Episode -11

11.5K 836 42
                                    

"သူ့ပုံစံပြောင်းပေး..... "


"သခင်လေး ကျွန်တော်က ဘာလို့ပုံစံပြောင်းရမှာလဲ...... "


"ပြောင်းပြီးရင်သိလိမ့်မယ်....... "


  သခင်လေးကို သူနားမလည်ပေမယ့်လည်း ငြင်းဆန်ပိုင်ခွင့်လည်း မရှိသည်မို့ ပြောတဲ့တိုင်းလုပ်ရန် taehyungဆုံးဖြတ်လိုက်တော့သည်။


"Wow အကိုလေး ခေါ်လာတဲ့သူက မင်းသား/မင်းသမီးတွေ ငေးမောရလောက်တဲ့ အလှမျိုးပဲ ........"


    ‌စတိုင်လစ် အပြောကြောင့် သူ မောကြည့်မိလိုက်တော့ အရင်လို ပိတုန်းရောင် ဆံကေသာမဟုတ်တော့ပဲ ငွေမင်ရောင်လှိုင်းတွန့်ဆံကေသာဖြင့် taehyung သည် ကော်ပတ်ရုပ်လေးအတိုင်း လှရက်လွန်းပေစွ။


   စတိုင်လစ်ပြောတဲ့အတိုင်းပဲ လူတိုင်းငေးမောရလောက်အောင်ကို taehyungသည် လှလွန်းနေသည်။


"ဒါလေး ပန်လိုက်......."


  ပလပ်တီနမ် နားဆွဲရှည်လေးပန်ပေးလိုက်တဲ့နောက်မှာတော့ သက်ရှိကော်ပတ်ရုပ်လေးအတိုင်းပင်။ဘယ်သူမှ မတွေ့ရလေအောင် အိပ်ကပ်ထဲသာ ထည့်ပြီး သိမ်းထားချင်တော့တယ်။


"သခင်လေး ......"


"ဟင်...... "


"ကျွန်တော်ကြည့်ရဆိုးနေလို့လားဟင်....... "


     သူ ခေါင်းခါပြလိုက်သည်။


"ဘယ်သူမှ မမြင်အောင် ဖွက်ထားချင်လောက်အောင်ကို ချစ်ဖို့ကောင်းနေတာ...... "


   ထိုသို့ ဆိုတော့ နီမြန်းသွားသော မျက်နှာ။မနေနိုင်သည့်အဆုံး လက်ကောက်ဝတ်ကနေဆွဲပြီး ရင်ခွင်ထဲ သွင်းကာ တင်းကြပ်စွာ ဖတ်ထားလိုက်သည်။

Master's servent love(Uni+Zwgi)Where stories live. Discover now