Episode21

9K 728 6
                                    

"ကိုယ်ပို့လိုက်ပြီyoon....."


"ဟင် တကယ်ကြီးပို့လိုက်ပြီလား ...."


"ဘယ် videoပို့လိုက်တာလဲ...."


"ကိုယ်တို့နှစ်ယောက်အတူတူနေတဲ့video....."


"ဟင်.... "


  တိုင်နဲ့ခေါင်း ပြေးသာ တိုက်လိုက်ချင်တော့တယ်။ကိုယ်ပို့ခိုင်းတာက အနမ်းခြွေနေတဲ့ video.minieသွားပို့လိုက်တာက အတူတူနေတဲ့videoတဲ့လား။


    ဒီပုံတိုင်းဆို minineမိဘတွေကို သူဘယ်လိုမျက်နှာချင်းဆိုင်ရပါ့မလဲ။မဖြစ်တော့ဖူး နောက်ရက် minieမရှိချိန် cctvတွေ အကုန်ဖြုတ်ပြစ်မယ်။


    လူအများစု cctvဖွင့်တယ်ဆိုတာ လူမရှိချိန် ဖွင့်တာ။သူ့ရဲ့minieကတော့ ထိုသို့မဟုတ်။လူမရှိချိန်ပိတ်တယ်။လူရှိချိန်ဖွင့်တယ်။အထူးသဖြင့် ဘယ်ချိန် အဖွင့်များလဲဆ်ုရင် သူနဲ့အတူတူနေတဲ့ချိန်။အဲ့ချိန်ကျရင် ကျန်တဲ့နေရာအကုန်ပိတ်ပြစ်ပြီး အိပ်ခန်းထဲမှာတပ်ထားတဲ့ cctv ပဲဖွင့်တာ။


    ပြောလိုက်ရင် လွမ်းတဲ့ချိန် အတူနေတာကို ကြည့်ပြီး အလွမ်းဖြေရအောင်လို့တဲ့လေ။လွမ်းချိန်မရှိအောင်ကို သူပဲ ကိုယ့်ကိုအနားမှာ ခေါ်ထားတာကို အကြောင်းပြချက်လေးက မခိုင်လုံစွာကို ပေးတတ်တာသူ့ရဲ့ minieပဲရှိမယ်ထင်ပါ့။


    ခြေတစ်လှမ်းလေးတောင် သူ့နားက ခွာလို့မရတာက်ု လွမ်းတဲ့ချိန်ပြန်ကြည့်ရအောင်ဆိုတာချည်းက လုံးဝကို မခိုင်လုံတာ။အကြောင်းပြချက်က လုံးဝမခိုင်လုံဖူးလို့ ပြောတော့


"ဟုတ်လား ဒါဆိုလည်း က်ုယ်တို့အဖိုးကြီးဖြစ်တဲ့ချိန်ကျ ငယ်ဘဝကို လွမ်းဆွတ်လို့ရအောင်"


တဲ့လေ။အကြောင်းပြချက်ကို ရှာကျန်မျိုးစုံ ပေးတတ်တဲ့ minieကို သူ speakless ပါ။ခုတော့ ကွက်တိကို အသုံးဝင်သွားတော့တာပဲ။အစကတည်းက ဘယ်vedio ဆိုတာကို ရှင်းရှင်းလင်းလင်း မပြောမိတဲ့ သူ့အမှား။

Master's servent love(Uni+Zwgi)Where stories live. Discover now