Episode 6

11.8K 937 65
                                    

'ကိုယ်နမ်းတာခံချင်ရင် ကားပေါ်မတတ်နဲ့......'

ထိုတော့မှ စူပုတ်ကာ မျက်စောင်းထိုးပြီး တတ်သွားသော yoon.......

တကယ်ပါ ဒီအဖြူကောင်လေးရဲ့ မျက်စောင်းက jiminနှလုံးသားကို အသေသတ်နိုင်စွမ်းရှိတယ်ဆိုတာ အပိုပြောတာမဟုတ်ဖူး။

'ဆူနေတဲ့နှုတ်ခမ်းကို ကိုက်ထည့်လိုက်ရ......'

ကားပေါ်ရောက်တော့ နှုတ်ခမ်းဆူကာ လက်ပိုက်ပြီး ထိုင်နေသည်က အသည်းယားစရာမို့ ဘာရယ်မဟုတ် jiminစလိုက်မိတော့ ပြန်ပြောလာသည်က ကြီးသည်တဲ့လေ။

'ကျွန်တော်က သခင်လေးjiminထက် ကြီးတယ်ဆိုတာ သတိရပေးပါအုံး...........'

'ဘာကို ကြီးတာလဲ.......'

မသိချင်ယောင်ဆောင်ပြီး ခေါင်းစခြေအဆုံးကြည့်ပြီး မေးလိုက်တော့ ပြန်ရရှိလိုက်သည်က လက်ခလည်ထောင်ပြခြင်း......။

'ဟား....ဟား......'

'အရယ်လွန်ပြီး တစ်ခါထဲ လျှောနေအုံးမယ် ကြည့်ရယ်အုံး........'

'လျှောစမ်းပါစေ ကိုယ့်အချစ်လေးကြောင့် လျှောတာပဲကို.......'

'ဘော အချစ်လေးပါလား........'

'ဒါပေါ့ yoonက အချစ်ကြီး yoon ဘောလေးက အချစ်လေး........'

ချက်ခြင်းကို မျက်နှာတင်နီးမြန်းရုံသာမက နားရွက်ဖျားများပါ ရဲတတ်လာသော yoon....
ဒီအဖြူကောင်လေးကို အူယားလွန်းလို့ jiminမှာ မြိုချပြစ်လိုက်ချင်စိတ်က တစ်ဖွားဖွား။

လူတစ်ယောက်ကို ကိုယ်က တစ်ဖက်သတ်ချစ်မိနေရင် ချစ်နေတဲ့နေရာလေးမှာသာ ရပ်တန့်နေလိုက်ပါတဲ့။ဒါဆို ငြိမ်းချမ်းတဲ့ချစ်ခြင်းတရားကို ပိုင်ဆိုင်ရလိမ့်မယ်တဲ့။ပြောလို့သာ လွယ်တာဗျ။တကယ်တမ်းဖြစ်လာခဲ့ရင် ချစ်တဲ့နေရာမှာ ရပ်တန့်ဖို့ဆိုတာက အရမ်းခက်ခဲလွန်းတယ်။

'ဘယ်သွားမလို့လဲ.......'

'yoonရဲ့ စိတ်ကူးအိပ်မက်က အဆိုတော်တစ်ယောက်ဖြစ်ချင်တာဆို တကယ်လား.......'

'ဟင် ဘယ်လိုသိတာလဲ.........'

'ကိုယ်က yoonကို ချစ်နေရသူလေ သိအောင် အကုန်လုပ်ထားရတာပေါ့..........'

Master's servent love(Uni+Zwgi)Where stories live. Discover now