Part 3

1K 41 0
                                    

သစ္စာတန်ဖိုး
အပိုင်း (၃)
#သစ္စာတန်ဖိုး

"အဟွတ်.."
"မောင်ရယ်…"
ဇနီးလေး ရဲ့ သက်ပြင်းချသံနဲ့ အတူ အနားမှာ ခပ်ကျုံ့ကျုံ့ထိုင်ပြီး ရေပတ်၀တ်တိုက်ပေးနေတော့ အောင်အောင် အလိုက်သင့်နေရသည်..။
ကိုယ်တိုင်ဖျားလို့ တစ်ကိုယ်လုံး နှုံးချိနေပေမဲ့ နွယ့်ရဲ့ မသာမယာ မျက်နှာလေးကြောင့် ပိုပြီး စိတ်မကောင်းဖြစ်ရပြန်သည်..။
"ဆေးသောက်ထားတာပဲ..မနက်ကျကောင်းသွားပါလိမ့်မယ်…မိန်းမရယ်…အိပ်လိုက်လေ…"
စကားလုံးတွေကို မနားတမ်းပြောလိုက်ပေမဲ့ စိတ်ထဲက ဘာစကားမှ မပြောချင်ပဲ မှိန်းနေချင်တာ ပါလေ…။
စိတ်ပူတက်တဲ့ မိန်းမ ကြောင့် အသာဖော့ ပြောလိုက်ပေမဲ့ အဖျားတက်တိုင်း လူက တုန်တုန်ယင်ယင် ဖြစ်ချင်လာသည်..။
"ဆယ်နာရီပဲ ရှိပါသေးတယ်…နွယ် မအိပ်ချင်ပါဘူး…မောင့်ကို စိတ်ပူတယ် ဟင့်…ဟင့်..အင့်…"
"အိုကွာ..ဘာ စိတ်ပူစရာရှိလည်း..ရိုးရိုး ဖျားတာပဲ အချစ်ရယ်…လာ…မောင်ဘေးမှာ အိပ်…"
အနားမှာ ၀င်လဲအိပ်လိုက်တဲ့ နွယ့်ကို တစိမ့်စိမ့်ငေးရင်း. သတိ၀င်လာတော့..
"ဟာ..ဒီညတော့ ခွဲအိပ်မှ ဖြစ်မယ်ကွာ…နွယ့်ကို အဖျားကူးလို့ မဖြစ်ဘူး.."
"ရပါတယ်..မောင်ရယ်…ဖြစ်နိုင်ရင် မောင့်ကို ထွေးပွေ့ထားပြီး မောင့်ကိုယ် က ဝေဒနာတွေကို ကူးယူပစ်လိုက်ချင်တယ်…"
"အမလေးဗျာ….မလုပ်ပါနဲ့…"
အောင်အောင် တားဆီးနေပေမဲ့ နွယ်ကတော့ ခါးကို ဖက်ပြီး ရင်ခွင်ထဲကို မရမက တိုး၀င်တာကြောင့် ဘယ်လိုမှ မတက်နိုင်တော့ပဲ ငြိမ်သာ နေလိုက်ရတော့သည်..။
"အဟင်း."
နွယ်က ရင်ခွင်ထဲ အိပ်ပျော်သွားတော့ အောင်အောင့် မှာ ဝေဒနာက တစ်ခု ထပ်ထိုးလာတော့သည်..။
ချောင်းဆိုးချင်လိုက် နှာပိတ်ချင်လိုက်နဲ့ အသံ ပေါင်းစုံ ထွက်လုဆဲဆဲတွေကို မြိုသိပ်ကြိတ်မှိတ်နေရပြန်သည်..။
နွယ်ကတော့ သတိနဲ့ အိပ်တယ် ပြောပေမဲ့ မနက်စောစောထရသူမို့ အိပ်ပျော်သွားခဲ့ပြီလေ…။
"အင့်.."
"ဟယ်..မောင်.."
အောင်အောင် ထိန်းချုပ်ပြီး ချောင်းဆိုးတာကို မြိုသိပ်ပေမဲ့ နွယ်က ရုတ်ရက် ထထိုင်လိုက်ပြီး ပျာပျာသလဲ မျက်လုံး ပြူး၍ စိုးရိမ်တကြီး ဖြစ်နေသည်..။
"ဟင်း…နွယ်တော့ အိပ်ရေးပျက်ပါပြီကွာ…"
"အိပ်ရေးပျက်တာ ဘာအရေးလည်း ပြန်အိပ်ရင် ရနေတာပဲကို..မောင် ဒီလောက် အပူပြန်နေတာ ဘာလို့ မနိုးတာလည်း ဟင်..မောင် သိပ်ဆိုးတာပဲ.."
"အပူပြန်တက်တာ မဟုတ်ပါဘူးကွာ..ချောင်းဆိုးချင်လို့ပါ…နွယ် နိုးသွားမှာ စိုးလို့လေ.."
"ဟွင့်…ဒီလောက်တောင် ဖြစ်ရင် တော်ပြီး မအိပ်ပဲကို ထိုင်စောင့်နေတော့မယ်.."
"ဟာ…မလုပ်ပါနဲ့ မိန်းမရယ်…"
နွယ်က စူအောင့်အောင့်လေး စောင်ကို ဆွဲခွာပြီး ခြေရင်းမှာ ငုတ်တုတ်ထိုင်စောင့်နေတော့ အောင်အောင့်မှာ တားမရမှန်း သိလိုက်ပြီ..။
အနားမှာ ရေပူတွေ ရေအေးတွေနဲ့ ရေပတ်၀တ်တိုက်လိုက် အ၀တ်လဲပေးလိုက်ဖြင့်  ညနက်သည် အထိ မအိပ်နိုင်တဲ့ နွယ်ကို သနားရပေမဲ့ တားမရလို့ ကြည့်နေရသည်..။
"အိပ်ပါတော့….နွယ်.."
"အင်းပါ…နွယ်အိပ်မယ်…မောင်နော် နွယ်ကို ညှာပြီး ပေမနေနဲ့.."
"ဟုတ်ကဲ့ပါဗျာ.."
ဇနီးရဲ့ လက်တစ်စုံနဲ့ ထွေးပိုက်မှုကြောင့် ချမ်းစိမ့်နေတဲ့ အအေးဒဏ်တွေ သက်သာ သွားသလိုလို ရှိခါ အောင်အောင်လည်း ရင်ခွင်ထဲကို တိုး၀င်ပြီး မှိန်းနေလိုက်သည်..။
"မောင်…နိုြး့ပီလား.."
"ဟင်…မိန်းမ နိုးနေပြီလား.."
"အင်း..လာ..ထလိုက်မောင်.."
အောင်အောင့်ကို တွဲထူပေးပြီး ရေအိမ်အထိ လိုက်ပို့ပေးတော့ မနက်စောစော အားနာရပြန်သည်..။
"ဘာလုပ်မလို့လည်း..မောင်.."
"သွားတိုက် မျက်နှာသစ်ဖို့.."
"အောက်ဆင်းမနေပါနဲ့…လာ ပြတင်းပေါက်မှာပဲ လုပ်…နွယ် ရေခပ်ပေးမယ်…ဒီမှာ သွားတိုက်တံ.."
လက်ထဲကို အဆင်သင့်ရောက်လာသည့် သွားတိုက်တံဖြင့် နွယ်ခပ်လာပေးသော ရေဖလားကို ကိုင်ခါ ပြတင်းပေါက်မှာ ခေါင်းထုတ် မျက်နှာသစ်ရသည်..။
"ဖြည်းဖြည်း..မောင်…ခေါင်းတွေ နောက်နေမှာပဲ.."
"အင်း.."
"သတိထားဦး…နွယ်ကို ကိုင်ပါဆို…ဘာလို့ တွန့်တိုနေတာလည်း.."
"ဟား…မတွန့်တိုပါဘူး အချစ်ရယ်..မောင်က နွယ့်ကို သနားနေတာပါ…"
"မသနားနဲ့…နွယ့်မှာ မနက်စောစော မောင်အိပ်နေတာကို ကြည့်ပြီး သနားလွန်းလို့ ငိုမိသေးတယ်.."
"ဟောဗျာ.."
"မောင့်မှာ နွယ့်အတွက် နေပူစပ်ခါးထဲ ခြေတိုအောင် လျှောက်ပြီး ငွေရှာနေရတာလေ…အခုတော့ ဖျားပြီ…မောင့်ဖျားတာ နွယ့်အတွက် မောင်ရှာဖွေရင်း ဖြစ်ရတာလေ..အင့်…ဟင့်…"
"မငိုပါနဲ့..မိန်းမရယ်..ဒီလိုလည်း မဟုတ်သေးပါဘူး…နွယ်က ဇနီးတာ၀န်ကျေတဲ့ မိန်းမ…မောင်လည်း ခင်ပွန်းတာ၀န် ကျေ တဲ့ ယောင်္ကျား ဖြစ်သင့်တာပေါ့..ဟုတ်ဘူးလား…အိမ်ထောင်ဦးစီး ဆိုတာ ငွေမရှာလို့ ဘာလုပ်ရမလည်း…"
"နွယ်တော့ အလုပ်လုပ်ချင်တယ်…မောင့်ကို သနားလို့ပါ…"
"နွယ် အလုပ်လုပ်ရင် မောင်က အိမ်မှုကိစ္စ လုပ်ရမယ်ပေါ့.."
"မလုပ်ရပါဘူး….နွယ်ပဲ လုပ်မယ်..မောင် အလုပ်မလုပ်လည်း နွယ်က မယား၀တ္တရား မပျက်ပါဘူး.."
"ဟာ…ချစ်ဖို့ကောင်းလိုက်တာကွာ…ဘယ်လို ပြောလိုက်တာလည်း ဟင်.."
နွယ့်ကိုယ်လုံးလေးကို ဖက်ပြီး ရင်ခွင်ထဲ ထည့်ခါ မေးလေးကို မချိတင့်ကဲ ဆွဲဖျစ်လိုက်မိသည်..။
"မောင့်ကို ချစ်လို့ပေါ့…"
"အဟား..ဟုတ်ပါပြီ..မောင်တို့ စီမံကိန်း အတိုင်း နောက် တစ်နှစ်နေလို့ ကလေးယူပြီး ကလေးလေး ထွက်လာရင် ဒီလို ချစ်နိုင်ပါဦးမလား.."
"ချစ်မှာပေါ့…သားသမီးတွေက ပူတူးတူးလေးဆိုရင်..ပူတူးတူးလေးဖေကြီးကိုလည်း ပိုတောင် ချစ်မှာပေါ့ရှင့်…"
"ဘာလို့ စကားတွေ သိပ်တက်နေတာလည်း…ဟင်…"
"မောင်နော်…မောင်နော်…နေမကောင်းတာတောင်…ကြည့်စမ်း..သိပ်ကဲတယ်…သွား…"
"အား…မတွန်းနဲ့လေ….နှစ်ယောက်စလုံး ပြုတ်ကျမယ်…လူက နေကောင်းတာမုတ်ဘူးနော်…"
"နေမကောင်းလို့သာ တော်တော့တယ်…"
နွယ်က မျက်စောင်းလေးထိုး၍ မီးဖိုချောင်ဘက်ကို ဆင်းသွားခါ စားဖို့သောက်ဖို့ ပြင်ဆင်နေချိန် အောင်အောင် ခဏ ပြန်လဲနေလိုက်သည်..။
"ရပြီ…ကြက်သားစွပ်ကလေး လုပ်ထားတယ်…မောင်…"
"အာ…စားချင်ဘူး.."
"လုပ်ပြီ…မောင်က ဘာစားချင်တာလည်း.."
"ကော်ပြန့်ကြော်.."
"သိနေတယ်…မောင် နေမကောင်းရင် စားချင်တဲ့ ဓာတ်စာ မှန်သမျှက မတည့်စာ ချည်းပဲလေ.."
"စားချင်တာကို ပြောတာလေ…"
"မရဘူး….နေကောင်းမှ စရမယ်..လာ..ဒါသောက်ပြီး…ဆေးလည်း သောက်ရမယ်.."
"ကော်ပြန့်လေး.."
"တော်..တော်…ခွံလိုက်တာပဲ ကောင်းပါတယ်…ဟ…"
နွယ်က အနားမှာ ဆွေခနဲ့ ထိုင်ချလိုက်ပြီး ပန်းကန်ကို ကောက်ယူခါ ဇွန်းဖြင့် အေးသွားအောင် မှုတ်၍ ခွံပေးသည်..။
အောင်အောင်က တော့ ဇိမ်ကျကျဖြင့် မိန်းမခွံသမျှကို မိန်းမ မျက်နှာလေးငေး၍  စားနေရသည်မို့ မကြိုက်ပေမဲ့ အ၀င်ကောင်းသွားသည်လေ..။
"ကောင်းတယ်မလား..သေချာ ဆီသပ်ချက်ထားလို့လေ.."
"ကောင်းတာတော့ ကောင်းတယ်…ဆီသပ်ချက်ထားလို့ မဟုတ်ဘူး…"
"ဘာလို့.."
"မိန်းမမျက်နှာလေး ငေးပြီး..မိန်းမ ခွံတာ စားလိုက်ရလို့လေ.."
"အိုး..ကောင်းတာပေါ့..ဒါဆို နေ့တိုင်း ဘဲဥချက်ပြီး နွယ် ခွံပေးမယ်…အကုန်အကျလည်း သက်သာ ..မောင်လည်း စားကောင်းမယ်ပေါ့.."
"ဒါပေါ့..မိန်းမ ခွံရင် ဘာမဆိုကောင်းတယ်.."
"အလကား….လူညာ ကြီး.."
နွယ်က ဟင်းမကောင်းတိုင်း ထမင်း ခွံပေးနေကျမို့လို့ အောင်အောင်လည်း ဒီလိုပဲ အမြဲလိမ်ညာပေးရသည်လေ..။
ဟင်းကြိုက်ရင်လည်း တစ်ခါတလေ မစားချင်ဘူးလို့ ပြောရင် နွယ်က နယ်ဖက် ဇွန်းတပ်ခါ ခွံပေးတက်သည်..။
ထိုအခါမျိုးကျရင်တော့ မကြိုက် မစားချင်လို့ မငြင်းနိုင်တော့ပဲ ဇနီးခွံပေးတာ ဆိုတဲ့ အားနည်းချက်ကြောင့် စားရတော့သည်..။
"မိန်းမ…နေခင်းပိုင်း ပြန်အိပ်နော်…"
"အင်းပါ…"
ပန်းကန်ခွက်တွေ စုကိုင်ပြီး အခန်းထဲ က ထွက်သွားတော့ အောင်အောင် အိပ်ယာထဲ ပြန်ခွေနေရင်း သတိပေးလိုက်ရသည်..။
အခုတောင် အိပ်ရေးတွေ ပျက်ထားလို့ မျက်ကွင်းလေး ချောင်နေရှာပြီလေ…။
.
"အရည်အချင်းစစ် စာမေးပွဲ ရလဒ်တွေ ထွက်လာတယ်…မင်းတို့ကို မိသားစုလို သဘောထားပြီး သုံးလခစာ ပေးထားပါတယ်….ကုမ္ပဏီရဲ့ အခက်အခဲတွေကိုလည်း နားလည်မယ်လို့ ထင်ပါတယ်.."
"ဟုတ်ကဲ့…"
"အောင်မိုးသူကတော့ ပျက်ရက်များပေမဲ့ ဆရာတို့ကိုကို အများကြီး လက်တွဲပေးခဲ့လို့ ကျေးဇူးတင်တဲ့ အနေနဲ့ သုံးလခ အပြည့်ထည့်ပေးထားပါတယ်.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်…ဆရာ..ခွင့်ပြုပါဦး.."
သုံးလခ ဆိုတဲ့ ပိုက်ဆံ အထပ်ကို ဘေးလွယ်အိတ်ထဲ ထိုးထည့်ခါ ကုမ္ပဏီက ပြန်ထွက်လာခဲ့ရသည်..။
လခထုတ်ရက်တိုင်း တက်ကြွ လန်းဆန်းနေတဲ့ ခြေလှမ်းတွေက ဒီနေ့တော့ အယောင်ယောင် အမှားမှားဖြင့် ယိုင်နဲ့နေရသည်..။
အလုပ်မရှိရင် ဒီပိုက်ဆံတွေနဲ့ တစ်လစာ စားလို့ လောက်ပေမဲ့ နောက်လကျရင် ဘယ်လိုနေကြ စားကြမလည်းဆိုတာ မတွေးတက်…။
"ကိုစိုးအောင်…"
"ဘယ်လိုလည်း…ထုတ်လိုက်ပြီမလား.."
"အေးဗျာ..လက်ထဲမှာ ပိုက်ဆံက ဒါ အကုန်ပဲ…ကျွန်တော်…ဘာလုပ်ရမလည်း.."
"ငါကတော့ ကိုယ်ပိုင်အလုပ်တစ်ခုခု လုပ်စေချင်တယ်..သုညက စရသလိုပေါ့ကွာ…"
"ဘယ်လို ကိုယ်ပိုင် အလုပ်လည်းဗျာ.."
"အခု နွေပေါက်လာပြီဆိုတော့ မင်းတို့ အခန်းရှေ့မှာ အအေးဆိုင်လောက် စလုပ်ပေါ့ကွာ..နောက်တော့ ရတဲ့ အမြတ်ကလေးနဲ့ ပြင်ဆင်ပြီး ဆိုင် တစ်ခုခုလုပ်လိုက်လေ… မင်းတို့အိမ်က လင်မယား နှစ်ယောက်တည်းမလား.."
"အင်း…ကိုစိုးအောင် ဆိုင်လေးက ရောင်းရသားနော်.."
"ရောင်းရဆိုလို့…ငါ့မိန်းမက အရောင်းအ၀ယ် စိတ်၀င်စားတယ်လေ…သူပဲ ဦးဆောင်နေတာပါ…ငါလည်း အလုပ်လျှောက်ထားတာတော့ များတယ်…မခေါ်သေးဘူး…"
ကုန်စုံဆိုင် အသစ်ကလေးက ဆိုင်ဖွင့်ထားတာ မကြာသေးပေမဲ့ သူ့ဟာနဲ့သူ ၀ယ်သူ မပျက်ရှိနေတော့ အောင်အောင် အားကျမိသည်..။
ကိုယ့်ရက်ကွပ်မှာလည်း ဒါမျိုး ဆိုင်လေး မရှိသေးတော့ ဖွင့်လိုက်ရင် အနည်းအများ တော့ လာ၀ယ်ကြမှာပဲလေ…။
"ကိုစိုးအောင်..ဒီဆိုင်လေး ဘယ်လောက်ရင်းလည်း.."
"နှစ်သိန်းလောက် ရှိမလားလို့..ငါ့မိန်းမမှာတော့ စာရင်း ရှိတယ်…ဘာဖြစ်လို့လည်း.."
"ကျွန်တော်လည်း ဖွင့်ရ ကောင်းမလားလို့ပါ…"
"ကောင်းတာပေါ့ကွာ..ကိုယ်ပိုင် အလုပ်က ကိုယ်လုံလ ဝီရိယ စိုက်သလောက် ညဏ်စွမ်းရှိရင် ကြီးပွားမှာပဲ…"
"အင်း…ကျွန်တော်က ဒီလို အရောင်းအ၀ယ် တစ်ခါမှ လုပ်ဖူးတာ မဟုတ်ဘူး..နွယ်ကလည်း ကျောင်းတက် ဘွဲ့ရ ထားတာ ဆိုတော့ အတွေ့အကြုံ မရှိဘူး.."
"ဒါကတော့ အလုပ်က သင်သွားမှာပေါ့ကွာ..ဘယ်သူက မွေးကတည်းက တက်မလည်း..ငါတော့ အားပေးတယ်…အောင်အောင်…အဲ..အားပေးရတာလည်း..မင်းက ငါ့ညီ အရင်းလို အရာရာ တိုင်ပင်တက်လို့ပါ…မင်းကို အဆင်ပြေ စေချင်တယ်…."
"ဟုတ်ကဲ့..ကျွန်တေ်ာ နားလည်ပါတယ်…အကို.."
အောင်အောင် အိမ်ပြန်လမ်း တစ်လျှောက်မှာ တွေ့ခဲ့ရတဲ့ ကုန်စုံဆိုင်လေးတွေကို လိုက်ငေးရင်း သူ့ဟာသူတော့ ရောင်းသူ ၀ယ်သူ ရှိနေတာကို သတိထားမိသည်..။
တစ်မျိုး မဟုတ် တစ်မျိုး..တစ်ယောက် မဟုတ် တစ်ယောက်တော့ လာ၀ယ်ကြမှာပါလေ..။
သူများ အလုပ်ကို ခြေတိုအောင်လျှောက် အငေါက်ခံပြီး ကျော်ခွ ဖျံကျ လုပ်ရတာထက် စာရင် ဒီအလုပ်က အေးချမ်းပါသည်လေ…။
"မောင်…"
"အာ…ပါး…"
နွယ်က ရေခွက်ကလေး ကိုင်ပြီး အနားရောက်လာခါ လွယ်အိတ်ကို ဖြုတ်သယ်ပေးတော့ ပါးကို အားပါးတရ နမ်းပစ်လိုက်သည်..။
သနပ်ခါးနံ့ သင်းသင်းလေးတွေက  ရေမသောက်ပဲနဲ့ အမောပြေစေသည်လေ..။
နဖူးပေါ်က ဝဲကျနေတဲ့ ဆံယဉ်စလေးတွေကို သပ်တင်ပေး၍ အိမ်ရှေ့ခုံမှာ ထိုင်လိုက်ခါ နွယ်ခါးလေးကို ဖက်လိုက်သည်..။
"ရေသောက်ပါဦး.."
"အမောပြေသွားပြီ…"
"မောင်နော်.."
"တကယ်…လာထိုင်ဦး.."
အနားက ခုံမှာ ထိုင်ဖို့ ရည်ရွယ်နေတာ သိတော့ ပေါင်ပေါ်မှာ ထိုင်ခိုင်းလိုက်ခါ မျက်နှာလှလှလေးကို မော့ငေးမိသည်..။
ကုန်စုံဆိုင်သာ ဖွင့်ရင် နွယ်များ ပင်ပန်းမလား..။
အခုလို နုနုရွရွ လှလှလေး သာ အထိအခိုက် ဖြစ်သွားရင် အောင်အောင်တော့ ရင်ကျိုးရပါလိမ့်မည်..။
"နွယ်.."
"ဟင်.."
"မောင်…ဒီနေ့ လခ ထုတ်လာတယ်.."
"သိသားပဲ…"
"နွယ် ဘာလိုချင်လည်းဟင်.."
"ဘာမှ မလိုချင်ပါဘူး..မောင်ရယ်…"
"နွယ်က သိတက်လိုက်တာကွာ…မောင့်ကို ဘယ်တော့မှ ဘာမှ မပူဆာဘူး..သူများမ်ိန်းမတွေလိုသာ စိန်နားကပ်ကြီး ပန်ချင်တယ် ပြောရင်…မောင်တော့ ရူးပြီ.."
"နွယ်က မောင်နဲ့ တူတူ နေချင်တာပဲ သိတယ်…စားနိုင်သောက်နိုင်ရုံ ၀င်ငွေရှိတယ်..နေ့ရက်တိုင်းကို တူတူနေရတယ်…ဘာလိုသေးလည်း မောင်ရယ်…နွယ်ချစ်တာ စိန်နားကပ်မှ မဟုတ်တာ…မောင်လေ…မောင်ရှိနေရင် ပြည့်စုံပါပြီ…"
"နွယ်က အဲလို သိတော့ မောင် စိတ်မကောင်းဘူးကွာ.."
"ဘာဖြစ်လို့လည်း မောင်.."
"နွယ် စိတ်ညစ်သွားမလား.."
အောင်အောင် စကားစမ်းရင်း အကြည့်လွဲလိုက်တော့နွယ်က ပါးကို လက်နှစ်ဖက် နဲ့ ဆွဲကိုင်ခါ မျက်နှာကို ပြန်တည့်၍ ကြည့်သည်..။
"ပြောပါ မောင်ရယ်….လင်မယားဆိုတာ ဆိုးတူ ကောင်းဖက် အေးတူပူအမျှပါ မောင်ရယ်....နွယ်ခံနိုင်ပါတယ်.."
"ဟို..ဟိုလေ….မောင် အလုပ်ပြုတ်ခဲ့တယ်.."
"ဟင်…"
"….."
စကားလုံးတွေ တဒင်္ဂ တိတ်ဆိတ် ငြိမ်သက်သွားတော့ နွယ်များ စိတ်ညစ်သွားပြီလားလို့ မဝံ့မရဲ မော့ကြည့်မိသည်..။
နွယ်က အရည်လဲ့နေတဲ့ မျက်၀န်းလေးဖြင့် ငေးနေတာတွေ့တော့ ရင်ဘတ်ထဲက နာကျင်ရပြန်သည်..။
"ဘာဖြစ်လို့ လည်း မောင်.."
"မောင် ပျက်ရက်များလို့တဲ့..တကယ်တော့..သူတို့ သင်တန်းသားတွေကို နေရာပေးဖို့လိုလာလို့ပါ…တော်တော် များများ အဖြုတ်ခံလိုက်ရတယ်..နစ်နာကြေးတော့ သုံးလစာ ပေးပါတယ်.."
"မောင်ရယ်…နွယ်သနားလိုက်တာ…မောင် အလုပ်ပျက်ရတာ နွယ့်ကြောင့်တွေပါ…"
"မဟုတ်တာပဲ မိန်းမရယ်…သူတို့က…"
အောင်အောင့် စကားတွေ ရှေ့မဆက် နိုင်အောင် နွယ်က ငုံ့နမ်းအားပေးခါ ခေါင်းကို ပိုက်၍ ရင်ခွင်ထဲထည့် ပွတ်သပ်ပေးနေသည်.။
"စိတ်မညစ်ပါနဲ့ မောင်…နွယ်တို့ အလုပ်သစ်ရှာလို့ရမှာပါ..'
"အင်း.."
နွယ့်ရဲ့ သေးကျဉ်းတဲ့ ခါးလေးကို ဖက်တွယ်လိုက်ရင်း ရင်ခွင်ထဲမှ နေ၍
"မောင်တို့ ဆိုင်လေး ဖွင့်ရင် ကောင်းမလားနွယ်.."
"ဘာဆိုင်လည်း မောင်ရဲ့.."
"ကုန်စုံဆိုင် ခပ်သေးသေးပေါ့…ရပ်ကွက်ထဲမှာလည်း မရှိသေးဘူးလေ.."
"အင်း..ကုန်စုံဆိုင်ဆိုတာ..လူစုံ စရိုက်စုံကို ထိတွေ့ဆက်ဆံရမှာလေ…"
"ဒါလည်း ဟုတ်တာပဲ…ကိုစိုးအောင်တို့ကတော့ ဖွင့်တာ မကြာပေမဲ့ ရောင်းရတယ်ပြောတယ်…နှစ်သိန်းလောက်ရင်းရတယ်တဲ့..မောင်လည်း စဉ်းစားကြည့်တာလေ…လမ်းနဲ့ နီးတဲ့ အိမ်ရှေ့လေးမှာဆိုတော့ အဆင်ပြေမလားလို့.."
ဇနီးသည်ဆီက အငြင်းစကားစုတွေ ထွက်လာပေမဲ့ အောင်အောင် အားမလျော့ပဲ ဆက်ပြီး စည်းရုံးဖို့ ကြိုးစားနေမိသည်..။
"အဆင်မပြေပါဘူး..မောင်ရယ်.."
"ဘာဖြစ်လို့လည်း မိန်းမရယ်.."
"မောင်က ဒီလောက် သ၀န်တို စိတ်မချဖြစ်နေတာလေ…၀ယ်သူ တွေထဲ လူအမျိုးမျိုးနဲ့တွေ့ရင် မောင်က တစ်ခါ ပြဿနာ လုပ်ဦးမယ်…ဒါကြောင့် လေ…"
"ဒါတော့ ဟုတ်တယ်….ဒါပေမဲ့ မောင်လည်း အိမ်မှာပဲ နေရတော့မယ်လေ…သိပ်ပြီး စိုး၇ိမ်စရာ မလိုပါဘူး.."
"နွယ်တော့ ၀န်ထမ်းလုပ်တာကိုပဲ ကြိုက်တယ်…ကိုယ်ပိုင် အလုပ်က အရမ်း စိတ်ညစ်ရတယ် မောင်ရဲ့…နွယ့်မေမေက ကိုယ်ပိုင် အလုပ်လုပ်တာ အမြဲပူလောင်နေတာပဲ "
"ဒါဆို…အလုပ်ရှာနေချိန် အတွင်း…ဘယ်လို နေစားကြမလည်း..နွယ်.."
"သုံးလခဆိုတော့ တစ်သိန်းကျော် ရခဲ့တယ်မလား မောင်.."
"အင်း.."
"အန်တီမာ တို့က အခုနောက်ပိုိင်း ရှယ်ယာ လုပ်ပြီး တော်တော် အဆင်ပြေလာတယ်…နွယ်တို့လည်း ထည့်လိုက်ရင် ကောင်းမလား.."
ကလေး တစ်ယောက်လို မျက်လုံးလေး ထောင့်ကပ် စဉ်းစားပြီး မှ အကြံထွက်လာသလို အားတက်သရော ပြောတော့ အောင်အောင်လည်း ဖြည့်စဉ်းစားပေးရတော့သည်..။
"ရှယ်ဆိုတော့..ဒီလို နည်းနည်းလေး.."
"ရတယ် မောင်ရဲ့…တစ်ချို့ဆို သောင်းဂဏာန်း တောင် ပါလို့ရတယ်…တစ်လကို အမြတ်ငွေ နှစ်ဆယ်ရာခိုင်နှုန်းလောက်၇ှိတယ်.."
"ဟုတ်လား…ဘာလုပ်တယ်ပြောလည်း.."
"ဘာလုပ်လုပ်ပေါ့ မောင်ရယ်…နွယ်တို့ အမြတ်ငွေရဖို့ပဲ အဓိက မလား..ဘဏ်တိုးတောင် အဲလောက်မရဘူး…"
"ဒီအလုပ်တော့ မောင် မသိဘူး..နွယ်ရယ်…"
"နွယ် သိတယ်လေ…အန်တီမာ ရှင်းပြလို့ တော်တော်လေး ရင်းနှီးနေပြီ…လုပ်ကြည့်ရအောင် မောင်ရယ်…နော်…"
"အင်းလေ…နွယ် သိရင်တော့ လုပ်ပေါ့…ဒီအတောအတွင်း မောင်လည်း အလုပ်ရှာကြည့်မယ်.."
"အင်း..စိတ်မညစ်ပါနဲ့..မောင်….နွယ် လည်း ရှိပါသေးတယ်.."
"ကျေးဇူးတင်ပါတယ်…အချစ်ရယ်.."
ချစ်ဇနီးရဲ့ ရင်ခွင်ထဲမှာ နေပြီး ခါးလေးကို ဖက်ထားတော့ စိတ်ညစ်စရာတွေက အိမ်အပြင်ဘက်ကို ထွက်ပြေးသွားသလို အေးချမ်းသွားရသည်..။
"မောင်…"
"ဗျာ.."
နွယ်က စျေးဆွဲခြင်းလေး ချပြီး အနားမှာ ရပ်ခါ ခေါ်လိုက်တော့ အောင်အောင် ပြန်ထူးလိုက်မိသည်..။
"အန်တီမာ နဲ့ စကားပြောကြည့်တယ်.."
"အင်း..ဘာပြောလည်း .."
လက်ထဲက အလုပ်ခေါ်ကြော်ငြာရှာနေသည့် ဖတ်လက်စ ဂျာနယ် ကို ပိတ်လိုက်ပြီး အနားမှာ ခေါက်ခါ ချထားလိုက်သည်..။
"ငွေပမာဏ နည်းပေမဲ့ နွယ်မို့လို့ ထည့်ပေးပါမယ်တဲ့လေ…"
"ဟုတ်လား…အားနာစရာများ ဖြစ်နေမလား.."
"ကိုယ့်ငွေ ပေးထားတာပဲ မောင်ရယ်…ဘာမှ မတွေးနဲ့…"
"အိမ်နီးနားချင်း ဆိုတော့ မျက်နှာပူရမှာ စိုးလို့ပါ.."
"မပူရပါဘူး…ဘာမှ မတွေးနဲ့တော့…ငွေရာထောင်ချီနေတဲ့ သူတွေ လုပ်နေကြတာဆိုတော့ နွယ်တို့ ငွေလေး းကိုလည်း နာမည်ပျက်ခံပြီး မယူလောက်ပါဘူး…သြော်..မောင်ကြိုက်တက်တဲ့ ပုန်းရည်ကြီး ရလို့ ၀ယ်လာတယ်…ဒီနေ့တော့ မောင်ခံတွင်းတွေ့အောင် ကောင်းကောင်းလေး ချက်ပေးမယ်…"
"မောင်လည်း ကူမယ်လေ…အလုပ်မသွားရတော့ မိန်းမအနားမှာပဲ ကပ်နေချင်တယ်.."
အောင်အောင့် ရှေ့က ချထားတဲ့ ဆွဲခြင်းကို ကောက်ကိုင်လိုက်ခါ နွယ့် ခါးလေးကို ဖက်ပြီး မီးဖိုချောင်ကို ဦးတည်ခဲ့လိုက်သည်..။
အလုပ်မသွားရတော့လည်း..နွယ်နဲ့ မခွဲရတော့ဘူးပေါ့လေ…။

⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓

အရေးအသားမကောင်းလည်း ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ် နော်
Love U all ❤
#စပိုက်ကာ

သစ္စာတန်ဖိုးWhere stories live. Discover now