The end

16K 800 53
                                    

"ဒီည ဘာလို့ လ မသာ သာပါလိမ့်......"


"ကိုယ့်ခင်ပွန်းကို ရှက်နေလို့ တိမ်တွေနောက်မှာ လမင်းကြီးက ပုန်းကွယ်နေတာနေမှာပေါ့ ......"


  နောက်ကျောကနေ ဖက်တွယ်ပြီးပြောလာသော jeonကြောင့် သူပြုံးမိသွားသည်။အမ ဂျောင်ဟန်နာ လာတောင်းပန်ပြီး jeonကိုယ်ဝန်မဟုတ်ကြောင်းပြောလာပြီး နောက်ရက်မှာပဲ jeonနဲ့သူ လက်ထပ်ဖြစ်ခဲ့ကြသည်။ဒါတင်မကသေး ခုဆို သူတို့နှစ်ဦးမှာ ထယ်ဂုဆိုသော သားလေးတစ်ယောက်ပါရှိသေးသည်။


  အိမ်ထောင်သည် ဘဝသည် ကလေးရှိမှ ပြည့်စုံသာယာသာဖြစ်သည့်အတွက် သူကောjeon ပါ လက်ထပ်ပြိး တစ်ပတ်လောက်အလိုမှာ မိဘမဲ့ဂေဟာသွားပြီး အမွေစားအမွေခံဖြစ် ထယ်ဂုကို မွေးစားခဲ့ကြသည်။


  သားလေး ထယ်ဂုသည် jeonနဲ့သူရဲ့ သွေးသားရင်းခြာလို့ထင်ရအောင်ကို သူတို့နှစ်ဦးစလုံးနဲ့ အမူအကျင့်အကုန်ရှိသည်။ဒါကြောင့် ထယ်ဂုလေးသည် တစ်အိမ်သားလုံးရဲ့ အချစ်တော်အိမ့်ဆည်းလည်း‌လေးပင်။


    ချွဲတတ်သာလဲ လွန်ရော။သူ့ထက်ပင် အချွဲပိုလွန်းသည်။ဘယ်တစ်ယောက်ကို ဘယ်လိုပုံစံနဲ့ ချွဲရမလဲ ဆိုတာ အကုန်သိ။


"ကလေးငယ်.... "


"ဟင်.... "


"ချစ်တယ် ...."


"ကျွန်တော်ကောပဲ jeon ..."


"ချစ်တဲ့ထဲ သားကော ပါဖူးလား.... "


  နှစ်ဦးသား နောက်လှည့်ကြည့်လိုက်တော့ လက်ပိုက်ကာ နှုတ်ခမ်းဆူနေသော သား ထယ်ဂုကြောင့် နှစ်ဦးသားပြုံးပြီး လက်ဆန့်တန်းလိုက်တော့ သူ့ဒယ်ဒီဆီကိုသာ သွားသောထယ်ဂု။

Master's servent love(Uni+Zwgi)Wo Geschichten leben. Entdecke jetzt