Episode-17

9.9K 769 135
                                    

"jeon Jung kook ....."


  စံအိမ်တော်အတွင်း ဟိန်းခနဲပျံ့နှံ့သွားသော ခေါ်ဆိုသံ။ဒီအသံနေအထားအရဆိုရင်တော့ သေချာတယ် အဖွားရောက်နေပြီဆိုတာ။


      ကလေးငယ်ကိုကြည့်လိုက်တော့လည်း နှစ်ခြိုက်စွာ အိပ်နေသေးသည်မို့ မနိုးရက်။မနိုးရက်ဆို မနေ့ညက အသည်းယားလွန်းလို့ တစ်ညလုံး သူ့အချစ်ကို ကလေးငယ်သိအောင် သက်သေပြထားသည်မဟုတ်လား။


  ဗိုက်အောက်ထိလျှောကျနေသော စောင်ကို ပုခုံးထိဆွဲခြုံပေးလိုက်ပြီး နဖူးထက်သို့ နံနက်ခင်းအနမ်းတစ်ပွင့် ခြွေချလိုက်သည်။


   ကျယ်လောင်နေသော အသံဆိုးကို မကြားစေရန်အတွက်လည်း ခေါင်းအသာမကာ နားအုပ်လေး တပ်ပေးလိုက်သည်။ဒါမှ သူချစ်ရသော ကလေးငယ် ကောင်းကောင်း အိပ်စက်လို့ရမည်လေ။


"Jeon jung kook ...."


"Ah!shift.... "


     ဘာလို့များ ဒီလောက်ကုန်းအော်နေရတာလဲ မသိဖူး။ကလေးနိုးလို့ကတော့ ဘယ်သူနေနေခွင့်မလွှတ်ဖူး သောင်းကျန်ပြီတာမှတ်။


"ချီးမို့အော်နေတာလား လာပြီဟ လာပြီ ...."


        အောက်ထပ်ကို ဆင်းလာ‌တော့ တွေ့လိုက်ရသည်က အဖွားနှင့် ပါးနဲ့မား။ထင်သား အသားကုန် ကုန်းအော်နေပုံထောက် ပါးရဲ့နှစ်ယောက်မရှိသော မာတာမိခင်ကြီး ဖြစ်မယ်ဆိုတာ။အသက်သာကြီးတာ အော်ဖို့ဆို ခုချိန်ထိက်ု အသံပါဝါအားကောင်းတုန်း။


"ဖွားရာ ဘာလို့ကုန်းအော်နေတာလဲ ကျွန်တော်နားမလေးဖူးကြားတယ် ...."


"ကြားရင်လဲ ချက်ခြင်းဆင်းလာလေ ဘာလုပ်နေတာလဲ ...."

Master's servent love(Uni+Zwgi)Where stories live. Discover now