Episode-12

10.8K 809 58
                                    

"နောက်လှည့်ကြည့်လိုက် ......"


"Bogun hyung...... "


      သူ့ အမာခံပရိတ်သတ်ဆိုတာ မဟုတ်မှ bogun hyung......


      မယုံကြည်နိုင်ခြင်းများစွာနဲ့ သခင်လေးကိုကြည့်လိုက်တော့ ခေါင်းငြိမ့်ပြလာသည်။


"စောင့်ရတာ ကြာသွားလား....."


"ဟင့်အင်း..... "


     သူခေါင်းခါပြတော့ ခေါင်းကို ဖွဖွပုတ်ပြီး နံဘေးဝင်ထိုင်လာသော bogum hyung ....


"ပြန် က မယ်မလား..... "


"ဟုတ်...."


"အဆိုပါ ရတယ်မလား tae....."

 

"Tae ...."


      Jungkook တိုးတိုးလေး ရေရွတ်မိလိုက်သည်။အဖျားစွတ်ခေါ်ရလောက်အောင်ထိကို taehyungနဲ့ bogum hyungက  အဲ့လောက်ထိတောင် ရင်းနှီးသွားကြပြီလား။သူ့ထက်ပိုပြီးတော့လေ။လူက အော်တိုကို ပါးစောင်ကို လျှာဖြင့် ထိုးမိလိုက်သည်။


"ကျွန်တော် rapပိုင်းတော့ သိပ်မရဖူး hyung vocalist ပိုင်းပဲရတာ ကျွန်တော့်အသံကလည်း အဲ့ပိုင်းနဲ့ပဲ လိုက်တော့လေ..... "


"ဘယ်ပိုင်းပဲဖြစ်ဖြစ် လေ့ကျင့်ရင် ရတာပဲလေ tae ကို hyungဘက်စုံကျွမ်းကျင်တဲ့သူ ဖြစ်စေချင်တယ် ကြိုးစားမယ်မလား ....."


        Taehyungအကြည့်က jungkookဆီရောက်သွားတော့ သူလည်း jungkookကိုကြည့်လိုက်တော့ အလိုမကျမှုပုံစံဖြင့်ထိုင်ပြီး ပါးစောင်ကိုလျှာဖြင့် ထိုးနေလေရဲ့။


    သဝန်တိုရင်ပဲဖြစ်ဖြစ် ၊သူရှိရက်နဲ့သူ့ကို လျစ်လျူရှုထားရင်ပဲဖြစ်ဖြစ် ခုလိုပုံစံလုပ်တတ်မြဲ။ခုကြည့်ရတာ သဝန်တိုနေတာပဲ ဖြစ်ရမည်။

Master's servent love(Uni+Zwgi)Where stories live. Discover now