part-3

12.9K 1K 92
                                    

'စိတ်ကောက်ပြေစေချင်ရင် ဒီညသူ့နားမှာပဲ နေရမယ်...'ဆိုသော သူမ၏အပြောကြောင့် သူခေါင်းအသာ ငြိမ့်ပြလိုက်တော့ ပျော်ရွှင်သွားသော သူမမျက်နှာ။သူ့ကို ဘယ်လောက်သတိရကြောင်း၊သူတို့နှစ်ဦး၏အမှတ်တရတွေကို လွမ်းဆွတ်ကြောင်းများ မနားမနေပြောနေသော သူမကိုငေးကြည့်ပြီး  ရင်ခုန်သံတို့က အတိုင်းအဆမဲ့။

'jung kook....'

'အင်း ပြော IU.......'

'နင်ကော ငါ့ကိုသတိရလား.......'

မေးတတ်လိုက်ပါပေ့။မရပဲနေမလား IUရယ်။စက္ကန့်တိုင်း လွမ်းပြီး သတိရနေတာ မင်းမှမသိပဲ။စိတ်ထဲကတာ ပြောနေပေမယ့် တကယ့်လက်တွေ့ကျတော့ သူခေါင်းပဲ ငြိမ့်ပြဖြစ်ခဲ့သည်။တစ်ခါတစ်ရံကျရင် ရင်ထဲကစကားတွေဟာ ထုတ်ဖော်ပြခွင့်မှ မလိုအပ်ပဲ။

'ဒါနဲ့ jungkook ဒီကို အပြီးပြန်လာတာလား....'

'အင်း ဟုတ်တယ် .....'

'ဒါဆို နင်ဒီမှာ ဘာလုပ်ဖို့ရှိလဲ စီးပွားရေး တစ်ခုခုပေါ့.......'

'ငါ daddyစီးပွားရေးပဲ ဦးစီးတော့မယ်လေ အထူးသဖြင့် ကိုရီးယားက စီးပွားရေးကိုပေါ့.....'

'ဒါဆို USက စီးပွားရေးကိုကျ ဘယ်သူဦးစီးမှာလဲ jungkook.......'

'ခုလက်ရှိတော့ daddyပဲ ဦးစီးနေတယ် အဲ့က စီးပွားရေးကိုတော့ ငါသိပ်စိတ်မဝင်စားဖူး ဒီက စီးပွားရေးက ငါ့ဝါသနာနဲ့လည်း တွဲဖက်နေတယ်လေ .....'

'နင့် ရည်ရွယ်ချက်မပြောင်းလဲသေးဖူးမလား jungkook.......'

'ပြောင်းလဲသွားပြီ IU ငါ TK Entertainment
ထောင်ပြီး တက်သစ်စ အနုပညာရှင်တွေကို ငါ ‌ပျိုးထောင်မယ် .....'

အရင်က သူ၏ရည်ရွယ်ချက်သည် အဆိုတော်တစ်ယောက်ဖြစ်ဖို့။အချိန်ကာလတွေဟာ ပြောင်းလဲလာတော့ သူ၏ရည်ရွက်ချက်သည်လည်း အဆိုတော်ဖြစ်ဖို့ကနေ အဆိုတော်ဖြစ်ချင်သူများက ပျိုးထောင်ဖို့ရန် အတွက် ပြောင်းလဲသွားခဲ့သည်။အင်း တိတိကျကျပြောရရင် လူတစ်ယောက်၏ ရင်ဖွင့်သံကိုကြားပြီးနောက် သူ၏ရည်ရွယ်ချက်တွေ ရုတ်ချည်း ပြောင်းလဲသွားခဲ့ရတာပေါ့။

မှတ်မိပါသေးရဲ့ ထိုလူ၏ စကားသံတစ်ချို့'သူ ဆင်းရဲနေတော့  သူ့ဝါသနာတွေကို လျစ်လျူရှုပြီး စားစရိတ်ပြေလည်စေရန်အတွက် သူကြိုးစားနေရတာ။တစ်ခြားentertainment က ခေါ်တဲ့ပြိုင်ပွဲတိုင်း သူနိုင်ခဲ့ပေမယ့်လည်း ‌ဖြုတ်ချခြင်းခံခဲ့ရတာက သူရဲ့ဆင်းရဲခြင်းကြောင့်တဲ့လေ။ဘတ်လိုက်ခြင်းမရှိတဲ့entertainmentတစ်ခုတော့ သူရှိချင်တယ်.....'တဲ့။

Master's servent love(Uni+Zwgi)Where stories live. Discover now