Episode 9

11.2K 900 73
                                    

"ကိုယ့်အနမ်းကို ခံကြည့်ပေး တကယ်လို့ yoonဘက်က ဘာမှမခံစားရဖူးဆိုရင် ကိုယ်နောက်ဆုတ်ပါ့မယ်....$

အနမ်းတို့ကို စတင်ဦးဆောင်လိုက်သော jimin.....

တုံ့ပြန်မှုပြန်ရမလာတော့ jimin လက်လျော့ဖို့ ဆုံးဖြတ်လိုက်ချိန်မှာပဲ သူ့ခါးကို ဖက်ကာ အနမ်းတို့ကို တုံ့ပြန်လာသော yoon.....

"မညာပဲ ဝန်ခံပေး yoon ဘာကိုမှမကြည့်ပဲ နှလုံးသားကိုပဲ ကြည့်ပြီး ဝန်ခံပေး.... "

အနမ်းတို့ပြတ်တောက်ချိန် သူဆိုတော့ Yoon ဝဲဘက်ရင်အုံကို လက်ဖြင့်ဖိပြီး တွေတွေလေး ကြည့်လာသော yoon

"ငါ ရင်တွေ အရမ်းခုန်နေတယ်.... "

Jiim ပြုံးလိုက်သည်။

"ရင်ခုန်တာက အချစ်လား..."

"အင်း ..."

"ဒါဆို ငါမင်းကို ချစ်နေတာပေါ့ ..."

မျက်ဝန်းအပြူးသား မေးလာသော Yoon သူ့ရှေ့မှာ ဖြူစင်မပြနဲ့။မဟုတ်ရင် ချက်ခြင်းကို ပွဲကြမ်းချင်စိတ်တွေ ဖြစ်သွားမှာမို့။

"လာပါအုံး ကိုယ့်ရင်ခွင်ကို..."

ရင်ဘက်ဖွင့်ကာ ကြိုဆိုတော့ ပြုံးပြီးရင်ခွင်ထဲ ဝင်လာသော ချစ်သူလေးကို တင်းနေအောင် ပွေ့ဖက်ထားလိုက်သည်။

ချစ်ခြင်းမေတ္တာသာ စစ်မှန်နေရင် ကိုယ့်ဆီကို အပြန်ဆိုတာ ရှိလာမှာလို့ သူမပြောခဲ့ဖူးလား။

"ချစ်တယ် Yoon...."

"ငါရောပဲ...."

နောက်တစ်ကြိမ် ထပ်တူကျသွားသော အနမ်းများ။

"Good morning.... "

နှစ်ခြိုက်စွာ အိပ်ပျော်နေသော taehyungနဖူးထက်သို့ အနမ်းတစ်ပွင့်ခြွေပြီး jungkook အိပ်ရာမှ ထခဲ့လိုက်သည်။

"ဟက် တကယ့်အိပ်ပုတ်လေးပဲ..."

ရေချိုးပြီး ပြင်ဆင်ပြီးသည်ထိကို taehyungမှာ နိုးမလာသေးပဲ နှစ်ခြိုက်စွာ အိပ်ပျော်နေတုန်း။နိုးမနေတော့ပဲ jungkook အောက်ထပ်သို့သာ ဆင်းလာခဲ့လိုက်တော့သည်။

Master's servent love(Uni+Zwgi)Where stories live. Discover now