ်ယောက်သား လက်ဆေးပြီး လှေကားမှ ကပျာကယာ ပြေးဆင်းလာခါ ခပ်တိုးတိုး ကြိတ်ရယ်ကြမိတော့သည်..။
"ဟယ်…ဇော်ဇော်..ဘာဖြစ်တာလည်း ဟ.."
"မသိပါဘူး…အပေါ်က ထမင်းတွေ ခေါင်းပေါ် ပြုတ်ကျတယ်…"
"အယ်..."
"ဟို..ဟို…ကျီးကန်းတွေ ဘာတွေ နေမှာပေါ့ကွာ.."
"ဟုတ်မယ်…ဒီကျီးကန်းတွေ လေးခွ စာမိတော့မှာပဲ.."
ချာတိတ်ကောင်လေး တစ်ယောက်က ကောင်းကင်ပေါ် ကြည့်ရင်း ကျိန်းဝါးခါ စပါးပြန်သယ်နေတော့ နှစ်ယောက်သား ရယ်မိကြပြန်သည်..။
"ကျီးကန်းတဲ့…အင်..အင်.."
"ဟာ…မောင်က ဘယ်လို ပြောရမလည်း.."
"ဗျိုင်းလို့ပြောပါတော့လား.."
"ဟုတ်ပြီ..ဟုတ်ပြီ..ဟိုကောင်လေး.."
"အိုး..တော်ပြီ…"
အောင်အောင့် ပါးစပ်ကို လက်နဲ့ လိုက်ပိတ်တော့ လက်ကို ဆွဲပြီး ခြံထောင့်နားက ကောက်ရိုးအထပ်တွေဆီ ခေါ်လာမိသည်..။
"အိုး.."
"အဟက်..ခုမှ တောဓလေ့ကို သဘောပေါက်တော့တယ်.."
"ဘာလည်း…မောင်နော်…ဒီမှာ လူကြီးတွေချည်းပဲ.."
"သိတယ်…အဲဒါကြောင့် ကောက်ရိုးပုံနား ခေါ်လာတာလေ…"
"အိမ်နားက ကောက်ရိုးပုံမှာ ချိန်းတွေ့တာ ညဘက်ရှင့် ညဘက်..သိရဲ့လား.."
အောင်အောင့်ရဲ့ ဝဲပျံနေတဲ့ နှာခေါင်းကို မညှာမတာ လိမ်ပစ်လိုက်ခါ ပါးကို ဖွဖွ နမ်းပြီး ထွက်ပြေးသွားတော့သည်..။
ဟူး..လွမ်းနေလို့ပါဆို…မဖြစ်ပါဘူး မြန်မြန် အိမ်ပြန်မှပါလေ..။
"အ.."
ကောက်ရိုးပုံဘေးကို ပတ်ထွက်လိုက်တာ နင်းလိုက်မိတဲ့ ဒုက္ခ…။
အောင်အောင် ခြေဖော့ လျှောက်၍ အပြန်လမ်းမှာ ပေါက်နေတဲ့ မြက်တွေဖြင့် လိုက်သုတ်ရတော့သည်..။
ကတောက်စ်…ချစ်သူမိန်းမကို အနမ်းပေးရမလား မှတ်တယ်..အခုတော့ တလွဲတွေ…။
"နွယ်.."
"ရှူး.."
"အိုး..မေ့သွားလို့..မေ့သွားလို့.."
အောင်အောင် လေသံကို ပြန်လျော့ခါ  တစ်အိမ်ထဲတူတူနေပါလျက် လွမ်းနေရသည့် နွယ့်ခါးသေးလေးကို ဖက်လိုက်သည်..။
ပခုံးနုလေးပေါ် မေးဖိတင်ထား၍ သနပ်ခါးနံ့ အမြဲမွှေးနေတက်သည့် ပါးလေးကိုပါ မွှေးကြူပစ်မိသည်..။
"လက်ကို ငြိမ်.."
"လွမ်းလို့ပါ…မိန်းမရယ်…"
"မောင်နော်…အခန်းအောက်တည့်တည့်မှာ မေမေ အိပ်တာ.."
"မောင်သိပါတယ်ကွာ…နမ်းတာလေးကိုပဲ…"
"မောင့်လက်ကြီး..လက်ကြီး..အို…မောင်ရယ်…မလုပ်နဲ့.."
အောင်အောင့်လက်ကို ခပ်စပ်စပ် ရိုက်ချတော့ ၀မ်းဗိုက်ချပ်ကလေးပေါ် မှ လက်ကို ရုတ်ပေးလိုက်ခါ လက်ကိုဆွဲ၍ အိပ်ယာဘေးမှာ ထိုင်ခိုင်းလိုက်ရသည်..။
"နွယ်.."
"အင်း.."
"မောင် ပြန်ချင်ပြီ…"
"ဟင်.."
နွယ်ရဲ့ စူအောင့်အောင့် မျက်နှာလေး က ချက်ချင်းပြောင်းသွားပြီး ငိုင်ကျသွားတော့ အောင်အောင် အနားကို တိုးသွားမိသည်..။
"မောင်တို့ ရောက်နေတာ ဆယ်ရက်တောင်ကျော်ပြီလေ…"
"အင်း.."
"တိုက်ကလည်း ၀ယ်ပြီးနေခါစ ဆိုတော့ လူမရှိလို့ မကောင်းဘူး….ပြီးတော့ လကုန်ရက်နားနီးပြီဆိုတော့…အန်တီမာလည်း နွယ့်ဆီလာတော့မယ်လေ…"
"ဟင်း..ဒါလည်း ဟုတ်တာပဲ မောင်ရယ်.."
အောင်အောင် ပြန်ချင်လို့ အကြောင်းအရာပေါင်းများစွာ တွေးထားပေမဲ့ နှစ်ချက်တည်းဖြင့်ပင် နွယ်က ရင်ခွင်ထဲ မှီနွဲ့လာချေပြီ..။
ချစ်သူကို ပြန်ပိုက်ထွေးရင်း နဖူးလေးကို အနမ်းတံဆိပ်ခပ်ပေးခါ ပါးလေးကိုဖွဖွ ပွတ်ပေးလိုက်သည်..။
"မေမေ ကိုတော့ ဘယ်လိုပြောရမလည်း မသိဘူး.."
"အလုပ်တွေပဲ အကြောင်းပြလိုက်ပေါ့.."
"အင်း..လိမ်တဲ့ အခါ မောင်လည်း ၀င်ကူပြောနော်…"
"အင်းပါ…"
"ဟင့်…နွယ့်မှာ..တစ်နယ်တစ်ကျေး က ယောင်္ကျားကိုမှ ချစ်မိသွားတော့လည်း…အင့်.."
"တိတ်ပါ နွယ်ရယ်…ဝေးတာမှ မဟုတ်တာပဲကွယ်…နော်..မောင့်ကို ချစ်တယ်ဆို…မငိုပါနဲ့ အချစ်ရယ်.."
"ဟုတ်…အင့်.."
နွယ့်ရဲ့ မျက်ရည်လေးတွေကို သုတ်ပေးရင်း ရင်ခွင်ထဲ မှီစေခါ ချော့သိပ်ပိုက်ထွေးထားမိသည်..။
ဘယ်သူမဆို မိဘကို ခွဲရတဲ့ အခါ ဒီလိုပဲ ဖြစ်တက်ပါသည်လေ…။
"ဟိုကောင်မက ပြန်ချင်တာ ရွနေတယ်…သားရဲ့.."
"ကျွန်တော် အလုပ်ရှိလို့ပါ အမေ…"
"အေးလေ…အမေ ကတော့ ဒီမှာ သူ့ကို အားကိုးရတာကိုးကွယ်…အငယ်မကလည်း ကိုယ်လေး လက်၀န်နဲ့ ဆိုတော့ ..အမေ့မှာ လက်နှစ်ဖက် ပြုတ်နေသလိုပါပဲ…"
"ဟို.."
"အေးပါ…အမေ နားလည်တယ်…ဒါပေမဲ့..သားရယ်…မကြာမကြာလာပေါ့ကွယ်…စီးပွားဆိုတာ အရပ်ဒေသမရွေး လုပ်တက်ရင် ဖြစ်ပါတယ်."
"ဟုတ်ကဲ့…"
"သြော်…မင်းတို့ဆီမှာ အပေါ်စက်တွေ စျေးကြီးလား.."
"အပေါ်စက်….သြော်..မကြီးပါဘူး…အမေ…ကျွန်တော် ၀ယ်ပို့ပေးလိုက်ပါမယ်…"
"အေး..အေး..ကျေးဇူးတင်ပါတယ်..သားရယ်…အပြန်အတွက် လက်ဆောင်တွေ အမေ ပြင်ထားတယ်.."
"အမေ ပင်ပန်းပါတယ်.."
"မပင်ပန်းဘူး..မပင်ပန်းဘူး…မြို့စာလိုမဟုတ်ပေမဲ့ အသုံး၀င်မဲ့ ဟာမျိုးတွေပေါ့.."
"ဟုတ်ကဲ့.."
အောင်အောင် ယောက္ခမ အလိုကျ အားလုံး ဟုတ်ကဲ့ လိုက်ပြီး အိမ်ပြန်ရဖို့ အရေးသာ မျှော်ကိုးတကြီး စောင့်နေမိသည်..။
နွယ်ကလည်း ပြန်ခါနီးမှ ငိုလိုက် နှုတ်ဆက်လိုက်ဖြင့်မို့ အတော်လေး စိတ်ညစ်ပြီးမှ အိမ်က ထွက်ခဲ့နိုင်သည်..။
အလာတုန်းက ပျော်နေသလောက် အပြန်မှာ ငိုပွဲဆင်နေသည့် ဇနီးကို ချော့ပေးရင်း ရင်ထဲမှာ မောလျလျပင် ဖြစ်လာရသည်..။
"မောင်..ဘာလုပ်တာလည်း.."
"ဒီကားဆရာက ပြန်မှာလေ…ခဏစောင့်ခိုင်းတာ..တီဗွီထည့်ပေးလိုက်ချင်လို့ပါ.."
"ချက်ချင်းကြီး မောင်ရယ်.."
"ပိုက်ဆံလည်း ပါနေတာပဲလေ….ခဏနောက်…အကို.."
"ဟုတ်ကဲ့.."
အောင်အောင် ကားတစ်စီးငှားပြီး နီးစပ်ရာ လျှပ်စစ်ပစ္စည်းဆိုင်မှ တီဗွီ၂၂လက်မ ၀ယ်ခါ တင်ပေးလိုက်တော့မှ ချစ်ဇနီးက မျက်ရည်များ အကြား ပြုံးပျော်တော့သည်လေ..။
နွယ်က အိမ်အပြန်လက်ဆောင် တွေ သယ်ပြီး အောင်အောင်က အ၀တ်အစားအိတ်တွေ သယ်ပြီး လမ်းထဲထိရောက်လာသည်..။
"မောင်…သော့က ပြောင်းနေတယ်.."
"အင်း…နေဦး..မောင်ဖွင့်ကြည့်ဦးမယ်.."
"….."
အောင်အောင် အစတုန်းကတော့ သော့ကြပ်နေတယ်ထင်ပြီး လွယ်လွယ်ပြောလိုက်ပေမဲ့ တကယ်ဖွင့်ကြည့်တော့မှ သော့မတူတာ သိလိုက်သည်..။
"ဘယ်လိုဖြစ်တာလည်း.."
"ဟယ်…မောရတဲ့ကြားထဲ..မောင်တော့ သော့မှားခဲ့ပြီထင်တယ်.."
"ဒီသော့ပဲလေ..မိန်းမရယ်..ဒီမှာ မတွေ့ဘူးလား..သော့ချိတ်…"
"ဟင်း…"
"ဟဲ့…နွယ်နွယ်တို့မလား.."
"ဟုတ်တယ်…အန်တီ.."
"နင်တို့ ဘယ်သွားနေကြတာလည်း..ဘာမပြော ညာမပြောနဲ့ ပျောက်သွားလိုက်တာ.."
လမ်းထဲက အမျိုးသမီးက နွယ့်ကို စပ်စုနေတော့ အောင်အောင့် မှာ သော့ဖွင့်ရင်း စိတ်က မရှည်ချင် ဖြစ်လာတော့သည်.။
"မေမေ နေမကောင်းလို့ ရွာပြန်တာပါ အန်တီ..လက်ဆောင်တွေ ပြီးရင် လာပို့မယ်နော်.."
"လက်ဆောင်ကိစ္စထားပါဦး…မာကြည်တော့ လိမ်ပြီး ထွက်ပြေးပြီ အဲဒါ နင်သိလား.."
"ရှင်.."
"ဟင်…"
အောင်အောင် သော့ကို ဒီတိုင်းထားပြီး နွယ်ကအနားကို သွားရပ်ခါ မျက်လုံးပြူး၍ နားထောင်နေမိသည်..။
"ဒီတိုက်ကလည်း သူ့ကိုရောင်းဖို့ အပ်ထားတာတဲ့.."
"ဟင်..ဒါဆို.."
"အေး..အိမ်ပိုင်ရှင်တွေက နင်တို့ကို အိမ်မှာတက်နေလို့ တရားစွဲဖို့ ရှာသေးတယ်…ပစ္စည်းတွေ လမ်းပေါ်ထုတ်ချထားတာ…အောင်အောင့် သူငယ်ချင်း တစ်ယောက် လာတောင်းပန်ပြီး သိမ်းသွားပေးထားတယ်..နင်တို့ ပြန်လာရင် ပြောပေးဖို့ မှာသွားတယ်…စိုးအောင်တဲ့.."
"ဗျာ…"
"ဟင့်..ဟင့်…မောင်ရယ်.."
ကိုယ်တိုင်က ရင်ခုန်စိတ်လှုပ်ရှားရင်း မယုံနိုင်ဖြစ်နေရပေမဲ့ နွယ်က မျက်နှာကို လက်ဝါးလေးနဲ့ အုပ်ခါ ငိုရှိုက်လိုက်တော့ အောင်အောင် ပခုံးဖက်၍ အားပေးမိသည်..။
ထင်တော့ထင်သားပဲလေ…လောကမှာ လွယ်လွယ်ရရင် လွယ်လွယ်ပျက်တက်တယ်တဲ့…။
"ကျေးဇူးတင်ပါတယ်..အန်တီ…လာ..လာ…နွယ်ရယ်..လမ်းသွားတဲ့သူတွေ ကြည့်ကုန်ပြီ…ကိုစိုးအောင် အိမ်ကို လိုက်သွားရအောင်နော်…"
"ဟင့်…"
နွယ်က ခေါင်းညိတ်ပြီး မျက်ရည်သုတ်ခါ အောင်အောင့် နဲ့ အတူ ကိုစိုးအောင် အိမ်ကို သုတ်ခြေတင်ရပြန်သည်..။
"ဟော…လာကြပြီလား.."
"ဟုတ်တယ် အကိုရာ..ရောက်ရောက်ချင်း ရင်၀ ဆီးကန်လိုက်သလိုပဲ.."
"အင်း..မင်းကလည်း ငါ့ကိုမှ မတိုင်ပင်တာကိုကွာ…ကဲ ထိုင်ထိုင်…"
"ဟုတ်ကဲ့.."
အောင်အောင် နဲ့ နွယ့် အတွက် ခုံချပေးပြီး ကိုစိုးအောင်က သက်ပြင်းချခါ ခုံဆွဲလို့ ထိုင်လိုက်သည်..။
ကိုစိုးအောင် နှုတ်ဖျားက ဘယ်လို စကားတွေ ထွက်လာမလည်း ဆိုတာကို အောင်အောင့်မှာ ရင်တထိတ်ထိတ်ဖြင့် နားထောင်နေရသည်..။
"အဖွားကြီးက မင်းတို့ကို အားလုံးအတုတွေနဲ့ လှည့်ပတ်သွားတာပဲ  အောင်အောင်.."
"ကျွန်တော်လည်း အတွေ့အကြုံ မရှိတော့.."
"ဟင်း…မင်းကွာ…ငါတစ်ယောက်လုံး ရှိရဲ့နဲ့.."
"ကျွန်တော်လည်း ခုမှ နောင်တ တွေ တစ်လှေကြီး ရနေပြီ…"
"ထားပါတော့ကွာ..ခံရတာတော့ မင်းတို့ထက် များတဲ့ သူတွေ အများကြီးပဲ..လောဘက လူကို သတ်တက်တယ်..လောဘစိတ်ကို အသုံးချပြီး အမြတ်ထုတ်သွားတာ…ငါလည်း မင်းနဲ့ အဆက်အသွယ်ပျက်နေတာလေ…မင်းတို့လမ်းထဲမှာ ငါ့အသိရှိတယ်…မင်းတို့ အိမ်လေးကို ရောင်းတဲ့သူပေါ့ကွာ..သူက ဖုန်းဆက်ပြီး ကိုစိုးအောင် အိမ်လေးက လူတွေ ဘာဖြစ်တယ် မသိဘူးဆိုတော့ ပြေးရတာကွ.."
"ဟိုကျတော့..တိုက်လေးမှာက ရဲတွေပါရောက်နေတယ်လေ..ပစ္စည်းတွေလည်း ရှာဖွေထားသေးတယ်…ဘာမှမဆိုင်တဲ့ အကြောင်း ငါ မနည်းရှင်းပြရသေးတယ်…ခံရတဲ့ သူတွေက မင်းတို့နဲ့ ဒေါ်မာကြည် ပေါင်းရိုက်ပြီး ထွက်ပြေးတယ်ထင်နေကြတာကွ…"
"ဗျာ…"
"ငါလည်း ရသလောက်ကောက်ခဲ့တယ်..မနက်ပိုင်းကတည်းက လမ်းပေါ်ချထားတော့ တစ်ချို့တွေကလည်း ကောက်ယူသွားကြတာပေါ့ကွာ…ဟိုမှာ ဘီဒို တစ်လုံးတော့ ရတယ်.."
ကိုစိုးအောင် လက်ညိုးထိုးပြတဲ့ ဘီဒိူကို ကြည့်ပြီး နွယ်က ရှိုက်ငိုသလို အောင်အောင်လည်း ငိုချင်သလို ဖြစ်သွားရသည်..။
အိမ်ထောင်ဦးစ အစစအရာရာ ခက်ခဲပင်ပန်းစွာဖြင့် စုဆောင်းထားတဲ့ အိမ်ထောင်ဦး ပစ္စည်းလေးတွေ ထဲမှာ ဘီဒို တစ်လုံးပဲ ကျန်တယ်ဆိုတော့ ရင်ဘတ်ကြီး တစ်ခုလုံး လှိုက်ဟာသွားရသည်..။
ကိုယ်စိတ်ကူးယဉ် ပျော်ရွှင်ခဲ့တဲ့ သုခဘုံလေး တစ်ခု ပျောက်ဆုံး သွားတော့ ဘယ်ကမ်းကပ်ရမှန်းမသိတဲ့ လှေလို ခေါင်းတွေ နောက်ကျိ ရှုပ်ထွေးနေမိသည်..။
"လောလောဆယ် တို့ဆီမှာနေပေါ့ကွာ..နောက်ဖေး အဖီလေးမှာပစ္စည်းထားပေမဲ့ လင်မယား နှစ်ယောက် နေလို့ ရပါတယ်…"
"ကျေးဇူးတင်ပါတယ်ဗျာ.."
"ရပါတယ်ကွာ..ငါ စိတ်မကောင်းတာပါ..မင်းတို့ ဘယ်လို စုဆောင်းထားရတာလည်း ငါလည်း သိသားပဲလေ..မင်းတို့ အိမ်လေးကတော့ လူသစ်တွေတောင် နေနေပြီလေ…ဟင်း…"
"ကျွန်တော် တုံးတာပါဗျာ…တောက်…"
"နွယ်…နွယ်..မကောင်းတာပါ မောင်ရယ်…အဟင့်..ဟင့်…ဟီး.."
နွယ်က တစ်ကိုယ်လုံး တုန်ယင်ရင်း ရှိုက်ငိုတော့ အောင်အောင် စိတ်ရှုပ်တာကို မြိုသိပ်ခါ နွယ်ပခုံးကို ဖွဖွ ပုတ်ပေးလိုက်သည်…။
"မဟုတ်တာပဲ နွယ်ရယ်..မောင်သာ အလုပ်မပြုတ်ရင် ဒီလိုတွေ ဖြစ်မလာပါဘူး..တိတ်တော့နော်…အခုချိန် မှာ နွယ် နေမကောင်းဖြစ်မှာ မောင် အကြောက်ဆုံးပဲ ကွာ..နော်..တ.ိတ်တော့..မောင်တို့ ဘ၀ အောက်ခြေက စခဲ့တာပဲ ခုတဖန်ပြန်စ မယ်လေ..နော်…."
"အင့်..အဟင့်..ဟီး…"
နွယ်က တုန်ယင်ငိုနေတော့ ကိုစိုးအောင်ကလည်း မျက်နှာမကောင်းစွာဖြင့် အလိုက်တသိရှောင်ပေးသည်..။
အောင်အောင် လက်ကလေးကို ဆွဲပြီး ရင်ခွင်ထဲ ထည့်ခါ အငိုတိတ်အောင် ချော့ရင်း မနက်ဖြန် အတွက် ကြိုမောနေမိသည်..။
"နွယ်…ထမင်းစားမယ်လေ…"
"မစားချင်ဘူး မောင်ရယ်…သူများအိမ်မှာ ကပ်နေရတာ တစ်လပြည့်တော့မယ်…နွယ် အားနာတယ်..မျက်နှာတွေလည်း ပူတယ်…ပြီးတော့ရှက်တယ်.."
"ဟင်း…ဘယ်လို လုပ်မလည်းကွာ…မောင်  အလုပ်က လခရရင်တောင် အိမ်ငှားဖို့ အဆင်မပြေသေးဘူးလေ…ကိုစိုးအောင်ကိုတောင် ကျေးဇူးတင်ရမယ် မလား.."
"နွယ်လည်း ကျေးဇူးတင်ပြီး အားနာလို့ပါ.."
"ထမင်းတော့ စားပါကွာ..နွယ်လည်း အလုပ်ရတော့မယ်ဆို…ဟင်.."
"အင်း…ဒါပေမဲ့ အပျိုဆိုပြီး လိမ်ထားရတယ် မောင်…"
"နွယ်က အပျိုရှုံးအောင်လှတာပဲ ယုံကြမှာပါ.."
"ကျစ်..မစစမ်းပါနဲ့ စိတ်တွေ ရှုပ်လို့.."
နွယ့် မေးဖျားလေးကို ကိုင်ထားတဲ့ အောင်အောင့် လက်တွေကို ရိုက်ချလိုက်တော့ ရင်ထဲ ကျဉ်ခနဲ့ ဖြစ်သွားရသည်..။
ဒီလို စလိုက်တိုင်း နွယ့်ဆီက ချစ်မျက်စောင်းလေးတွေပဲ ရခဲ့တာလေ..။
အခုတော့ စိတ်ပျက်တဲ့ ဟန်အမူအရာနဲ့ အတူ ရိုက်ချခံလိုက်ရတာ နားမလည်နိုင်ဖြစ်ရသည်..။
သူများအိမ်မှာနေရတာ…သူက တစ်နေ့ကုန်ဆိုတော့ စိတ်ညစ်ရှာမှာပေါ့လေ…။
စျေးနည်းတဲ့ အဆောင်လေး ဘာလေး ရှာဦးမှပါလေ..။
ကိုယ့်အခန်းနဲ့ ကိုယ်ဆို ရေဖိုး မီးဖိုး က ပါလာဦးမည်..။
ဒီမှာက စားစရိတ်ပေးတာတောင် ကိုစိုးအောင်က ငြင်းဆန်နေလို့ တောင်းပန်ပြီး ပေးထားရသည်..။
အောင်အောင် သက်ပြင်းချရင်း မရေရာတဲ့ အရောင်းစာရေး ဘ၀မှာ ရတဲ့ လခ နဲ့ ဘဝတွေက ထပ်တူမကျသေးပေ…။
"အ…အား.."
"ဟင်..ဘာဖြစ်တာလည်း..နွယ်..ဘာဖြစ်တာလည်း.."
"ကိုက်သွားပြီ.."
အောင်အောင် ရုတ်ခနဲ့ ထပြီး ခေါင်းရင်းက လက်နှိပ်ဓာတ်မီးကို ထိုးခါ နွယ်လက်ထိုးပြတဲ့ နေရာကို ကြည့်လိုက်တော့ ခြေသကြွယ်လေးမှာ သွေးတွေ စို့နေပြီ..။
မြွေတွေ ဘာတွေ ကိုက်သွားသလား ဆိုတဲ့ အတွေးက အောင်အောင့် ရင်ထဲ ဆောင့် ၀င်လာတော့ ကမူးရှုးတိုးဖြင့် ခြေသကြွယ်လေးကို ငုံ့ခါ သွေးကို စုတ်ထုတ်မိသည်..။
"ဘာ..ဘာလုပ်တာလည်း မောင်..အို….ဒုက္ခပါပဲ…"
"ဘာကောင်ကိုက်မှန်းမှ မသိတာ နွယ်ရယ်…ငြိမ်ငြိမ်နေပါကွာ.."
"ကြွက်…မောင်ရဲ့..ကြွက်…နေ့တိုင်း ပတ်လည် လှည့်နေတာ ခြင်ထောင် မဖိမိလို့ ၀င်ကိုက်သွားတာပါ…"
"ဟာကွာ…ဒီသောက်ကြွက်တော့…"
"တိုးတိုး..မောင်…ကိုစိုးအောင်တို့ နိုးသွားရင် အားနာစရာကြီး.."
"အင်း…အရမ်းနာနေလားဟင်.."
"မနာပါဘူး..မောင် တအားစုတ်လိုက်လို့ ထုံတောင်နေပြီ….တွေးပစ်စမ်းပါ မောင်ရယ်…တွေးလိုက်လေ.."
"ကုန်ပြီပေါ့ မိန်းမရယ်..မောင် ဒီလောက် စိတ်ပူနေတာ.."
"အိုး..မောင်ရယ်..ငရဲကြီးတော့မှာပဲ..စိတ်ညစ်လိုက်တာ…"
"စိတ်ညစ်တာ နောက်မှ အခု အရက်ပြန်လေးသုတ်ထားမယ်နော်…နာရင်ပြောဦး…"
အောင်အောင် အရက်ပြန်ပုလင်းလေး ယူပြီး လက်နှိပ်ဓာတ်မီးထိုးခါ ခြေထောက်ကို သုတ်ပေးတော့ နွယ်က ငိုပြန်သည်..။
"မောင်.."
"ဟင်.."
"နွယ့်ကို ဘာလို့ ချစ်တာလည်း ဟင်.."
"အဟား…အဲမေးခွန်း မဖြေနိုင်လို့ လက်ဖက်စပ်စပ်တွေ အများကြီး စားခဲ့ရတယ်နော်…ခုတော့ ပါးသွားပြီ…နွယ့်ဆီမှာ မောင်နှလုံးသားလေး ပါသွားလို့လေ…"
"ဟိ..မောင်ကလူလည်လေးပဲ…လာပါဦး..မောင်ရယ်…မောင့်ကို မပွေ့ရတာ ကြာကြာလှပြီ.."
"နွယ်က စိတ်တို စိတ်ဆတ်နေတာကိုးဗျ…ဒါကြောင့် မောင်က ခပ်ခွာခွာလေး နေပေးရတာလေ…"
"မောင့်ကို နွယ် သိပ်ချစ်ပါတယ်…ဒါပေမဲ့ စိတ်ညစ်အားကြီးလို့ပါ…မောင်ရယ်.."
နွယ်က အောင်အောင့် လည်ပင်းကို သိုင်းဖက်ပြီး မျက်နှာ အနှံ့ကို လိုက်နမ်းနေတော့ ခါးလေးကို ဆွဲဖက်ပြီး စကားတက်တဲ့ နှုတ်ခမ်းလေးကို ဒဏ်ခတ် ပစ်လိုက်သည်..။
⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓

အရေးအသားမကောင်းလည်း ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ် နော်
Love U all ❤
#စပိုက်ကာ

သစ္စာတန်ဖိုးWhere stories live. Discover now