Intro

31K 1.3K 67
                                    

ဒီနေ့အိမ်ကြီးရဲ့သခင်လေး USကနေ  ပြန်ရောက်လာတော့ဖြင်ဖြစ်သည့်အတွက် ဂျွန်အိမ်တော်က ရှိသမျှအလုပ်သမားအားလုံး ကိုယ်စီအလုပ်ရှုပ်နေကြသည်။

'ဟဲ့ အဲ့အရောင် သခင်လေး မကြိုက်ဖူး ဖြုတ်ဖြုတ်........'

'ဟာ ဟိုတစ်ယောက်  အဲ့ပန်းအိုးထဲက နှင်းဆီနီမထည့်နဲ့ အဖြူရောင်ထည့်သခင်လေးက နှင်းဆီနီဆို အရမ်းမုန်းတာ.......'

'ဟုတ် အိမ်တော်ထိန်း.......'

'ဒါနဲ့ သခင်လေးရဲ့အခန်းကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးပြီလား ဖုန်လုံးဝမရှိစေနဲ့နော် အိပ်ယာခင်းကော သခင်လေးအကြိုက်အဖြူရောင်ခင်းထားလား .......'

'ဟုတ် အကုန်လုပ်ပြီးပါပြီ .......'

'စားဖိုဆောင်ကကော သခင်လေးအကြိုက်အားလုံး ပြင်ဆင်ပြီးပြီလား သွားကြည့်ကြည့်အုံး .......'

'ဟုတ်ကဲ့ .......'

အိမ်တော်ထိန်းကြီး တစ်ယောက် ဒေါင့်စေ့အောင် လိုက်ကြည့်နေရသည်။ ပြန်ပြန်လာခြင်း သခင်လေး စိတ်ညစ်စရာ မျိုးမဖြစ်ချင်ပါ။သခင်လေး စိတ်ညစ်သည်ထက် အပြစ်ပေးခံရမည်ကို သူအကြောက်ဆုံးပင်။

'Min yoongi......'

'ဗျာ......'

'kim taehyung ကော ဘယ်မှာလဲ သွားရှာခဲ့.....'

'ဟုတ်ကဲ့......'

အိမ်တော်ထိန်းအမိန့်အရ Min yoongiတစ်ယောက် သူ၏သူငယ်ချင်းကို ရှာပုံတော်ဖွင့်ရပေတော့သည်။ဟော တွေ့ပါပြီ ပန်းပင်တွေကြားထဲ အလုပ်ရှုပ်နေသော သူ၏သူငယ်ချင်းလေး။

'taehyung အိမ်တော်ထိန်းခေါ်နေတယ်......'

'အင်း လာပြီ .......'

အိမ်တော်ထိန်းခေါ်တယ်ဆိုတာလည်း ကြားရော သူ့ဆီသို့ အမြန်ဆုံးပြေးလာသော taehyung. အမြန်မလာလို့လည်း မရလေ အထိန်းတော်ခေါ်တာကို ချက်ခြင်းမလာရင် သူတို့အပြစ်ပေးခံရသည်။အထိန်းတော်ကို ကြောက်သည်တော့မဟုတ် သူ့ရဲ့ကြိမ်လုံးကို ကြောက်လို့ပင်။

'အိမ်တော်ထိန်းက ဘာခိုင်းမလို့လဲ yoongi.....'

'ငါလည်းမသိဖူး မင်းကိုသွားခေါ်ဆိုလို့ လာခေါ်တာ.....'

Master's servent love(Uni+Zwgi)Where stories live. Discover now