Episode 22

8.8K 713 31
                                    

"ဒီဆေးလေးသောက်လိုက်အုံး မိန်းမ...... "


"ကျွန်မဘယ်ချိန်ထိ ဒီဆေးတွေသောက်နေရအုံးမှာလဲ ကျွန်မသက်သာနေပြီလေ..... "


Mr.Kim တစ်ယောက် မိန်းမဖြစ်သူ စကားကြောင့်သက်ပြင်းအသာ ခိုးချလိုက်သည်။မိန်းမဖြစ်သူ မသက်သာဖူးဆိုတာ သူအသိဆုံး။


"သားကြီး ပြန်လာပြီလား..... "


"အင်း ပြန်လာပြီ ....."


"ဒါဆို ငယ်လေးကော ပြန်လာပြီလား ....."


"ငယ်လေးကတော့ ပြန်မလာသေးဖူး ကျောင်းမပြီးသေးလို့ ....."


"ကျောင်းက ဘယ်တော့မှ ပြီးမှာလဲ ကျွန်မသေမှ ပြီးမှာလား ....."


"ပြီးတော့မှာပါ မားရဲ့ ဒီလကုန် ငယ်လေးပြန်လာလိမ့်မယ် ....."


"တကယ်လား သားကြီး.... "


"ဘယ်‌တုန်းက မားကို သားလိမ်ပြောဖူးလို့လဲ.... "


"ဟုတ်တယ် မားသားကြီးက လိမ်မပြောဖူးဘူး မားယောက်ျားသာ လိမ်ပြောဖူးသာ..... "


ပါးကို မျက်စောင်းထိုးပြီးပြောလိုက်သော မားကြောင့် သူကောပါးပါ ပြိုင်တူပြုံးမိလိုက်ကြသည်။


"ဒီဆေးသောက်ပြီး အနားယူလိုက်အုံးနော်မား  ဒါမှ ငယ်လေးပြန်လာရင် မားက လှပပြီး ကျန်းမာနေမှာလေ ...."


    ခေါင်းငြိမ့်ပြလာတော့ လက်ဖဝါးထဲဆေးထည့်ပြီး ရေခတ်ပေးလိုက်တော့ ချက်ခြင်းသောက်လိာက်တော့ မားကြောင့် စိတ်အေးသွားရသည်။နှစ်နှစ်ဆယ်ရှိပြီ ငယ်လေးစိတ်နဲ့ မားစိတ်ဝေဒနာ ခံစားနေရတာ။နည်းလမ်းမျိုးစုံနဲ့ ပျောက်ကင်းအောင် ကြိုးစားကြပေမယ့် ပျောက်လည်းခနပဲ။ပြီးရင် ပြန်ဖြစ်လာတာပဲ။

Master's servent love(Uni+Zwgi)Where stories live. Discover now