"jimin..... "
"Hoseok လာလေ ဘာဖြစ်လာတာလဲ ...."
"ဟင်း.... "
မျက်နှာမကောင်းသော hoseokကို မေးလိုက်တော့ သက်ပြင်းချလာတော့ကြောင့် အနည်းငယ် စိုးရိမ်သွားသည်။Hoseokဆိုတာ အမြဲတမ်းပြုံးပျော်နေတတ်တဲ့သူမျိုး။ဘာအခက်ခဲရှိရှိ သူ့မျက်နှာကအမြဲတမ်း ပြံးနေတာ။ခုတော့ မျက်နှာက ညိုးနွမ်းနေသည်။
သူပြောလာမည့်စကားကို စောင့်မျှော်နေပေမယ့် သက်ပျင်းသာ အခါခါချနေသော Hoseok.
"ကဲကွာ သက်ပျင်းချမနေနဲ့ ဘာဖြစ်လာတာလဲ ပြော..... "
"ငါတို့အိမ်ကလူကြီးတွေက ငါတို့နှစ်ယောက်ကို အော်စီလွှတ်ဖို့ စီစဉ်နေကြပြီ jimin..... "
"ဘာ ....."
"ဟုတ်တယ် ခုဟာက ရိုးရိုးလွှတ်ရင် တော်သေးကွာ.... "
"ခုက ဘာဖြစ်လို့လဲ ...."
"ငါတို့နှစ်ယောက်ကို လက်ထပ်ပေးပြီး အဲ့မှာပဲနေခိုင်းတော့မှာတဲ့လေ.... "
"ဘယ်လို ငါလုံးဝသဘောမတူဖူးနော် Hoseok ငါ့မှာ Yoon ရှိတယ်လေ.... "
"အေး မင်းမှာ Yoon ရှိသလို ငါ့မှာလည်း ငါချစ်ရသူရှိတယ်ကွ ...."
"ဒါဆို ငါတို့နှစ်ယောက်လုံးငြင်းမယ်လေ ချစ်ရသူကိုယ်စီရှိနေကြတာကို ...."
"ငြင်းလို့မရလို့ ခုရုပ်ဖြစ်နေတာပေါ့ ငြင်းလို့သာရရင် မင်းဆီကို ငါ'က'ပြီးတော့တောင် လာမှာ ..."
သူ့မိဘတွေအကြောင်းသူအသိဆုံး။ ဒီတစါခုကို လုပ်ပြီဆိုရင် မဖြစ်ဖြစ်အောင် မရရတဲ့နည်းနဲ့လုပ်ကြသည်။သူ့မ်ိဘတင်မဟုတ် Hoseokမိဘတွေလဲ အတူတူပင်။
"ငါတို့ ဘာဆက်လုပ်ကြမလဲ jimin ငါအချစ်ကိုတွေ့ပြီဆိုတော့မှ ဒီလိုတွေဖြစ်လာရလား.... "
ပြောလည်းပြော အာပြဲကြီးနဲ့ ငိုချလိုက်သော Hoseok.
"ဟျောင့် ငိုချင်လည်း တိုးတိုးငို Yoon အိပ်နေတယ် နိုးသွားအုံးမယ်..... "