"Yoon ဒီမှာ လူပျောက်ကြော်ငြာ ခုတစ်လော လူတွေ ခဏခဏပျောက်ကြပါလား ..... "
Minieပြတဲ့ကြော်ငြာကို ကြည့်လိုက်တော့ သူ့မှာ မျက်လုံးအပြူးသား။ဒါ taehyung ငယ်ငယ်တုန်းကပုံပဲ။
"Minie ဒါဘယ်ကရတာလဲ ....."
"ဪ ဒါလား ကာဖီဆိုင်ရှေ့မှာ လူကြီးတစ်ယောက်ဆီက ရခဲ့တာ.... "
"ခု အဲ့ကာဖီဆိုင် Yoon ကို ခေါ်သွားပေးပါလား ..."
"Yoon က ဘာသွားလုပ်မလို့လဲ.... "
"ဒါ taehyung .... "
"ဘယ်လို.... "
"ဟုတ်တယ် အာ့ကြောင့် ခုသွားရအောင်လို့ ကာဖီဆိုင်ကို ...."
"Ok သွားကြမယ်.... "
တစ်လှမ်းလုံး ဆုတောင်းလာခဲ့တာ ထိုလူကြီးသည် taehyungရဲ့ ဆွေမျိုးမဟုတ်ပဲ ဖခင်ဖြစ်ပါစေလို့ပေါ့။ဝမ်းသာတယ် taehyungဟာ သူ့လို မိဘမဲ့တစ်ယောက်မဟုတ်ဖူးဆိုတာ သိရလို့ ဝမ်းသာတယ်။
စိတ်ကပဲ စောနေလို့လားမသိ ဒီနေ့မှ minieကားမောင်းတာ နှေးနေသလိုပဲ။
"မြန်မြန်မောင်းပါ minieရဲ့..... "
"ကိုယ် ဒီထက်တာ မြန်မြန်မောင်းရရင် အဖမ်းခံရဖို့ပဲရှိတော့တယ် minie စိတ်ကိုအေးအေးထား တွေ့ရမှာပေါ့ ....."
သူ ဘယ်လိုလုပ်ပြီး စိတ်အေးနိုင်ပါ့မလဲ။Taehyung ရဲ့ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အိပ်မက်လေး မကြာခင်မှာ ဖြစ်လာတော့မှာလေ။
"ဟိုမှာလေ minie.... "
![](https://img.wattpad.com/cover/213747423-288-k553094.jpg)