Episode 8

11.6K 925 98
                                    

"jungkook အဲ့လူက ဘယ်သူလဲ..... "

"ဘယ်သူကိုပြောတာလဲ IU...."

"ဟိုမှာလေ taehyungနဲ့သွားခဲ့တဲ့ တစ်ယောက်...."

                  သူမညွှန်ပြရာကိုကြည့်လိုက်တော့ taehyungနဲ့bogum hyung နှစ်ယောက်သားပြုံးရွှင်ပြီး ကားပေါ်တတ်သွားကြတာ မြင်တော့  လက်တီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိလျက်သား။

"သူ့နာမည်က park bogum PB companyရဲ့အမွေဆက်ခံမယ့်သူလေ......."

"PB companyဟုတ်လား......"

"အင်း သွားကြစို့လေ......"

                   ကားပေါ်စတတ်လာကတည်းက တစ်လမ်းလုံး မျက်မှောင်ကျုံ့လာသော jungkook ကိုသူမနားမလည်တော့ပေ။မျက်ဝန်းထဲမှာလည်း အလိုမကျမှုဒေါသတွေက အထင်းသား ပေါ်လွင်နေသည်။တိတ်ဆိတ်မှုနေမှုကိုလည်း သူမသဘောမကျတာနဲ့ပဲ မေးရန်ဆုံးဖြတ်လိုက်သည်။

"ဘာဖြစ်နေတာလဲ jungkook....."

"ဘာမဖြစ်ပါဖူး ဒီတိုင်းအလုပ်ကိစ္စခေါင်းထဲ ရောက်သွားလို့ပါ....."

"‌ဪ....."

ပြောမပြချင်တဲ့ ကိစ္စကိုတော့ သူမအတင်းမမေးချင်ပါ။jungkook စိတ်ညစ်ညူးသွားမှာကိုတော့ သူမ မလိုလားပေ။

"ဦးလေးနဲ့ အန်ကယ် နေကောင်းလား ခင်ဗျ......"

"ကောင်းပါ့ jungkookတော်တော်ကြည့်ကောင်းလာတာပဲ ....."

"ကျေးဇူးပါ အန်တီ....."

"ဒါနဲ့မင်းပါးနဲ့မားကော နေကောင်းကြလား ကိုရီးယားကိုကော ဘယ်တော့ပြန်လာမှာလဲ .... "

"ပါးနဲ့မားက ဟိုမှာပဲနေတော့မှာ ဦးလေး..... "

"ဟေ ဒါဆို ဒီကစီးပွားရေးတွေ‌ကကော....."

"ဒီကစီးပွားရေးကိုတော့ ကျွန်တော်ပဲ ဦးစီးမှာပါ ဦးလေး...."

"မင်းလို ထက်မြတ်တဲ့လူငယ်က ဦးစီးမှာဆိုတော့ မင်းတို့companyကတော့ ဒီထက်ပိုအောင်မြင်မှာ မြင်ယောင်သေးတယ်ဟေ့....."

Master's servent love(Uni+Zwgi)Where stories live. Discover now